Advertisement

HBO က Targaryen မ်ိဳးႏြယ္အေပၚအေျခခံထားတဲ့ House of the Dragon ကိုစီးရီးရိုက္ဖို႔စီစဥ္ေနပါျပီ။ စီးရီးမစခင္ Valyria နဲ႔ Targaryen သမိုင္းကိုအခန္းဆက္ေျပာျပခ်င္ပါတယ္။ စာအုပ္ေတြနဲ႔ A Wiki of Ice and Fire ကေနမွီျငမ္းထားတာျဖစ္လို႔ စီးရီးအတြက္ spoiler လည္းပါႏုိင္တယ္။

တတိယပိုင္းမွာ Aegon ရဲ႕ႏိုင္ငံသိမ္းစစ္ပြဲေတြအေၾကာင္းေျပာျပခဲ့ျပီး အခုစတုတၳပိုင္းမွာေတာ့ Aegon ရဲ႕နန္းသက္အတြင္းျဖစ္ပြားခဲ့တဲ့အေရးကိစၥေတြနဲ႔ ျပဳျပင္ေျပာင္းလဲမႈေတြအေၾကာင္းေျပာျပခ်င္ပါတယ္။

Targaryen ထီးနန္းအေစာပိုင္းကာလမ်ား

Aegon ဟာသူနန္းတက္တဲ့အခ်ိန္ကအစျပဳျပီး ျပကၡဒိန္ကိုျပန္လည္သတ္မွတ္ခဲ့ပါတယ္။  ဒါေၾကာင့္ Targaryen နန္းသက္စတင္ခ်ိန္ကို After Conquest ဆိုတဲ့အဓိပၸာယ္နဲ႔ AC လို႔ေခၚၾကပါတယ္။

Aegon ဟာ Aegonfort ေနရာမွာျမိဳ႕သစ္တခုတည္ေထာင္ခဲ့ျပီး အဲ့ဒီေနရာက King’s Landing ရယ္လို႔ျဖစ္လာတယ္။ Hand of the King (မင္းတိုင္ပင္အမတ္) ဆိုတဲ့ရာထူးကလည္း Aegon ကပဲဖန္တီးခဲ့တာျဖစ္ျပီး Orys Baratheon ဟာသူ႔ရဲ႕ပထမဆံုး Hand ျဖစ္ပါတယ္။ နန္းတက္ျပီးျပီးခ်င္း Aegon ပထမဆံုးလုပ္ခဲ့တဲ့အလုပ္ကေတာ့ ျပည္ေထာင္စုအတြင္းကႏုိင္ငံအခ်င္းခ်င္းပဋိပကၡျဖစ္ျခင္းကိုတားဆီးတဲ့ King’s Peace ဥပေဒကိုျပဌာန္းတာပါပဲ။ Aegon ဟာသူ႔ဆီမွာအညံ့ခံခဲ့တဲ့အရွင္သခင္ေတြကိုတေလးတစား ဆက္ဆံခဲ့ျပီး သူတို႔ရဲ႕ယဥ္ေက်းမႈဓေလ့ထံုးတမ္းေတြကိုလည္းဆက္လက္က်င့္သံုးခြင့္ျပဳခဲ့ပါတယ္။

2 AC မွာ Iron Islands ကအရွင္သခင္ေတြသူတလူငါတမင္းတိုက္ပြဲျဖစ္ေနတာကိုသြားေရာက္ေျဖရွင္းေပးခဲ့ျပီး ကၽြန္းေတြကို သီးသန္႔နယ္ပယ္တခုအျဖစ္သတ္မွတ္ေပးခဲ့တဲ့အျပင္ ironborn အိမ္ေတာ္အသီးသီးက အၾကီးအကဲေတြကိုလည္း သူတို႔စိတ္ၾကိဳက္ေခါင္းေဆာင္ကိုတင္ေျမွာက္ခြင့္ျပဳခဲ့တယ္။ ဒီလိုနဲ႔ Vickon Greyjoy က Iron Islands ရဲ႕ေခါင္းေဆာင္ (lord paramount) ျဖစ္လာခဲ့ျပီး Greyjoy အိမ္ေတာ္ဆင္းသက္လာပါတယ္။ တခ်ိန္က House Hoare ရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာရွိခဲ့တဲ့ ျမစ္၀ွမ္းေဒသနဲ႔ ကၽြန္းစုေဒသဟာ House Tully နဲ႔ House Greyjoy တို႔ရဲ႕အခ်ဳပ္အျခာပိုင္နယ္ေျမ ၂ခုအျဖစ္ကြဲထြက္သြားျခင္းက Aegon နန္းသက္အတြင္း အထင္ရွားဆံုးေျပာင္းလဲမႈတခုပါ။

