HBO က Targaryen မ်ိဳးႏြယ္အေပၚအေျခခံထားတဲ့ House of the Dragon ကိုစီးရီးရိုက္ဖို႔စီစဥ္ေနပါျပီ။ စီးရီးမစခင္ Valyria နဲ႔ Targaryen သမိုင္းကိုအခန္းဆက္ေျပာျပခ်င္ပါတယ္။ စာအုပ္ေတြနဲ႔ A Wiki of Ice and Fire ကေနမွီျငမ္းထားတာျဖစ္လို႔ စီးရီးအတြက္ spoiler လည္းပါႏုိင္တယ္။
စတုတၳပိုင္းမွာ Aegon ရဲ႕နန္းသက္အတြင္းကသမိုင္း၀င္အျဖစ္အပ်က္ေတြကိုေျပာျပခဲ့ပါတယ္။ အခုပဥၥမပိုင္းမွာေတာ့ Targaryen ျပည္တြင္းစစ္စတင္ရျခင္းအေၾကာင္းကိစၥေတြကိုေျပာျပသြားပါ့မယ္။
Aegon ရဲ႕ေႏွာင္းပိုင္းေန႔ရက္မ်ား

Dorne နဲ႔ျငိမ္းခ်မ္းေရးရျပီးေနာက္ပိုင္းမွာ Aegon ဟာ Westeros ကိုျငိမ္းခ်မ္းစြာပဲအုပ္ခ်ဳပ္ခဲ့ပါတယ္။ သူဟာ ျပည္ေထာင္စုအတြင္းကႏုိင္ငံတခုခ်င္းစီအေၾကာင္းကို Maester ေတြဆီကသင္ယူခဲ့ျပီး ႏုိင္ငံတခုခ်င္းစီကိုတိုင္းခန္းလွည့္လည္ရင္း ႏုိင္ငံအသီးသီးကဘုရင္ေတြနဲ႔ရင္းႏွီးမႈတည္ေဆာက္ခဲ့တယ္။ အသက္အရြယ္ၾကီးရင့္လာတဲ့အခါမွာ ေဟာင္းႏြမ္းေဆြးေျမ့လာတဲ့ Aegonfort ကိုစြန္႔ခြာျပီး Dragonstone ကိုေျပာင္းေရႊ႕နန္းစံခဲ့ပါတယ္။ Aegonfort ေနရာမွာ Red Keep ကိုတည္ေဆာက္ဖို႔ Visenya ကိုတာ၀န္ေပးလိုက္ပါတယ္။ တခ်ိဳ႕ကလည္း Visenya နဲ႔မ်က္ႏွာခ်င္းမဆိုင္လိုတာေၾကာင့္ တေနရာစီခြဲေနတာလို႔ဆိုၾကတယ္။ Aegon အေနနဲ႔ စိတ္ၾကီးျပီး မိန္းမမဆန္တဲ့ Visenya ကိုမိဘေတြဆႏၵအရလက္ထပ္ခဲ့ရေပမယ့္ ခ်စ္ခင္စံုမက္ျခင္းမရွိခဲ့ပါဘူး။
Aegon ဟာအသက္ ၆၄ႏွစ္မွာေလျဖတ္လို႔နတ္ရြာစံခဲ့ျပီး Westeros ကို ၃၇ႏွစ္အုပ္ခ်ဳပ္ခဲ့ပါတယ္။ သူကြယ္လြန္ေတာ့ Rhaenys နဲ႔ေမြးတဲ့သားျဖစ္သူ Aenys ကနန္းတက္တယ္။ Visenya နဲ႔ Meagor လို႔ေခၚတဲ့သားတေယာက္ထြန္းကားခဲ့ပါတယ္။
ျပည္တြင္းစစ္အစ

