တခါတေလသူငယ္ခ်င္းေတြနဲ႔ ကင္မရာေပၚမွာ မ်က္ႏွာခ်င္းဖလွယ္တဲ့ (Face Swap) Application ကိုအေပ်ာ္ကစားဖူးၾကမယ္ထင္ပါတယ္။ ကိုယ့္မ်က္ႏွာနဲ႔သူ႔ခႏၶာကိုယ္ကို မလိုက္မဖက္ေတြ႕ရတဲ့အခါမ်ိဳးမွာ ရယ္စရာေကာင္းေနတာေပါ့။
ဒီ technology ကိုပဲ အေျခခံၿပီး ေနာက္ပိုင္းမွာ ArtificialIntelligence (AI သို႔မဟုတ္ ဥာဏ္ရည္တု) ကိုအသုံးျပဳတဲ့ deepfake ဆိုတဲ့ နည္းပညာကပိုမိုေရပန္းစားလာေနပါတယ္။ သူကေတာ့မ်က္ႏွာသာမကဘဲ ခႏၶာကိုယ္နဲ႔ ေျပာဆိုျပဳမူတဲ့ပုံစံေတြကို တေထရာတည္းျဖစ္ေအာင္လုပ္ႏိုင္တဲ့အတြက္ ႏိုင္ငံေရးသမားေတာ္ေတာ္မ်ားမ်ားနဲ႔ celebrity ေတြကို မ်က္ခုံးလႈပ္ေစတဲ့ နည္းပညာတခုျဖစ္ေနပါတယ္။
အမွန္မွာေတာ့ deepfake နည္းပညာဟာ အခုမွ စတင္လာတာေတာ့မဟုတ္ပါဘူး။ Star Wars: RogueOne ႐ုပ္ရွင္ဇာတ္ကား ႐ိုက္ကူးေတာ့ ကြယ္လြန္သြားၿပီျဖစ္တဲ့ နာမည္ႀကီး မင္းသမီး Carrie Fisher ကို ႐ုပ္ရွင္ထုတ္လုပ္သူေတြက deepfake နည္းပညာကိုအသုံးျပဳၿပီး ပိတ္ကားျပင္ေပၚမွာ ျပန္လည္အသက္ဝင္လာေစခဲ့ပါတယ္။ သူဆုံးပါးသြားမွန္းမသိေသးတဲ့လူေတြဆိုရင္ မင္းသမီးႀကီးကိုယ္တိုင္သ႐ုပ္ေဆာင္ေနတယ္လို႔ပဲထင္ၾကမွာပါ။ အဲ့ဒီေလာက္ထိပီျပင္ေအာင္ ျပဳလုပ္လို႔ရေနပါၿပီ။
Deepfake နည္းပညာကို အႏုပညာနဲ႔ေဖ်ာ္ေျဖေရးက႑က ပညာရွင္ေတြသာမကဘဲ Youtuber နဲ႔ Instagrammer တခ်ိဳ႕ေတြကပါကြၽမ္းကြၽမ္းက်င္က်င္သုံးတတ္ေနပါၿပီ။ Ctrl Shift Face ဆိုတဲ့ Youtube Channel ပိုင္ရွင္ဟာ ဟာသမင္းသား Bill Hader ရဲ႕အင္တာဗ်ဴးဗီဒီယိုတခုကို deepfake နည္းပညာနဲ႔ေျပာင္းလဲမႈတခ်ိဳ႕လုပ္ျပခဲ့ပါတယ္။ အဲ့ဒီဗီဒီယိုေပၚမွာ Bill Hader ရဲ႕မ်က္ႏွာကို နာမည္ႀကီးမင္းသား Tom Cruise ပုံနဲ႔ တလွည့္စီေျပာင္းျပသြားၿပီး deepfake နည္းပညာရဲ႕ ပီျပင္မႈကိုသ႐ုပ္ေဖာ္ျပသြားပါတယ္။ Instagrammer တဦးျဖစ္တဲ့ Bill Posters ဆိုရင္လဲ Donald Trump ရဲ႕ပုံကိုအသုံးျပဳၿပီး deepfake video တခုကိုျပဳလုပ္ခဲ့ပါတယ္။ အင္တာနက္အသုံးျပဳေနတဲ့ လူေတြဘယ္ႏွေယာက္ေလာက္ဟာ ဒီဗီဒီယိုကိုယုံယုံၾကည္ၾကည္နဲ႔ Share ၾကမလဲဆိုတာကို စမ္းသပ္ခ်င္တဲ့အတြက္ဒီဗီဒီယိုကို Instagram ေပၚ တင္ခဲ့ပါတယ္။ သူခန္႔မွန္းထားတဲ့အတိုင္း ခဏတာအတြင္းမွာ လူေတာ္ေတာ္မ်ားမ်ားက Donald Trump deepfake ဗီဒီယိုကို share ခဲ့ၾကပါတယ္။ ဒီစီမံကိန္းကိုသူက The Spectre Project လို႔နာမည္ေပးခဲ့တယ္။
