Bram Stoker ရဲ႕ Dracula ၀တၳဳကိုမသိတဲ့သူေတာ္ေတာ္နည္းမယ္ထင္ပါတယ္။ မူရင္း၀တၳဳကိုမဖတ္ဖူးရင္ေတာင္ ေသြးစုပ္ဖုတ္ေကာင္ျမိဳ႕စားၾကီး Count Dracula အေၾကာင္းကိုေတာ့ ပံုျပင္ေတြ ရုပ္ရွင္ေတြကတဆင့္ၾကားဖူးၾကလိမ့္မယ္။
Count Dracula ကိုပံုေဖာ္တဲ့ေနရာမွာ ရန္သူေတြကိုတံစို႔ထိုးျပီးသတ္ေလ့ရွိတဲ့ ရိုေမးနီးယားမင္းသား Vlad the Impaler ကိုမွီျငမ္းထားတယ္လို႔ တခ်ိဳ႕ကဆိုၾကျပီး Dracula ရဲ႕ျမိဳ႕ Transylvania ဟာလည္း ေသြးစုပ္ဖုတ္ေကာင္ပံုျပင္ဒ႑ာရီေတြရဲ႕ျမစ္ဖ်ားခံရာျဖစ္လာခဲ့ပါတယ္။ အခု BBC ကထုတ္လုပ္လိုက္တဲ့ Dracula mini-series ကေတာ့မူရင္း၀တၳဳထဲကအေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားကိုယူထားတာေတြ႔ရတယ္။
Sherlock စီးရီးကိုဖန္တီးခဲ့တဲ့ Mark Gatiss တို႔ရဲ႕လက္ရာပီပီ Dracula ဟာတပိုင္းကို ၁နာရီေက်ာ္ၾကာတဲ့အပိုင္း ၃ပိုင္းနဲ႔ဖြဲ႔စည္းထားျပီး ဇန္န၀ါရီ ၁ရက္ေန႔ကေနစထုတ္လႊင့္ပါတယ္။ ဒီေဆာင္းပါးကိုေတာ့ ပထမပိုင္းေပၚအေျခခံျပီးေရးထားတာပါ။
Jonathan Harker ဆုိတဲ့ေရွ႕ေနဟာ ဟန္ေဂရီကမယ္သီလရွင္ေက်ာင္းတေက်ာင္းမွာပုန္းခိုေနရင္း ျမိဳ႕စားၾကီး Dracula ရဲ႕စံအိမ္မွာ သူၾကံဳေတြ႔ခဲ့ရတဲ့အျဖစ္အပ်က္ေတြအေၾကာင္း မယ္သီလရွင္ ၂ပါးကိုေျပာျပေနပံုနဲ႔စတင္ထားတယ္။

သူဟာ Dracula အေနနဲ႔ အဂၤလန္ကိုေျပာင္းေရႊ႕တဲ့အခ်ိန္မွာလိုအပ္တဲ့စာရြက္စာတမ္းေတြလုပ္ေပးဖို႔ ႏွင္းေတြဖံုးလႊမ္းေနျပီးရာသီဥတုဆိုး၀ါးလွတဲ့ Transylvania က Dracula ရဲ႕စံအိမ္ကိုေရာက္လာတာပါ။ ေဒသခံေတြဟာစံအိမ္နားကိုသြားလိုဟန္မရွိၾကဘဲ သူ႔ကိုလည္းလက္၀ါးကပ္တိုင္ဆြဲၾကိဳးေလးေဆာင္သြားဖို႔ တုိက္တြန္းၾကတယ္။
Dracula ရဲ႕ရဲတိုက္ကိုေရာက္ျပီးေနာက္တေန႔မွာပဲ Jonathan အိပ္ခန္းထဲကျပတင္းေပါက္မွန္ကိုအျပင္ကေန လက္သည္းနဲ႔ျခစ္ျပီး help us (ငါတို႔ကိုကယ္ပါ) လို႔ စာေရးအကူအညီေတာင္းထားတာကိုေတြ႔ရပါတယ္။ အဲ့ဒါနဲ႔သူ႔လိုပဲဒီရဲတိုက္ထဲမွာေနေနတဲ့သူရွိရမယ္ဆိုျပီး Jonathan လည္းရဲတိုက္တခြင္လွည့္လည္ ရွာေဖြပါေတာ့တယ္။