Dorne

3 AC မွာ Aegon ဟာ Dorne ကိုသိမ္းဖို႔စတင္ၾကိဳးစားခဲ့ပါတယ္။ တႏွစ္ေလာက္သံတမန္ေရးအရ Targaryen လက္ေအာက္သြတ္သြင္းဖို႔စီစဥ္ခဲ့ေပမယ့္ ဘာမွထူးျခားမႈမရွိခဲ့တာေၾကာင့္က်ဴးေက်ာ္စစ္ဆင္ႏႊဲဖို႔ ဆံုးျဖတ္လိုက္တယ္။ ဒီလိုနဲ႔ပဲ ၉ႏွစ္ၾကာတဲ့ First Dornish War ျဖစ္ပြားလာခဲ့ျပီး ၂ဘက္လံုးမွာေသေၾကပ်က္စီးမႈမ်ားစြာၾကံဳခဲ့ရပါတယ္။

ဒီေနရာမွာ Dorne ရဲ႕ႏိုင္ငံေရးအခင္းအက်င္းကိုေျပာျပဖို႔လိုလာပါျပီ။ Dorne ဟာတခ်ိန္က အရွင္သခင္အသီးသီးရဲ႕လက္ေအာက္မွာအစိတ္စိတ္ကြဲေနျပီး ႏိုင္ငံတခုအေနနဲ႔စုစည္းမိျခင္းမရွိခဲ့ပါဘူး။ လြန္ခဲ့တဲ့ႏွစ္ေပါင္း ၁၀၀၀ခန္႔က Valyrian ေတြနဲ႔ Rhoynar လူမ်ိဳးေတြစစ္ျဖစ္ပြားခဲ့ျပီးေနာက္ အေရးနိမ့္သြားတဲ့ Rhoynar ေတြဟာ Essos ကေန Westeros ကိုထြက္ေျပးလာခဲ့ပါတယ္။

Rhoynar ရဲ႕အၾကီးအကဲစစ္သည္ေတာ္မင္းသမီး Nymeria ဦးစီးတဲ့စစ္သေဘၤာတေသာင္း Dorne ကိုေရာက္လာေတာ့ ေယာက်္ားၾကီးစိုးတဲ့နယ္ေျမျဖစ္တာနဲ႔အညီ နယ္ခံအရွင္သခင္ေတြဟာ Nymeria ကိုမႏွစ္ျမိဳ႕ခဲ့ၾကပါဘူး။ ဒါေပမယ့္ Dorne ရဲ႕အရွင္သခင္တဦးျဖစ္တဲ့ Mors Martell ဟာ Nymeria ကိုလိုလိုလားလားဧည့္ခံေတြ႔ဆံုခဲ့ပါတယ္။ ဒီလိုနဲ႔သူတို႔ ၂ေယာက္ပူးေပါင္းျပီး သူတလူငါတမင္းျဖစ္ေနတဲ့ေဒသေတြကိုတိုက္ခိုက္သိမ္းပိုက္ရင္း Dorne ကိုတည္ေထာင္ခဲ့ပါတယ္။