Aegon ကြယ္လြန္ျပီး ႏွစ္ ၁၀၀ေက်ာ္ေလာက္အၾကာမွာ Targaryen ေတြအခ်င္းခ်င္းထီးနန္းလုရင္းျဖစ္ပြားခဲ့တဲ့ ျပည္တြင္းစစ္ (Dance of the Dragons) ကေတာ့ Targaryen မင္းဆက္မွာအထင္ရွားဆံုးအျဖစ္အပ်က္ပါပဲ။ ဒီအျဖစ္အပ်က္ဟာ ႏွစ္ ၃၀၀ေလာက္ၾကာတဲ့ Targaryen မင္းဆက္ရဲ႕ မြန္းတည့္ခ်ိန္လို႔လည္းေျပာလို႔ရပါတယ္။ ဘာလို႔လဲဆိုေတာ့ဒီနန္းလုပြဲေနာက္ပိုင္းမွာ Targaryen ေတြအေပၚျပည္သူေတြအၾကည္ညိဳပ်က္လာျပီး နဂါးေတြရဲ႕ဖ်က္ဆီးမႈစြမ္းအားကိုလည္းရြံရွာေၾကာက္လန္႔လာၾကတယ္။ Targaryen ေတြအေနနဲ႔ လူထုၾကားစိုးရိမ္မႈေတြေလွ်ာ့ခ်ဖို႔အတြက္ နဂါးေတြကိုခ်ဳပ္ေႏွာင္ေမြးျမဴလာၾကတာမို႔ နဂါးေတြဖြံ႔ျဖိဳးမႈေႏွးေကြးလာျပီး Targaryen ေတြလည္းအင္အားယုတ္ေလ်ာ့လာပါတယ္။
Targaryen မင္းဆက္ရဲ႕ဓေလ့ထံုးစံအရ အၾကီးဆံုးကေလးကထီးနန္းဆက္ခံခြင့္ရွိပါတယ္။ Viserys I ဟာ မိဖုရားျဖစ္သူ Aemma Arryn နဲ႔ သားသမီး ၃ေယာက္ထြန္းကားခဲ့ေပမယ့္ အၾကီးဆံုးသမီး Rhaenyra တေယာက္တည္းအဖတ္တင္ခဲ့ျပီး က်န္ကေလးငယ္ ၂ေယာက္ကပုခက္တြင္းမွာတင္ကြယ္လြန္ခဲ့ပါတယ္။ လက္ထက္ 105 AC မွာ မိဖုရားၾကီးကြယ္လြန္ေတာ့ Viserys ဟာသမီးေတာ္ Rhaenyra ကို အိမ္ေရွ႕စံမင္းသမီးအျဖစ္သတ္မွတ္ခဲ့တယ္။ ဒါဟာ Targaryen မင္းဆက္မွာပထမဦးဆံုးအၾကိမ္အျဖစ္ အမ်ိဳးသမီးတေယာက္ကိုထီးနန္းေပးျခင္းလည္းျဖစ္ပါတယ္။ Viserys က Alicent Hightower ဆိုတဲ့အမ်ိဳးသမီးနဲ႔ ဒုတိယအၾကိမ္အိမ္ေထာင္ျပဳခဲ့ျပီး Aegon, Helaena, Aemond, Daeron ဆိုတဲ့ သားသမီး ၄ေယာက္ေမြးခဲ့တယ္။
Viserys ဟာေဆြမ်ိဳးနီးစပ္ေတာ္သူ Ser ဘြဲ႔ရ Laenor Velaryon နဲ႔သမီးေတာ္ Rhaenyra ကိုလက္ထပ္ေပးခဲ့ျပီး သူ႔သမီးေတာ္ကိုသာနန္းတင္မွာျဖစ္တဲ့အေၾကာင္းအခိုင္အမာျပခဲ့ပါတယ္။
Rhaenyra vs Alicent

Rhaenyra ဟာအသက္ ၇ႏွစ္ေလာက္ကတည္းက နဂါးမ Syrax နဲ႔သံေယာဇဥ္တြယ္ခဲ့တယ္။ Targaryen ပီပီ ေငြေရာင္ဆံပင္ေတြနဲ႔ေခ်ာေမာလွပေပမယ့္ ေမာက္မာျပီး စိတ္ဓာတ္ၾကမ္းတမ္းသူျဖစ္ပါတယ္။ စိတ္ကစားတတ္သလိုအခ်စ္ေရးရႈပ္ေထြးတဲ့သူလည္းျဖစ္တယ္။ ဦးေလးျဖစ္သူ Daemon Targaryen နဲ႔လည္း ခ်စ္ၾကိဳက္ခဲ့ျပီး ခင္ပြန္းသည္ Laenor Velaryon စစ္ထြက္တုန္းလုပ္ၾကံသတ္ျဖတ္ခံရျပီးေနာက္ Daemon နဲ႔လက္ထပ္ခဲ့ၾကတယ္။ Laenor နဲ႔ေပါင္းေနတုန္းမွာလည္း Ser တဦးျဖစ္တဲ့ Harwin Strong နဲ႔ေဖာက္ျပန္တယ္လို႔သတင္းေတြထြက္ခဲ့ဖူးပါတယ္။