လက္ရွိမွာေတာ့ တ႐ုတ္ႏိုင္ငံထုတ္ App တခုျဖစ္တဲ့ Zao က deepfake နည္းပညာကိုသုံးၿပီး မိမိပုံကို နာမည္ႀကီးမင္းသားမင္းသမီးေတြရဲ႕မ်က္ႏွာေပၚတပ္လို႔ရေအာင္လုပ္ေနပါတယ္။ ဒီ App ဟာ အနာဂတ္မွာ လူေတြရဲ႕ privacy ကို ခ်ိဳးေဖာက္ႏိုင္တယ္လို႔လည္း လတ္တေလာမွာ ေဝဖန္ခံေနရပါတယ္။
Deepfake video ေတြဟာေလာေလာဆယ္မွာျပႆနာသိပ္မေပးေသးေပမဲ့ အနာဂတ္မွာ AI ေတြပိုမိုတိုးတက္ဖြံ႕ၿဖိဳးလာတဲ့အခါက်ရင္ စိုးရိမ္စရာျဖစ္လာႏိုင္တယ္လို႔ ေတာ္ေတာ္မ်ားမ်ား ကမွတ္ခ်ေပးၾကပါတယ္။ Deepfake နည္းပညာကိုအသုံးခ်ၿပီး သတင္းအမွားေတြလႊင့္လာတာမ်ိဳး၊ ႏိုင္ငံေရးပဋိပကၡေတြမ်ားလာေအာင္လႈံ႕ေဆာ္လာတာမ်ိဳးျဖစ္လာမွာကိုအဓိကစိုးရိမ္ၾကတာပါ။ အထူးသျဖင့္ျမန္မာႏိုင္ငံလိုဒီမိုကေရစီႏိုင္ငံအျဖစ္အသြင္ကူးေျပာင္းေနတဲ့အခ်ိန္၊ သတင္းအမွားေတြကိုဘယ္လိုကိုင္တြယ္ရင္ေကာင္းမလဲဆိုတာကိုနည္းလမ္းရွာေဖြေနတဲ့အခ်ိန္မွာ ဒီလို နည္းပညာနဲ႔ ႀကိဳးကိုင္ျခယ္လွယ္မႈေတြရွိလာရင္ဘယ္ေလာက္ထိခုခံႏိုင္စြမ္းရွိမလဲဆိုတာဟာစဥ္းစားစရာပါပဲ။
ႏိုင္ငံေရးသမား၊ အႏုပညာသမားမဟုတ္တဲ့ သာမန္ျပည္သူေတြအခ်ိဳ႕ကလည္း မိမိပုံကို အျခားသူတဦးရဲ႕ခႏၶာကိုယ္နဲ႔ဆက္၊ ဗီဒီယိုနဲ႔ဓာတ္ပုံအတုလုပ္ၿပီးၿခိမ္းေျခာက္မႈေတြျပဳလုပ္တာ၊ Cyber Bullying လုပ္တာေတြပါျဖစ္လာႏိုင္တယ္ဆိုၿပီးစိုးရိမ္ေနၾကပါၿပီ။ AI တိုးတက္လာတာနဲ႔အမွ် deepfake video ေတြကတျဖည္းျဖည္းနဲ႔ပိုမိုပီျပင္လာႏိုင္ဖြယ္ရွိပါတယ္။ လက္ရွိမွာေတာ့ Facebook ကdeepfake video ေတြကို ေဖာ္ထုတ္ႏိုင္မယ့္နည္းပညာကိုအပူတျပင္းရွာေဖြေနပါၿပီ။ Deepfake video လို႔သူတို႔သတ္မွတ္တဲ့ဗီဒီယိုေတြကိုလည္း အတတ္ႏိုင္ဆုံး စီစစ္ျဖဳတ္ခ်ေနၾကပါၿပီ။
ဒီအခ်ိန္မွာ ကိုယ္ကိုယ္တိုင္ကေကာ deepfake ဗီဒီယိုေတြကိုအတတ္ႏိုင္ဆုံးဘယ္လိုခြဲျခားဆန္းစစ္ၾကမလဲ။
ဗီဒီယိုတခုကိုၾကည့္ေနရင္းနဲ႔…
● ဒီဗီဒီယိုတခုတည္းမွာပဲ အခ်ိဳ႕အပိုင္းေတြက ရုပ္ထြက္အရည္အေသြး (resolution) ေလ်ာ့က်သြားရင္
● ပါးစပ္၊မ်က္လုံးနဲ႔လည္ပင္းနားေတြမွာ ျဖတ္ထားသလိုမ်ိဳးေလးေထာင့္ပုံစံနည္းနည္းက်ေနရင္
● ပုံမွန္ထက္ပိုမ်က္ေတာင္ခတ္ေနရင္
