Advertisement

ဒီလမွာပရိသတ္ေတြေတာ္ေတာ္မ်ားမ်ားေစာင့္ေမွ်ာ္ေနၾကတဲ့ တီဗီစီးရီးေတြထြက္ရွိလာမွာပါ။ အမ်ားစုက Netflix ကျဖစ္ျပီး တျခား channel ေတြမွာျပမယ့္စီးရီးေတြကိုပါညႊန္းလိုက္ပါတယ္။

The Witcher (20 Dec – Netflix)

Witcher ကိုေတာ္ေတာ္မ်ားမ်ားကဂိမ္းအျဖစ္သိၾကေပမယ့္ တကယ္ေတာ့ဇာတ္လမ္းေက်ာရိုးက ၀တၳဳကစတင္ခဲ့တာျဖစ္ပါတယ္။ ပိုလန္စာေရးဆရာ Andrzej Sapkowski ရဲ႕စိတ္ကူးယဥ္၀တၳဳမွာ အဓိကဇာတ္ေကာင္ Geralt ဟာမ်ိဳးဗီဇေျပာင္းလဲေနတဲ့ monster hunter တေယာက္ပါ။ ၀တၳဳထဲမွာေတာ့ Wolf School Witchers မွာ Trial of Grasses လို႔ေခၚတဲ့စမ္းသပ္ေလ့က်င့္မႈေတြျပင္းျပင္းထန္ထန္လုပ္ရင္း သဘာ၀လြန္ခြန္အားနဲ႔ စိတ္စြမ္းအင္ေတြရရွိလာတယ္။ ေဘးထြက္အာနိသင္အေနနဲ႔ သူ႔ရဲ႕ခႏၶာကိုယ္ေရာင္ျခယ္ပစၥည္းေတြပ်က္စီးသြားျပီး ဆံပင္ကအစတကိုယ္လံုးဆြတ္ဆြတ္ျဖဴသြားတယ္။ ဒါေၾကာင့္လည္းသူ႔ကို Gwynbleidd (White Wolf) လို႔ေခၚၾကပါတယ္။ ဒီဇာတ္လမ္းမွာေတာ့ ၀တၳဳထဲကအဓိကဇာတ္ေကာင္ေတြျဖစ္တဲ့ စုန္းမ Yennifer နဲ႔ Princess Ciri တို႔လည္းပါလာတာကိုေတြ႔ရတယ္။ သူတို႔ ၃ေယာက္ဟာအႏၱရာယ္မ်ားလွတဲ့ Continent လို႔ေခၚတဲ့ႏိုင္ငံမွာဦးတည္ခ်က္အမ်ိဳးမ်ိဳးနဲ႔ ရပ္တည္ဖို႔ၾကိဳးစားၾကတာကိုၾကည့္ရမွာပါ။

Digital Spy website ရဲ႕သတင္းအရ early show ၾကည့္ခြင့္ရခဲ့တဲ့တခ်ိဳ႕ေ၀ဖန္ေရးသမားေတြက Witcher ရဲ႕တုိက္ခိုက္သတ္ပုတ္ခန္းေတြဟာ Game of Thrones ထက္ေတာင္သာတယ္လို႔ဆိုၾကပါတယ္။ ဂိမ္းပရိသတ္ေတြေကာ၊ Henry Cavil ပရိသတ္ေတြပါအၾကိဳက္ေတြ႔ၾကမွာေသခ်ာပါတယ္။

V Wars (5 Dec – Netflix)

Vampire Diaries မွာ Damon Salvatore အျဖစ္သရုပ္ေဆာင္ရင္းနာမည္ၾကီးလာတဲ့ Ian Somerhalder ေခါင္းေဆာင္ပါ၀င္ထားတဲ့ဒီဇာတ္လမ္းတြဲက သမားရိုးက်ေသြးစုပ္ဖုတ္ေကာင္ဇာတ္လမ္းေတြနဲ႔ ကြဲထြက္ဖို႔ၾကိဳးစားထားတယ္လို႔ေျပာၾကတယ္ဗ်။

