Advertisement

Joosk Studio ရဲ႕Sassy Bound တကြက္ကာတြန္းေလးေတြဟာ Facebook ေပၚမွာေရပန္းစားေနတာၾကာပါျပီ။ ဒီဇင္ဘာလ ၁၄-၁၅က Gallery 65 မွာက်င္းပခဲ့တဲ့ Joosk ရဲ႕ ၅ႏွစ္ေျမာက္ႏွစ္ပတ္လည္ပြဲမွာ သူတို႔ရဲ႕ျဖတ္သန္းမႈ၊ အေတြးအျမင္နဲ႔အနာဂတ္အစီအစဥ္ေတြအေၾကာင္းေမးျမန္းျဖစ္ခဲ့ပါတယ္။

စေနေန႔က Gallery 65 ကိုေရာက္သြားေတာ့အျမဲလိုလိုဆီေဆး ေရေဆးပန္းခ်ီကားေတြနဲ႔ျပည့္ေနတတ္တဲ့ ပန္းခ်ီျပခန္းမွာဆန္းသစ္တဲ့ကာတြန္းဇာတ္ေကာင္ဒီဇိုင္းေတြ ရိုးရွင္းတဲ့ခဲျခစ္ပံုေလးေတြကေနရာယူထားတယ္။ ဒီပြဲမွာ Joosk ရဲ႕ဖန္တီးမႈေတြနဲ႔ သူတို႔စီစဥ္ေနတဲ့ animation ရုပ္ရွင္ကားရဲ႕ concept art ေတြကိုေတြ႔ႏုိင္တယ္။

Sassy Bound ျဖစ္တည္မႈ

“က်ေနာ္တုိ႔ Sassy Bound အတြက္ဇာတ္လမ္းကိုစဥ္းစားေတာ့ ရံုး၀န္ထမ္းေတြရဲ႕ေန႔စဥ္ဘ၀ကိုထင္ဟပ္ေစတဲ့ အျဖစ္အပ်က္ေတြကိုဟာသေလးေႏွာျပီးျပဖို႔စိတ္ကူးရတယ္။ အဓိကဇာတ္ေကာင္ ၄ေကာင္ပါျပီး ေနာက္ပိုင္းက်မွအရံေတြတုိးလာတာေပါ့။ စစခ်င္းမွာေတာ့အပတ္စဥ္ကာတြန္းထုတ္ႏုိင္ဖို႔ပဲၾကိဳးစားခဲ့တယ္။ ဒီအဆင့္အဆင္ေျပသြားေတာ့ အပတ္စဥ္ animation ဇာတ္လမ္းတိုေလးေတြထုတ္ခဲ့ပါတယ္။ ဒါကေတာ့ animation ရုပ္ရွင္ကိုလုပ္ႏုိင္မလုပ္ႏိုင္စမ္းၾကည့္တာေပါ့ေနာ္။ အခုေတာ့ animation ဇာတ္လမ္းတိုေခါင္းစဥ္ ၂၀ေက်ာ္သြားပါျပီ” လို႔ Joosk ကိုပူးတြဲတည္ေထာင္သူ ကိုေဇယ်ာ၀င္းထက္ကဆိုပါတယ္။

အဓိကဇာတ္ေကာင္ ၄ေကာင္ျဖစ္တဲ့ ဘီဘီး၊ ေဘာစိေပါက္စီ၊ ေမာင္မွန္နဲ႔ ထူးနံတို႔ကိုသူတို႔ရံုးက၀န္ထမ္းေတြရဲ႕ ရုပ္ရည္သြင္ျပင္နဲ႔ အမူအက်င့္ေတြကိုမွီျငမ္းတည္ေဆာက္ထားတယ္လို႔သိရတယ္။ ကိုေဇယ်ာနဲ႔၀ါသနာတူမိတ္ေဆြ ကိုသက္ပိုင္ခတို႔အပါအ၀င္ လူ ၄ေယာက္နဲ႔စတင္ခဲ့တဲ့ Joosk ဟာအခုဆိုရင္၀န္ထမ္း ၃၀ေက်ာ္ရွိတဲ့ animation studio တခုျဖစ္လာပါျပီ။