● အသားေရာင္က တေနရာနဲ႔တေနရာမတူရင္
● သဘာ၀မက်တဲ့လႈပ္ရွားမႈမ်ိဳးရွိေနရင္
● ေနာက္ခံနဲ႔ အလင္းေရာင္ေတြကတခ်ိန္နဲ႔တခ်ိန္အနည္းငယ္ကြာျခားေနရင္
ကိုယ္ၾကည့္ေနတဲ့ဗီဒီယိုဟာတစုံတခုေသာ ျပဳျပင္မြန္းမံမႈခံထားရတယ္ဆိုတာခန္႔မွန္းႏိုင္ပါတယ္။
ဒီနည္းလမ္းေတြသံုးျပီး deepfake video အကုန္လုံးကိုစိစစ္ႏိုင္ဖို႔မလြယ္ပါဘူး။ အဲဒီေတာ့ deepfake video ေတြကို စနစ္တက်နဲ႔ ေဖာ္ထုတ္ႏိုင္ဖို႔ အတြက္ AI ကိုပဲအသုံးျပဳၿပီး ေျဖရွင္းၾကမလား၊ မူဝါဒအသစ္ ေတြခ်မွတ္ျခင္းျဖင့္ေျဖရွင္းၾကမလား ဒါမွမဟုတ္တျခားနည္းလမ္းေတြရွာေတြ႔႔ဦးမလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဦးမွာပါ။
– Cing Don Nuam
စာေရးသူ၏ကိုယ္ေရးအက်ဥ္း
Cing Don Nuam သည္ ေဘာဂေဗဒ ဘီေအဘြဲ႕ (B.A in Economics) ကို အေမရိကႏိုင္ငံ ရွိ Randolph College တြင္ ေမလ၂၀၁၆ ခုႏွစ္ကရရွိခဲ့ပါသည္။ လက္ရွိတြင္ ဖန္တီးရာ၌ Data Community Coordinator အျဖစ္လုပ္ေဆာင္ေနၿပီး အလြတ္တမ္း Content Writer အျဖစ္လည္း လုပ္ကိုင္လ်က္ရွိပါသည္။
Unicode
စောင့်ကြည့်ရမယ့် deepfake အနုပညာ
တခါတလေသူငယ်ချင်းတွေနဲ့ ကင်မရာပေါ်မှာ မျက်နှာချင်းဖလှယ်တဲ့ (Face Swap) Application ကိုအပျော်ကစားဖူးကြမယ်ထင်ပါတယ်။ ကိုယ့်မျက်နှာနဲ့သူ့ခန္ဓာကိုယ်ကို မလိုက်မဖက်တွေ့ရတဲ့အခါမျိုးမှာ ရယ်စရာကောင်းနေတာပေါ့။
ဒီ technology ကိုပဲ အခြေခံပြီး နောက်ပိုင်းမှာ ArtificialIntelligence (AI သို့မဟုတ် ဉာဏ်ရည်တု) ကိုအသုံးပြုတဲ့ deepfake ဆိုတဲ့ နည်းပညာကပိုမိုရေပန်းစားလာနေပါတယ်။ သူကတော့မျက်နှာသာမကဘဲ ခန္ဓာကိုယ်နဲ့ ပြောဆိုပြုမူတဲ့ပုံစံတွေကို တထေရာတည်းဖြစ်အောင်လုပ်နိုင်တဲ့အတွက် နိုင်ငံရေးသမားတော်တော်များများနဲ့ celebrity တွေကို မျက်ခုံးလှုပ်စေတဲ့ နည်းပညာတခုဖြစ်နေပါတယ်။
အမှန်မှာတော့ deepfake နည်းပညာဟာ အခုမှ စတင်လာတာတော့မဟုတ်ပါဘူး။ Star Wars: RogueOne ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ နာမည်ကြီး မင်းသမီး Carrie Fisher ကို ရုပ်ရှင်ထုတ်လုပ်သူတွေက deepfake နည်းပညာကိုအသုံးပြုပြီး ပိတ်ကားပြင်ပေါ်မှာ ပြန်လည်အသက်ဝင်လာစေခဲ့ပါတယ်။ သူဆုံးပါးသွားမှန်းမသိသေးတဲ့လူတွေဆိုရင် မင်းသမီးကြီးကိုယ်တိုင်သရုပ်ဆောင်နေတယ်လို့ပဲထင်ကြမှာပါ။ အဲ့ဒီလောက်ထိပီပြင်အောင် ပြုလုပ်လို့ရနေပါပြီ။
