ဂ်င္းဟာဟင္းလ်ာေတြကိုအနံ႔အရသာနဲ႔ျပည့္စံုေစတယ္။ အဲ့လိုပဲေဟာလိ၀ုဒ္ရုပ္ရွင္ေတြမွာ dramatic ျဖစ္ဖို႔အတြက္အျပင္မွာလက္ေတြ႔မျဖစ္ႏုိင္တဲ့ကိစၥေတြကိုထည့္သြင္းရစျမဲပါ။ ရုပ္ရွင္၀ါသနာအိုးမ်ားအတြက္ ဗဟုသုတအျဖစ္ေဟာလိ၀ုဒ္ရုပ္ရွင္ေတြထဲမွာေတြ႔ရေလ့ရွိတဲ့ဂ်င္းေတြအေၾကာင္းေဖာ္ျပလိုက္ပါတယ္။
ဂ်င္း (၁)။ ။ကလိုရိုေဖာင္းဆြတ္ထားတဲ့အ၀တ္နဲ႔မ်က္ႏွာကိုအုပ္လိုက္တာနဲ႔ခ်က္ခ်င္းသတိေမ့သြားတယ္
တကယ္ေတာ့လူေတြကိုကလိုရိုေဖာင္းနဲ႔ေမ့သြားေအာင္လုပ္ဖို႔ဆိုတာအဲ့ေလာက္မလြယ္ပါဘူး။ ကလိုရိုေဖာင္းဟာအလြန္အေငြ႔ပ်ံလြယ္တဲ့အတြက္ လက္ကိုင္ပု၀ါကိုဆြတ္ျပီးတာနဲ႔ခဏအတြင္း အာနိသင္ပ်ယ္သြားတတ္ပါတယ္။ ကလိုရိုေဖာင္းထည့္တာနည္းရင္ေခါင္းမူးတာေလာက္ပဲျဖစ္ေစျပီး အရမ္းမ်ားရင္ေတာ့အသက္အႏၱရာယ္ေတာင္ထိခိုက္ႏုိင္ပါတယ္။ အတိုင္းအဆမွန္မွန္သံုးႏုိင္ရင္ေတာင္ သတိေမ့သြားဖို႔ ၅မိနစ္ေလာက္အခ်ိန္ယူရတာပါ။

ဂ်င္း (၂)။ ။လူေပ်ာက္တုိင္ဖို႔အခ်ိန္တခုေစာင့္ရတယ္
ရုပ္ရွင္ထဲမွာတေယာက္ေယာက္ေပ်ာက္သြားရင္ ၂၄နာရီ (သို႔) ၄၈နာရီေစာင့္ရတယ္လို႔ျပေလ့ရွိေပမယ့္ တကယ့္ျပင္ပမွာေတာ့ခ်က္ခ်င္းတိုင္လို႔ရပါတယ္။
Ref: https://blogs.findlaw.com/blotter/2012/09/5-things-to-know-about-missing-persons-reports.html
ဂ်င္း (၃)။ ။လက္ပစ္ဗံုးကသတၱဳကြင္းကိုသြားနဲ႔ဆြဲျဖဳတ္လို႔ရတယ္
လက္ပစ္ဗံုးမွာတပ္ထားတဲ့ကြင္းေတြကလက္နဲ႔အားထည့္ျပီးဆြဲျဖဳတ္မွရတာပါ။ ဒီလိုခိုင္မွလည္းမေတာ္တဆေပါက္ကြဲမႈေတြကကာကြယ္ႏုိင္မွာျဖစ္ပါတယ္။ သြားနဲ႔ဆြဲျဖဳတ္ရင္ေတာ့ သြားကၽြတ္ထြက္တာပဲရွိပါလိမ့္မယ္။
ဂ်င္း (၄)။ ။Silencer တပ္ထားတာနဲ႔ေသနတ္သံတိုးသြားတယ္
James Bond အျမဲလိုလိုကိုင္ေလ့ရွိတဲ့ silencer တပ္ေသနတ္ဟာ စပိုင္ရုပ္ရွင္ေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ရေလ့ရွိတဲ့လက္နက္တခုပါ။ တကယ့္လက္ေတြ႔မွာ suppressor လို႔ေခၚတဲ့ဒီကိရိယာဟာ ပစ္ခတ္သူနားမအူေအာင္အသံုးျပဳၾကတာျဖစ္ျပီး ရုပ္ရွင္ထဲက silencer ေတြေလာက္ေသနတ္သံ သိသိသာသာတိုးသြားျခင္းမရွိပါဘူး။ ဒါေၾကာင့္ silencer တပ္ျပီးပစ္လည္း ပတ္၀န္းက်င္ကလူေတြကေသနတ္သံကိုၾကားရမွာပါပဲ။
