Myan San Tech Expo 2019 ဆိုတာမြန်မာနိုင်ငံရဲ့နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေကို ပြည်သူတွေကိုချပြဖို့နဲ့ application နဲ့ဝန်ဆောင်မှုသစ်တွေကိုမိတ်ဆက်ပေးဖို့ ရည်ရွယ်ကျင်းပတဲ့နည်းပညာပြပွဲဖြစ်ပါတယ်။ ပထမဦးဆုံးအကြိမ်စီစဉ်တဲ့ Myan San ကိုအစိုးရနဲ့ နည်းပညာကျောင်းတွေကကူညီပံ့ပိုးပေးထားပါတယ်။
My Me My Mine Entertainment ကိုတည်ထောင်သူ Han Sak ဟာ First Tech & Art training လိုနည်းပညာပွဲတွေကို ၂၀၁၃ခုနှစ်ကတည်းကစီစဉ်သူအဖြစ်ကော ပူးတွဲစီမံသူအဖြစ်ပါတာဝန်ယူခဲ့ဖူးပါတယ်။ Expo၊ public funds တွေသာမက ကော်ပိုရိတ်ပွဲတွေနဲ့ MPT၊ Telenor တို့လိုဆက်သွယ်ရေးနည်းပညာကုမ္ပဏီကြီးတွေရဲ့သုံးစွဲသူဝန်ဆောင်မှုအခမ်းအနားတွေကိုပါကျင်းပခဲ့ပါတယ်။
အခုလာမယ့် Myan San ပွဲမှာလည်း ကုမ္ပဏီအများစုက booth တွေရှိနေမှာဖြစ်ပြီး ဟောပြောပွဲ၊ ကုန်စည်ပြပွဲတွေအပြင် အခမဲ့လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ PR သင်တန်းတွေကိုပါစီစဉ်ပေးထားမှာဖြစ်ပါတယ်။ ဒီဂျစ်တယ်ကုမ္ပဏီတွေအနေနဲ့ဝန်ထမ်းသစ်ရှာဖွေဖို့အကောင်းဆုံးအခွင့်အလမ်းဖြစ်တာမို့ ဒီအခမ်းအနားမှာပါဝင်နိုင်ပါတယ်။ Banking & Payment Solutions, Schools, Electronics & ITs, Programmings, Smart Devices & Gadgets၊ အိမ်ရာဝန်ဆောင်မှု၊ Online and Digital Marketing၊ ခရီးသွားလုပ်ငန်း၊ Taxi Services, Ticketing, Delivery နဲ့ E-Book ပြပွဲတွေပါရှိတာမို့ လုပ်ငန်းရှင်တွေသာမက ကျောင်းသူကျောင်းသားတွေအတွက်ပါအတွေ့အကြုံသစ်တွေအများကြီးရနိုင်မယ့်ပွဲပါ။
လယ်ယာစိုက်ပျိုးရေးနည်းပညာ၊ ဂေဟဗေဒပညာ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်စီမံကိန်းတွေလည်းပါဝင်မှာဖြစ်တဲ့ ဒီပြပွဲကြီးကို ဒီဇင်ဘာလ ၂၃ရက်နေ့ကနေ ၂၅ရက်နေ့အထိ Myanmar Culture Valley မှာကျင်းပသွားမှာဖြစ်ပါတယ်။
ဒီပွဲကိုမည်သူမဆိုအခမဲ့တက်ရောက်နိုင်ပြီးဧည့်သည်တွေအနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ဟောပြောပွဲတွေမှာလည်းပါဝင်နိုင်ပါတယ်။ ကုန်စည်လေလံတွေမှာလည်းပါဝင်နိုင်သလို iPhoneX တစ်လုံးရနိုင်မယ့်ကံစမ်းမဲကိုလည်းဝယ်ယူအားပေးနိုင်ပါတယ်။
လိပ်စာ – ပြည်သူ့ဥယျာဉ်၊ ဦးဝီစာရလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်။
နေ့ရက် – ၂၃-၂၅ ဒီဇင်ဘာ ၂၀၁၉
အချိန် – မနက် ၉နာရီမှ ည ၈နာရီထိ
Myan San Tech Expo ဟာပညာရှင်တွေနဲ့သုံးစွဲသူပြည်သူကြားပေါင်းကူးပေးမယ့်ပွဲဖြစ်ပါတယ်။ Culture.com ဟာလစဉ်လတိုင်း consumers training ပေးလျက်ရှိပါတယ်။ အသေးစိတ်ကိုသူတို့ရဲ့ Facebook page @myansan.org မှာဝင်ရောက်လေ့လာနိုင်ပါတယ်။