မမ Diana ကိုလြမ္းေနတဲ့သူေတြအတြက္ ၂၀၁၇ခုႏွစ္က Wonder Woman ရဲ႕အဆက္ျဖစ္တဲ့ Wonder Woman 1984 (#WW84) ရဲ႕ trailer ကိုမေန႔ကပဲ Warner Bros ကခ်ျပလိုက္ပါတယ္။ ရံုတင္ရက္ကေတာ့ ၂၀၂၀ ဇြန္လ ၅ရက္ေန႔လို႔သိရပါတယ္။ ဒီ trailer မွာပထမကားတုန္းက ေသသြားျပီလို႔ျပထားတဲ့ Diana ရဲ႕ခ်စ္သူ Steve Trevor ကိုေတြ႔လိုက္ရတာေၾကာင့္ သူတကယ္ပဲျပန္ရွင္လာသလားဆိုျပီး ဒြိဟျဖစ္ရသလို၊ အရမ္းလန္းတဲ့ Golden Eagle Armour ကိုလည္းျပထားတာေၾကာင့္ trailer အေၾကာင္းသိခ်င္တဲ့သူေတြရွိလိမ့္မယ္လို႔ထင္ပါတယ္။ ဒါေၾကာင့္ Screenrant တို႔ Insider တို႔လို website ေတြနဲ႔ Wonder Woman DC Comics ကိုမွီျငမ္းရင္း trailer breakdown ေလးေဖာ္ျပေပးလိုက္ပါတယ္။
Golden Eagle Armour

ေရႊသိမ္းငွက္ခ်ပ္၀တ္တန္ဆာက Diana ရဲ႕ေမြးရပ္ေျမ Themyscira မွာျပဳလုပ္တာျဖစ္ျပီး ၁၉၉၆ခုႏွစ္မွာထြက္ရွိတဲ့ Kingdom Come ရုပ္ျပဇာတ္လမ္းက အမွတ္စဥ္ ၃ မွာစတင္ပါ၀င္လာခဲ့ပါတယ္။ ဒီခ်ပ္၀တ္တန္ဆာဟာတျခား Amazon စစ္သည္ေတာ္ေတြနဲ႔ ယွဥ္ျပိဳင္တုိက္ခိုက္တဲ့အခါမွာခံႏိုင္ရည္ရွိေစဖို႔ ၀တ္ဆင္ေလ့ရွိျပီး ေသနတ္က်ည္ဆံ၊ ေပါက္ကြဲမႈေတြကိုလည္းကာကြယ္ေပးႏုိင္စြမ္းရွိတယ္။ ဒါ့အျပင္ျဖဳတ္လို႔တပ္လို႔ရတဲ့ေတာင္ပံေတြလည္းပါေတာ့ ပ်ံႏုိင္စြမ္းကိုလည္းေပးတယ္။ က်ေနာ့္အျမင္ကေတာ့ သာမန္ေသနတ္က်ည္ဆံေလာက္ကိုေအးေအးေဆးေဆးေရွာင္တိမ္းႏိုင္တဲ့ Diana အေနနဲ႔ ဒီ၀တ္စံုကို၀တ္ရတယ္ဆိုတာ ေတာ္ေတာ္ခြန္အားၾကီးတဲ့ရန္သူတေယာက္ေယာက္ကိုရင္ဆိုင္ဖို႔ျဖစ္ပါလိမ့္မယ္။
Cheetah (Barbara Minerva)

WW84 ရဲ႕အဓိကရန္သူေတာ္တေယာက္ျဖစ္လာမယ့္ Cheetah ဟာ comic ထဲက Crisis on Infinite Earths ဇာတ္လမ္းျပီးခ်ိန္မွာေပၚလာတဲ့ Barbara Ann Minerva အေပၚမွာအေျခခံထားပါတယ္။ (သူ႔ေရွ႕မွာ Cheetah မူကြဲ ၂မ်ိဳးရွိပါေသးတယ္) Comic ထဲမွာေတာ့ Minerva ဟာအလြန္ခ်မ္းသာတဲ့မိသားစုက ဆင္းသက္လာတာျဖစ္ျပီး ေရွးေဟာင္းသုေတသနပညာရွင္တေယာက္ျဖစ္ပါတယ္။ အာဖရိကကိုသြားျပီး က်ားသစ္တေကာင္ရဲ႕စြမ္းအင္ေတြရွိတဲ့နတ္ေဒ၀ီအေၾကာင္းေလ့လာရင္း နတ္ဆရာတေယာက္ရဲ႕အကူအညီနဲ႔ အဲ့ဒီနတ္ေဒ၀ီစြမ္းအင္ေတြကိုရယူခဲ့တယ္။ ျဖစ္ခ်င္ေတာ့ ဒီစြမ္းအင္ေတြကိုအပ်ိဳစင္ေတြမွသာရယူခြင့္ရွိျပီး Minerva ကအပ်ိဳစစ္စစ္တေယာက္မဟုတ္တာေၾကာင့္ နတ္ဘုရားမရဲ႕က်ိန္စာသင့္ခဲ့ရတယ္။ ဒါေၾကာင့္ က်ားသစ္တေကာင္ရဲ႕စြမ္းအင္ေတြနဲ႔အတူ ေတာရိုင္းတိရစာၦန္တေကာင္ရဲ႕ေသြးဆာမႈကိုပါရခဲ့ပါတယ္။ ရုပ္ရွင္ထဲမွာေတာ့ Diana နဲ႔ရင္းရင္းႏွီးႏွီးစကားေျပာေနတဲ့ပံုလည္းေတြ႔ရေတာ့သူငယ္ခ်င္းအျဖစ္ကေန ရန္သူအျဖစ္ေျပာင္းလဲသြားတဲ့ဇာတ္ကြက္မ်ိဳးကိုလည္းေတြ႔ရႏုိင္ေခ်ရွိတယ္။
Maxwell Lord

Pedro Pascal ရဲ႕ဇာတ္ေကာင္ Maxwell Lord ဟာ WW84 ရဲ႕ေနာက္ထပ္ villain တေယာက္ျဖစ္ပါတယ္။ Comic ထဲမွာေတာ့ Lord ဟာအရမ္းခ်မ္းသာတဲ့သိပၸံပညာရွင္တေယာက္ျဖစ္ျပီး Crisis on Infinite Earths အျပီး Justice League International ကိုေငြေၾကးေထာက္ပံ့ဦးေဆာင္ခဲ့သူပါ။ ေနာက္ပိုင္းမွာသူဟာ လူေတြရဲ႕စိတ္ကိုထိန္းခ်ဳပ္ႏုိင္စြမ္းရွိတဲ့ metahuman တေယာက္ျဖစ္ေၾကာင္းသိခဲ့ျပီး Justice League ကိုသစၥာေဖာက္ခဲ့တယ္။
Pascal ရဲ႕ Lord ကိုေတာ့ေအာင္ျမင္တဲ့မီဒီယာစီးပြားေရးသမားတေယာက္အျဖစ္ပံုေဖာ္ထားတာကိုေတြ႔ရတယ္။ သူ႔ရဲ႕အခန္းက႑ဟာ Trevor ျပန္ရွင္လာျခင္း၊ Minerva က Cheetah ျဖစ္သြားျခင္းေတြနဲ႔ဆက္စပ္ေနလိမ့္မယ္ လို႔ထင္ရပါတယ္။ ဘာလို႔လဲဆိုေတာ့ trailer ထဲမွာ Lord က “မင္းလိုခ်င္တဲ့အရာေတြအားလံုးကိုရႏုိင္မယ္ဆိုရင္” လို႔ေျပာျပီး Diana ကရဟတ္ယာဥ္တစီးပ်ံသြားတာကို ေမာ့ၾကည့္ေနတဲ့အခန္းနဲ႔၊ Minerva ကသူ႔စမ္းသပ္ခန္းကေနမ်က္ႏွာလႊဲလိုက္တဲ့အခန္းေတြကိုျပထားတယ္။ ၂ေယာက္လံုးကသူတို႔ရဲ႕လိုအင္ဆႏၵေတြေၾကာင့္စိတ္မခ်မ္းေျမ့တဲ့ပံုကိုလည္းေတြ႔ရတယ္။ အဲ့ဒီေနာက္မွာေတာ့ လြန္ခဲ့တဲ့ႏွစ္ ၆၀ေလာက္ကတည္းကရဟတ္ယာဥ္ေပါက္ကြဲျပီးေသသြားတဲ့ Trevor ကအသက္တရက္ေတာင္မၾကီးဘဲျပန္ေပၚလာသလို Minerva