Rhoynar လူမ်ိဳးေတြရဲ႕ဓေလ့ထံုးစံအတိုင္း Dorne ရဲ႕အၾကီးအကဲကို ဘုရင္၊ ဘုရင္မလို႔မေခၚဘဲ မင္းသား၊ မင္းသမီး လို႔ပဲသံုးႏႈန္းပါတယ္။ ေယာက်္ားၾကီးစိုးတဲ့ Westeros မွာ Dorne ဟာထူးျခားစြာပဲ ေယာက်္ားမိန္းမမေရြးထီးနန္းဆက္ခံႏိုင္တဲ့ႏိုင္ငံပါ။

Targaryen vs Dorne

Targaryen ေတြရဲ႕အေစာပိုင္းက်ဴးေက်ာ္မႈဟာေအာင္ျမင္သလိုလိုရွိေပမယ့္ ေနာက္ပိုင္းမွာစစ္ကထင္တာထက္ပိုရွည္ၾကာလာျပီး ဆံုးရႈံးထိခိုက္မႈလည္းအေတာ္မ်ားလာတယ္။ အဓိကအခ်က္ကေတာ့ Meria Martell ဦးေဆာင္တဲ့ Dorne စစ္သားေတြဟာ Targaryen နဂါးေတြရဲ႕ရန္ကေရွာင္ႏိုင္ဖို႔ ကြင္းျပင္မွာစစ္မတုိက္ဘဲေျပာက္က်ားတုိက္ခိုက္နည္းကိုသံုးတဲ့အတြက္ Targaryen စစ္တပ္ဟာအလစ္အငိုက္မိျပီးအဖိတ္အစင္မ်ားလာတယ္။ ဒါ့အျပင္ Dorne ရဲ႕ပူျပင္းလွတဲ့သဲကႏၱာရကို သမပိုင္းဇံုက Targaryen စစ္သည္ေတာ္ေတြမခံႏိုင္ၾကဘဲ ေရငတ္ျခင္း၊ အပူလွ်ပ္ျခင္း တို႔ေၾကာင့္ေသေက်ပ်က္စီးၾကရျပန္ပါတယ္။

Orys Baratheon ရဲ႕စစ္တပ္အဖမ္းခံလိုက္ရျပီး Orys အပါအ၀င္စစ္သူၾကီးေတြအားလံုးကို ဓားကိုင္တဲ့လက္ကိုျဖတ္ျပီး ျပန္လႊတ္ေပးခဲ့တယ္။ ဒီအေတြ႔အၾကံဳေၾကာင့္ Aegon ရဲ႕အားအကိုးရဆံုးလက္ရံုး Orys ဟာစိတ္က်ေရာဂါခံစားခဲ့ရတယ္။ Hand of the King ရာထူးကိုလည္းစြန္႔လႊတ္ခဲ့ပါတယ္။

Targaryen ေတြအတြက္အၾကီးဆံုးထိုးႏွက္ခ်က္ကေတာ့ Visenya နဲ႔ Aegon တို႔ရဲ႕ညီမအငယ္ဆံုး Rhaenys က်ဆံုးသြားျခင္းပါပဲ။ Dorne ဟာအသိပညာနဲ႔လက္နက္ကိရိယာပိုင္းအဆင့္ျမင့္ျပီး သံျမွားတပ္ေမာင္း (Scorpion) နဲ႔ Targaryen နဂါးေတြကိုတြန္းလွန္ႏိုင္ခဲ့တယ္။ 9 AC အတြင္း Dorne မွာျဖစ္ပြားခဲ့တဲ့ တုိက္ပြဲတခုမွာ Scorpion ကျမွားတစင္းဟာ Meraxes ရဲ႕မ်က္လံုးကိုထိမွန္ျပီး ေျမျပင္ေပၚျပဳတ္က်ေသဆံုးသြားခဲ့ပါတယ္။ သူနဲ႔အတူ Rhaenys လည္းပါသြားခဲ့တယ္။ Rhaenys ဟာေနရာမွာတင္ပြဲခ်င္းျပီးေသသြားတယ္လို႔ေျပာၾကေပမယ့္ ဖမ္းဆီးႏွိပ္စက္ခံရျပီးမွအသတ္ခံလိုက္ရတယ္လို႔ ေျပာတဲ့သူေတြလည္းရွိပါတယ္။ Rhaenys ဟာ Aegon နဲ႔သားတေယာက္ထြန္းကားခဲ့ပါတယ္။

