Advertisement

ကာတြန္းရုပ္ရွင္ (animated films) ခ်စ္သူေတြအတြက္ Netflix မွာနာမည္ၾကီးေနတဲ့ရုပ္ရွင္ေတြကို ေဖာ္ျပေပးလိုက္ပါတယ္။ Country restriction ေၾကာင့္ Netflix Myanmar domain မွာရွာမရရင္လည္း ထံုးစံအတိုင္း third-party website ေတြကရွာေပါ့ေနာ္။

Flavors of Youth

ဂ်ပန္နဲ႔တရုတ္ဖက္စပ္ထုတ္လုပ္ထားတဲ့ တရုတ္စကားေျပာ ကာတြန္းရုပ္ရွင္ Flavors of Youth ဟာ ၂၀၁၈ခုႏွစ္ကတည္းကထြက္ရွိထားေပမယ့္ အခုထိနာမည္ၾကီးေနဆဲပါ။ Your Name နဲ႔ 5 Centimeters per Second တို႔ကိုထုတ္လုပ္ခဲ့တဲ့ CoMix Wave က animation ပိုင္းတာ၀န္ယူထားေတာ့ ရုပ္ထြက္ေတြကေတာ့ၾကြရြေနတယ္။ တရုတ္ဒါရိုက္တာ Li Haoling ကတရုတ္ျပည္မွာရုန္းကန္လႈပ္ရွားေနၾကတဲ့လူငယ္ေတြရဲ႕ ဘ၀ျဖတ္သန္းမႈကို ဇာတ္လမ္း ၃ခုနဲ႔ေဖာ္ျပထားတယ္။ ပထမပိုင္း Rice Noodles မွာတရုတ္လူမ်ိဳးေတြရဲ႕အဓိကအစားအစာ ဆန္ေခါက္ဆြဲနဲ႔ ေျမးအဘြား ၂ေယာက္ရဲ႕သံေယာဇဥ္ကိုေရးဖြဲ႔ထားတယ္။ ဒုတိယပိုင္း A Little Fashion Show ကေတာ့နာမည္က်စျပဳေနတဲ့ေမာ္ဒယ္တေယာက္နဲ႔သူ႔ညီမတို႔ အခက္အခဲအမ်ိဳးမ်ိဳးရင္ဆိုင္ၾကရပံုကို ေျပာျပထားျပီး တတိယပိုင္း Love Story in Shanghai မွာေတာ့ငယ္ကၽြမ္းေဆြ ၂ေယာက္ရဲ႕ခ်စ္ပံုျပင္ကို ၾကည့္ရပါလိမ့္မယ္။ ဇာတ္လမ္းေလးေတြကရိုးရွင္းျပီး လက္ေတြ႔က်တဲ့အတြက္ခံစားနားလည္ရလြယ္တယ္။ Post-credit scene ပါတဲ့အတြက္စာတန္းထိုးတာကိုျပီးတဲ့အထိၾကည့္ပါလို႔အၾကံျပဳခ်င္ပါတယ္။

ဂျပန်နဲ့တရုတ်ဖက်စပ်ထုတ်လုပ်ထားတဲ့ တရုတ်စကားပြော ကာတွန်းရုပ်ရှင် Flavors of Youth ဟာ ၂၀၁၈ခုနှစ်ကတည်းကထွက်ရှိထားပေမယ့် အခုထိနာမည်ကြီးနေဆဲပါ။ Your Name နဲ့ 5 Centimeters per Second တို့ကိုထုတ်လုပ်ခဲ့တဲ့ CoMix Wave က animation ပိုင်းတာဝန်ယူထားတော့ ရုပ်ထွက်တွေကတော့ကြွရွနေတယ်။ တရုတ်ဒါရိုက်တာ Li Haoling ကတရုတ်ပြည်မှာရုန်းကန်လှုပ်ရှားနေကြတဲ့လူငယ်တွေရဲ့ ဘဝဖြတ်သန်းမှုကို ဇာတ်လမ်း ၃ခုနဲ့ဖော်ပြထားတယ်။ ပထမပိုင်း Rice Noodles မှာတရုတ်လူမျိုးတွေရဲ့အဓိကအစားအစာ ဆန်ခေါက်ဆွဲနဲ့ မြေးအဘွား ၂ယောက်ရဲ့သံယောဇဉ်ကိုရေးဖွဲ့ထားတယ်။ ဒုတိယပိုင်း A Little Fashion Show ကတော့နာမည်ကျစပြုနေတဲ့မော်ဒယ်တယောက်နဲ့သူ့ညီမတို့ အခက်အခဲအမျိုးမျိုးရင်ဆိုင်ကြရပုံကို ပြောပြထားပြီး တတိယပိုင်း Love Story in Shanghai မှာတော့ငယ်ကျွမ်းဆွေ ၂ယောက်ရဲ့ချစ်ပုံပြင်ကို ကြည့်ရပါလိမ့်မယ်။ ဇာတ်လမ်းလေးတွေကရိုးရှင်းပြီး လက်တွေ့ကျတဲ့အတွက်ခံစားနားလည်ရလွယ်တယ်။ Post-credit scene ပါတဲ့အတွက်စာတန်းထိုးတာကိုပြီးတဲ့အထိကြည့်ပါလို့အကြံပြုချင်ပါတယ်။