မိေထြးျဖစ္သူ Alicent နဲ႔ Rhaenyra ဟာလံုး၀သင့္ျမတ္ျခင္းမရွိခဲ့ဘဲ Viserys ျပီးရင္အာဏာအရွိဆံုး First Lady ျဖစ္ဖို႔အျမဲလိုလိုျပိဳင္ဆိုင္ေနခဲ့ၾကပါတယ္။ Alicent ရဲ႕ဖခင္ Hand of the King ျဖစ္တဲ့ Otto ကလည္း Rhaenyra ရဲ႕ဒုတိယခင္ပြန္း Daemon ကဆိုးသြမ္းလြန္းတဲ့အတြက္သူတို႔လင္မယားကိုမႏွစ္ျမိဳ႕ခဲ့ပါဘူး။ အဲ့ဒီလိုနဲ႔ Targaryen နန္းတြင္းမွာ Alicent နဲ႔ Otto တုိ႔သားအဖကတဘက္၊ Rhaenyra နဲ႔ Daemon Targaryen တုိ႔လင္မယားကတဘက္ဆိုျပီး ႏွစ္ျခမ္းကြဲေနပါတယ္။
Viserys နတ္ရြာစံျပီးေနာက္မွာ Small Council ေခၚယူျပီး Alicent ကသူ႔သား Aegon ကိုနန္းတင္ဖို႔ၾကိဳးစားပါတယ္။ Otto က Rhaenyra သာနန္းတက္ရင္ ထီးနန္းဟာသူ႔ခင္ပြန္း Daemon ရဲ႕လက္ထဲေရာက္သြားလိမ့္မယ္လို႔အေၾကာင္းျပျပီး သူ႔ေျမးကိုနန္းတင္ဖို႔ေထာက္ခံပါတယ္။ ဒီလိုနဲ႔ Small Council အတြင္းမွာလည္း Alicent တို႔ကိုေထာက္ခံတဲ့သူနဲ႔ Rhaenyra ကိုေထာက္ခံတဲ့သူဆိုျပီး ႏွစ္ဖြဲ႔ကြဲပါေတာ့တယ္။
Master of Coins ျဖစ္တဲ့ Lyman Beesbury ဟာ Rhaenyra ဘက္ကရပ္တည္တဲ့အတြက္ Alicent တို႔ကိုေထာက္ခံသူ Ser Criston Cole ကသတ္ပစ္လိုက္ပါတယ္။ ဒါဟာျပည္တြင္းစစ္မစမီ ပထမဆံုးေသြးေျမက်ျခင္းလည္းျဖစ္တယ္။ King’s Landing မွာ Aegon ကို Aegon II ဆိုတဲ့ဘြဲ႔နာမည္နဲ႔ နန္းတင္လိုက္ျပီျဖစ္ေပမယ့္ Dragonstone မွာေနေနတဲ့ Rhaenyra ကေတာ့ဒီအေၾကာင္းေတြကိုမသိခဲ့ပါဘူး။
ဆ႒မပိုင္းမွာေတာ့ စစ္အတြင္းကကိစၥေတြနဲ႔ စစ္အျပီးေနာက္ပိုင္းအျဖစ္အပ်က္ေတြကိုေျပာျပသြားပါ့မယ္။ Targaryen ေတြျပီးရင္ Game of Thrones ကမာၻနဲ႔ပတ္သက္ျပီး တျခားသိခ်င္တဲ့အေၾကာင္းအရာေတြရွိရင္ comment ေပးခဲ့ပါဦး။ ပရိသတ္ေတာင္းဆိုမႈေပၚလိုက္ျပီး အခန္းဆက္ေရးေပးသြားပါ့မယ္။
Unicode