စစ္ႏွင့္ျငိမ္းခ်မ္းေရး

Rhaenys ကြယ္လြန္ျပီး ၂ႏွစ္တာကာလဟာ စစ္ပြဲရဲ႕အရွိန္အျမင့္ဆံုးကာလလို႔ေျပာရမယ္ဗ်။ Dragon’s Wroth လို႔သမိုင္းတြင္တဲ့ဒီကာလအတြင္း Aegon နဲ႔ Visenya ဟာ Dorne ကအရွင္သခင္ေတြပိုင္တဲ့ ရဲတိုက္ေတြအားလံုးနီးပါးကိုမီးေလာင္တိုက္သြင္းခဲ့တယ္။ 10 AC မွာ Aegon နဲ႔ Visenya ဟာ King’s Landing ရဲ႕လမ္းမေပၚမွာလုပ္ၾကံခံရျပီး Visenya ရဲ႕ဓားစြမ္းေၾကာင့္သာ ၂ေယာက္သားအသက္ခ်မ္းသာရာရခဲ့တာပါ။ အဲ့ဒီအခ်ိန္ကစျပီး Kingsguard လို႔ေခၚတဲ့ကိုယ္ရံေတာ္တပ္ကိုဖြဲ႔စည္းခဲ့ျပီး Visenya ကိုယ္တိုင္စီမံခန္႔ခြဲပါတယ္။

13 AC မွာမင္းသမီးၾကီး Meria ကြယ္လြန္ျပီးေနာက္မွာေတာ့ စစ္ပန္းေနတဲ့ Dorne ဟာျငိမ္းခ်မ္းေရးယူဖို႔စဥ္းစားခဲ့ပါတယ္။ မင္းသားၾကီး Nymor Martell ဟာ သူ႔သမီး Deria ကို King’s Landing လႊတ္လိုက္ျပီးသူနဲ႔အတူ Meraxes ရဲ႕ဦးေခါင္းခြံနဲ႔ စာတေစာင္ေပးလိုက္တယ္။ Aegon ဟာအေစာပိုင္းမွာ Deria ရဲ႕ျငိမ္းခ်မ္းေရးကမ္းလွမ္းမႈကိုလက္မခံခဲ့တဲ့အတြက္ Deria လည္း Nymor ေပးလိုက္တဲ့စာကို Aegon ဆီေပးလိုက္တယ္။ Aegon ဟာစာကိုဖတ္ျပီးျပီးခ်င္းမီးရႈိ႕လိုက္ပါတယ္။ ျပီးေတာ့ Balerion ကိုစီးျပီး Dragonstone ကိုထြက္သြားခဲ့တယ္။ ေနာက္တေန႔မနက္မွာ King’s Landing ကိုျပန္ေရာက္လာခဲ့ျပီး ျငိမ္းခ်မ္းေရးယူဖို႔သေဘာတူခဲ့ပါတယ္။

စာထဲမွာဘာေရးထားမွန္းဘယ္သူမွမသိၾကပါဘူး။ တခ်ိဳ႕ကလည္း Rhaenys မေသေသးဘဲ Dorne မွာအက်ဥ္းသားျဖစ္ေနျပီး ျငိမ္းခ်မ္းေရးနဲ႔သူမအသက္အလဲအလွယ္လုပ္လိုက္တာလို႔ခန္႔မွန္းၾကတယ္။ တခ်ိဳ႕ကလည္း Nymor ဟာ Faceless Man ေတြအမ်ားၾကီးငွားျပီး Aegon နဲ႔ Rhaenys တို႔ရဲ႕သား Aenys ရဲ႕အသက္ကိုလုပ္ၾကံမယ္လို႔ျခိမ္းေျခာက္တဲ့အတြက္ Aegon ကျငိမ္းခ်မ္းေရးယူဖို႔သေဘာတူခဲ့ရတယ္လို႔ ေျပာၾကပါတယ္။ ဘာပဲေျပာေျပာအဲ့ဒီစာခၽြန္လႊာဟာ Targaryen နဲ႔ Dorne တို႔ၾကား ၉ႏွစ္တာစစ္ပြဲကိုအဆံုးသတ္ေစခဲ့ျပီး Dorne ဟာလည္းအခ်ဳပ္အျခားအာဏာပိုင္ႏုိင္ငံအျဖစ္ ရပ္တည္ႏုိင္ခဲ့ပါတယ္။

