Advertisement

လူ႔ပတ္၀န္းက်င္နဲ႔ကင္းကြာေနတဲ့ကၽြန္းေလးတကၽြန္းမွာ တေယာက္တည္းေနရတာနဲ႔ သူစိမ္းတေယာက္နဲ႔ေနရတာ ဘယ္ဟာကပိုျပီးေျခာက္ျခားစရာေကာင္းမယ္လို႔ထင္ပါသလဲ။

အခ်ိန္က ၁၉ရာစုႏွစ္ေႏွာင္းပိုင္း၊ ေနရာက New England ကလူသူမနီးတဲ့ကၽြန္းေလးတကၽြန္း။ မီးျပတိုက္မွဴးနဲ႔သူ႔အကူဟာ အဲ့ဒီကၽြန္းေပၚကမီးျပတိုက္မွာ ရက္သတၱပတ္ ၄ပတ္ၾကာတာ၀န္ထမ္းရမယ္။ မီးျပတုိက္မွဴးအဘိုးၾကီးကအေပါက္ဆိုး စရိုက္ဆိုးတဲ့အျပင္ အယူကလည္းသည္းေသးတယ္။ သူ႔လက္ေထာက္ကအေမရိကမွာသစ္ခုတ္သမားအျဖစ္အလုပ္လုပ္ခဲ့ေပမယ့္ သူ႔အတိတ္နဲ႔ပတ္သက္ျပီး သိပ္ေျပာျပေလ့မရွိတဲ့သူ။ တလဆိုတဲ့အခ်ိန္အတြင္းမွာ ပင္လယ္နဲ႔ရာသီဥတုရဲ႕စိန္ေခၚမႈေတြကိုရင္ဆိုင္ရင္း စိတ္တေစၦရဲ႕ေျခာက္လန္႔မႈေတြကိုလည္းေက်ာ္လႊားၾကရပါဦးမယ္။

The Witch နဲ႔နာမည္ၾကီးလာတဲ့ ဒါရိုက္တာ Robert Eggers ရဲ႕ဒုတိယေျမာက္ရုပ္ရွင္ The Lighthouse ဟာသင္ၾကည့္ေနက်မဟုတ္တဲ့ထိတ္လန္႔သည္းဖိုရုပ္ရွင္ကားတကား။ ၂နာရီေလာက္ၾကာတဲ့ဇာတ္ကားကို Willem Dafoe နဲ႔ Robert Pattinson တို႔ ၂ေယာက္တည္းမပ်င္းရေအာင္ သရုပ္ေဆာင္သြားတယ္။ အျဖဴအမည္းနဲ႔ရိုက္ထားလို႔ေရွးေခတ္ရုပ္ရွင္တကားၾကည့္ေနရသလိုပဲ။ ၁.၁၉ း ၁ ဆိုတဲ့အခ်ိဳးနဲ႔ရိုက္ထားတာမို႔ မြန္းက်ပ္တဲ့အေတြ႔အၾကံဳကိုေပးတယ္။ ၀န္ထမ္း ၂ေယာက္ဟာ မီးျပတိုက္နဲ႔၀န္ထမ္းအေဆာင္အတြင္းပိုင္းမွာ က်ဥ္းက်ဥ္းက်ပ္က်ပ္ေနေနရသလိုမ်ိဳး ကိုယ္တိုင္လည္းခံစားလာရတယ္။

ထိတ္လန္႔သည္းဖိုရုပ္ရွင္တခုပီျပင္ဖို႔ဘယ္အခ်က္ေတြကပံ့ပိုးေပးတာလဲ။

ေသြးသံရဲရဲျပကြက္ေတြလား။ ေျခာက္ျခားစရာေနာက္ခံတီးလံုးလား။ အထူးျပဳလုပ္ခ်က္မိတ္ကပ္ေတြနဲ႔ ပံုေဖာ္ထားတဲ့သရဲတေစၦေတြလား။

က်ေနာ္ကေတာ့ဇာတ္လမ္းဇာတ္ကြက္၊ တည္ေနရာနဲ႔ တင္ျပပံုကအေရးၾကီးတယ္လို႔ထင္တယ္။ ပံုဆိုးပန္းဆိုးအရုပ္ၾကီးေတြ၊ တီးလံုးခပ္ၾကမ္းၾကမ္းေတြဟာ ရုပ္ရွင္ၾကည့္သက္ႏုေသးတဲ့ပရိသတ္ကို ေျခာက္လွန္႔ေကာင္းေျခာက္လွန္႔ႏုိင္မွာျဖစ္ေပမယ့္ ရုပ္ရွင္ၾကည့္သက္ရင့္လာသူေတြ ထိတ္လန္႔သည္းဖိုအမာခံပရိသတ္ေတြကိုေတာ့စိတ္ေက်နပ္မႈေပးႏုိင္မွာမဟုတ္ပါဘူး။