HBO က Targaryen မျိုးနွယ်အပေါ်အခြေခံထားတဲ့ House of the Dragon ကိုစီးရီးရိုက်ဖို့စီစဉ်နေပါပြီ။ စီးရီးမစခင် Valyria နဲ့ Targaryen သမိုင်းကိုအခန်းဆက်ပြောပြချင်ပါတယ်။ စာအုပ်တွေနဲ့ A Wiki of Ice and Fire ကနေမှီငြမ်းထားတာဖြစ်လို့ စီးရီးအတွက် spoiler လည်းပါနိုင်တယ်။
စတုတ္ထပိုင်းမှာ Aegon ရဲ့နန်းသက်အတွင်းကသမိုင်းဝင်အဖြစ်အပျက်တွေကိုပြောပြခဲ့ပါတယ်။ အခုပဉ္စမပိုင်းမှာတော့ Targaryen ပြည်တွင်းစစ်စတင်ရခြင်းအကြောင်းကိစ္စတွေကိုပြောပြသွားပါ့မယ်။
Aegon ရဲ့နှောင်းပိုင်းနေ့ရက်များ
Dorne နဲ့ငြိမ်းချမ်းရေးရပြီးနောက်ပိုင်းမှာ Aegon ဟာ Westeros ကိုငြိမ်းချမ်းစွာပဲအုပ်ချုပ်ခဲ့ပါတယ်။ သူဟာ ပြည်ထောင်စုအတွင်းကနိုင်ငံတခုချင်းစီအကြောင်းကို Maester တွေဆီကသင်ယူခဲ့ပြီး နိုင်ငံတခုချင်းစီကိုတိုင်းခန်းလှည့်လည်ရင်း နိုင်ငံအသီးသီးကဘုရင်တွေနဲ့ရင်းနှီးမှုတည်ဆောက်ခဲ့တယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာ ဟောင်းနွမ်းဆွေးမြေ့လာတဲ့ Aegonfort ကိုစွန့်ခွာပြီး Dragonstone ကိုပြောင်းရွှေ့နန်းစံခဲ့ပါတယ်။ Aegonfort နေရာမှာ Red Keep ကိုတည်ဆောက်ဖို့ Visenya ကိုတာဝန်ပေးလိုက်ပါတယ်။ တချို့ကလည်း Visenya နဲ့မျက်နှာချင်းမဆိုင်လိုတာကြောင့် တနေရာစီခွဲနေတာလို့ဆိုကြတယ်။ Aegon အနေနဲ့ စိတ်ကြီးပြီး မိန်းမမဆန်တဲ့ Visenya ကိုမိဘတွေဆန္ဒအရလက်ထပ်ခဲ့ရပေမယ့် ချစ်ခင်စုံမက်ခြင်းမရှိခဲ့ပါဘူး။
Aegon ဟာအသက် ၆၄နှစ်မှာလေဖြတ်လို့နတ်ရွာစံခဲ့ပြီး Westeros ကို ၃၇နှစ်အုပ်ချုပ်ခဲ့ပါတယ်။ သူကွယ်လွန်တော့ Rhaenys နဲ့မွေးတဲ့သားဖြစ်သူ Aenys ကနန်းတက်တယ်။ Visenya နဲ့ Meagor လို့ခေါ်တဲ့သားတယောက်ထွန်းကားခဲ့ပါတယ်။
ပြည်တွင်းစစ်အစ