ပဥၥမပိုင္းမွာ Targaryen ေတြနန္းလုရင္းျဖစ္တဲ့ျပည္တြင္းစစ္ Dance of the Dragons အေၾကာင္းေျပာျပသြားပါ့မယ္။

Unicode

HBO က Targaryen မျိုးနွယ်အပေါ်အခြေခံထားတဲ့ House of the Dragon ကိုစီးရီးရိုက်ဖို့စီစဉ်နေပါပြီ။ စီးရီးမစခင် Valyria နဲ့ Targaryen သမိုင်းကိုအခန်းဆက်ပြောပြချင်ပါတယ်။ စာအုပ်တွေနဲ့ A Wiki of Ice and Fire ကနေမှီငြမ်းထားတာဖြစ်လို့ စီးရီးအတွက် spoiler လည်းပါနိုင်တယ်။

တတိယပိုင်းမှာ Aegon ရဲ့နိုင်ငံသိမ်းစစ်ပွဲတွေအကြောင်းပြောပြခဲ့ပြီး အခုစတုတ္ထပိုင်းမှာတော့ Aegon ရဲ့နန်းသက်အတွင်းဖြစ်ပွားခဲ့တဲ့အရေးကိစ္စတွေနဲ့ ပြုပြင်ပြောင်းလဲမှုတွေအကြောင်းပြောပြချင်ပါတယ်။

Targaryen ထီးနန်းအစောပိုင်းကာလများ

Aegon ဟာသူနန်းတက်တဲ့အချိန်ကအစပြုပြီး ပြက္ခဒိန်ကိုပြန်လည်သတ်မှတ်ခဲ့ပါတယ်။ ဒါကြောင့် Targaryen နန်းသက်စတင်ချိန်ကို After Conquest ဆိုတဲ့အဓိပ္ပာယ်နဲ့ AC လို့ခေါ်ကြပါတယ်။

Aegon ဟာ Aegonfort နေရာမှာမြို့သစ်တခုတည်ထောင်ခဲ့ပြီး အဲ့ဒီနေရာက King’s Landing ရယ်လို့ဖြစ်လာတယ်။ Hand of the King (မင်းတိုင်ပင်အမတ်) ဆိုတဲ့ရာထူးကလည်း Aegon ကပဲဖန်တီးခဲ့တာဖြစ်ပြီး Orys Baratheon ဟာသူ့ရဲ့ပထမဆုံး Hand ဖြစ်ပါတယ်။ နန်းတက်ပြီးပြီးချင်း Aegon ပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့ ပြည်ထောင်စုအတွင်းကနိုင်ငံအချင်းချင်းပဋိပက္ခဖြစ်ခြင်းကိုတားဆီးတဲ့ King’s Peace ဥပဒေကိုပြဌာန်းတာပါပဲ။ Aegon ဟာသူ့ဆီမှာအညံ့ခံခဲ့တဲ့အရှင်သခင်တွေကိုတလေးတစား ဆက်ဆံခဲ့ပြီး သူတို့ရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေကိုလည်းဆက်လက်ကျင့်သုံးခွင့်ပြုခဲ့ပါတယ်။

