Art and Healing Workshop : အနုပညာနှင့် ကုထုံး Workshop
အစီအစဉ်
၁:၄၅ – စာရင်းသွင်းခြင်း
၂:၀၀ – ၃:၀၀ – workshop
Unicode
ဤ workshop သည် စိတ်ဖိစီးမှုများလျော့ချလိုသူများ၊ ပင်ပန်းနေသော စိတ်များကိုပြန်လည် အားဖြည့်လိုသူများ၊ တည်ငြိမ်အေးချမ်းသော စိတ်နှင့်ခန္ဓာကို အချိန်တခုယူ၍ ခံစားလိုသူများနှင့် အနုပညာဖြင့် မိမ်၏ စိတ်နှင့်ခန္ဓာကိုမည်သို့ ကိုယ်တိုင်ကုစားနိုင်သည်ကို သိရှိလိုသူမည်သူမဆို တက်ရောက်နိုင်ပါသည်။ Workshop အချိန်တလျောက်တွင် အနုပညာ လေ့ကျင့်ခန်းတချို့ကို လိုက်ပါ လုပ်ဆောင်ရမှာဖြစ်ပြီး ထိုလေ့ကျင်းခန်းများပြုလုပ်ခြင်းဖြင့် သင့်ကိုယ်သင် ပြန်လည် တွေးတော ဆင်ခြင် ခြင်း ၊ စူးစမ်းလေ့လာခြင်း၊ တွေးခေါ်ခြင်းများနှင့် သင့်ပျော်ရွှင်လွတ်လပ်မှူများကို ချုပ်ကိုင်ထားသော သင်၏မှတ်ဉာဏ်စိတ်ခံစားမှုများကိုလွှတ်ချနိုင်စေရန် အထောက်အကူဖြစ်ခြင်းတို့ကို ခံစားရရှိစေနိုင်ပါသည်။ ဤ workshop ကိုပါဝင်ရန် အနုပညာနှင့်ပတ်သက်၍ တတ်မြောက် သိရှိထားရန်မလိုပါ။ အနုပညာ သင်တန်းလည်းမဟုတ်ပါ။ ဤ workshop တွင်အရေးကြီးဆုံး အချက်မှာ workshop တွင်းပါဝင်သော လေ့ကျင့်ခန်းများကိုသာ အာရုံစိုက်လုပ်ဆောင်ရမှာဖြစ်ပြီး လက်ရာ/ရလဒ်တစုံတရာဖန်တီးရန်မဟုတ်ပါ။
ကူညီပံ့ပိုးပေးမည့်သူများ – မအိနှင့် ဇွန်အိ ( သရဖီ healing space)
နေရာ အကန့်အသတ်ရှိပါသဖြင့် Phone – 0943082908 နှင့် Email – [email protected] သို့ဆက်သွယ် စာရင်းပေးသွင်းနိုင်သလို Myanm/art Facebook Page မှ တဆင့်လည်း စာရင်းပေးသွင်းနိုင်ပါသည်။
နေရာ – Myanm/Art, Urban Asia Center, ၄၈ လမ်း (ဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား), ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့။
ရက်စွဲ – ၂၂ ဒီဇင်ဘာ ၂၀၁၉ (တနင်္ဂနွေ)
အချိန် – နေ့လည် ၂ နာရီမှ ၄ နာရီအထိ
အကျွေးအမွေး – အချိုရည်နှင့်မုန့်
အစီအစဉ်
၁:၄၅ – စာရင်းသွင်းခြင်း
၂:၀၀ – ၃:၀၀ – workshop
၃:၀၀-၃:၃၀ – sound healing (အသံကုထုံး)
၃:၃၀-၄:၀၀ – အချင်းချင်းအပြန်အလှန် ဆွေးနွေးသုံးသပ်ခြင်း
Christmas Eve Celebration at The Strand
Unicode