“တိုးတက္မႈပိုင္းအရေျပာရရင္ေတာ့ commercial (ေၾကာ္ျငာ) ေတြလုပ္ေပးလာရတယ္။ တဘက္မွာလည္း က်ေနာ္တို႔ကိုယ္ပိုင္ဇာတ္ေကာင္ေတြကိုတုိးတက္ေအာင္လုပ္ရပါတယ္။ ရုပ္ရွင္ကိုေတာ့ဒီႏွစ္အတြင္းမွာပဲ ဇာတ္လမ္းပိုင္းစဥ္းစားျပီး concept art (အေျခခံဇာတ္ေကာင္မူ) ေတြစဆြဲပါတယ္။”

ဇာတ္ေကာင္ဒီဇိုင္းနဲ႔သေဘာတရား

Sassy Bound ကာတြန္းေတြကိုပံုမွန္ဖတ္ျဖစ္တယ္ဆိုရင္ ပူေဖာင္းပံုစံဆြဲထားတဲ့ဇာတ္ေကာင္ေတြကို သတိထားမိၾကမွာပါ။ ဒီဇာတ္ေကာင္ဒီဇိုင္းရဲ႕ေနာက္ကြယ္ကစိတ္ကူးကိုေမးၾကည့္တဲ့အခါမွာေတာ့ ကိုေဇယ်ာကအခုလိုေျဖပါတယ္။

“အဓိကဇာတ္ေကာင္ ၄ေယာက္ကိုဖန္တီးျပီးေတာ့ ေနာက္ခံဇာတ္ရံေတြကိုစဥ္းစားၾကပါတယ္။ အလုပ္ခြင္ေတြမွာျဖစ္တတ္တဲ့တခ်ိဳ႕ကိစၥေတြက fragile (ထိလြယ္ရွလြယ္) ျဖစ္တယ္ေလ။ ပူေဖာင္းလိုပဲေပါက္ကြဲလြယ္တယ္ေပါ့။ အဲ့ဒါနဲ႔ပူေဖာင္းပံုကိုအေျခခံျပီး ေရးဆြဲျဖစ္သြားတာပါ။”

Joosk ရဲ႕အပတ္စဥ္ကာတြန္းေတြဟာအခုဆိုရင္ေခါင္းစဥ္ ၂၀၀ေက်ာ္သြားပါျပီ။ Joosk ရဲ႕အဖြဲ႔သားေတြဟာလုပ္ငန္းခြင္နဲ႔ေန႔စဥ္ဘ၀မွာေတြ႔ရေလ့ရွိတဲ့ ခြတီးခြက်အျဖစ္အပ်က္ေလးေတြကို အဂၤလိပ္နဲ႔ျမန္မာစာကသံတူေၾကာင္းကြဲစကားလံုးေလးေတြနဲ႔ဟာသေျမာက္ေအာင္တင္ဆက္ေလ့ရွိတယ္။ အရင္က Gwen University (ဂြမ္းတကၠသိုလ္) ဆုိတဲ့အခန္းဆက္ကာတြန္းေလးေတြေရးဆြဲခဲ့ျပီး ပရိသတ္လက္ခံမႈရခဲ့ေပမယ့္ အခုေတာ့ခဏနားထားတယ္လို႔ေျပာပါတယ္။  

Animation လုပ္ငန္းရဲ႕အလားအလာ

ကိုသက္ပိုင္ခ၊ ကိုဥကၠာညီ၊ ကိုေဇယ်ာ၀င္းထက္

Animation ရုပ္ရွင္ေတြဟာလူအင္အားေငြအင္အားမ်ားစြာရင္းႏွီးျမွဳပ္ႏွံရတဲ့အလုပ္ပါ။ တစကၠန္႔စာလႈပ္ရွားမႈတခုအတြက္ အနည္းဆံုးပံု ၂၄ပံုေရးဆြဲရတယ္။ Joosk ရဲ႕မိုင္တိုင္တခုျဖစ္လာမယ့္ BeBee Cinema ရုပ္ရွင္ဖန္တီးရာမွာေတြ႔ရတဲ့အခက္အခဲေတြအေၾကာင္း animation ပိုင္းတာ၀န္ယူထားတဲ့ ကိုဥကၠာညီကိုေမးျမန္းျဖစ္ခဲ့ပါတယ္။