2 AC မှာ Iron Islands ကအရှင်သခင်တွေသူတလူငါတမင်းတိုက်ပွဲဖြစ်နေတာကိုသွားရောက်ဖြေရှင်းပေးခဲ့ပြီး ကျွန်းတွေကို သီးသန့်နယ်ပယ်တခုအဖြစ်သတ်မှတ်ပေးခဲ့တဲ့အပြင် ironborn အိမ်တော်အသီးသီးက အကြီးအကဲတွေကိုလည်း သူတို့စိတ်ကြိုက်ခေါင်းဆောင်ကိုတင်မြှောက်ခွင့်ပြုခဲ့တယ်။ ဒီလိုနဲ့ Vickon Greyjoy က Iron Islands ရဲ့ခေါင်းဆောင် (lord paramount) ဖြစ်လာခဲ့ပြီး Greyjoy အိမ်တော်ဆင်းသက်လာပါတယ်။ တချိန်က House Hoare ရဲ့အုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ မြစ်ဝှမ်းဒေသနဲ့ ကျွန်းစုဒေသဟာ House Tully နဲ့ House Greyjoy တို့ရဲ့အချုပ်အခြာပိုင်နယ်မြေ ၂ခုအဖြစ်ကွဲထွက်သွားခြင်းက Aegon နန်းသက်အတွင်း အထင်ရှားဆုံးပြောင်းလဲမှုတခုပါ။
Dorne

3 AC မှာ Aegon ဟာ Dorne ကိုသိမ်းဖို့စတင်ကြိုးစားခဲ့ပါတယ်။ တနှစ်လောက်သံတမန်ရေးအရ Targaryen လက်အောက်သွတ်သွင်းဖို့စီစဉ်ခဲ့ပေမယ့် ဘာမှထူးခြားမှုမရှိခဲ့တာကြောင့်ကျူးကျော်စစ်ဆင်နွှဲဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ပဲ ၉နှစ်ကြာတဲ့ First Dornish War ဖြစ်ပွားလာခဲ့ပြီး ၂ဘက်လုံးမှာသေကြေပျက်စီးမှုများစွာကြုံခဲ့ရပါတယ်။

ဒီနေရာမှာ Dorne ရဲ့နိုင်ငံရေးအခင်းအကျင်းကိုပြောပြဖို့လိုလာပါပြီ။ Dorne ဟာတချိန်က အရှင်သခင်အသီးသီးရဲ့လက်အောက်မှာအစိတ်စိတ်ကွဲနေပြီး နိုင်ငံတခုအနေနဲ့စုစည်းမိခြင်းမရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀၀ခန့်က Valyrian တွေနဲ့ Rhoynar လူမျိုးတွေစစ်ဖြစ်ပွားခဲ့ပြီးနောက် အရေးနိမ့်သွားတဲ့ Rhoynar တွေဟာ Essos ကနေ Westeros ကိုထွက်ပြေးလာခဲ့ပါတယ်။

Rhoynar ရဲ့အကြီးအကဲစစ်သည်တော်မင်းသမီး Nymeria ဦးစီးတဲ့စစ်သင်္ဘောတသောင်း Dorne ကိုရောက်လာတော့ ယောကျ်ားကြီးစိုးတဲ့နယ်မြေဖြစ်တာနဲ့အညီ နယ်ခံအရှင်သခင်တွေဟာ Nymeria ကိုမနှစ်မြို့ခဲ့ကြပါဘူး။ ဒါပေမယ့် Dorne ရဲ့အရှင်သခင်တဦးဖြစ်တဲ့ Mors Martell ဟာ Nymeria ကိုလိုလိုလားလားဧည့်ခံတွေ့ဆုံခဲ့ပါတယ်။ ဒီလိုနဲ့သူတို့ ၂ယောက်ပူးပေါင်းပြီး သူတလူငါတမင်းဖြစ်နေတဲ့ဒေသတွေကိုတိုက်ခိုက်သိမ်းပိုက်ရင်း Dorne ကိုတည်ထောင်ခဲ့ပါတယ်။

