အီတလီအစားအေသာက္ေတြထဲမွာေတာ့ ပါစတာတို႔ ပီဇာတုိ႔ဆိုတာျမန္မာ foodie ေတြနဲ႔မစိမ္းပါဘူး။ ဒါေပမယ့္ Calzone (ကယ္လ္ဇုံ) ကေတာ့အသစ္အဆန္းျဖစ္ေနလိမ့္မယ္ထင္တယ္။
ဥေရာပကအစားအေသာက္ေတြကို ျမန္မာလူမ်ိဳးေတြနဲ႔မၾကာခဏမိတ္ဆက္ေပးေလ့ရွိတဲ့ Babett Yangon မွာ Calzone ကို ဇန္န၀ါရီနဲ႔ေဖေဖာ္၀ါရီလ ၂ လလံုးရေနပါျပီ။
ေနပယ္ျမိဳ႕မွာ ၁၈ရာစုႏွစ္ကတည္းကထြန္းကားခဲ့တဲ့ Calzone ကိုအရိုးရွင္းဆံုးအဓိပၸာယ္ေဖာ္ရရင္ေတာ့ ေခါက္ထားတဲ့ပီဇာေပါ့ဗ်ာ။ Babett မွာ Calzone ၅မ်ိဳရျပီး media tasting ပြဲမွာေတာ့ Camembert, Salmon နဲ႔ Original ဆိုတဲ့ အရသာ ၃မ်ိဳးျမည္းစမ္းခြင့္ရခဲ့ပါတယ္။

မုန္႔ေတြေရာက္လာေတာ့ခ်က္ခ်င္းမစားျဖစ္ေသးဘဲ ဓာတ္ပံုရိုက္ရင္း စားဖိုမွဴးနဲ႔စကားေျပာရင္း ၁၅မိနစ္ေလာက္ၾကာသြားေပမယ့္ Calzone ရဲ႕အတြင္းကအစာေတြဟာေႏြးေနေသးသလို cheese ေတြကလည္းခဲမသြားတာကိုေတြ႔ရတယ္။ ပီဇာဆိုရင္စားပြဲေပၚခ်ခ်ျခင္းပူလို႔ခ်က္ခ်င္းမစားမိတဲ့အခါ cheese ေတြေအးသြားတာ မုန္႔သားကမာသြားတာေတြၾကံဳဖူးမွာပါ။ Calzone မွာေတာ့ဒီလိုျပႆနာေတြမရွိဘူး။
ျပင္သစ္ကလာတဲ့ Camembert cheese နဲ႔လုပ္ထားတဲ့ Camembert Calzone ကေတာ့ cheese ၾကိဳက္တဲ့သူေတြသေဘာက်မယ္။ သူကအထဲမွာ အီတလီ၀က္ေပါင္သား (Parma ham) ပါျပီး အအီေျပေအာင္ခရမ္းခ်ဥ္သီးႏွစ္နဲ႔စပ္ထားေပးပါတယ္။
က်ေနာ့္အၾကိဳက္ဆံုးကေတာ့ Original Calzone ပါ။ သူကမူလအီတလီရိုးရာအရသာအတိုင္းလုပ္ထားျပီး မုန္႔ထဲမွာ ျပင္သစ္၀က္ေပါင္သား၊ မႈိ၊ mozzarella cheese တို႔ပါပါတယ္။ ၾကက္ဥအႏွစ္ထည့္ထားတဲ့အတြက္ တကိုက္ကိုက္လိုက္တုိင္းဆိမ့္ေနတယ္။
Salmon မွ salmon ဆိုတဲ့သူေတြကေတာ့ Salmon Calzone ကိုေရြးဗ်။ သူကနဲ႔မုန္႔ထဲမွာက်ပ္တိုက္ထားတဲ့ salmon အသား၊ ခရမ္းခ်ဥ္သီး၊ mozzarella cheese ေတြအစာသြပ္ထားတာ။ သူ႔ထဲမွာပါတဲ့ၾကက္သြန္နီက confit ဆိုတဲ့ယိုပံုစံလုပ္ထားတာမို႔ ခ်ိဳတဲ့အရသာရွိျပီး salmon က်ပ္တိုက္ရဲ႕အငံကိုထိန္းေပးတယ္။ ပင္လယ္စာၾကိဳက္တဲ့သူေတြအတြက္ Seafood Calzone နဲ႔ အမဲသားစားတဲ့သူေတြအတြက္ Bolognese Calzone ေတြလည္းရွိပါေသးတယ္။

၀ိုင္ၾကိဳက္တယ္ဆိုရင္ အီတလီ၀ိုင္ေတြျဖစ္တဲ့ Piccini Rosso တို႔ Collezione Oro တို႔ရွိပါတယ္။ လူငယ္ပီပီဘီယာၾကိဳက္တယ္ဆိုရင္လည္း Calzone ကဘီယာနဲ႔လိုက္ဖက္တဲ့အစားအစာမ်ိဳးပါ။ တခုကို ၁၈၀၀၀ ဆိုေတာ့ ပီဇာတခ်ပ္ေစ်းႏႈန္းေလာက္ပါပဲ။ စားေနက်ပီဇာေတြစားမယ့္အစား အသစ္အဆန္းျဖစ္ျပီးဆိုင္ေတြမွာေတြ႔ရခဲတဲ့ Calzone ကိုစားရင္း ပိတ္ရက္ကိုျဖတ္သန္းလိုက္ရေအာင္။
Babett Yangon
အမွတ္ ၅၊ အလံျပဘုရားလမ္း၊ ရန္ကုန္။
7 am – 1 am
01 824 3639
…………..