ကမာၻၾကီးပူေႏြးမႈေၾကာင့္ေရခဲေတာင္ေတြအရည္ေပ်ာ္လာတဲ့အခါ လြန္ခဲ့တဲ့ႏွစ္ေထာင္ေပါင္းမ်ားစြာက ေရခဲေနတဲ့ဗိုင္းရပ္စ္တမ်ိဳးပ်ံ႕ႏွံ႔သြားျပီး ကူးစပ္ခံရတဲ့လူေတြဟာေသြးစုပ္ဖုတ္ေကာင္အျဖစ္ေျပာင္းလဲသြားတယ္။ ဒီဇာတ္လမ္းမွာေတာ့ Somerhalder ရဲ႕ဇာတ္ေကာင္ Luther Swann က vampire မဟုတ္ဘဲ vampire ေတြကိုစမ္းသပ္ေလ့လာမယ့္ဆရာ၀န္တေယာက္ျဖစ္ပါတယ္။ သူ႔သူငယ္ခ်င္း Michael Fayne (Adrian Holmes – Arrow) ကေသြးစုပ္ဖုတ္ေကာင္ျဖစ္သြားတဲ့အခါ လူနဲ႔ေသြးစုပ္ဖုတ္ေကာင္တို႔ရဲ႕တိုက္ပြဲမွာ သူငယ္ခ်င္းႏွစ္ေယာက္ထိပ္တိုက္ေတြ႔ၾကပံုကိုျမင္ရမွာပါ။ သာမန္ vampire ရုပ္ရွင္ေတြလို action သက္သက္မဟုတ္ဘဲ ကမာၻၾကီးပူေႏြးလာမႈ၊ သဘာ၀ပတ္၀န္းက်င္ပ်က္စီးမႈ စတဲ့ကမာၻ႔ျပႆနာေတြကို ထည့္သြင္းထားပါတယ္။

You (26 Dec – Netflix)

YOU key art CR: Netflix

အရင္က Lifetime channel မွာျပသခဲ့တဲ့ဒီ psychological thriller ဇာတ္လမ္းတြဲကို Netflix က၀ယ္လိုက္ျပီး Season 2 ကို ဒီလထဲမွာထုတ္လႊင့္ေတာ့မွာပါ။

Season 1 မၾကည့္ရေသးသူေတြအတြက္ spoiler ေရွာင္ျပီးအညႊန္းေျပာရမယ္ဆိုရင္ Gossip Girl နဲ႔နာမည္ရလာတဲ့ Penn Budgley ရဲ႕ဇာတ္ေကာင္ Joe ဟာ New York မွာစာအုပ္ဆိုင္ဖြင့္ထားသူပါ။ သူဟာစိတၱဇဆန္ဆန္အစြဲအလမ္းၾကီးသူျဖစ္ျပီး သူ႔ရဲ႕ရည္းစားေဟာင္း Candace နဲ႔ျဖစ္ခဲ့တဲ့အတိတ္ကျပႆနာေတြကိုေရွာင္ဖို႔ New York ကေန Los Angeles ကိုေျပာင္းလာပါတယ္။ အခ်စ္ေရးအဆင္မေျပတဲ့ Joe ဟာမိန္းမေတြကိုေရွာင္ဖို႔အတတ္ႏုိင္ဆံုးၾကိဳးစားခဲ့ေပမယ့္ စားဖိုမွဴးျဖစ္ဖို႔ၾကိဳးစားသင္ယူေနတဲ့ Love Quinn (Victoria Pedretti – The Haunting of Hill House) နဲ႔ေတြ႔ဆံုရတဲ့အခါ…။

Joe တေယာက္ Love နဲ႔အတည္ခ်စ္သြားမွာလား။ အတိတ္ကအရိပ္ေတြကေကာ သူတို႔ ၂ေယာက္ရဲ႕ဆက္ဆံေရးမွာ ဘယ္လိုျပႆနာေတြျဖစ္ေစဦးမွာလဲ။ ရင္တထိတ္ထိတ္နဲ႔ၾကည့္ရမယ့္လွ်ိဳ႕၀ွက္သည္းဖိုဇာတ္လမ္းတြဲကို Season 1 ကစၾကည့္ဖို႔ညႊန္းပါတယ္။

Truth be Told (6 Dec – Apple TV+)