ဒီဇင်ဘာ ၂၄ရက်နေ့ကျရင် Strand Café မှာ ဟင်းပွဲ ၄ပွဲပါတဲ့ menu ကိုတယောက်လျှင် USD 49 (tax and service++) နဲ့သုံးဆောင်နိုင်မှာပါ။ ဒါ့အပြင် Veuve Clicquot Champagne တခွက်ကိုလည်း welcome drink အနေနဲ့ဧည့်ခံမှာဖြစ်ပါတယ်။ Strand Restaurant မှာတော့ Chef de Cuisine ဖြစ်တဲ့ Xavier Fauvel ရဲ့စားဖိုမှူးအဖွဲ့ဟာ ဟင်းပွဲ ၆ပွဲပါဝင်တဲ့ Christmas Eve dinner menu ကို တဦးလျှင် USD 98 နဲ့ပြင်ဆင်ထားပါတယ်။ Veuve Clicquot Champagne ကိုလည်း welcome drink အနေနဲ့လက်ဆောင်ပေးသွားဦးမှာပါ။ ဒီ menu ကဟင်းပွဲတွေကို ပြင်သစ်နဲ့နိုင်ငံတကာဟင်းချက်နည်းပညာတွေအတိုင်းပြင်ဆင်ထားပြီး မြန်မာနိုင်ငံကလတ်ဆတ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကိုသုံးထားပါတယ်။ 01 8 243377 ကိုဆက်ပြီးဘွတ်ကင်တင်လိုက်ပါ။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Your Christmas with The Strand!
Unicode
Christmas နေ့ကျရင် Strand Café မှာ brunch buffet ကို တဦးလျှင် USD 49 (tax and service charges ++) တည်းနဲ့သုံးဆောင်နိုင်ပါပြီ။ ဒီ buffet မှာ ငန်းအသဲ (foie gras)၊ ဆယ်မွန်ငါးကင်၊ ကမာကောင်နဲ့ ပင်လယ်စာအစုံ၊ ကြက်ဆင်သားကင်နဲ့ သိုးပေါင်သားကင်၊ သြစတြေးလျအမဲကင်နဲ့ ဟင်းသီးဟင်းရွက်တွေအပြင် Christmas Yule log နဲ့ fruit tart တို့လိုအချိုပွဲတွေလည်းပါဝင်ဦးမှာပါ။ Welcome drink အနေနဲ့ Veuve Clicquot Champagne ကိုသုံးဆောင်နိုင်ပါတယ်။ 01 8 243377 ကိုဆက်သွယ်ပြီး reservation လုပ်လို့ရပါတယ်။
The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။
Enjoy your meal, Enjoy your time at Heaven Bistro
The Heaven Bistro
09 446 446 117
Unicode
Heaven Bistro မှာလစဉ်လတိုင်းအထူးပရိုမိုးရှင်းတွေရနေပြီနော်။ Myanmar Beer Tower တခုဝယ်ယူသူတိုင်းကို Bite platter တပွဲအခမဲ့ပေးသွားမှာပါ။ Cocktails နဲ့ mocktails တွေအားလုံးကိုလည်း ၂၀ရာခိုင်နှုန်း discount ပေးမယ့်အစီအစဉ်ရှိပါတယ်။ Menu ထဲမှာပါဝင်တဲ့ စားစရာတွေအားလုံးကို ၁၀ရာခိုင်နှုန်း discount ပေးဦးမှာဆိုတော့ foodie တွေလည်းသဘောကျမှာပါ။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)
Eat, Drink & Be Merry at Babett
Babett Yangon
Unicode
Babett ရဲ့ Executive Chef Christophe Buzare ကိုယ်တိုင်ပြင်ဆင်ထားတဲ့ Christmas အထူး menu ကိုချစ်သူခင်သူတွေနဲ့အတူတူသုံးဆောင်ရင်းအားလပ်ရက်ကိုဖြတ်သန်းကြပါစို့။ ဒီဇင်ဘာ ၁၅ရက်နေ့ကနေ ဇန်နဝါရီ ၁၀ရက်နေ့အတွင်းရရှိနိုင်တဲ့ဒီ menu မှာငုံးသားနဲ့ငန်းအသည်းသွပ်ထားတဲ့ tourte မုန့်၊ ပြင်သစ်ကမာ၊ ဆယ်မွန်ကြပ်တိုက် Mille-Feuille၊ La Cote de Boeuf Charolaise (Charolaise အမဲကင်)၊ ခရမ်းရောင် Macarons၊ Purple Rain Gin & Tonic တို့အပြင် ပြင်သစ်ဟင်းလျာအများအပြားပါဝင်ပါသေးတယ်။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Burbrit X’ mas Promotion