Deepfake နည်းပညာကို အနုပညာနဲ့ဖျော်ဖြေရေးကဏ္ဍက ပညာရှင်တွေသာမကဘဲ Youtuber နဲ့ Instagrammer တချို့တွေကပါကျွမ်းကျွမ်းကျင်ကျင်သုံးတတ်နေပါပြီ။ Ctrl Shift Face ဆိုတဲ့ Youtube Channel ပိုင်ရှင်ဟာ ဟာသမင်းသား Bill Hader ရဲ့အင်တာဗျူးဗီဒီယိုတခုကို deepfake နည်းပညာနဲ့ပြောင်းလဲမှုတချို့လုပ်ပြခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုပေါ်မှာ Bill Hader ရဲ့မျက်နှာကို နာမည်ကြီးမင်းသား Tom Cruise ပုံနဲ့ တလှည့်စီပြောင်းပြသွားပြီး deepfake နည်းပညာရဲ့ ပီပြင်မှုကိုသရုပ်ဖော်ပြသွားပါတယ်။ Instagrammer တဦးဖြစ်တဲ့ Bill Posters ဆိုရင်လဲ Donald Trump ရဲ့ပုံကိုအသုံးပြုပြီး deepfake video တခုကိုပြုလုပ်ခဲ့ပါတယ်။ အင်တာနက်အသုံးပြုနေတဲ့ လူတွေဘယ်နှယောက်လောက်ဟာ ဒီဗီဒီယိုကိုယုံယုံကြည်ကြည်နဲ့ Share ကြမလဲဆိုတာကို စမ်းသပ်ချင်တဲ့အတွက်ဒီဗီဒီယိုကို Instagram ပေါ် တင်ခဲ့ပါတယ်။ သူခန့်မှန်းထားတဲ့အတိုင်း ခဏတာအတွင်းမှာ လူတော်တော်များများက Donald Trump deepfake ဗီဒီယိုကို share ခဲ့ကြပါတယ်။ ဒီစီမံကိန်းကိုသူက The Spectre Project လို့နာမည်ပေးခဲ့တယ်။
လက်ရှိမှာတော့ တရုတ်နိုင်ငံထုတ် App တခုဖြစ်တဲ့ Zao က deepfake နည်းပညာကိုသုံးပြီး မိမိပုံကို နာမည်ကြီးမင်းသားမင်းသမီးတွေရဲ့မျက်နှာပေါ်တပ်လို့ရအောင်လုပ်နေပါတယ်။ ဒီ App ဟာ အနာဂတ်မှာ လူတွေရဲ့ privacy ကို ချိုးဖောက်နိုင်တယ်လို့လည်း လတ်တလောမှာ ဝေဖန်ခံနေရပါတယ်။
Deepfake video တွေဟာလောလောဆယ်မှာပြဿနာသိပ်မပေးသေးပေမဲ့ အနာဂတ်မှာ AI တွေပိုမိုတိုးတက်ဖွံ့ဖြိုးလာတဲ့အခါကျရင် စိုးရိမ်စရာဖြစ်လာနိုင်တယ်လို့ တော်တော်များများ ကမှတ်ချပေးကြပါတယ်။ Deepfake နည်းပညာကိုအသုံးချပြီး သတင်းအမှားတွေလွှင့်လာတာမျိုး၊ နိုင်ငံရေးပဋိပက္ခတွေများလာအောင်လှုံ့ဆော်လာတာမျိုးဖြစ်လာမှာကိုအဓိကစိုးရိမ်ကြတာပါ။ အထူးသဖြင့်မြန်မာနိုင်ငံလိုဒီမိုကရေစီနိုင်ငံအဖြစ်အသွင်ကူးပြောင်းနေတဲ့အချိန်၊ သတင်းအမှားတွေကိုဘယ်လိုကိုင်တွယ်ရင်ကောင်းမလဲဆိုတာကိုနည်းလမ်းရှာဖွေနေတဲ့အချိန်မှာ ဒီလို နည်းပညာနဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေရှိလာရင်ဘယ်လောက်ထိခုခံနိုင်စွမ်းရှိမလဲဆိုတာဟာစဉ်းစားစရာပါပဲ။