Rhoynar လူမျိုးတွေရဲ့ဓလေ့ထုံးစံအတိုင်း Dorne ရဲ့အကြီးအကဲကို ဘုရင်၊ ဘုရင်မလို့မခေါ်ဘဲ မင်းသား၊ မင်းသမီး လို့ပဲသုံးနှုန်းပါတယ်။ ယောကျ်ားကြီးစိုးတဲ့ Westeros မှာ Dorne ဟာထူးခြားစွာပဲ ယောကျ်ားမိန်းမမရွေးထီးနန်းဆက်ခံနိုင်တဲ့နိုင်ငံပါ။

Targaryen vs Dorne

Targaryen တွေရဲ့အစောပိုင်းကျူးကျော်မှုဟာအောင်မြင်သလိုလိုရှိပေမယ့် နောက်ပိုင်းမှာစစ်ကထင်တာထက်ပိုရှည်ကြာလာပြီး ဆုံးရှုံးထိခိုက်မှုလည်းအတော်များလာတယ်။ အဓိကအချက်ကတော့ Meria Martell ဦးဆောင်တဲ့ Dorne စစ်သားတွေဟာ Targaryen နဂါးတွေရဲ့ရန်ကရှောင်နိုင်ဖို့ ကွင်းပြင်မှာစစ်မတိုက်ဘဲပြောက်ကျားတိုက်ခိုက်နည်းကိုသုံးတဲ့အတွက် Targaryen စစ်တပ်ဟာအလစ်အငိုက်မိပြီးအဖိတ်အစင်များလာတယ်။ ဒါ့အပြင် Dorne ရဲ့ပူပြင်းလှတဲ့သဲကန္တာရကို သမပိုင်းဇုံက Targaryen စစ်သည်တော်တွေမခံနိုင်ကြဘဲ ရေငတ်ခြင်း၊ အပူလျှပ်ခြင်း တို့ကြောင့်သေကျေပျက်စီးကြရပြန်ပါတယ်။

Orys Baratheon ရဲ့စစ်တပ်အဖမ်းခံလိုက်ရပြီး Orys အပါအဝင်စစ်သူကြီးတွေအားလုံးကို ဓားကိုင်တဲ့လက်ကိုဖြတ်ပြီး ပြန်လွှတ်ပေးခဲ့တယ်။ ဒီအတွေ့အကြုံကြောင့် Aegon ရဲ့အားအကိုးရဆုံးလက်ရုံး Orys ဟာစိတ်ကျရောဂါခံစားခဲ့ရတယ်။ Hand of the King ရာထူးကိုလည်းစွန့်လွှတ်ခဲ့ပါတယ်။

Targaryen တွေအတွက်အကြီးဆုံးထိုးနှက်ချက်ကတော့ Visenya နဲ့ Aegon တို့ရဲ့ညီမအငယ်ဆုံး Rhaenys ကျဆုံးသွားခြင်းပါပဲ။ Dorne ဟာအသိပညာနဲ့လက်နက်ကိရိယာပိုင်းအဆင့်မြင့်ပြီး သံမြှားတပ်မောင်း (Scorpion) နဲ့ Targaryen နဂါးတွေကိုတွန်းလှန်နိုင်ခဲ့တယ်။ 9 AC အတွင်း Dorne မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတခုမှာ Scorpion ကမြှားတစင်းဟာ Meraxes ရဲ့မျက်လုံးကိုထိမှန်ပြီး မြေပြင်ပေါ်ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။ သူနဲ့အတူ Rhaenys လည်းပါသွားခဲ့တယ်။ Rhaenys ဟာနေရာမှာတင်ပွဲချင်းပြီးသေသွားတယ်လို့ပြောကြပေမယ့် ဖမ်းဆီးနှိပ်စက်ခံရပြီးမှအသတ်ခံလိုက်ရတယ်လို့ ပြောတဲ့သူတွေလည်းရှိပါတယ်။ Rhaenys ဟာ Aegon နဲ့သားတယောက်ထွန်းကားခဲ့ပါတယ်။