သတင္းစာပညာနဲ႔ မႈခင္းဇာတ္လမ္းျဖစ္ျပီး အဓိကဇာတ္ေကာင္ Poppy Parnell (Octavia Spencer) ဟာ ရာဇ၀တ္မႈေတြအေၾကာင္းစံုစမ္းတင္ျပတဲ့အသံလႊင့္မီဒီယာသမားျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၁၀ႏွစ္ကတည္းက လူသတ္မႈနဲ႔ေထာင္က်ေနတဲ့ Warren Cave (Aaron Paul) ဟာမတရားသျဖင့္အမႈဆင္ခံရတယ္လို႔႔ အေထာက္အထားေတြ႔ခဲဲ့ရတဲ့အတြက္ သူ႔ရဲ႕အမႈကိုျပန္လည္စစ္ေဆးဖို႔ Poppy တေယာက္ၾကိဳးစားတဲ့အေၾကာင္းရိုက္ကူးထားတာပါ။ ဒီဇာတ္လမ္းမွာ Lizzy Caplan က Josie နဲ႔ Lanie ဆိုတဲ့အမႊာညီအစ္မအျဖစ္ ၂ကိုယ္ခြဲသရုပ္ေဆာင္ထားပါတယ္။

သတင္းေထာက္ေလာကမွာျဖစ္ေလ့ရွိတဲ့ ပုဂၢိဳလ္ေရးလြတ္လပ္ခြင့္ျပႆနာေတြ၊ က်င့္၀တ္နဲ႔သက္ဆိုင္တဲ့ေမးခြန္းေတြအျပင္ လူျဖဴလူမည္းပဋိပကၡကိုပါခပ္ပါးပါးတင္ျပထားပါတယ္။

Reprisal (6 Dec – Hulu)

အပစ္အခတ္မ်ားမ်ားနဲ႔ ခပ္ၾကမ္းၾကမ္းအက္ရွင္ဇာတ္လမ္းၾကိဳက္သူဆိုရင္ေတာ့ Hulu ရဲ႕စီးရီးသစ္ Reprisal ကိုၾကည့္ပါ။ ဒီဇာတ္လမ္းမွာ Katherine Harlow (Abigail Spencer) ဟာသူ႔အစ္ကိုရဲ႕လူဆိုးဂိုဏ္းသတ္ျဖတ္တာကိုခံရတယ္။ ကံေကာင္းစြာနဲ႔အသက္ေဘးကလြတ္ခဲ့တဲ့ Katherine ဟာ နာမည္ေျပာင္းျပီး စံုေထာက္တေယာက္အျဖစ္အသက္ေမြးရင္း သူ႔အစ္ကိုနဲ႔လူဆိုးဂိုဏ္းအေပၚလက္စားေခ်ပါေတာ့တယ္။ Kill Bill တို႔ I Spit on your Grave တို႔မွာလို ေသြးဆာေနတဲ့မိန္းမေခ်ာတေယာက္ရဲ႕အမ်က္ေဒါသကို Reprisal မွာေတြ႔ရပါလိမ့္မယ္။

Unicode

ဒီလမှာပရိသတ်တွေတော်တော်များများစောင့်မျှော်နေကြတဲ့ တီဗီစီးရီးတွေထွက်ရှိလာမှာပါ။ အများစုက Netflix ကဖြစ်ပြီး တခြား channel တွေမှာပြမယ့်စီးရီးတွေကိုပါညွှန်းလိုက်ပါတယ်။

The Witcher (20 Dec – Netflix)

