Pullman Yangon Centrepoint ဟိုတယ်၏ အီတလီစားသောက်ဆိုင်ဖြစ်သော E’Cucina သည် အီတလီအစိုးရမှ အသိအမှတ်ပြုထားသည့် အီတလီအရသာအစစ်အမှန်ပေးနိုင်သော စားသောက်ဆိုင်စာရင်းဝင်များထဲမှ တစ်ခုအဖြစ် အသိအမှတ်ပြုခံရသည်။
Pullman Yangon Centrepoint ဟိုတယ်၏ အီတလီ စားသောက်ဆိုင်ဖြစ်သော E’Cucina သည် Italian Chamber of Commerce မှ ချီးမြှင့်သည့် အီတလီအရသာအစစ်အမှန်ပေးနိုင်သော စားသောက်ဆိုင်များ စာရင်းဝင်အဖြစ် အသိအမှတ်ပြု သည့် Ospitalità Italiana လက်မှတ် ရွှေပြား ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၌ ရရှိခဲ့သည်။
ယင်း Ospitalità Italiana လက်မှတ်သည် UnionCamere မှ ရေမြေခြားရှိ အီတလီစားသောက် ဆိုင်များအနက် အရသာအစစ်အမှန်ပေးနိုင်သော ဆိုင်များအား အသိအမှတ်ပြုထောက်ခံခြင်း အထိမ်းအမှတ်လက်မှတ်ဖြစ်သည်။ UnionCamere သည် အီတလီရှိ ပြည်သူ့အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာတဝှန်းရှိ အီတလီဆိုင်ရာ Chamber of Commerce များအား ကိုယ်စားပြု၍ အီတလီ အစားအသောက်နှင့် ဓလေ့များ၏ အရည်အသွေးများကို တပြေးညီဖြစ်စေရန် ထိန်းသိမ်း အကဲဖြတ်သည့် အဖွဲ့အစည်းဖြစ်သည်။
စားဖိုမှူးကြီးဖြစ်သူ Nicolino Lalla က “မြန်မာနိုင်ငံရဲ့ စားသောက်ဆိုင်လောကမှာ ဝင်ရောက်ခဲ့ တာ ၁ နှစ်ခွဲပဲရှိသေးတဲ့ E’Cucina အနေနဲ့ မြန်မာ့နိုင်ငံမှာ ပထမဆုံးသော အရသာအစစ်အမှန် ပေးနိုင်တဲ့အသိအမှတ်ပြု လက်မှတ်ရရှိခဲ့တာ အရမ်း ဂုဏ်ယူစရာဖြစ်ပါတယ်၊ ဒီစားသောက်ဆိုင် စတင်ကတည်းက ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ပြည်တွင်းက လတ်ဆက်တဲ့ ထုတ်ကုန် တွေရယ်၊ အီတလီက ထိပ်တန်း အရည်အသွေးမြင့် ပစ္စည်းတွေရယ် ပူးပေါင်းပြီး ကောင်းမွန် အရသာစစ်မှန်တဲ့ အီတလီ အစားအသောက်တွေကို ဖန်တီး ဝန်ဆောင်ပေးဖို့ ဖြစ်ပါတယ်၊. Ospitalità Italiana ဟာ တရားဝင် hospitality ပိုင်းဆိုင်ရာလက်မှတ်ဖြစ်ပြီး အီတလီရဲ့ ကိုယ်စားပြု အရည်အသွေးမီ စားသောက်ဆိုင်အဖြစ် အီတလီအစိုးရရဲ့ အသိအမှတ်ပြုခံရတာဟာ ကျွန်တော်တို့ အတွက် သမိုင်းမှတ်တမ်းတစ်ခုပဲ ဖြစ်ပါတယ်” ဟု ပြောသည်။
E’Cucina ကို ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး ယင်းအချိန်မှ စ၍ ယခု ရွှေတံဆိပ် လက်မှတ်ကိုရရှိရန်အတွက် အရည်အသွေးထိန်းသိမ်းခြင်းနှင့် အဆင့်မီခြင်းရှိမရှိ တရားဝင်အဖွဲ့အစည်းများမှ ၄ ကြိမ်တိုင်တိုင် အရည်အသွေး စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။