Ref: https://money.cnn.com/2015/02/01/news/companies/silencers-guns/

ဂ်င္း (၅)။ ။Truth serum ေတြကလူေတြကိုအမွန္ေျပာေအာင္လုပ္ႏုိင္စြမ္းရွိတယ္
Sodium thiopental လိုေဆးေတြကလူေတြရဲ႕ဦးေႏွာက္လုပ္ငန္းစဥ္ကိုေႏွးေကြးသြားေစႏိုင္လို႔ လိမ္ရတာခက္ခဲသြားေပမယ့္ ရုပ္ရွင္ေတြထဲမွာျပသလိုဘာေမးေမးအမွန္ေတြပဲေျပာေအာင္လုပ္ႏုိင္တဲ့အထိေတာ့ မစြမ္းပါဘူး။
Ref: https://www.businessinsider.com/is-there-such-a-thing-as-truth-serum-2014-10
ဂ်င္း (၆)။ ။ဂူထဲမွာမီးဖိုမယ္
အခန္႔မသင့္ရင္အသက္အႏၱရာယ္ေတာင္ထိခိုက္ႏုိင္တဲ့အယူအဆပါ။ ေက်ာက္ဂူအတြင္းပိုင္းေတြက အျမဲလိုလိုေမွာင္မိုက္ေအးစက္ေနတဲ့အတြက္ မီးအပူဓာတ္နဲ႔ေတြ႔တဲ့အခါ ဂူအမိုးကေက်ာက္ေတြပြျပီး ကိုယ့္အေပၚျပိဳက်လာႏုိင္ပါတယ္။ Adventure trip ေတြထြက္တဲ့အခါေက်ာက္ဂူထဲ၀င္ျပီးမီးဖိုတာထက္ လဟာျပင္မွာဖိုတာကအႏၱရာယ္ကင္းပါတယ္။
Ref: https://www.outdoorlife.com/blogs/survivalist/2012/01/survival-skills-safest-spots-build-your-fire/
ဂ်င္း (၇)။ ။အာကာသထဲကေပါက္ကြဲသံေတြ
အသံျဖတ္သန္းသြားလာဖို႔ေလလိုတယ္ဆိုတာ ေက်ာင္းတုန္းကရူပေဗဒသင္ဖူးတဲ့သူဆိုနားလည္ပါတယ္။ ေလဟာနယ္ျဖစ္တဲ့အာကာသထဲမွာေပါက္ကြဲသံၾကားရဖို႔ဆိုတာမျဖစ္ႏုိင္ပါဘူး။
Ref: https://www.seeker.com/can-you-hear-sound-in-space-1792477075.html

ဂ်င္း (၈)။ ။ေသနတ္ ၂လက္နဲ႔ပစ္မွတ္ ၂ခုကိုတျပိဳင္နက္ပစ္လို႔ရတယ္
ပစ္တာကေတာ့ပစ္လို႔ရပါတယ္။ ပစ္မွတ္ကိုမထိတာပဲရွိမွာေပါ့။ 😀
က်ေနာ္တို႔အျမင္အာရံုဟာ binocular vision (မ်က္လံုး ၂လံုးကျမင္ကြင္းတခုတည္းကိုပဲျမင္ရျခင္း) ျဖစ္တဲ့အတြက္ တၾကိမ္မွာပစ္မွတ္ ၂ခုကိုၾကည့္ဖို႔ဆိုတာဘယ္လိုမွမျဖစ္ႏုိင္ပါဘူး။
Unicode