A Silent Voice

K-On! နဲ႔ Violet Evergarden တို႔ကိုထုတ္လုပ္ခဲ့တဲ့ Kyoto Animation ရဲ႕ masterpiece တခုလို႔ေျပာရမယ့္ A Silent Voice ဟာခြင့္လႊတ္မႈ၊ ခ်စ္ျခင္းေမတၱာနဲ႔ ေနာင္တတို႔အေၾကာင္းျခယ္မႈန္းထားပါတယ္။ အထက္တန္းေက်ာင္းသား Shoya ဟာသူတို႔အတန္းထဲကိုအသစ္ေရာက္လာတဲ့ ဆြံ႔အနားမၾကား Shoko ကိုအျမဲလိုလိုအႏိုင္က်င့္ခဲ့တယ္။ တေန႔မွာသူအႏိုင္က်င့္တာေတြကိုေက်ာင္းအုပ္ကသိသြားလို႔ အျပစ္ေပးခံခဲ့ရတယ္။ အဲ့ဒီေနာက္မွာေတာ့တတန္းလံုးက Shoya ကို၀ိုင္းၾကဥ္ခဲ့ၾကျပီး သူကိုယ္တိုင္အႏိုင္က်င့္ခံရတဲ့ဘ၀ေရာက္သြားပါေတာ့တယ္။ Shoko ကလည္းေက်ာင္းမွာေနရတာ အဆင္မေျပေတာ့တဲ့အတြက္ တျခားေက်ာင္းတေက်ာင္းေျပာင္းခဲ့ရပါတယ္။ ေနာင္တရသြားတဲ့ Shoya ဟာ Shoko ကိုေတာင္းပန္ျပီးဆက္ဆံေရးျပန္လည္တည္ေဆာက္ဖို႔ၾကိဳးစားပါေတာ့တယ္။

K-On! နဲ့ Violet Evergarden တို့ကိုထုတ်လုပ်ခဲ့တဲ့ Kyoto Animation ရဲ့ masterpiece တခုလို့ပြောရမယ့် A Silent Voice ဟာခွင့်လွှတ်မှု၊ ချစ်ခြင်းမေတ္တာနဲ့ နောင်တတို့အကြောင်းခြယ်မှုန်းထားပါတယ်။ အထက်တန်းကျောင်းသား Shoya ဟာသူတို့အတန်းထဲကိုအသစ်ရောက်လာတဲ့ ဆွံ့အနားမကြား Shoko ကိုအမြဲလိုလိုအနိုင်ကျင့်ခဲ့တယ်။ တနေ့မှာသူအနိုင်ကျင့်တာတွေကိုကျောင်းအုပ်ကသိသွားလို့ အပြစ်ပေးခံခဲ့ရတယ်။ အဲ့ဒီနောက်မှာတော့တတန်းလုံးက Shoya ကိုဝိုင်းကြဉ်ခဲ့ကြပြီး သူကိုယ်တိုင်အနိုင်ကျင့်ခံရတဲ့ဘဝရောက်သွားပါတော့တယ်။ Shoko ကလည်းကျောင်းမှာနေရတာ အဆင်မပြေတော့တဲ့အတွက် တခြားကျောင်းတကျောင်းပြောင်းခဲ့ရပါတယ်။ နောင်တရသွားတဲ့ Shoya ဟာ Shoko ကိုတောင်းပန်ပြီးဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့ကြိုးစားပါတော့တယ်။

Mary and the Witch’s Flower

Studio Ghibli ရဲ႕ Kiki’s Delivery Service ကိုသေဘာက်တယ္ဆိုရင္ Studio Ponoc ရဲ႕ Mary and the Witch’s Flower ကိုလည္းအၾကိဳက္ေတြ႔ပါလိမ့္မယ္။ ဆံပင္အနီေရာင္ရွိတဲ့ Mary Smith ဟာအဂၤလန္ႏုိင္ငံေျမာက္ပိုင္းက သူ႔အေဒၚရဲ႕အိမ္မွာခဏသြားေနတုန္း စုန္းမေတြအျမတ္တႏိုးထားတဲ့ fly-by-night ပန္းကိုအမွတ္မထင္ေတြ႔ခဲ့ရာကေန တိမ္ေတြၾကားကစုန္းအတတ္ပညာသင္ေက်ာင္းကို ေရာက္ရွိသြားပါတယ္။ သူစိမ္းတို႔ရဲ႕အလယ္မွာတေယာက္တည္းျဖစ္ေနတဲ့ Mary တေယာက္ သူ႔အိမ္ကိုျပန္ႏိုင္ဖို႔ၾကိဳးစားရပါေတာ့တယ္။ ဒီရုပ္ရွင္မွာကေလးမေလးတေယာက္ရဲ႕ ပံုျပင္ဆန္ဆန္စြန္႔စားခန္းအေၾကာင္း ေပါ့ပါးသြက္လက္စြာသရုပ္ေဖာ္ထားတယ္။