Witcher ကိုတော်တော်များများကဂိမ်းအဖြစ်သိကြပေမယ့် တကယ်တော့ဇာတ်လမ်းကျောရိုးက ဝတ္ထုကစတင်ခဲ့တာဖြစ်ပါတယ်။ ပိုလန်စာရေးဆရာ Andrzej Sapkowski ရဲ့စိတ်ကူးယဉ်ဝတ္ထုမှာ အဓိကဇာတ်ကောင် Geralt ဟာမျိုးဗီဇပြောင်းလဲနေတဲ့ monster hunter တယောက်ပါ။ ဝတ္ထုထဲမှာတော့ Wolf School Witchers မှာ Trial of Grasses လို့ခေါ်တဲ့စမ်းသပ်လေ့ကျင့်မှုတွေပြင်းပြင်းထန်ထန်လုပ်ရင်း သဘာဝလွန်ခွန်အားနဲ့ စိတ်စွမ်းအင်တွေရရှိလာတယ်။ ဘေးထွက်အာနိသင်အနေနဲ့ သူ့ရဲ့ခန္ဓာကိုယ်ရောင်ခြယ်ပစ္စည်းတွေပျက်စီးသွားပြီး ဆံပင်ကအစတကိုယ်လုံးဆွတ်ဆွတ်ဖြူသွားတယ်။ ဒါကြောင့်လည်းသူ့ကို Gwynbleidd (White Wolf) လို့ခေါ်ကြပါတယ်။ ဒီဇာတ်လမ်းမှာတော့ ဝတ္ထုထဲကအဓိကဇာတ်ကောင်တွေဖြစ်တဲ့ စုန်းမ Yennifer နဲ့ Princess Ciri တို့လည်းပါလာတာကိုတွေ့ရတယ်။ သူတို့ ၃ယောက်ဟာအန္တရာယ်များလှတဲ့ Continent လို့ခေါ်တဲ့နိုင်ငံမှာဦးတည်ချက်အမျိုးမျိုးနဲ့ ရပ်တည်ဖို့ကြိုးစားကြတာကိုကြည့်ရမှာပါ။

Digital Spy website ရဲ့သတင်းအရ early show ကြည့်ခွင့်ရခဲ့တဲ့တချို့ဝေဖန်ရေးသမားတွေက Witcher ရဲ့တိုက်ခိုက်သတ်ပုတ်ခန်းတွေဟာ Game of Thrones ထက်တောင်သာတယ်လို့ဆိုကြပါတယ်။ ဂိမ်းပရိသတ်တွေကော၊ Henry Cavil ပရိသတ်တွေပါအကြိုက်တွေ့ကြမှာသေချာပါတယ်။

V Wars (5 Dec – Netflix)

Vampire Diaries မှာ Damon Salvatore အဖြစ်သရုပ်ဆောင်ရင်းနာမည်ကြီးလာတဲ့ Ian Somerhalder ခေါင်းဆောင်ပါဝင်ထားတဲ့ဒီဇာတ်လမ်းတွဲက သမားရိုးကျသွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေနဲ့ ကွဲထွက်ဖို့ကြိုးစားထားတယ်လို့ပြောကြတယ်ဗျ။

ကမ္ဘာကြီးပူနွေးမှုကြောင့်ရေခဲတောင်တွေအရည်ပျော်လာတဲ့အခါ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာက ရေခဲနေတဲ့ဗိုင်းရပ်စ်တမျိုးပျံ့နှံ့သွားပြီး ကူးစပ်ခံရတဲ့လူတွေဟာသွေးစုပ်ဖုတ်ကောင်အဖြစ်ပြောင်းလဲသွားတယ်။ ဒီဇာတ်လမ်းမှာတော့ Somerhalder ရဲ့ဇာတ်ကောင် Luther Swann က vampire မဟုတ်ဘဲ vampire တွေကိုစမ်းသပ်လေ့လာမယ့်ဆရာဝန်တယောက်ဖြစ်ပါတယ်။ သူ့သူငယ်ချင်း Michael Fayne (Adrian Holmes – Arrow) ကသွေးစုပ်ဖုတ်ကောင်ဖြစ်သွားတဲ့အခါ လူနဲ့သွေးစုပ်ဖုတ်ကောင်တို့ရဲ့တိုက်ပွဲမှာ သူငယ်ချင်းနှစ်ယောက်ထိပ်တိုက်တွေ့ကြပုံကိုမြင်ရမှာပါ။ သာမန် vampire ရုပ်ရှင်တွေလို action သက်သက်မဟုတ်ဘဲ ကမ္ဘာကြီးပူနွေးလာမှု၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု စတဲ့ကမ္ဘာ့ပြဿနာတွေကို ထည့်သွင်းထားပါတယ်။

You (26 Dec – Netflix)

အရင်က Lifetime channel မှာပြသခဲ့တဲ့ဒီ psychological thriller ဇာတ်လမ်းတွဲကို Netflix ကဝယ်လိုက်ပြီး Season 2 ကို ဒီလထဲမှာထုတ်လွှင့်တော့မှာပါ။

