ၿဗိတိန္သိပၸံပညာရွင္ေတြဟာ သုေတသနတစ္ခုကိုျပဳလုပ္ရင္း ကင္ဆာဆဲလ္အမ်ားစုကို ေခ်မႈန္းႏိုင္စြမ္းရွိတဲ့ Immune ဆဲလ္သစ္တစ္မ်ိဳးကို မေတာ္တဆေတြ့ရွိခဲ့ၾကပါတယ္။ ဒါက ကင္ဆာေရာဂါကို အၿပီးသတ္ကုသႏိုင္ေစမယ့္ လမ္းစတစ္ခု ရွာေဖြေတြ့ရွိမႈလို႔ပဲ ဆိုရမွာပါ။
အဂၤလန္ႏိုင္ငံ Cardiff University က ၿဗိတိန္သိပၸံပညာရွင္ေတြဟာ သုေတသနတစ္ခုမွာ အရင္ကမေတြ့ဖူးတဲ့ T-Cell အသစ္တစ္ခုကို ေသြးထဲမွာေတြ့ခဲ့တာျဖစ္ပါတယ္။

ဒီဆဲလ္မ်ိဳးက က်န္းမာသန္စြမ္းေနတဲ့ဆဲလ္ေတြကို မတိုက္ခိုက္ဘဲ ကင္ဆာဆဲလ္ေတြ ကိုသာ ပစ္မွတ္ထားတိုက္ခိုက္ေခ်မႈန္းတဲ့ immune ဆဲလ္အမ်ိဳးအစားပါ။ မူလျပဳလုပ္တဲ့သုေတသနက ဘက္တီးရီးယားေတြကိုတိုက္ဖ်က္ဖို႔ နည္းလမ္းရွာေဖြလိုတာျဖစ္ခဲ့ေပမဲ့ အခုလိုမေတာ္တဆေတြ့ရွိမႈဟာ ေဆးပညာသမိုင္းမွာ ႀကီးမားတဲ့ရွာေဖြေတြ႕ရွိမႈတစ္ခုျဖစ္လာခဲ့ၿပီး ကင္ဆာေဝဒနာရွင္မ်ားစြာရဲ႕အသက္ေတြကိုလည္း ကယ္တင္ႏိုင္လာေတာ့မွာျဖစ္ပါတယ္။
သုေတသနျပဳသူေတြရဲ႕ လက္ရွိေတြ့ရွိထားမႈအရ T-Cell အသစ္ဟာ အဆုတ္၊ အေရျပား၊ ေသြး၊ ရင္သား၊ အူမႀကီး၊ အ႐ိုး၊ ေက်ာက္ကပ္၊ သုက္ရည္ဂလင္း၊ သားဥအိမ္နဲ႔ သားအိမ္ေခါင္း စတဲ့ အစိတ္အပိုင္းေတြက ကင္ဆာေရာဂါဆဲလ္ေတြကို ေခ်မႈန္းႏိုင္တယ္လို႔သိရပါတယ္။

ဒီရွာေဖြေတြ့ရွိမႈအသစ္က ကင္ဆာေဝဒနာရွင္ေတြရဲ႕ အသက္ဆက္ရွင္သန္ခြင့္အတြက္လည္း ႀကီးမားတဲ့ေမွ်ာ္လင့္ခ်က္အလင္းတစ္စ ျဖစ္လာခဲ့ပါၿပီ။
Ref: The Telegraph “Immune cell that kills most cancers discovered by accident by British scientists”
Soe Thiha Htun
Unicode
ဗြိတိန်သိပ္ပံပညာရှင်တွေဟာ သုတေသနတစ်ခုကိုပြုလုပ်ရင်း ကင်ဆာဆဲလ်အများစုကို ချေမှုန်းနိုင်စွမ်းရှိတဲ့ Immune ဆဲလ်သစ်တစ်မျိုးကို မတော်တဆတွေ့ရှိခဲ့ကြပါတယ်။ ဒါက ကင်ဆာရောဂါကို အပြီးသတ်ကုသနိုင်စေမယ့် လမ်းစတစ်ခု ရှာဖွေတွေ့ရှိမှုလို့ပဲ ဆိုရမှာပါ။
အင်္ဂလန်နိုင်ငံ Cardiff University က ဗြိတိန်သိပ္ပံပညာရှင်တွေဟာ သုတေသနတစ်ခုမှာ အရင်ကမတွေ့ဖူးတဲ့ T-Cell အသစ်တစ်ခုကို သွေးထဲမှာတွေ့ခဲ့တာဖြစ်ပါတယ်။
ဒီဆဲလ်မျိုးက ကျန်းမာသန်စွမ်းနေတဲ့ဆဲလ်တွေကို မတိုက်ခိုက်ဘဲ ကင်ဆာဆဲလ်တွေ ကိုသာ ပစ်မှတ်ထားတိုက်ခိုက်ချေမှုန်းတဲ့ immune ဆဲလ်အမျိုးအစားပါ။ မူလပြုလုပ်တဲ့သုတေသနက ဘက်တီးရီးယားတွေကိုတိုက်ဖျက်ဖို့ နည်းလမ်းရှာဖွေလိုတာဖြစ်ခဲ့ပေမဲ့ အခုလိုမတော်တဆတွေ့ရှိမှုဟာ ဆေးပညာသမိုင်းမှာ ကြီးမားတဲ့ရှာဖွေတွေ့ရှိမှုတစ်ခုဖြစ်လာခဲ့ပြီး ကင်ဆာဝေဒနာရှင်များစွာရဲ့အသက်တွေကိုလည်း ကယ်တင်နိုင်လာတော့မှာဖြစ်ပါတယ်။
သုတေသနပြုသူတွေရဲ့ လက်ရှိတွေ့ရှိထားမှုအရ T-Cell အသစ်ဟာ အဆုတ်၊ အရေပြား၊ သွေး၊ ရင်သား၊ အူမကြီး၊ အရိုး၊ ကျောက်ကပ်၊ သုက်ရည်ဂလင်း၊ သားဥအိမ်နဲ့ သားအိမ်ခေါင်း စတဲ့ အစိတ်အပိုင်းတွေက ကင်ဆာရောဂါဆဲလ်တွေကို ချေမှုန်းနိုင်တယ်လို့သိရပါတယ်။
ဒီရှာဖွေတွေ့ရှိမှုအသစ်က ကင်ဆာဝေဒနာရှင်တွေရဲ့ အသက်ဆက်ရှင်သန်ခွင့်အတွက်လည်း ကြီးမားတဲ့မျှော်လင့်ချက်အလင်းတစ်စ ဖြစ်လာခဲ့ပါပြီ။
Ref: The Telegraph “Immune cell that kills most cancers discovered by accident by British scientists”
Soe Thiha Htun