ကလည္းအျပင္အဆင္ေတြလံုး၀ေျပာင္းလဲျပီး ကိုယ့္ကိုယ္ကိုယ္ယံုၾကည္မႈအျပည့္နဲ႔ခန္းမတခုထဲ၀င္လာတဲ့ပံုကိုျပထားပါတယ္။ ျပီးေတာ့ trailer ထဲမွာ Lord ဟာအစိမ္းေရာင္ပံုေဆာင္ခဲတခုကိုကိုင္ထားတာေတြ႔ရတယ္။ အဲ့ဒီပံုေဆာင္ခဲဟာ Chaos Shard ျဖစ္ႏုိင္တယ္လို႔ Screenrant ကသံုးသပ္ထားပါတယ္။ ဒီပံုေဆာင္ခဲဟာ Apokalips မွာျပဳလုပ္တာျဖစ္ျပီး စြမ္းရည္ျပည့္ေနတဲ့ Chaos Shard ဟာအရွိတရားကိုေျပာင္းလဲႏုိင္ျပီး လူေတြရဲ႕ဆႏၵကိုျဖည့္ဆည္းေပးႏိုင္စြမ္းရွိတယ္။ ဒါေၾကာင့္ Diana တို႔အေနနဲ႔ Lord နဲ႔အေပးအယူတခုခုလုပ္ျပီး လိုခ်င္တာကိုရသြားတာလားလို႔ေတြးမိတာပါ။
Brother Eye?

Comic ထဲမွာေတာ့ Brother Eye ဟာတကမာၻလံုးကိုအာကာသကေနတဆင့္စံုစမ္းေထာက္လွမ္းဖို႔ Batman ကိုယ္တိုင္္တည္ေဆာက္ထားတဲ့ျဂိဳဟ္တုၾကီးပါ။ Trailer ထဲမွာျဂိဳဟ္တုစေလာင္းၾကီးကိုျပထားတဲ့အျပင္ Lord တေယာက္အျပာေရာင္အလင္းတန္းေတြေအာက္ရပ္ေနတာကိုပါျပထားတဲ့အတြက္ Brother Eye ကိုထည့္သံုးမလားလို႔ေတြးမိပါတယ္။ ဒါ့အျပင္ ရုပ္ရွင္ရဲ႕နာမည္ 1984 ဆိုတာက George Orwell ရဲ႕ဂႏၳ၀င္၀တၳဳ နာမည္လည္းျဖစ္တယ္။ ၁၉၄၈ခုႏွစ္မွာအျပီးသတ္ျပီး ၁၉၄၉ခုႏွစ္မွာထြက္ရွိခဲ့တဲ့ဒီ၀တၳဳဟာ အစိုးရကလူေတြအားလံုးကိုေစာင့္ၾကည့္အကဲျဖတ္ေနတဲ့အနာဂတ္ကပ္ကမာၻတခုမွာ ဇာတ္အိမ္တည္ထားပါတယ္။ ဒီအစိုးရရဲ႕မ်က္ႏွာဖံုး Big Brother ဟာ Brother Eye ဆိုတဲ့နာမည္ျမစ္ဖ်ားခံရာလည္းျဖစ္တယ္။ ျပီးေတာ့တုိက္ဆုိင္စြာပဲ CCTV camera ေတြနဲ႔လူထုကိုေစာင့္ၾကည့္တဲ့ဓေလ့ဟာ ၁၉၈၀ေနာက္ပိုင္းမွာကမာၻအႏွံ႔တြင္က်ယ္လာခဲ့ပါတယ္။ Diana ကိုယ္တိုင္လည္း ကုန္တုိက္တခုမွာရန္သူေတြနဲ႔တုိက္ခိုက္ရင္း CCTV camera ေတြကိုဖ်က္ဆီးပစ္တဲ့အခန္းျပထားပံုေထာက္ရင္ သူ႔ကိုေစာင့္ၾကည့္ေနမွာစိုးရိမ္ေနပံုပါပဲ။ ရုန္းရင္းဆန္ခတ္ျဖစ္ေနတဲ့လမ္းမၾကီးနဲ႔ အိမ္ျဖဴေတာ္မွာတိုက္ခိုက္ေနတဲ့အခန္းေတြကိုလည္းေတြ႔ရတဲ့အတြက္ WW1984 မွာအာဏာရွင္အေငြ႔အသက္လႊမ္းမိုးတဲ့ႏုိင္ငံေရးအခင္းအက်င္းကိုလည္းျမင္ရႏိုင္ေခ်ရွိပါတယ္။