Dracula က Jonathan ကိုသူနဲ႔အတူအဂၤလိပ္စကားေျပာေလ့က်င့္ဖို႔ တလေလာက္ေနပါဦးဆိုျပီး ေမတၱာရပ္ခံသလိုလိုနဲ႔ရဲတိုက္ထဲပိတ္ေလွာင္ထားတာကို Jonathan သတိျပဳမိလာတယ္။ ျမိဳ႕စားၾကီးဟာေန႔ခင္းဘက္ေတြဆို ရဲတိုက္ထဲမွာမရွိတတ္ဘဲ ညေရာက္မွသာ Jonathan ကိုဧည့္၀တ္ျပဳေလ့ရွိတယ္။ ရဲတိုက္ကိုေရာက္ခါစကအိုမင္းမစြမ္းျဖစ္ေနတဲ့ Dracula ဟာတေန႔တျခားႏုပ်ိဳလာျပီး Jonathan ကေတာ့တျဖည္းျဖည္းေသြးသားေျခာက္ခန္းအားနည္းလာပါတယ္။
ရဲတိုက္ထဲမွာသူတို႔ ၂ေယာက္ကလြဲျပီးဘယ္သူမွမရွိဘူးလို႔ Dracula ကေျပာေပမယ့္ အမွတ္တမဲ့ေတြ႔ရေလ့ရွိတဲ့ လူအရိပ္ေတြနဲ႔ အျမဲလိုလိုအဆင္သင့္ျဖစ္ေနတဲ့အစားအေသာက္ေတြကိုၾကည့္ျပီး ရဲတိုက္ထဲမွာသူ႔လိုပဲပိတ္ေလွာင္ခံထားရတဲ့သူရွိမရွိသိခ်င္တဲ့စိတ္ကပိုျပင္းျပလာပါေတာ့တယ္။ ဒါေပမယ့္ ရဲတိုက္ၾကီးရဲ႕အတြင္းပိုင္းဟာ၀ကၤပါလိုေလွခါးအထပ္ထပ္၊ အေဆာင္အမ်ိဳးမ်ိဳးနဲ႔ဖြဲ႔စည္းထားတဲ့အတြက္ ဘယ္လိုပဲၾကိဳးစားရွာေဖြေပမယ့္အခ်ည္းႏွီးျဖစ္ခဲ့ရပါတယ္။
တေန႔မွာေတာ့ ရဲတိုက္အတြင္းပိုင္းေျမပံုကိုရွာေဖြေတြ႔ရွိသြားခဲ့ျပီး Jonathan တေယာက္ Dracula ရဲ႕လွ်ိဳ႕၀ွက္ခ်က္ေတြကိုသိလိုက္ရတဲ့အခါမွာေတာ့…။
မူရင္း၀တၳဳနဲ႔ေတာ္ေတာ္မ်ားမ်ားနီးစပ္ေပမယ့္ တခ်ိဳ႕ေနရာေလးေတြမွာေတာ့ showrunner ေတြရဲ႕ကိုယ္ပိုင္ဖန္တီးမႈေတြကိုေတြ႔ရတယ္။ ဥပမာ Jonathan ကရဲတိုက္ထဲမွာပိတ္မိေနတဲ့သူေတြကို ရွာပံုေတာ္ဖြင့္တာ၊ ဟန္ေဂရီကမယ္သီလရွင္ေက်ာင္းမွာခိုလႈံတာေတြက မူရင္း၀တၳဳထဲမွာမပါပါဘူး။
ပံုစံအသစ္နဲ႔ေျပာထားတဲ့ပံုျပင္ေဟာင္းဟာ Dracula ပရိသတ္ေတြနဲ႔ ထိတ္လန္႔သည္းဖိုရုပ္ရွင္ၾကိဳက္သူေတြပါ သေဘာက်ေနၾကတယ္။ Netflix ကလည္း ဇန္န၀ါရီ ၄ရက္ေန႔ကစျပီးထုတ္လႊင့္ေနပါတယ္။ Dracula ရဲ႕ကမာၻဟာက်ယ္၀န္းလွျပီး တီထြင္ဆန္းသစ္မႈအမ်ိဳးမ်ိဳးလည္းလုပ္လို႔ရတာေၾကာင့္ Season 2 ထြက္လာဦးမလားလို႔လည္းေမွ်ာ္လင့္မိပါတယ္။
Unicode