“အဓိကအခက္အခဲကေတာ့ နည္းပညာပိုင္းနဲ႔၀န္ထမ္းပိုင္းေပါ့။ နည္းပညာပိုင္းမွာဆိုရင္ဒီႏိုင္ငံမွာ software ေတာ္ေတာ္မ်ားမ်ားကို crack version (တရားမ၀င္) ေတြသံုးၾကတာမ်ားတယ္။ တခ်ိဳ႕၀န္ေဆာင္မႈေတြက original ၀ယ္သံုးမွအဆင္ေျပတာေတြရွိတယ္။ အဲ့ဒီအခါမ်ိဳးက်ေတာ့ေငြအရင္းအႏွီးလိုလာတာေပါ့ေနာ္။ ၀န္ထမ္းပိုင္းဆိုရင္ေတာ့ဒီက animator အမ်ားစုဟာကိုယ့္ကိုယ္ကိုယ္သင္ယူေလ့လာၾကရတာမ်ားတယ္။ ပံုဆြဲတတ္ရံုနဲ႔လည္း animation လုပ္လို႔မရေသးဘူး။ ဆြဲတဲ့ပံုကအသက္၀င္မွ၊ ဇာတ္လမ္းနဲ႔ကိုက္ညီတဲ့ စိတ္ခံစားခ်က္ကိုျပႏုိင္မွ animation ေကာင္းတခုရတာေလ။ ေက်ာင္းေတြဘာေတြလည္းမရွိေတာ့ animator ေတြေတာ္ေတာ္ရွားပါတယ္” လို႔ကိုဥကၠာညီကဆိုတယ္။

Joosk ရဲ႕ animation ရုပ္ရွင္ဟာ ဟာသေႏွာထားတဲ့စိတ္ကူးယဥ္စြန္႔စားခန္းဇာတ္လမ္းျဖစ္ျပီး ၃-၄လ တခါေလာက္ပြဲေလးေတြလုပ္ျပီး concept art ေတြျပသြားဖို႔ရွိေၾကာင္းသိရပါတယ္။ ပြဲမွာနမူနာျပတဲ့ဇာတ္ကြက္တခုမွာေတာ့ ဒိုင္ႏိုေဆာစီးေနတဲ့ မတ္မတ္ဘီးကိုေတြ႔႔ခဲ့ရတယ္။ အဓိကဇာတ္ေကာင္ ၄ေယာက္အျပင္ ေမာင္မွန္ရဲ႕အေဖ၊ မတ္မတ္ဘီးရဲ႕အေမနဲ႔ ၾသစေၾတးလ်ငါးသေလာက္မွစားတဲ့ေၾကာင္တို႔ရဲ႕ ဒီဇိုင္းေတြကိုလည္းေတြ႔ခဲ့ရပါတယ္။

“Animation ေစ်းကြက္ကေတာ့ရွိပါတယ္။ Motion graphic (လႈပ္ရွားမႈပံုရိပ္) ဒီဇုိင္းေတြဆြဲရတာမ်ိဳး၊ explainer video (ကိစၥတခုခုႏွင့္ပတ္သက္ျပီးရွင္းလင္းရေသာဗီဒီယို) ေတြလုပ္ရတာလည္းရွိတယ္။ ဒါေပမယ့္ဒါေတြကို စနစ္တက်တကယ္လုပ္ႏုိင္တဲ့ animator ကရွားတယ္။ အမ်ားစုကကိုယ့္ကိုယ္ကိုယ္ေလ့လာရင္း အမွားေတြကေနသင္ယူရင္းလုပ္ေနရတာေလ။ တတ္ရံုနဲ႔လည္းမျပီးေသးဘူး၊ အျမဲတမ္းေလ့လာေနဖို႔လည္းလိုေသးတယ္။ ေန႔စဥ္လူေတြ အရာ၀တၳဳေတြဘယ္လိုလႈပ္ရွားလည္းဆိုတာ ၾကည့္ေနဖို႔လိုတယ္။ ဒါမွ animation ကအသက္၀င္မွာေလ” လို႔ကိုေဇယ်ာကေျပာပါတယ္။

