Burbrit X’ mas Promotion

Unicode
ပိတ်ရက်မှာဘီယာမလုံလောက်တာမျိုးမဖြစ်ရအောင် Burbrit ကဘီယာဘူးတွေ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပြီနော်။ ဒီဇင်ဘာတလလုံး ရန်ကုန်မြို့နယ်တွင်းတရက်ကြိုမှာလိုက်တာနဲ့ တဘူးကို ကျပ် ၁၆၀၀တည်းနဲ့ Burbrit ဘီယာကိုသုံးဆောင်နိုင်ပါပြီ။ 09774734774 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
New Year Eve Dinner at The Strand Café (31st December, 6pm – 11pm)

Unicode
ဒီဇင်ဘာ ၃၁ရက်နေ့ကျရင် Strand Café မှာဟင်းပွဲ ၄ပွဲပါတဲ့ညစာနဲ့ ကြိုဆိုလက်ဆောင်အဖြစ်တိုက်မယ့် Veuve Clicquot Champagne တခွက်ကို တဦးလျှင် US$69++ နဲ့ ရရှိနိုင်ပါပြီ။ ဒီ package မှာ New Direction ကဖျော်ဖြေမယ့် countdown ပါတီကိုတက်ရောက်ခွင့် ပါပြီးဖြစ်ပါတယ်။ 01 8 243377-92 ကိုဆက်သွယ်ပြီး ဘွတ်ကင်တင်နိုင်သလို သိချင်တာများကိုမေးမြန်းနိုင်ပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
New Year Eve Dinner at The Strand Restaurant (31st December, 7pm – 12am)

Unicode
Strand Restaurant ရဲ့ Chef de Cuisine Xavier Fauvel ဦးဆောင်တဲ့စားဖိုမှူးအဖွဲ့ကပြင်ဆင်ထားတဲ့ ဟင်းပွဲ ၆ပွဲပါညစာ menu ကို တဦးလျှင် US$129++ တည်းနဲ့သုံးဆောင်နိုင်ပါပြီ။ Veuve Clicquot Champagne တခွက်နဲ့ New Direction ကဖျော်ဖြေမယ့် countdown ပါတီကိုတက်ရောက်ခွင့်ပါပြီးဖြစ်ပါတယ်။
ဒီဇင်ဘာ ၃၁ရက်နေ့ကျရင် ည ၇နာရီကစပြီး Sarkies Bar မှာ live guitar နဲ့ဖျော်ဖြေသွားမှာပါ။ ၁၀နာရီနောက်ပိုင်းမှာတော့ New Direction က cover song တွေနဲ့စတင်ဖျော်ဖြေမှာပါ။ The Strand Restaurant နဲ့ Café ကိုလာတဲ့ဧည့်သည်တွေနဲ့ တည်းခိုနေတဲ့ဧည့်သည်တွေကို ၂၀၂၀ကိုကြိုဆိုဖို့ Veuve Clicquot Champagne တခွက်စီပေးသွားမှာဖြစ်ပါတယ်။ 01 8 243377-92 ကိုဆက်သွယ်ပြီး ဘွတ်ကင်တင်နိုင်သလို သိချင်တာများကိုမေးမြန်းနိုင်ပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Feast your way into the New Year at Babett (31st December, 7pm onwards)

Babett Yangon
Unicode
နှစ်သစ်ကို Babett နဲ့အတူတူကြိုဆိုလိုက်ရအောင်။ ည ၉နာရီကစပြီး DJ Serious Steven ကမြူးကြွတဲ့တီးလုံးတွေနဲ့ဖျော်ဖြေသွားမှာပါ။ Babett ရဲ့ a la carte menu အပြင် Executive Chef Christophe Buzaré ရဲ့ ဟင်းပွဲ ၆ပွဲပါ အထူး menu ကို ၄၈နာရီကြိုတင်မှာယူနိုင်ပါတယ်။ သိလိုသည်များကို +95 1 243 639 သို့ဆက်သွယ်စုံစမ်းလိုက်ပါ။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Babett’s Mad about Calzones