ဂျင်းဟာဟင်းလျာတွေကိုအနံ့အရသာနဲ့ပြည့်စုံစေတယ်။ အဲ့လိုပဲဟောလိဝုဒ်ရုပ်ရှင်တွေမှာ dramatic ဖြစ်ဖို့အတွက်အပြင်မှာလက်တွေ့မဖြစ်နိုင်တဲ့ကိစ္စတွေကိုထည့်သွင်းရစမြဲပါ။ ရုပ်ရှင်ဝါသနာအိုးများအတွက် ဗဟုသုတအဖြစ်ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာတွေ့ရလေ့ရှိတဲ့ဂျင်းတွေအကြောင်းဖော်ပြလိုက်ပါတယ်။
ဂျင်း (၁)။ ။ကလိုရိုဖောင်းဆွတ်ထားတဲ့အဝတ်နဲ့မျက်နှာကိုအုပ်လိုက်တာနဲ့ချက်ချင်းသတိမေ့သွားတယ်
တကယ်တော့လူတွေကိုကလိုရိုဖောင်းနဲ့မေ့သွားအောင်လုပ်ဖို့ဆိုတာအဲ့လောက်မလွယ်ပါဘူး။ ကလိုရိုဖောင်းဟာအလွန်အငွေ့ပျံလွယ်တဲ့အတွက် လက်ကိုင်ပုဝါကိုဆွတ်ပြီးတာနဲ့ခဏအတွင်း အာနိသင်ပျယ်သွားတတ်ပါတယ်။ ကလိုရိုဖောင်းထည့်တာနည်းရင်ခေါင်းမူးတာလောက်ပဲဖြစ်စေပြီး အရမ်းများရင်တော့အသက်အန္တရာယ်တောင်ထိခိုက်နိုင်ပါတယ်။ အတိုင်းအဆမှန်မှန်သုံးနိုင်ရင်တောင် သတိမေ့သွားဖို့ ၅မိနစ်လောက်အချိန်ယူရတာပါ။
Ref: https://www.scienceabc.com/humans/movies/does-chloroform-knock-you-out-as-quickly-as-they-show-in-movies.html
ဂျင်း (၂)။ ။လူပျောက်တိုင်ဖို့အချိန်တခုစောင့်ရတယ်
ရုပ်ရှင်ထဲမှာတယောက်ယောက်ပျောက်သွားရင် ၂၄နာရီ (သို့) ၄၈နာရီစောင့်ရတယ်လို့ပြလေ့ရှိပေမယ့် တကယ့်ပြင်ပမှာတော့ချက်ချင်းတိုင်လို့ရပါတယ်။
Ref: https://blogs.findlaw.com/blotter/2012/09/5-things-to-know-about-missing-persons-reports.html
ဂျင်း (၃)။ ။လက်ပစ်ဗုံးကသတ္တုကွင်းကိုသွားနဲ့ဆွဲဖြုတ်လို့ရတယ်
လက်ပစ်ဗုံးမှာတပ်ထားတဲ့ကွင်းတွေကလက်နဲ့အားထည့်ပြီးဆွဲဖြုတ်မှရတာပါ။ ဒီလိုခိုင်မှလည်းမတော်တဆပေါက်ကွဲမှုတွေကကာကွယ်နိုင်မှာဖြစ်ပါတယ်။ သွားနဲ့ဆွဲဖြုတ်ရင်တော့ သွားကျွတ်ထွက်တာပဲရှိပါလိမ့်မယ်။
Ref: https://www.technology.org/2018/07/27/could-you-pull-grenades-pin-out-by-hold-the-ring-with-your-teeth-nope/
ဂျင်း (၄)။ ။Silencer တပ်ထားတာနဲ့သေနတ်သံတိုးသွားတယ်
James Bond အမြဲလိုလိုကိုင်လေ့ရှိတဲ့ silencer တပ်သေနတ်ဟာ စပိုင်ရုပ်ရှင်တော်တော်များများမှာ တွေ့ရလေ့ရှိတဲ့လက်နက်တခုပါ။ တကယ့်လက်တွေ့မှာ suppressor လို့ခေါ်တဲ့ဒီကိရိယာဟာ ပစ်ခတ်သူနားမအူအောင်အသုံးပြုကြတာဖြစ်ပြီး ရုပ်ရှင်ထဲက silencer တွေလောက်သေနတ်သံ သိသိသာသာတိုးသွားခြင်းမရှိပါဘူး။ ဒါကြောင့် silencer တပ်ပြီးပစ်လည်း ပတ်ဝန်းကျင်ကလူတွေကသေနတ်သံကိုကြားရမှာပါပဲ။