Aegon ကွယ်လွန်ပြီး နှစ် ၁၀၀ကျော်လောက်အကြာမှာ Targaryen တွေအချင်းချင်းထီးနန်းလုရင်းဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ် (Dance of the Dragons) ကတော့ Targaryen မင်းဆက်မှာအထင်ရှားဆုံးအဖြစ်အပျက်ပါပဲ။ ဒီအဖြစ်အပျက်ဟာ နှစ် ၃၀၀လောက်ကြာတဲ့ Targaryen မင်းဆက်ရဲ့ မွန်းတည့်ချိန်လို့လည်းပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ဒီနန်းလုပွဲနောက်ပိုင်းမှာ Targaryen တွေအပေါ်ပြည်သူတွေအကြည်ညိုပျက်လာပြီး နဂါးတွေရဲ့ဖျက်ဆီးမှုစွမ်းအားကိုလည်းရွံရှာကြောက်လန့်လာကြတယ်။ Targaryen တွေအနေနဲ့ လူထုကြားစိုးရိမ်မှုတွေလျှော့ချဖို့အတွက် နဂါးတွေကိုချုပ်နှောင်မွေးမြူလာကြတာမို့ နဂါးတွေဖွံ့ဖြိုးမှုနှေးကွေးလာပြီး Targaryen တွေလည်းအင်အားယုတ်လျော့လာပါတယ်။
Targaryen မင်းဆက်ရဲ့ဓလေ့ထုံးစံအရ အကြီးဆုံးကလေးကထီးနန်းဆက်ခံခွင့်ရှိပါတယ်။ Viserys I ဟာ မိဖုရားဖြစ်သူ Aemma Arryn နဲ့ သားသမီး ၃ယောက်ထွန်းကားခဲ့ပေမယ့် အကြီးဆုံးသမီး Rhaenyra တယောက်တည်းအဖတ်တင်ခဲ့ပြီး ကျန်ကလေးငယ် ၂ယောက်ကပုခက်တွင်းမှာတင်ကွယ်လွန်ခဲ့ပါတယ်။ လက်ထက် 105 AC မှာ မိဖုရားကြီးကွယ်လွန်တော့ Viserys ဟာသမီးတော် Rhaenyra ကို အိမ်ရှေ့စံမင်းသမီးအဖြစ်သတ်မှတ်ခဲ့တယ်။ ဒါဟာ Targaryen မင်းဆက်မှာပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသမီးတယောက်ကိုထီးနန်းပေးခြင်းလည်းဖြစ်ပါတယ်။ Viserys က Alicent Hightower ဆိုတဲ့အမျိုးသမီးနဲ့ ဒုတိယအကြိမ်အိမ်ထောင်ပြုခဲ့ပြီး Aegon, Helaena, Aemond, Daeron ဆိုတဲ့ သားသမီး ၄ယောက်မွေးခဲ့တယ်။
Viserys ဟာဆွေမျိုးနီးစပ်တော်သူ Ser ဘွဲ့ရ Laenor Velaryon နဲ့သမီးတော် Rhaenyra ကိုလက်ထပ်ပေးခဲ့ပြီး သူ့သမီးတော်ကိုသာနန်းတင်မှာဖြစ်တဲ့အကြောင်းအခိုင်အမာပြခဲ့ပါတယ်။
Rhaenyra vs Alicent
Rhaenyra ဟာအသက် ၇နှစ်လောက်ကတည်းက နဂါးမ Syrax နဲ့သံယောဇဉ်တွယ်ခဲ့တယ်။ Targaryen ပီပီ ငွေရောင်ဆံပင်တွေနဲ့ချောမောလှပပေမယ့် မောက်မာပြီး စိတ်ဓာတ်ကြမ်းတမ်းသူဖြစ်ပါတယ်။ စိတ်ကစားတတ်သလိုအချစ်ရေးရှုပ်ထွေးတဲ့သူလည်းဖြစ်တယ်။ ဦးလေးဖြစ်သူ Daemon Targaryen နဲ့လည်း ချစ်ကြိုက်ခဲ့ပြီး ခင်ပွန်းသည် Laenor Velaryon စစ်ထွက်တုန်းလုပ်ကြံသတ်ဖြတ်ခံရပြီးနောက် Daemon နဲ့လက်ထပ်ခဲ့ကြတယ်။ Laenor နဲ့ပေါင်းနေတုန်းမှာလည်း Ser တဦးဖြစ်တဲ့ Harwin Strong နဲ့ဖောက်ပြန်တယ်လို့သတင်းတွေထွက်ခဲ့ဖူးပါတယ်။