Season 1 မကြည့်ရသေးသူတွေအတွက် spoiler ရှောင်ပြီးအညွှန်းပြောရမယ်ဆိုရင် Gossip Girl နဲ့နာမည်ရလာတဲ့ Penn Budgley ရဲ့ဇာတ်ကောင် Joe ဟာ New York မှာစာအုပ်ဆိုင်ဖွင့်ထားသူပါ။ သူဟာစိတ္တဇဆန်ဆန်အစွဲအလမ်းကြီးသူဖြစ်ပြီး သူ့ရဲ့ရည်းစားဟောင်း Candace နဲ့ဖြစ်ခဲ့တဲ့အတိတ်ကပြဿနာတွေကိုရှောင်ဖို့ New York ကနေ Los Angeles ကိုပြောင်းလာပါတယ်။ အချစ်ရေးအဆင်မပြေတဲ့ Joe ဟာမိန်းမတွေကိုရှောင်ဖို့အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမယ့် စားဖိုမှူးဖြစ်ဖို့ကြိုးစားသင်ယူနေတဲ့ Love Quinn (Victoria Pedretti – The Haunting of Hill House) နဲ့တွေ့ဆုံရတဲ့အခါ…။

Joe တယောက် Love နဲ့အတည်ချစ်သွားမှာလား။ အတိတ်ကအရိပ်တွေကကော သူတို့ ၂ယောက်ရဲ့ဆက်ဆံရေးမှာ ဘယ်လိုပြဿနာတွေဖြစ်စေဦးမှာလဲ။ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွဲကို Season 1 ကစကြည့်ဖို့ညွှန်းပါတယ်။

Truth be Told (6 Dec – Apple TV+)

သတင်းစာပညာနဲ့ မှုခင်းဇာတ်လမ်းဖြစ်ပြီး အဓိကဇာတ်ကောင် Poppy Parnell (Octavia Spencer) ဟာ ရာဇဝတ်မှုတွေအကြောင်းစုံစမ်းတင်ပြတဲ့အသံလွှင့်မီဒီယာသမားဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက လူသတ်မှုနဲ့ထောင်ကျနေတဲ့ Warren Cave (Aaron Paul) ဟာမတရားသဖြင့်အမှုဆင်ခံရတယ်လို့ အထောက်အထားတွေ့ခဲ့ရတဲ့အတွက် သူ့ရဲ့အမှုကိုပြန်လည်စစ်ဆေးဖို့ Poppy တယောက်ကြိုးစားတဲ့အကြောင်းရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းမှာ Lizzy Caplan က Josie နဲ့ Lanie ဆိုတဲ့အမွှာညီအစ်မအဖြစ် ၂ကိုယ်ခွဲသရုပ်ဆောင်ထားပါတယ်။

သတင်းထောက်လောကမှာဖြစ်လေ့ရှိတဲ့ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ပြဿနာတွေ၊ ကျင့်ဝတ်နဲ့သက်ဆိုင်တဲ့မေးခွန်းတွေအပြင် လူဖြူလူမည်းပဋိပက္ခကိုပါခပ်ပါးပါးတင်ပြထားပါတယ်။

Reprisal (6 Dec – Hulu)

အပစ်အခတ်များများနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ဇာတ်လမ်းကြိုက်သူဆိုရင်တော့ Hulu ရဲ့စီးရီးသစ် Reprisal ကိုကြည့်ပါ။ ဒီဇာတ်လမ်းမှာ Katherine Harlow (Abigail Spencer) ဟာသူ့အစ်ကိုရဲ့လူဆိုးဂိုဏ်းသတ်ဖြတ်တာကိုခံရတယ်။ ကံကောင်းစွာနဲ့အသက်ဘေးကလွတ်ခဲ့တဲ့ Katherine ဟာ နာမည်ပြောင်းပြီး စုံထောက်တယောက်အဖြစ်အသက်မွေးရင်း သူ့အစ်ကိုနဲ့လူဆိုးဂိုဏ်းအပေါ်လက်စားချေပါတော့တယ်။ Kill Bill တို့ I Spit on your Grave တို့မှာလို သွေးဆာနေတဲ့မိန်းမချောတယောက်ရဲ့အမျက်ဒေါသကို Reprisal မှာတွေ့ရပါလိမ့်မယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here