Invisible Jet?

Diana နဲ႔ Trevor တို႔ေလယာဥ္စီးရင္းမီးရွဴးမီးပန္းေတြကိုၾကည့္ေနတဲ့ျပကြက္ကိုေတြ႔ေတာ့ Wonder Woman ရဲ႕ Invisible Jet ပါမယ္လို႔ေတြးမိပါတယ္။ Wonder Woman ကိုဖန္တီးခဲ့တဲ့စိတ္ပညာရွင္နဲ႔ ရုပ္ျပေရးဆြဲသူ William Moulton Marston ဟာ ၁၉၃၀၀န္းက်င္ကအမ်ိဳးသမီးေတြအေနနဲ႔လုပ္ငန္းခြင္မွာ၀င္ဆံ့ဖို႔ အမ်ိဳးသားေတြအေႏွာင့္အယွက္မျဖစ္မိေအာင္ရို႕ရို႕က်ိဳးက်ိဳးေနခဲ့ရတဲ့အတြက္ invisible ျဖစ္ေနတယ္ဆိုတဲ့တင္စားခ်က္နဲ႔ Invisible Jet ကိုတီထြင္ခဲ့တာပါ။
Bana-Mighdall

Amazon စစ္သည္ေတာ္လိုပံုစံေတြ၀တ္ျပီး ေလ့က်င့္ေနၾကတဲ့အခန္းကိုေတြ႔ရေတာ့ fan တခ်ိဳ႕ကအီဂ်စ္ျပည္မွာရွိတဲ့ Bana-Mighdall လို႔ခန္႔မွန္းၾကတယ္။ ဒီျမိဳ႕ဟာ Themyscira ကေနခြဲထြက္လာတဲ့ Amazon စစ္သည္ေတာ္ေတြေနထုိင္ရာအရပ္ပါ။ သူတို႔ဟာ အိုလံပီယာနတ္ဘုရားေတြကိုဆန္႔က်င္ျပီး သူတို႔ကိုရန္ျပဳခဲ့တဲ့လူသားမ်ိဳးႏြယ္အေပၚလက္စားေခ်ဖို႔ သံဓိဌာန္ခ်ထားသူေတြလည္းျဖစ္ပါတယ္။ ၀တ္စားဆင္ယင္ပံုက Themyscira နဲ႔အနည္းငယ္ကြဲျပားျပီး ရန္လိုေဒါသၾကီးတဲ့ Amazon ေတြပါ။
Daughter of Zeus

Trailer ထဲမွာမိုးၾကိဳးသြားေတြကို Magic Lasso နဲ႔ရစ္ပတ္ျပီးခုန္ကူးသြားလာေနတဲ့ျပကြက္ဟာ မိုးၾကိဳးနတ္ဘုရား Zeus ရဲ႕သမီးေတာ္ Diana အေနနဲ႔လွ်ပ္စစ္နဲ႔မိုးၾကိဳးအေပၚလႊမ္းမိုးႏိုင္စြမ္းရွိတယ္ဆိုတာျပသျခင္းပဲျဖစ္ပါတယ္။ ပထမကားမွာလည္း Ares ရဲ႕မိုးၾကိဳးသြားကိုလမ္းလႊဲျပီး Ares ကိုျပန္သတ္တာကိုၾကည့္ျခင္းျဖင့္ Diana ဟာသူ႔ဖခင္ေလာက္မစြမ္းရင္ေတာင္ လွ်ပ္စစ္နဲ႔မိုးၾကိဳးရန္ကိုခံႏုိင္ရည္ရွိပံုပါပဲ။
Unicode
မမ Diana ကိုလွမ်းနေတဲ့သူတွေအတွက် ၂၀၁၇ခုနှစ်က Wonder Woman ရဲ့အဆက်ဖြစ်တဲ့ Wonder Woman 1984 (#WW84) ရဲ့ trailer ကိုမနေ့ကပဲ Warner Bros ကချပြလိုက်ပါတယ်။ ရုံတင်ရက်ကတော့ ၂၀၂၀ ဇွန်လ ၅ရက်နေ့လို့သိရပါတယ်။ ဒီ trailer မှာပထမကားတုန်းက သေသွားပြီလို့ပြထားတဲ့ Diana ရဲ့ချစ်သူ Steve Trevor ကိုတွေ့လိုက်ရတာကြောင့် သူတကယ်ပဲပြန်ရှင်လာသလားဆိုပြီး ဒွိဟဖြစ်ရသလို၊ အရမ်းလန်းတဲ့ Golden Eagle Armour ကိုလည်းပြထားတာကြောင့် trailer အကြောင်းသိချင်တဲ့သူတွေရှိလိမ့်မယ်လို့ထင်ပါတယ်။ ဒါကြောင့် Screenrant တို့ Insider တို့လို website တွေနဲ့ Wonder Woman DC Comics ကိုမှီငြမ်းရင်း trailer breakdown လေးဖော်ပြပေးလိုက်ပါတယ်။
Golden Eagle Armour
ရွှေသိမ်းငှက်ချပ်ဝတ်တန်ဆာက Diana ရဲ့မွေးရပ်မြေ Themyscira မှာပြုလုပ်တာဖြစ်ပြီး ၁၉၉၆ခုနှစ်မှာထွက်ရှိတဲ့ Kingdom Come ရုပ်ပြဇာတ်လမ်းက အမှတ်စဉ် ၃ မှာစတင်ပါဝင်လာခဲ့ပါတယ်။ ဒီချပ်ဝတ်တန်ဆာဟာတခြား Amazon စစ်သည်တော်တွေနဲ့ ယှဉ်ပြိုင်တိုက်ခိုက်တဲ့အခါမှာခံနိုင်ရည်ရှိစေဖို့ ဝတ်ဆင်လေ့ရှိပြီး သေနတ်ကျည်ဆံ၊ ပေါက်ကွဲမှုတွေကိုလည်းကာကွယ်ပေးနိုင်စွမ်းရှိတယ်။ ဒါ့အပြင်ဖြုတ်လို့တပ်လို့ရတဲ့တောင်ပံတွေလည်းပါတော့ ပျံနိုင်စွမ်းကိုလည်းပေးတယ်။ ကျနော့်အမြင်ကတော့ သာမန်သေနတ်ကျည်ဆံလောက်ကိုအေးအေးဆေးဆေးရှောင်တိမ်းနိုင်တဲ့ Diana အနေနဲ့ ဒီဝတ်စုံကိုဝတ်ရတယ်ဆိုတာ တော်တော်ခွန်အားကြီးတဲ့ရန်သူတယောက်ယောက်ကိုရင်ဆိုင်ဖို့ဖြစ်ပါလိမ့်မယ်။
Cheetah (Barbara Minerva)
WW84 ရဲ့အဓိကရန်သူတော်တယောက်ဖြစ်လာမယ့် Cheetah ဟာ comic ထဲက Crisis on Infinite Earths ဇာတ်လမ်းပြီးချိန်မှာပေါ်လာတဲ့ Barbara Ann Minerva အပေါ်မှာအခြေခံထားပါတယ်။ (သူ့ရှေ့မှာ Cheetah မူကွဲ ၂မျိုးရှိပါသေးတယ်) Comic ထဲမှာတော့ Minerva ဟာအလွန်ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတာဖြစ်ပြီး ရှေးဟောင်းသုတေသနပညာရှင်တယောက်ဖြစ်ပါတယ်။ အာဖရိကကိုသွားပြီး ကျားသစ်တကောင်ရဲ့စွမ်းအင်တွေရှိတဲ့နတ်ဒေဝီအကြောင်းလေ့လာရင်း နတ်ဆရာတယောက်ရဲ့အကူအညီနဲ့ အဲ့ဒီနတ်ဒေဝီစွမ်းအင်တွေကိုရယူခဲ့တယ်။ ဖြစ်ချင်တော့ ဒီစွမ်းအင်တွေကိုအပျိုစင်တွေမှသာရယူခွင့်ရှိပြီး Minerva