Ref: https://money.cnn.com/2015/02/01/news/companies/silencers-guns/
ဂျင်း (၅)။ ။Truth serum တွေကလူတွေကိုအမှန်ပြောအောင်လုပ်နိုင်စွမ်းရှိတယ်
Sodium thiopental လိုဆေးတွေကလူတွေရဲ့ဦးနှောက်လုပ်ငန်းစဉ်ကိုနှေးကွေးသွားစေနိုင်လို့ လိမ်ရတာခက်ခဲသွားပေမယ့် ရုပ်ရှင်တွေထဲမှာပြသလိုဘာမေးမေးအမှန်တွေပဲပြောအောင်လုပ်နိုင်တဲ့အထိတော့ မစွမ်းပါဘူး။
Ref: https://www.businessinsider.com/is-there-such-a-thing-as-truth-serum-2014-10
ဂျင်း (၆)။ ။ဂူထဲမှာမီးဖိုမယ်
အခန့်မသင့်ရင်အသက်အန္တရာယ်တောင်ထိခိုက်နိုင်တဲ့အယူအဆပါ။ ကျောက်ဂူအတွင်းပိုင်းတွေက အမြဲလိုလိုမှောင်မိုက်အေးစက်နေတဲ့အတွက် မီးအပူဓာတ်နဲ့တွေ့တဲ့အခါ ဂူအမိုးကကျောက်တွေပွပြီး ကိုယ့်အပေါ်ပြိုကျလာနိုင်ပါတယ်။ Adventure trip တွေထွက်တဲ့အခါကျောက်ဂူထဲဝင်ပြီးမီးဖိုတာထက် လဟာပြင်မှာဖိုတာကအန္တရာယ်ကင်းပါတယ်။
Ref: https://www.outdoorlife.com/blogs/survivalist/2012/01/survival-skills-safest-spots-build-your-fire/
ဂျင်း (၇)။ ။အာကာသထဲကပေါက်ကွဲသံတွေ
အသံဖြတ်သန်းသွားလာဖို့လေလိုတယ်ဆိုတာ ကျောင်းတုန်းကရူပဗေဒသင်ဖူးတဲ့သူဆိုနားလည်ပါတယ်။ လေဟာနယ်ဖြစ်တဲ့အာကာသထဲမှာပေါက်ကွဲသံကြားရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။
Ref: https://www.seeker.com/can-you-hear-sound-in-space-1792477075.html
ဂျင်း (၈)။ ။သေနတ် ၂လက်နဲ့ပစ်မှတ် ၂ခုကိုတပြိုင်နက်ပစ်လို့ရတယ်
ပစ်တာကတော့ပစ်လို့ရပါတယ်။ ပစ်မှတ်ကိုမထိတာပဲရှိမှာပေါ့။ 😀
ကျနော်တို့အမြင်အာရုံဟာ binocular vision (မျက်လုံး ၂လုံးကမြင်ကွင်းတခုတည်းကိုပဲမြင်ရခြင်း) ဖြစ်တဲ့အတွက် တကြိမ်မှာပစ်မှတ် ၂ခုကိုကြည့်ဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။