က်ေနာ္တို႔လူသားေတြဟာ မသိျခင္းကိုေၾကာက္ၾကတယ္။ The Lighthouse ရဲ႕အႏွစ္သာရကလည္း ၾကိဳတင္မသိႏုိင္ျခင္းပဲ။ မီးျပတိုက္မွဴးရဲ႕လက္ေထာက္ေဟာင္းက ဘာေၾကာင့္ထြက္သြားရတာလဲ။ လက္ေထာက္အသစ္ကေကာသူ႔အတိတ္ကိုဘာလို႔ပြင့္ပြင့္လင္းလင္းမေျပာတာလဲ။ ျပီးေတာ့မီးျပတိုက္မွဴးက လက္ေထာက္ကိုအလုပ္ေတြအကုန္လုပ္ခိုင္းေပမယ့္ ေမွ်ာ္စင္ထိပ္ကမီးအိမ္ကိုတညလံုးေစာင့္ၾကည့္ မီးစာျဖည့္တဲ့အလုပ္ကိုေတာ့ေပးမလုပ္တဲ့အျပင္ အဲ့ဒီအေပၚကိုေတာင္တက္ခြင့္မျပဳပါဘူး။ ဒါဟာဘယ္လိုအေၾကာင္းျပခ်က္ေၾကာင့္လဲ။

ဒီေမးခြန္းေတြအျပင္ အျမဲတမ္းရန္လိုေနတဲ့ မ်က္စိတဘက္ကန္းပင္လယ္စင္ေရာ္တေကာင္၊ ပိုင္ရွင္မဲ့ေရသူမပံုစံသစ္ထြင္းရုပ္၊ ပင္လယ္နဲ႔ပတ္သက္တဲ့ေရွးေဟာင္းအယူအဆေတြပါ ေပါင္းထည့္လိုက္ေတာ့ ေရွ႕ဘာျဖစ္မလဲၾကိဳတင္မခန္႔မွန္းႏုိင္ေတာ့ဘူး။ တီဗီထဲမွာျမင္လိုက္ရတဲ့ အရိပ္အေယာင္ျပကြက္တခ်ိဳ႕ဟာ ဇာတ္လမ္းထဲမွာတကယ္ပါတာလား၊ ဇာတ္ေကာင္ေတြရဲ႕ထင္ေယာင္ထင္မွားျဖစ္မႈလားမခြဲျခားႏိုင္ေတာ့ဘူး။

မြန္းက်ပ္မႈ၊ ေျခာက္ျခားမႈ၊ စိတ္ရႈပ္ေထြးမႈေတြေပးျပီး အဆံုးသတ္ျပကြက္ကိုၾကည့္ျပီးသြားေတာ့မွ “ေၾသာ္… ျပီးသြားျပီပဲ” ဆိုျပီးသက္ျပင္းေမာၾကီးခ်လိုက္မိပါတယ္။

Unicode

လူ့ပတ်ဝန်းကျင်နဲ့ကင်းကွာနေတဲ့ကျွန်းလေးတကျွန်းမှာ တယောက်တည်းနေရတာနဲ့ သူစိမ်းတယောက်နဲ့နေရတာ ဘယ်ဟာကပိုပြီးခြောက်ခြားစရာကောင်းမယ်လို့ထင်ပါသလဲ။

အချိန်က ၁၉ရာစုနှစ်နှောင်းပိုင်း၊ နေရာက New England ကလူသူမနီးတဲ့ကျွန်းလေးတကျွန်း။ မီးပြတိုက်မှူးနဲ့သူ့အကူဟာ အဲ့ဒီကျွန်းပေါ်ကမီးပြတိုက်မှာ ရက်သတ္တပတ် ၄ပတ်ကြာတာဝန်ထမ်းရမယ်။ မီးပြတိုက်မှူးအဘိုးကြီးကအပေါက်ဆိုး စရိုက်ဆိုးတဲ့အပြင် အယူကလည်းသည်းသေးတယ်။ သူ့လက်ထောက်ကအမေရိကမှာသစ်ခုတ်သမားအဖြစ်အလုပ်လုပ်ခဲ့ပေမယ့် သူ့အတိတ်နဲ့ပတ်သက်ပြီး သိပ်ပြောပြလေ့မရှိတဲ့သူ။ တလဆိုတဲ့အချိန်အတွင်းမှာ ပင်လယ်နဲ့ရာသီဥတုရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရင်း စိတ်တစ္ဆေရဲ့ခြောက်လန့်မှုတွေကိုလည်းကျော်လွှားကြရပါဦးမယ်။