Babett Yangon
Unicode
Calzone ဆိုတာ ၁၈ရာစုနှစ်လောက်က အီတလီနိုင်ငံနေပယ်မြို့မှာစတင်ထွန်းကားလာခဲ့ပြီး ပီဇာကိုခေါက်ပြီးဖိုနဲ့ဖုတ်ထားတဲ့မုန့်တမျိုးဖြစ်ပါတယ်။ Babett ရဲ့ Calzone menu မှာတော့ ဆားနယ်ထားတဲ့မုန့်သားထဲမှာ Original, Salmon, Bolognaise, Camembert နဲ့ Spicy Seafood ဆိုတဲ့အစာ ၅မျိုးနဲ့ရရှိနိုင်ပါတယ်။ တခုကို ၁၈၀၀၀ သာကျသင့်မှာဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၂လသာရရှိနိုင်မှာပါ။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Bedazzled 2020 NYE countdown (31st December, 7pm – 12am)

Sedona Hotel Yangon
Unicode
အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ ဂျူဝယ်တို့နဲ့အတူ Sedona ရဲ့ Entertainment Arena မှာ ၂၀၂၀ကိုကြိုဆိုလိုက်ပါ။ အသစ်စက်စက် Suzuki Swift GL တစီး၊ အမျိုးသမီးဝတ် Ladies Oyster Perpetual Rolex နာရီတလုံး၊ ကျောက်စိမ်းလည်ဆွဲတကုံး၊ Real Fitness Signature မှာ Exclusive membership တို့အပါအဝင် ဆုတွေအများကြီးမဲဖောက်ပေးသွားဦးမှာပါ။ +95 9 894628822 (သို့) +95 1 544060 ကိုဆက်သွယ်ပြီးလက်မှတ်တွေဝယ်လို့ရနေပါပြီ။ Room package တွေလည်းရှိပါတယ်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Twenty Twenty NYE Room Package

Sedona Hotel Yangon
Unicode
Sedona Hotel Yangon မှာဇိမ်ကျကျအနားယူရင်းနှစ်သစ်ကိုကြိုဆိုရအောင်လေ။ Deluxe Lake View (သို့) Premier Room တို့မှာ ၂ညအိပ်ခွင့်နဲ့ ဘူဖေးမနက်စာ၊ Sedona Entertainment Arena ကပါတီတက်ရောက်ခွင့်လက်မှတ်၊ Sparkling Wine တပုလင်းအပြင် ခံစားခွင့်တွေအများကြီးပါတဲ့ package ကိုရနိုင်ပါပြီ။ +95 9 894628822 (သို့) +95 1 544060 ကိုဆက်သွယ်ပြီးသိလိုရာမေးမြန်းနိုင်ပါတယ်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Spruce’s Special Set Menu Promotion with Unplugged Music

Spruce
09 752 341301
6:30 AM – 12:00 AM
Unicode
ပိတ်ရက်တွေမှာတယောက်တည်းနေတာထက် မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူတူဖြတ်သန်းတာ ပိုအရသာရှိပါတယ်။ တိုက်ခေါင်မိုးပေါ်မှာဖွင့်ထားတဲ့ Spruce မှာ ဒီဇင်ဘာ ၂၅ရက်ကနေ ၃၁ရက်နေ့အတွင်း ညနေ ၇နာရီကနေ ၁၁နာရီအထိ unplugged တီးဝိုင်းရှိပါတယ်။ Christmas special set menu တွေကို ၁၀ရာခိုင်နှုန်း discount နဲ့သုံးဆောင်ပြီး ဘီယာအေးအေးလေးသောက်ရင်း unplugged music ကိုနားထောင်လိုက်ပါ။
Spruce
၁၃၇၊ ပန်းဆိုးတန်းအပေါ်ဘလောက်၊ Blk (M8)#13-01၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်။
09 752 341301
6:30 AM – 12:00 AM
Heaven Bistro’s amazing New Year Promotion

The Heaven Bistro
09 446 446 117
Unicode
Heaven Bistro မှာ ဒီဇင်ဘာ ၃၀ကနေ ဇန်နဝါရီ ၁၀ရက်နေ့အတွင်း ကော့တေး၊ မော့တေး၊ ဝိုင်တွေအားလုံးကို ၅၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရနိုင်မှာဖြစ်ပြီး ဟင်းပွဲတွေကိုတော့ ၁၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ သုံးဆောင်နိုင်မှာပါ။ မိသားစု၊ ချစ်သူခင်သူတွေနဲ့အတူတူပိတ်ရက်မှာ အစားအသောက်ကောင်းတွေစားသောက်ရင်း နှစ်သစ်ကိုကြိုဆိုကြပါစို့။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)