ကအပျိုစစ်စစ်တယောက်မဟုတ်တာကြောင့် နတ်ဘုရားမရဲ့ကျိန်စာသင့်ခဲ့ရတယ်။ ဒါကြောင့် ကျားသစ်တကောင်ရဲ့စွမ်းအင်တွေနဲ့အတူ တောရိုင်းတိရစ္ဆာန်တကောင်ရဲ့သွေးဆာမှုကိုပါရခဲ့ပါတယ်။ ရုပ်ရှင်ထဲမှာတော့ Diana နဲ့ရင်းရင်းနှီးနှီးစကားပြောနေတဲ့ပုံလည်းတွေ့ရတော့သူငယ်ချင်းအဖြစ်ကနေ ရန်သူအဖြစ်ပြောင်းလဲသွားတဲ့ဇာတ်ကွက်မျိုးကိုလည်းတွေ့ရနိုင်ချေရှိတယ်။
Maxwell Lord
Pedro Pascal ရဲ့ဇာတ်ကောင် Maxwell Lord ဟာ WW84 ရဲ့နောက်ထပ် villain တယောက်ဖြစ်ပါတယ်။ Comic ထဲမှာတော့ Lord ဟာအရမ်းချမ်းသာတဲ့သိပ္ပံပညာရှင်တယောက်ဖြစ်ပြီး Crisis on Infinite Earths အပြီး Justice League International ကိုငွေကြေးထောက်ပံ့ဦးဆောင်ခဲ့သူပါ။ နောက်ပိုင်းမှာသူဟာ လူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်စွမ်းရှိတဲ့ metahuman တယောက်ဖြစ်ကြောင်းသိခဲ့ပြီး Justice League ကိုသစ္စာဖောက်ခဲ့တယ်။
Pascal ရဲ့ Lord ကိုတော့အောင်မြင်တဲ့မီဒီယာစီးပွားရေးသမားတယောက်အဖြစ် ပုံဖော်ထားတာကိုတွေ့ရတယ်။ သူ့ရဲ့အခန်းကဏ္ဍဟာ Trevor ပြန်ရှင်လာခြင်း၊ Minerva က Cheetah ဖြစ်သွားခြင်းတွေနဲ့ဆက်စပ်နေလိမ့်မယ် လို့ထင်ရပါတယ်။ ဘာလို့လဲဆိုတော့ trailer ထဲမှာ Lord က “မင်းလိုချင်တဲ့အရာတွေအားလုံးကိုရနိုင်မယ်ဆိုရင်” လို့ပြောပြီး Diana ကရဟတ်ယာဉ်တစီးပျံသွားတာကို မော့ကြည့်နေတဲ့အခန်းနဲ့၊ Minerva ကသူ့စမ်းသပ်ခန်းကနေမျက်နှာလွှဲလိုက်တဲ့အခန်းတွေကိုပြထားတယ်။ ၂ယောက်လုံးကသူတို့ရဲ့လိုအင်ဆန္ဒတွေကြောင့်စိတ်မချမ်းမြေ့တဲ့ပုံကိုလည်းတွေ့ရတယ်။ အဲ့ဒီနောက်မှာတော့ လွန်ခဲ့တဲ့နှစ် ၆၀လောက်ကတည်းကရဟတ်ယာဉ်ပေါက်ကွဲပြီးသေသွားတဲ့ Trevor ကအသက်တရက်တောင်မကြီးဘဲပြန်ပေါ်လာသလို Minerva ကလည်းအပြင်အဆင်တွေလုံးဝပြောင်းလဲပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်နဲ့ခန်းမတခုထဲဝင်လာတဲ့ပုံကိုပြထားပါတယ်။ ပြီးတော့ trailer ထဲမှာ Lord ဟာအစိမ်းရောင်ပုံဆောင်ခဲတခုကိုကိုင်ထားတာတွေ့ရတယ်။ အဲ့ဒီပုံဆောင်ခဲဟာ Chaos Shard ဖြစ်နိုင်တယ်လို့ Screenrant ကသုံးသပ်ထားပါတယ်။ ဒီပုံဆောင်ခဲဟာ Apokalips မှာပြုလုပ်တာဖြစ်ပြီး စွမ်းရည်ပြည့်နေတဲ့ Chaos Shard ဟာအရှိတရားကိုပြောင်းလဲနိုင်ပြီး လူတွေရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်စွမ်းရှိတယ်။ ဒါကြောင့် Diana တို့အနေနဲ့ Lord နဲ့အပေးအယူတခုခုလုပ်ပြီး လိုချင်တာကိုရသွားတာလားလို့တွေးမိတာပါ။
Brother Eye?
Comic ထဲမှာတော့ Brother Eye ဟာတကမ္ဘာလုံးကိုအာကာသကနေတဆင့်စုံစမ်းထောက်လှမ်းဖို့ Batman ကိုယ်တိုင်တည်ဆောက်ထားတဲ့ဂြိုဟ်တုကြီးပါ။ Trailer ထဲမှာဂြိုဟ်တုစလောင်းကြီးကိုပြထားတဲ့အပြင် Lord တယောက်အပြာရောင်အလင်းတန်းတွေအောက်ရပ်နေတာကိုပါပြထားတဲ့အတွက် Brother Eye ကိုထည့်သုံးမလားလို့တွေးမိပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရဲ့နာမည် 1984 ဆိုတာက George Orwell ရဲ့ဂန္ထဝင်ဝတ္ထု နာမည်လည်းဖြစ်တယ်။ ၁၉၄၈ခုနှစ်မှာအပြီးသတ်ပြီး ၁၉၄၉ခုနှစ်မှာထွက်ရှိခဲ့တဲ့ဒီဝတ္ထုဟာ အစိုးရကလူတွေအားလုံးကိုစောင့်ကြည့်အကဲဖြတ်နေတဲ့အနာဂတ်ကပ်ကမ္ဘာတခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီအစိုးရရဲ့မျက်နှာဖုံး Big Brother ဟာ Brother Eye ဆိုတဲ့နာမည်မြစ်ဖျားခံရာလည်းဖြစ်တယ်။ ပြီးတော့တိုက်ဆိုင်စွာပဲ CCTV camera တွေနဲ့လူထုကိုစောင့်ကြည့်တဲ့ဓလေ့ဟာ ၁၉၈၀နောက်ပိုင်းမှာကမ္ဘာအနှံ့တွင်ကျယ်လာခဲ့ပါတယ်။ Diana ကိုယ်တိုင်လည်း ကုန်တိုက်တခုမှာရန်သူတွေနဲ့တိုက်ခိုက်ရင်း CCTV camera တွေကိုဖျက်ဆီးပစ်တဲ့အခန်းပြထားပုံထောက်ရင် သူ့ကိုစောင့်ကြည့်နေမှာစိုးရိမ်နေပုံပါပဲ။ ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့လမ်းမကြီးနဲ့ အိမ်ဖြူတော်မှာတိုက်ခိုက်နေတဲ့အခန်းတွေကိုလည်းတွေ့ရတဲ့အတွက် WW1984 မှာအာဏာရှင်အငွေ့အသက်လွှမ်းမိုးတဲ့နိုင်ငံရေးအခင်းအကျင်းကိုလည်းမြင်ရနိုင်ချေရှိပါတယ်။
Invisible Jet?