မိထွေးဖြစ်သူ Alicent နဲ့ Rhaenyra ဟာလုံးဝသင့်မြတ်ခြင်းမရှိခဲ့ဘဲ Viserys ပြီးရင်အာဏာအရှိဆုံး First Lady ဖြစ်ဖို့အမြဲလိုလိုပြိုင်ဆိုင်နေခဲ့ကြပါတယ်။ Alicent ရဲ့ဖခင် Hand of the King ဖြစ်တဲ့ Otto ကလည်း Rhaenyra ရဲ့ဒုတိယခင်ပွန်း Daemon ကဆိုးသွမ်းလွန်းတဲ့အတွက်သူတို့လင်မယားကိုမနှစ်မြို့ခဲ့ပါဘူး။ အဲ့ဒီလိုနဲ့ Targaryen နန်းတွင်းမှာ Alicent နဲ့ Otto တို့သားအဖကတဘက်၊ Rhaenyra နဲ့ Daemon Targaryen တို့လင်မယားကတဘက်ဆိုပြီး နှစ်ခြမ်းကွဲနေပါတယ်။
Viserys နတ်ရွာစံပြီးနောက်မှာ Small Council ခေါ်ယူပြီး Alicent ကသူ့သား Aegon ကိုနန်းတင်ဖို့ကြိုးစားပါတယ်။ Otto က Rhaenyra သာနန်းတက်ရင် ထီးနန်းဟာသူ့ခင်ပွန်း Daemon ရဲ့လက်ထဲရောက်သွားလိမ့်မယ်လို့အကြောင်းပြပြီး သူ့မြေးကိုနန်းတင်ဖို့ထောက်ခံပါတယ်။ ဒီလိုနဲ့ Small Council အတွင်းမှာလည်း Alicent တို့ကိုထောက်ခံတဲ့သူနဲ့ Rhaenyra ကိုထောက်ခံတဲ့သူဆိုပြီး နှစ်ဖွဲ့ကွဲပါတော့တယ်။
Master of Coins ဖြစ်တဲ့ Lyman Beesbury ဟာ Rhaenyra ဘက်ကရပ်တည်တဲ့အတွက် Alicent တို့ကိုထောက်ခံသူ Ser Criston Cole ကသတ်ပစ်လိုက်ပါတယ်။ ဒါဟာပြည်တွင်းစစ်မစမီ ပထမဆုံးသွေးမြေကျခြင်းလည်းဖြစ်တယ်။ King’s Landing မှာ Aegon ကို Aegon II ဆိုတဲ့ဘွဲ့နာမည်နဲ့ နန်းတင်လိုက်ပြီဖြစ်ပေမယ့် Dragonstone မှာနေနေတဲ့ Rhaenyra ကတော့ဒီအကြောင်းတွေကိုမသိခဲ့ပါဘူး။
ဆဋ္ဌမပိုင်းမှာတော့ စစ်အတွင်းကကိစ္စတွေနဲ့ စစ်အပြီးနောက်ပိုင်းအဖြစ်အပျက်တွေကိုပြောပြသွားပါ့မယ်။ Targaryen တွေပြီးရင် Game of Thrones ကမ္ဘာနဲ့ပတ်သက်ပြီး တခြားသိချင်တဲ့အကြောင်းအရာတွေရှိရင် comment ပေးခဲ့ပါဦး။ ပရိသတ်တောင်းဆိုမှုပေါ်လိုက်ပြီး အခန်းဆက်ရေးပေးသွားပါ့မယ်။