Unicode
Christmas နေ့မှာဘီယာမလုံလောက်တာမျိုးမဖြစ်ရအောင် Burbrit ကဘီယာဘူးတွေ အိမ်တိုင်ရာရောက်ပို့ဆောင်ပေးနေပြီနော်။ ဒီဇင်ဘာတလလုံး ရန်ကုန်မြို့နယ်တွင်းတရက်ကြိုမှာလိုက်တာနဲ့ တဘူးကို ကျပ် ၁၆၀၀တည်းနဲ့ Burbrit ဘီယာကိုသုံးဆောင်နိုင်ပါပြီ။ 09774734774 ကိုဆက်သွယ်မှာယူနိုင်ပါတယ်။
Christmas Magic 2 Nights Stay Package
Sedona Hotel Yangon
Unicode
ဒီဇင်ဘာ ၂၄ရက်နေ့ကနေ ၂၆ရက်နေ့အတွင်း Christmas အားလပ်ရက်တွေမှာ MMK 153,450++ (သို့) US$99++ တည်းနဲ့ Sedona Hotel Yangon ရဲ့ Garden Wing နဲ့ အထူးခန်းတွေဖြစ်တဲ့ Inya Wing မှာ၂ညတည်းခိုနိုင်ပါပြီ။ မီးအလှဆင်ထားတဲ့ခန်းမတွေ၊ Christmas ကိတ်၊ ရေကူးကန်နဲ့ gym အသုံးပြုခွင့်၊ ဘူဖေးမနက်စာနဲ့ Christmas ညစာတွေကသင့်ကိုစောင့်ကြိုနေပါတယ်။ Early check-in နဲ့ late check-out လည်းလုပ်လို့ရတယ်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Babett Goes Live! X Melody (21 Dec)
Babett Yangon
Unicode
ဒီအပတ် Babett Goes Live မှာ Voice Myanmar ရဲ့ finalist တဦးဖြစ်တဲ့ Melody ကဖျော်ဖြေသွားမှာပါ။ စနေနေ့ည ၈နာရီမှာတွေ့မယ်နော်။ +95 1 243 639 ကိုဆက်သွယ်ပြီး booking လုပ်နိုင်ပါတယ်။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Christmas Choir Singing @ The Central Boulevard (23 Dec)
Joy to the world, now we sing, Let the angel voices ring!
Unicode
ဒီဇင်ဘာလ ၂၃ရက်နေ့ကျရင် New Children Choir ဓမ္မတေးအဖွဲ့ဟာ Christmas တေးသံတွေနဲ့ Central Boulevard ရဲ့ canopy area မှာ ညနေ ၆နာရီခွဲကနေ ၇နာရီအထိဧည့်သည်တွေကိုဖျော်ဖြေပါလိမ့်မယ်။ ကလေးငယ်တွေရဲ့တေးသံသာတွေနားဆင်ရင်း Christmas ကိုကြိုဆိုရအောင်။
The Central Boulevard, ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်း။
Santa Claus Meet and Greet at Central Boulevard (24, 25 Dec)
Unicode
ခရစ်စ်မတ်ဘိုးဘိုးကြီးနဲ့တွေ့ရအောင်!!!
ဒီဇင်ဘာ ၂၄နဲ့ ၂၅ရက်နေ့တွေမှာ သားသားမီးမီးလေးတွေအနေနဲ့ Central Boulevard မှာ ဘိုးဘိုးကြီး Santa Claus နဲ့တွေ့ဆုံရင်း အလိုချင်ဆုံးဆုတောင်းတွေပြောပြလိုက်ပါ။
The Central Boulevard, ကမ္ဘာအေးဘုရားလမ်းနှင့်ကန်ဘဲ့လမ်းထောင့်၊ ရန်ကင်း။