နိုင်ငံရေးသမား၊ အနုပညာသမားမဟုတ်တဲ့ သာမန်ပြည်သူတွေအချို့ကလည်း
မိမိပုံကို အခြားသူတဦးရဲ့ခန္ဓာကိုယ်နဲ့ဆက်၊
ဗီဒီယိုနဲ့ဓာတ်ပုံအတုလုပ်ပြီးခြိမ်းခြောက်မှုတွေပြုလုပ်တာ၊ Cyber Bullying
လုပ်တာတွေပါဖြစ်လာနိုင်တယ်ဆိုပြီးစိုးရိမ်နေကြပါပြီ။ AI တိုးတက်လာတာနဲ့အမျှ
deepfake video တွေကတဖြည်းဖြည်းနဲ့ပိုမိုပီပြင်လာနိုင်ဖွယ်ရှိပါတယ်။
လက်ရှိမှာတော့ Facebook ကdeepfake video တွေကို
ဖော်ထုတ်နိုင်မယ့်နည်းပညာကိုအပူတပြင်းရှာဖွေနေပါပြီ။ Deepfake video
လို့သူတို့သတ်မှတ်တဲ့ဗီဒီယိုတွေကိုလည်း အတတ်နိုင်ဆုံး
စီစစ်ဖြုတ်ချနေကြပါပြီ။
ဒီအချိန်မှာ ကိုယ်ကိုယ်တိုင်ကကော deepfake ဗီဒီယိုတွေကိုအတတ်နိုင်ဆုံးဘယ်လိုခွဲခြားဆန်းစစ်ကြမလဲ။
ဗီဒီယိုတခုကိုကြည့်နေရင်းနဲ့…
● ဒီဗီဒီယိုတခုတည်းမှာပဲ အချို့အပိုင်းတွေက ရုပ်ထွက်အရည်အသွေး (resolution) လျော့ကျသွားရင်
● ပါးစပ်၊မျက်လုံးနဲ့လည်ပင်းနားတွေမှာ ဖြတ်ထားသလိုမျိုးလေးထောင့်ပုံစံနည်းနည်းကျနေရင်
● ပုံမှန်ထက်ပိုမျက်တောင်ခတ်နေရင်
● အသားရောင်က တနေရာနဲ့တနေရာမတူရင်
● သဘာဝမကျတဲ့လှုပ်ရှားမှုမျိုးရှိနေရင်
● နောက်ခံနဲ့ အလင်းရောင်တွေကတချိန်နဲ့တချိန်အနည်းငယ်ကွာခြားနေရင်
ကိုယ်ကြည့်နေတဲ့ဗီဒီယိုဟာတစုံတခုသော ပြုပြင်မွန်းမံမှုခံထားရတယ်ဆိုတာခန့်မှန်းနိုင်ပါတယ်။
ဒီနည်းလမ်းတွေသုံးပြီး deepfake video အကုန်လုံးကိုစိစစ်နိုင်ဖို့မလွယ်ပါဘူး။ အဲဒီတော့ deepfake video တွေကို စနစ်တကျနဲ့ ဖော်ထုတ်နိုင်ဖို့ အတွက် AI ကိုပဲအသုံးပြုပြီး ဖြေရှင်းကြမလား၊ မူဝါဒအသစ် တွေချမှတ်ခြင်းဖြင့်ဖြေရှင်းကြမလား ဒါမှမဟုတ်တခြားနည်းလမ်းတွေရှာတွေ့ဦးမလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။
– Cing Don Nuam
စာရေးသူ၏ကိုယ်ရေးအကျဉ်း
Cing Don Nuam သည် ဘောဂဗေဒ ဘီအေဘွဲ့ (B.A in Economics) ကို အမေရိကနိုင်ငံ ရှိ Randolph College တွင် မေလ၂၀၁၆ ခုနှစ်ကရရှိခဲ့ပါသည်။ လက်ရှိတွင် ဖန်တီးရာ၌ Data Community Coordinator အဖြစ်လုပ်ဆောင်နေပြီး အလွတ်တမ်း Content Writer အဖြစ်လည်း လုပ်ကိုင်လျက်ရှိပါသည်။