The Witch နဲ့နာမည်ကြီးလာတဲ့ ဒါရိုက်တာ Robert Eggers ရဲ့ဒုတိယမြောက်ရုပ်ရှင် The Lighthouse ဟာသင်ကြည့်နေကျမဟုတ်တဲ့ထိတ်လန့်သည်းဖိုရုပ်ရှင်ကားတကား။ ၂နာရီလောက်ကြာတဲ့ဇာတ်ကားကို Willem Dafoe နဲ့ Robert Pattinson တို့ ၂ယောက်တည်းမပျင်းရအောင် သရုပ်ဆောင်သွားတယ်။ အဖြူအမည်းနဲ့ရိုက်ထားလို့ရှေးခေတ်ရုပ်ရှင်တကားကြည့်နေရသလိုပဲ။ ၁.၁၉ း ၁ ဆိုတဲ့အချိုးနဲ့ရိုက်ထားတာမို့ မွန်းကျပ်တဲ့အတွေ့အကြုံကိုပေးတယ်။ ဝန်ထမ်း ၂ယောက်ဟာ မီးပြတိုက်နဲ့ဝန်ထမ်းအဆောင်အတွင်းပိုင်းမှာ ကျဉ်းကျဉ်းကျပ်ကျပ်နေနေရသလိုမျိုး ကိုယ်တိုင်လည်းခံစားလာရတယ်။

ထိတ်လန့်သည်းဖိုရုပ်ရှင်တခုပီပြင်ဖို့ဘယ်အချက်တွေကပံ့ပိုးပေးတာလဲ။

သွေးသံရဲရဲပြကွက်တွေလား။ ခြောက်ခြားစရာနောက်ခံတီးလုံးလား။ အထူးပြုလုပ်ချက်မိတ်ကပ်တွေနဲ့ ပုံဖော်ထားတဲ့သရဲတစ္ဆေတွေလား။

ကျနော်ကတော့ဇာတ်လမ်းဇာတ်ကွက်၊ တည်နေရာနဲ့ တင်ပြပုံကအရေးကြီးတယ်လို့ထင်တယ်။ ပုံဆိုးပန်းဆိုးအရုပ်ကြီးတွေ၊ တီးလုံးခပ်ကြမ်းကြမ်းတွေဟာ ရုပ်ရှင်ကြည့်သက်နုသေးတဲ့ပရိသတ်ကို ခြောက်လှန့်ကောင်းခြောက်လှန့်နိုင်မှာဖြစ်ပေမယ့် ရုပ်ရှင်ကြည့်သက်ရင့်လာသူတွေ ထိတ်လန့်သည်းဖိုအမာခံပရိသတ်တွေကိုတော့စိတ်ကျေနပ်မှုပေးနိုင်မှာမဟုတ်ပါဘူး။

ကျနော်တို့လူသားတွေဟာ မသိခြင်းကိုကြောက်ကြတယ်။ The Lighthouse ရဲ့အနှစ်သာရကလည်း ကြိုတင်မသိနိုင်ခြင်းပဲ။ မီးပြတိုက်မှူးရဲ့လက်ထောက်ဟောင်းက ဘာကြောင့်ထွက်သွားရတာလဲ။ လက်ထောက်အသစ်ကကောသူ့အတိတ်ကိုဘာလို့ပွင့်ပွင့်လင်းလင်းမပြောတာလဲ။ ပြီးတော့မီးပြတိုက်မှူးက လက်ထောက်ကိုအလုပ်တွေအကုန်လုပ်ခိုင်းပေမယ့် မျှော်စင်ထိပ်ကမီးအိမ်ကိုတညလုံးစောင့်ကြည့် မီးစာဖြည့်တဲ့အလုပ်ကိုတော့ပေးမလုပ်တဲ့အပြင် အဲ့ဒီအပေါ်ကိုတောင်တက်ခွင့်မပြုပါဘူး။ ဒါဟာဘယ်လိုအကြောင်းပြချက်ကြောင့်လဲ။

ဒီမေးခွန်းတွေအပြင် အမြဲတမ်းရန်လိုနေတဲ့ မျက်စိတဘက်ကန်းပင်လယ်စင်ရော်တကောင်၊ ပိုင်ရှင်မဲ့ရေသူမပုံစံသစ်ထွင်းရုပ်၊ ပင်လယ်နဲ့ပတ်သက်တဲ့ရှေးဟောင်းအယူအဆတွေပါ ပေါင်းထည့်လိုက်တော့ ရှေ့ဘာဖြစ်မလဲကြိုတင်မခန့်မှန်းနိုင်တော့ဘူး။ တီဗီထဲမှာမြင်လိုက်ရတဲ့ အရိပ်အယောင်ပြကွက်တချို့ဟာ ဇာတ်လမ်းထဲမှာတကယ်ပါတာလား၊ ဇာတ်ကောင်တွေရဲ့ထင်ယောင်ထင်မှားဖြစ်မှုလားမခွဲခြားနိုင်တော့ဘူး။

မွန်းကျပ်မှု၊ ခြောက်ခြားမှု၊ စိတ်ရှုပ်ထွေးမှုတွေပေးပြီး အဆုံးသတ်ပြကွက်ကိုကြည့်ပြီးသွားတော့မှ “သြော်… ပြီးသွားပြီပဲ” ဆိုပြီးသက်ပြင်းမောကြီးချလိုက်မိပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here