Bram Stoker ရဲ့ Dracula ဝတ္ထုကိုမသိတဲ့သူတော်တော်နည်းမယ်ထင်ပါတယ်။ မူရင်းဝတ္ထုကိုမဖတ်ဖူးရင်တောင် သွေးစုပ်ဖုတ်ကောင်မြို့စားကြီး Count Dracula အကြောင်းကိုတော့ ပုံပြင်တွေ ရုပ်ရှင်တွေကတဆင့်ကြားဖူးကြလိမ့်မယ်။
Count Dracula ကိုပုံဖော်တဲ့နေရာမှာ ရန်သူတွေကိုတံစို့ထိုးပြီးသတ်လေ့ရှိတဲ့ ရိုမေးနီးယားမင်းသား Vlad the Impaler ကိုမှီငြမ်းထားတယ်လို့ တချို့ကဆိုကြပြီး Dracula ရဲ့မြို့ Transylvania ဟာလည်း သွေးစုပ်ဖုတ်ကောင်ပုံပြင်ဒဏ္ဍာရီတွေရဲ့မြစ်ဖျားခံရာဖြစ်လာခဲ့ပါတယ်။ အခု BBC ကထုတ်လုပ်လိုက်တဲ့ Dracula mini-series ကတော့မူရင်းဝတ္ထုထဲကအကြောင်းအရာတော်တော်များများကိုယူထားတာတွေ့ရတယ်။
Sherlock စီးရီးကိုဖန်တီးခဲ့တဲ့ Mark Gatiss တို့ရဲ့လက်ရာပီပီ Dracula ဟာတပိုင်းကို ၁နာရီကျော်ကြာတဲ့အပိုင်း ၃ပိုင်းနဲ့ဖွဲ့စည်းထားပြီး ဇန်နဝါရီ ၁ရက်နေ့ကနေစထုတ်လွှင့်ပါတယ်။ ဒီဆောင်းပါးကိုတော့ ပထမပိုင်းပေါ်အခြေခံပြီးရေးထားတာပါ။
Jonathan Harker ဆိုတဲ့ရှေ့နေဟာ ဟန်ဂေရီကမယ်သီလရှင်ကျောင်းတကျောင်းမှာပုန်းခိုနေရင်း မြို့စားကြီး Dracula ရဲ့စံအိမ်မှာ သူကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေအကြောင်း မယ်သီလရှင် ၂ပါးကိုပြောပြနေပုံနဲ့စတင်ထားတယ်။
သူဟာ Dracula အနေနဲ့ အင်္ဂလန်ကိုပြောင်းရွှေ့တဲ့အချိန်မှာလိုအပ်တဲ့စာရွက်စာတမ်းတွေလုပ်ပေးဖို့ နှင်းတွေဖုံးလွှမ်းနေပြီးရာသီဥတုဆိုးဝါးလှတဲ့ Transylvania က Dracula ရဲ့စံအိမ်ကိုရောက်လာတာပါ။ ဒေသခံတွေဟာစံအိမ်နားကိုသွားလိုဟန်မရှိကြဘဲ သူ့ကိုလည်းလက်ဝါးကပ်တိုင်ဆွဲကြိုးလေးဆောင်သွားဖို့ တိုက်တွန်းကြတယ်။
Dracula ရဲ့ရဲတိုက်ကိုရောက်ပြီးနောက်တနေ့မှာပဲ Jonathan အိပ်ခန်းထဲကပြတင်းပေါက်မှန်ကိုအပြင်ကနေ လက်သည်းနဲ့ခြစ်ပြီး help us (ငါတို့ကိုကယ်ပါ) လို့ စာရေးအကူအညီတောင်းထားတာကိုတွေ့ရပါတယ်။ အဲ့ဒါနဲ့သူ့လိုပဲဒီရဲတိုက်ထဲမှာနေနေတဲ့သူရှိရမယ်ဆိုပြီး Jonathan လည်းရဲတိုက်တခွင်လှည့်လည် ရှာဖွေပါတော့တယ်။