Diana နဲ့ Trevor တို့လေယာဉ်စီးရင်းမီးရှူးမီးပန်းတွေကိုကြည့်နေတဲ့ပြကွက်ကိုတွေ့တော့ Wonder Woman ရဲ့ Invisible Jet ပါမယ်လို့တွေးမိပါတယ်။ Wonder Woman ကိုဖန်တီးခဲ့တဲ့စိတ်ပညာရှင်နဲ့ ရုပ်ပြရေးဆွဲသူ William Moulton Marston ဟာ ၁၉၃၀၀န်းကျင်ကအမျိုးသမီးတွေအနေနဲ့လုပ်ငန်းခွင်မှာဝင်ဆံ့ဖို့ အမျိုးသားတွေအနှောင့်အယှက်မဖြစ်မိအောင်ရို့ရို့ကျိုးကျိုးနေခဲ့ရတဲ့အတွက် invisible ဖြစ်နေတယ်ဆိုတဲ့တင်စားချက်နဲ့ Invisible Jet ကိုတီထွင်ခဲ့တာပါ။
Bana-Mighdall
Amazon စစ်သည်တော်လိုပုံစံတွေဝတ်ပြီး လေ့ကျင့်နေကြတဲ့အခန်းကိုတွေ့ရတော့ fan တချို့ကအီဂျစ်ပြည်မှာရှိတဲ့ Bana-Mighdall လို့ခန့်မှန်းကြတယ်။ ဒီမြို့ဟာ Themyscira ကနေခွဲထွက်လာတဲ့ Amazon စစ်သည်တော်တွေနေထိုင်ရာအရပ်ပါ။ သူတို့ဟာ အိုလံပီယာနတ်ဘုရားတွေကိုဆန့်ကျင်ပြီး သူတို့ကိုရန်ပြုခဲ့တဲ့လူသားမျိုးနွယ်အပေါ်လက်စားချေဖို့ သံဓိဌာန်ချထားသူတွေလည်းဖြစ်ပါတယ်။ ဝတ်စားဆင်ယင်ပုံက Themyscira နဲ့အနည်းငယ်ကွဲပြားပြီး ရန်လိုဒေါသကြီးတဲ့ Amazon တွေပါ။
Daughter of Zeus
Trailer ထဲမှာမိုးကြိုးသွားတွေကို Magic Lasso နဲ့ရစ်ပတ်ပြီးခုန်ကူးသွားလာနေတဲ့ပြကွက်ဟာ မိုးကြိုးနတ်ဘုရား Zeus ရဲ့သမီးတော် Diana အနေနဲ့လျှပ်စစ်နဲ့မိုးကြိုးအပေါ်လွှမ်းမိုးနိုင်စွမ်းရှိတယ်ဆိုတာပြသခြင်းပဲဖြစ်ပါတယ်။ ပထမကားမှာလည်း Ares ရဲ့မိုးကြိုးသွားကိုလမ်းလွှဲပြီး Ares ကိုပြန်သတ်တာကိုကြည့်ခြင်းဖြင့် Diana ဟာသူ့ဖခင်လောက်မစွမ်းရင်တောင် လျှပ်စစ်နဲ့မိုးကြိုးရန်ကိုခံနိုင်ရည်ရှိပုံပါပဲ။