Joosk ကေတာ့တကြက္ကာတြန္းေလးေတြနဲ႔ပရိသတ္ရဲ႕အားေပးမႈကိုရယူႏိုင္ခဲ့ျပီးေနာက္ သူတို႔ရဲ႕ရည္မွန္းခ်က္ျဖစ္တဲ့ animation ရုပ္ရွင္ကိုစတင္အေကာင္အထည္ေဖာ္ေနပါျပီ။ BeBee Cinema ဟာလည္း Joosk ရဲ႕ဟန္အတုိင္းေပါ့ပါးသြက္လက္ျပီးဆန္းသစ္တဲ့အေတြ႔အၾကံဳတခုေပးႏုိင္လိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။  

Unicode

Joosk Studio ရဲ့Sassy Bound တကွက်ကာတွန်းလေးတွေဟာ Facebook ပေါ်မှာရေပန်းစားနေတာကြာပါပြီ။ ဒီဇင်ဘာလ ၁၄-၁၅က Gallery 65 မှာကျင်းပခဲ့တဲ့ Joosk ရဲ့ ၅နှစ်မြောက်နှစ်ပတ်လည်ပွဲမှာ သူတို့ရဲ့ဖြတ်သန်းမှု၊ အတွေးအမြင်နဲ့အနာဂတ်အစီအစဉ်တွေအကြောင်းမေးမြန်းဖြစ်ခဲ့ပါတယ်။

စနေနေ့က Gallery 65 ကိုရောက်သွားတော့အမြဲလိုလိုဆီဆေး ရေဆေးပန်းချီကားတွေနဲ့ပြည့်နေတတ်တဲ့ ပန်းချီပြခန်းမှာဆန်းသစ်တဲ့ကာတွန်းဇာတ်ကောင်ဒီဇိုင်းတွေ ရိုးရှင်းတဲ့ခဲခြစ်ပုံလေးတွေကနေရာယူထားတယ်။ ဒီပွဲမှာ Joosk ရဲ့ဖန်တီးမှုတွေနဲ့ သူတို့စီစဉ်နေတဲ့ animation ရုပ်ရှင်ကားရဲ့ concept art တွေကိုတွေ့နိုင်တယ်။

Sassy Bound ဖြစ်တည်မှု

“ကျနော်တို့ Sassy Bound အတွက်ဇာတ်လမ်းကိုစဉ်းစားတော့ ရုံးဝန်ထမ်းတွေရဲ့နေ့စဉ်ဘဝကိုထင်ဟပ်စေတဲ့ အဖြစ်အပျက်တွေကိုဟာသလေးနှောပြီးပြဖို့စိတ်ကူးရတယ်။ အဓိကဇာတ်ကောင် ၄ကောင်ပါပြီး နောက်ပိုင်းကျမှအရံတွေတိုးလာတာပေါ့။ စစချင်းမှာတော့အပတ်စဉ်ကာတွန်းထုတ်နိုင်ဖို့ပဲကြိုးစားခဲ့တယ်။ ဒီအဆင့်အဆင်ပြေသွားတော့ အပတ်စဉ် animation ဇာတ်လမ်းတိုလေးတွေထုတ်ခဲ့ပါတယ်။ ဒါကတော့ animation ရုပ်ရှင်ကိုလုပ်နိုင်မလုပ်နိုင်စမ်းကြည့်တာပေါ့နော်။ အခုတော့ animation ဇာတ်လမ်းတိုခေါင်းစဉ် ၂၀ကျော်သွားပါပြီ” လို့ Joosk ကိုပူးတွဲတည်ထောင်သူ ကိုဇေယျာဝင်းထက်ကဆိုပါတယ်။

အဓိကဇာတ်ကောင် ၄ကောင်ဖြစ်တဲ့ ဘီဘီး၊ ဘောစိပေါက်စီ၊ မောင်မှန်နဲ့ ထူးနံတို့ကိုသူတို့ရုံးကဝန်ထမ်းတွေရဲ့ ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်တွေကိုမှီငြမ်းတည်ဆောက်ထားတယ်လို့သိရတယ်။ ကိုဇေယျာနဲ့ဝါသနာတူမိတ်ဆွေ ကိုသက်ပိုင်ခတို့အပါအဝင် လူ ၄ယောက်နဲ့စတင်ခဲ့တဲ့ Joosk ဟာအခုဆိုရင်ဝန်ထမ်း ၃၀ကျော်ရှိတဲ့ animation studio တခုဖြစ်လာပါပြီ။