Dracula က Jonathan ကိုသူနဲ့အတူအင်္ဂလိပ်စကားပြောလေ့ကျင့်ဖို့ တလလောက်နေပါဦးဆိုပြီး မေတ္တာရပ်ခံသလိုလိုနဲ့ရဲတိုက်ထဲပိတ်လှောင်ထားတာကို Jonathan သတိပြုမိလာတယ်။ မြို့စားကြီးဟာနေ့ခင်းဘက်တွေဆို ရဲတိုက်ထဲမှာမရှိတတ်ဘဲ ညရောက်မှသာ Jonathan ကိုဧည့်ဝတ်ပြုလေ့ရှိတယ်။ ရဲတိုက်ကိုရောက်ခါစကအိုမင်းမစွမ်းဖြစ်နေတဲ့ Dracula ဟာတနေ့တခြားနုပျိုလာပြီး Jonathan ကတော့တဖြည်းဖြည်းသွေးသားခြောက်ခန်းအားနည်းလာပါတယ်။
ရဲတိုက်ထဲမှာသူတို့ ၂ယောက်ကလွဲပြီးဘယ်သူမှမရှိဘူးလို့ Dracula ကပြောပေမယ့် အမှတ်တမဲ့တွေ့ရလေ့ရှိတဲ့ လူအရိပ်တွေနဲ့ အမြဲလိုလိုအဆင်သင့်ဖြစ်နေတဲ့အစားအသောက်တွေကိုကြည့်ပြီး ရဲတိုက်ထဲမှာသူ့လိုပဲပိတ်လှောင်ခံထားရတဲ့သူရှိမရှိသိချင်တဲ့စိတ်ကပိုပြင်းပြလာပါတော့တယ်။ ဒါပေမယ့် ရဲတိုက်ကြီးရဲ့အတွင်းပိုင်းဟာဝင်္ကပါလိုလှေခါးအထပ်ထပ်၊ အဆောင်အမျိုးမျိုးနဲ့ဖွဲ့စည်းထားတဲ့အတွက် ဘယ်လိုပဲကြိုးစားရှာဖွေပေမယ့်အချည်းနှီးဖြစ်ခဲ့ရပါတယ်။
တနေ့မှာတော့ ရဲတိုက်အတွင်းပိုင်းမြေပုံကိုရှာဖွေတွေ့ရှိသွားခဲ့ပြီး Jonathan တယောက် Dracula ရဲ့လျှို့ဝှက်ချက်တွေကိုသိလိုက်ရတဲ့အခါမှာတော့…။
မူရင်းဝတ္ထုနဲ့တော်တော်များများနီးစပ်ပေမယ့် တချို့နေရာလေးတွေမှာတော့ showrunner တွေရဲ့ကိုယ်ပိုင်ဖန်တီးမှုတွေကိုတွေ့ရတယ်။ ဥပမာ Jonathan ကရဲတိုက်ထဲမှာပိတ်မိနေတဲ့သူတွေကို ရှာပုံတော်ဖွင့်တာ၊ ဟန်ဂေရီကမယ်သီလရှင်ကျောင်းမှာခိုလှုံတာတွေက မူရင်းဝတ္ထုထဲမှာမပါပါဘူး။
ပုံစံအသစ်နဲ့ပြောထားတဲ့ပုံပြင်ဟောင်းဟာ Dracula ပရိသတ်တွေနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ကြိုက်သူတွေပါ သဘောကျနေကြတယ်။ Netflix ကလည်း ဇန်နဝါရီ ၄ရက်နေ့ကစပြီးထုတ်လွှင့်နေပါတယ်။ Dracula ရဲ့ကမ္ဘာဟာကျယ်ဝန်းလှပြီး တီထွင်ဆန်းသစ်မှုအမျိုးမျိုးလည်းလုပ်လို့ရတာကြောင့် Season 2 ထွက်လာဦးမလားလို့လည်းမျှော်လင့်မိပါတယ်။