ခေါက်ထားတဲ့ပီဇာ (သို့) Calzone
အီတလီအစားအသောက်တွေထဲမှာတော့ ပါစတာတို့ ပီဇာတို့ဆိုတာမြန်မာ foodie တွေနဲ့မစိမ်းပါဘူး။ ဒါပေမယ့် Calzone (ကယ်လ်ဇုံ) ကတော့အသစ်အဆန်းဖြစ်နေလိမ့်မယ်ထင်တယ်။
ဥရောပကအစားအသောက်တွေကို မြန်မာလူမျိုးတွေနဲ့မကြာခဏမိတ်ဆက်ပေးလေ့ရှိတဲ့ Babett မှာ Calzone ကို ဇန်နဝါရီနဲ့ဖေဖော်ဝါရီလ ၂ လလုံးရနေပါပြီ။
နေပယ်မြို့မှာ ၁၈ရာစုနှစ်ကတည်းကထွန်းကားခဲ့တဲ့ Calzone ကိုအရိုးရှင်းဆုံးအဓိပ္ပာယ်ဖော်ရရင်တော့ ခေါက်ထားတဲ့ပီဇာပေါ့ဗျာ။ Babett မှာ Calzone ၅မျိုရပြီး media tasting ပွဲမှာတော့ Camembert, Salmon နဲ့ Original ဆိုတဲ့ အရသာ ၃မျိုးမြည်းစမ်းခွင့်ရခဲ့ပါတယ်။
မုန့်တွေရောက်လာတော့ချက်ချင်းမစားဖြစ်သေးဘဲ ဓာတ်ပုံရိုက်ရင်း စားဖိုမှူးနဲ့စကားပြောရင်း ၁၅မိနစ်လောက်ကြာသွားပေမယ့် Calzone ရဲ့အတွင်းကအစာတွေဟာနွေးနေသေးသလို cheese တွေကလည်းခဲမသွားတာကိုတွေ့ရတယ်။ ပီဇာဆိုရင်စားပွဲပေါ်ချချခြင်းပူလို့ချက်ချင်းမစားမိတဲ့အခါ cheese တွေအေးသွားတာ မုန့်သားကမာသွားတာတွေကြုံဖူးမှာပါ။ Calzone မှာတော့ဒီလိုပြဿနာတွေမရှိဘူး။
ပြင်သစ်ကလာတဲ့ Camembert cheese နဲ့လုပ်ထားတဲ့ Camembert Calzone ကတော့ cheese ကြိုက်တဲ့သူတွေသဘောကျမယ်။ သူကအထဲမှာ အီတလီဝက်ပေါင်သား (Parma ham) ပါပြီး အအီပြေအောင်ခရမ်းချဉ်သီးနှစ်နဲ့စပ်ထားပေးပါတယ်။
ကျနော့်အကြိုက်ဆုံးကတော့ Original Calzone ပါ။ သူကမူလအီတလီရိုးရာအရသာအတိုင်းလုပ်ထားပြီး မုန့်ထဲမှာ ပြင်သစ်ဝက်ပေါင်သား၊ မှို၊ mozzarella cheese တို့ပါပါတယ်။ ကြက်ဥအနှစ်ထည့်ထားတဲ့အတွက် တကိုက်ကိုက်လိုက်တိုင်းဆိမ့်နေတယ်။
Salmon မှ salmon ဆိုတဲ့သူတွေကတော့ Salmon Calzone ကိုရွေးဗျ။ သူကနဲ့မုန့်ထဲမှာကျပ်တိုက်ထားတဲ့ salmon အသား၊ ခရမ်းချဉ်သီး၊ mozzarella cheese တွေအစာသွပ်ထားတာ။ သူ့ထဲမှာပါတဲ့ကြက်သွန်နီက confit ဆိုတဲ့ယိုပုံစံလုပ်ထားတာမို့ ချိုတဲ့အရသာရှိပြီး salmon ကျပ်တိုက်ရဲ့အငံကိုထိန်းပေးတယ်။ ပင်လယ်စာကြိုက်တဲ့သူတွေအတွက် Seafood Calzone နဲ့ အမဲသားစားတဲ့သူတွေအတွက် Bolognese Calzone တွေလည်းရှိပါသေးတယ်။
ဝိုင်ကြိုက်တယ်ဆိုရင် အီတလီဝိုင်တွေဖြစ်တဲ့ Piccini Rosso တို့ Collezione Oro တို့ရှိပါတယ်။ လူငယ်ပီပီဘီယာကြိုက်တယ်ဆိုရင်လည်း Calzone ကဘီယာနဲ့လိုက်ဖက်တဲ့အစားအစာမျိုးပါ။ တခုကို ၁၈၀၀၀ ဆိုတော့ ပီဇာတချပ်ဈေးနှုန်းလောက်ပါပဲ။ စားနေကျပီဇာတွေစားမယ့်အစား အသစ်အဆန်းဖြစ်ပြီးဆိုင်တွေမှာတွေ့ရခဲတဲ့ Calzone ကိုစားရင်း ပိတ်ရက်ကိုဖြတ်သန်းလိုက်ရအောင်။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
7 am – 1 am
01 824 3639