စစ်နှင့်ငြိမ်းချမ်းရေး

Rhaenys ကွယ်လွန်ပြီး ၂နှစ်တာကာလဟာ စစ်ပွဲရဲ့အရှိန်အမြင့်ဆုံးကာလလို့ပြောရမယ်ဗျ။ Dragon’s Wroth လို့သမိုင်းတွင်တဲ့ဒီကာလအတွင်း Aegon နဲ့ Visenya ဟာ Dorne ကအရှင်သခင်တွေပိုင်တဲ့ ရဲတိုက်တွေအားလုံးနီးပါးကိုမီးလောင်တိုက်သွင်းခဲ့တယ်။ 10 AC မှာ Aegon နဲ့ Visenya ဟာ King’s Landing ရဲ့လမ်းမပေါ်မှာလုပ်ကြံခံရပြီး Visenya ရဲ့ဓားစွမ်းကြောင့်သာ ၂ယောက်သားအသက်ချမ်းသာရာရခဲ့တာပါ။ အဲ့ဒီအချိန်ကစပြီး Kingsguard လို့ခေါ်တဲ့ကိုယ်ရံတော်တပ်ကိုဖွဲ့စည်းခဲ့ပြီး Visenya ကိုယ်တိုင်စီမံခန့်ခွဲပါတယ်။

13 AC မှာမင်းသမီးကြီး Meria ကွယ်လွန်ပြီးနောက်မှာတော့ စစ်ပန်းနေတဲ့ Dorne ဟာငြိမ်းချမ်းရေးယူဖို့စဉ်းစားခဲ့ပါတယ်။ မင်းသားကြီး Nymor Martell ဟာ သူ့သမီး Deria ကို King’s Landing လွှတ်လိုက်ပြီးသူနဲ့အတူ Meraxes ရဲ့ဦးခေါင်းခွံနဲ့ စာတစောင်ပေးလိုက်တယ်။ Aegon ဟာအစောပိုင်းမှာ Deria ရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းမှုကိုလက်မခံခဲ့တဲ့အတွက် Deria လည်း Nymor ပေးလိုက်တဲ့စာကို Aegon ဆီပေးလိုက်တယ်။ Aegon ဟာစာကိုဖတ်ပြီးပြီးချင်းမီးရှို့လိုက်ပါတယ်။ ပြီးတော့ Balerion ကိုစီးပြီး Dragonstone ကိုထွက်သွားခဲ့တယ်။ နောက်တနေ့မနက်မှာ King’s Landing ကိုပြန်ရောက်လာခဲ့ပြီး ငြိမ်းချမ်းရေးယူဖို့သဘောတူခဲ့ပါတယ်။

စာထဲမှာဘာရေးထားမှန်းဘယ်သူမှမသိကြပါဘူး။ တချို့ကလည်း Rhaenys မသေသေးဘဲ Dorne မှာအကျဉ်းသားဖြစ်နေပြီး ငြိမ်းချမ်းရေးနဲ့သူမအသက်အလဲအလှယ်လုပ်လိုက်တာလို့ခန့်မှန်းကြတယ်။ တချို့ကလည်း Nymor ဟာ Faceless Man တွေအများကြီးငှားပြီး Aegon နဲ့ Rhaenys တို့ရဲ့သား Aenys ရဲ့အသက်ကိုလုပ်ကြံမယ်လို့ခြိမ်းခြောက်တဲ့အတွက် Aegon ကငြိမ်းချမ်းရေးယူဖို့သဘောတူခဲ့ရတယ်လို့ ပြောကြပါတယ်။ ဘာပဲပြောပြောအဲ့ဒီစာချွန်လွှာဟာ Targaryen နဲ့ Dorne တို့ကြား ၉နှစ်တာစစ်ပွဲကိုအဆုံးသတ်စေခဲ့ပြီး Dorne ဟာလည်းအချုပ်အခြားအာဏာပိုင်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပဉ္စမပိုင်းမှာ Targaryen တွေနန်းလုရင်းဖြစ်တဲ့ပြည်တွင်းစစ် Dance of the Dragons အကြောင်းပြောပြသွားပါ့မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here