“တိုးတက်မှုပိုင်းအရပြောရရင်တော့ commercial (ကြော်ငြာ) တွေလုပ်ပေးလာရတယ်။ တဘက်မှာလည်း ကျနော်တို့ကိုယ်ပိုင်ဇာတ်ကောင်တွေကိုတိုးတက်အောင်လုပ်ရပါတယ်။ ရုပ်ရှင်ကိုတော့ဒီနှစ်အတွင်းမှာပဲ ဇာတ်လမ်းပိုင်းစဉ်းစားပြီး concept art (အခြေခံဇာတ်ကောင်မူ) တွေစဆွဲပါတယ်။”

ဇာတ်ကောင်ဒီဇိုင်းနဲ့သဘောတရား

Sassy Bound ကာတွန်းတွေကိုပုံမှန်ဖတ်ဖြစ်တယ်ဆိုရင် ပူဖောင်းပုံစံဆွဲထားတဲ့ဇာတ်ကောင်တွေကို သတိထားမိကြမှာပါ။ ဒီဇာတ်ကောင်ဒီဇိုင်းရဲ့နောက်ကွယ်ကစိတ်ကူးကိုမေးကြည့်တဲ့အခါမှာတော့ ကိုဇေယျာကအခုလိုဖြေပါတယ်။

“အဓိကဇာတ်ကောင် ၄ယောက်ကိုဖန်တီးပြီးတော့ နောက်ခံဇာတ်ရံတွေကိုစဉ်းစားကြပါတယ်။ အလုပ်ခွင်တွေမှာဖြစ်တတ်တဲ့တချို့ကိစ္စတွေက fragile (ထိလွယ်ရှလွယ်) ဖြစ်တယ်လေ။ ပူဖောင်းလိုပဲပေါက်ကွဲလွယ်တယ်ပေါ့။ အဲ့ဒါနဲ့ပူဖောင်းပုံကိုအခြေခံပြီး ရေးဆွဲဖြစ်သွားတာပါ။”

Joosk ရဲ့အပတ်စဉ်ကာတွန်းတွေဟာအခုဆိုရင်ခေါင်းစဉ် ၂၀၀ကျော်သွားပါပြီ။ Joosk ရဲ့အဖွဲ့သားတွေဟာလုပ်ငန်းခွင်နဲ့နေ့စဉ်ဘဝမှာတွေ့ရလေ့ရှိတဲ့ ခွတီးခွကျအဖြစ်အပျက်လေးတွေကို အင်္ဂလိပ်နဲ့မြန်မာစာကသံတူကြောင်းကွဲစကားလုံးလေးတွေနဲ့ဟာသမြောက်အောင်တင်ဆက်လေ့ရှိတယ်။ အရင်က Gwen University (ဂွမ်းတက္ကသိုလ်) ဆိုတဲ့အခန်းဆက်ကာတွန်းလေးတွေရေးဆွဲခဲ့ပြီး ပရိသတ်လက်ခံမှုရခဲ့ပေမယ့် အခုတော့ခဏနားထားတယ်လို့ပြောပါတယ်။

Animation လုပ်ငန်းရဲ့အလားအလာ

Animation ရုပ်ရှင်တွေဟာလူအင်အားငွေအင်အားများစွာရင်းနှီးမြှုပ်နှံရတဲ့အလုပ်ပါ။ တစက္ကန့်စာလှုပ်ရှားမှုတခုအတွက် အနည်းဆုံးပုံ ၂၄ပုံရေးဆွဲရတယ်။ Joosk ရဲ့မိုင်တိုင်တခုဖြစ်လာမယ့် BeBee Cinema ရုပ်ရှင်ဖန်တီးရာမှာတွေ့ရတဲ့အခက်အခဲတွေအကြောင်း animation ပိုင်းတာဝန်ယူထားတဲ့ ကိုဥက္ကာညီကိုမေးမြန်းဖြစ်ခဲ့ပါတယ်။

“အဓိကအခက်အခဲကတော့ နည်းပညာပိုင်းနဲ့ဝန်ထမ်းပိုင်းပေါ့။ နည်းပညာပိုင်းမှာဆိုရင်ဒီနိုင်ငံမှာ software တော်တော်များများကို crack version (တရားမဝင်) တွေသုံးကြတာများတယ်။ တချို့ဝန်ဆောင်မှုတွေက original ဝယ်သုံးမှအဆင်ပြေတာတွေရှိတယ်။ အဲ့ဒီအခါမျိုးကျတော့ငွေအရင်းအနှီးလိုလာတာပေါ့နော်။ ဝန်ထမ်းပိုင်းဆိုရင်တော့ဒီက animator အများစုဟာကိုယ့်ကိုယ်ကိုယ်သင်ယူလေ့လာကြရတာများတယ်။ ပုံဆွဲတတ်ရုံနဲ့လည်း animation လုပ်လို့မရသေးဘူး။ ဆွဲတဲ့ပုံကအသက်ဝင်မှ၊ ဇာတ်လမ်းနဲ့ကိုက်ညီတဲ့ စိတ်ခံစားချက်ကိုပြနိုင်မှ animation ကောင်းတခုရတာလေ။ ကျောင်းတွေဘာတွေလည်းမရှိတော့ animator တွေတော်တော်ရှားပါတယ်” လို့ကိုဥက္ကာညီကဆိုတယ်။

Joosk ရဲ့ animation ရုပ်ရှင်ဟာ ဟာသနှောထားတဲ့စိတ်ကူးယဉ်စွန့်စားခန်းဇာတ်လမ်းဖြစ်ပြီး ၃-၄လ တခါလောက်ပွဲလေးတွေလုပ်ပြီး concept art တွေပြသွားဖို့ရှိကြောင်းသိရပါတယ်။ ပွဲမှာနမူနာပြတဲ့ဇာတ်ကွက်တခုမှာတော့ ဒိုင်နိုဆောစီးနေတဲ့ မတ်မတ်ဘီးကိုတွေ့ခဲ့ရတယ်။ အဓိကဇာတ်ကောင် ၄ယောက်အပြင် မောင်မှန်ရဲ့အဖေ၊ မတ်မတ်ဘီးရဲ့အမေနဲ့ သြစတြေးလျငါးသလောက်မှစားတဲ့ကြောင်တို့ရဲ့ ဒီဇိုင်းတွေကိုလည်းတွေ့ခဲ့ရပါတယ်။

“Animation ဈေးကွက်ကတော့ရှိပါတယ်။ Motion graphic (လှုပ်ရှားမှုပုံရိပ်) ဒီဇိုင်းတွေဆွဲရတာမျိုး၊ explainer video (ကိစ္စတခုခုနှင့်ပတ်သက်ပြီးရှင်းလင်းရသောဗီဒီယို) တွေလုပ်ရတာလည်းရှိတယ်။ ဒါပေမယ့်ဒါတွေကို စနစ်တကျတကယ်လုပ်နိုင်တဲ့ animator ကရှားတယ်။ အများစုကကိုယ့်ကိုယ်ကိုယ်လေ့လာရင်း အမှားတွေကနေသင်ယူရင်းလုပ်နေရတာလေ။ တတ်ရုံနဲ့လည်းမပြီးသေးဘူး၊ အမြဲတမ်းလေ့လာနေဖို့လည်းလိုသေးတယ်။ နေ့စဉ်လူတွေ အရာဝတ္ထုတွေဘယ်လိုလှုပ်ရှားလည်းဆိုတာ ကြည့်နေဖို့လိုတယ်။ ဒါမှ animation ကအသက်ဝင်မှာလေ” လို့ကိုဇေယျာကပြောပါတယ်။

Joosk ကတော့တကွက်ကာတွန်းလေးတွေနဲ့ပရိသတ်ရဲ့အားပေးမှုကိုရယူနိုင်ခဲ့ပြီးနောက် သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ animation ရုပ်ရှင်ကိုစတင်အကောင်အထည်ဖော်နေပါပြီ။ BeBee Cinema ဟာလည်း Joosk ရဲ့ဟန်အတိုင်းပေါ့ပါးသွက်လက်ပြီးဆန်းသစ်တဲ့အတွေ့အကြုံတခုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here