Studio Ghibli ရဲ့ Kiki’s Delivery Service ကိုသဘောကျတယ်ဆိုရင် Studio Ponoc ရဲ့ Mary and the Witch’s Flower ကိုလည်းအကြိုက်တွေ့ပါလိမ့်မယ်။ ဆံပင်အနီရောင်ရှိတဲ့ Mary Smith ဟာအင်္ဂလန်နိုင်ငံမြောက်ပိုင်းက သူ့အဒေါ်ရဲ့အိမ်မှာခဏသွားနေတုန်း စုန်းမတွေအမြတ်တနိုးထားတဲ့ fly-by-night ပန်းကိုအမှတ်မထင်တွေ့ခဲ့ရာကနေ တိမ်တွေကြားကစုန်းအတတ်ပညာသင်ကျောင်းကို ရောက်ရှိသွားပါတယ်။ သူစိမ်းတို့ရဲ့အလယ်မှာတယောက်တည်းဖြစ်နေတဲ့ Mary တယောက် သူ့အိမ်ကိုပြန်နိုင်ဖို့ကြိုးစားရပါတော့တယ်။ ဒီရုပ်ရှင်မှာကလေးမလေးတယောက်ရဲ့ ပုံပြင်ဆန်ဆန်စွန့်စားခန်းအကြောင်း ပေါ့ပါးသွက်လက်စွာသရုပ်ဖော်ထားတယ်။

I Lost My Body

ကာတြန္းရုပ္ရွင္ပရိသတ္ေတြသိပ္မရင္းႏွီးေသးတဲ့ ျပင္သစ္စကားေျပာကာတြန္းရုပ္ရွင္ပါ။ ၂၀၁၉ ခုႏွစ္ Cannes Film Festival မွာ Nespresso Grand Prize ရထားတဲ့ပထမဆံုးကာတြန္းရုပ္ရွင္ျဖစ္လို႔ တာထြက္ေကာင္းခဲ့တယ္လို႔ေျပာရမယ္။ ဇာတ္လမ္းကလည္းေတာ္ေတာ္ဆန္းပါတယ္။ Naoufel ဆိုတဲ့ေကာင္ေလးတေယာက္လက္ျပတ္သြားျပီး အဲ့ဒီလက္ျပတ္ၾကီးဟာဓာတ္ခြဲခန္းတခုကေန သူ႔ပိုင္ရွင္ Naoufel ကိုလိုက္ရွာတဲ့ဇာတ္လမ္းပါ။ အတိတ္နဲ႔ပစၥပၸဳန္ကိုတျပိဳင္နက္ျပသတဲ့ non-linear ပံုစံနဲ႔တင္ဆက္ထားပါတယ္။ လက္ျပတ္ၾကီးကသူ႔ပိုင္ရွင္ဆီခရီးႏွင္ေနတုန္းမွာပဲ အတိတ္က Naoufel နဲ႔ သူသေဘာက်ေနတဲ့ေကာင္မေလး Gabrielle တို႔ရဲ႕အခ်စ္ဇာတ္လမ္းကိုလည္းၾကည့္ၾကရမယ္။ သမားရိုးက်ဇာတ္လမ္းေတြကေနကြဲထြက္လာတဲ့ကာတြန္းရုပ္ရွင္ပါ။

ကာတွန်းရုပ်ရှင်ပရိသတ်တွေသိပ်မရင်းနှီးသေးတဲ့ ပြင်သစ်စကားပြောကာတွန်းရုပ်ရှင်ပါ။ ၂၀၁၉ ခုနှစ် Cannes Film Festival မှာ Nespresso Grand Prize ရထားတဲ့ပထမဆုံးကာတွန်းရုပ်ရှင်ဖြစ်လို့ တာထွက်ကောင်းခဲ့တယ်လို့ပြောရမယ်။ ဇာတ်လမ်းကလည်းတော်တော်ဆန်းပါတယ်။ Naoufel ဆိုတဲ့ကောင်လေးတယောက်လက်ပြတ်သွားပြီး အဲ့ဒီလက်ပြတ်ကြီးဟာဓာတ်ခွဲခန်းတခုကနေ သူ့ပိုင်ရှင် Naoufel ကိုလိုက်ရှာတဲ့ဇာတ်လမ်းပါ။ အတိတ်နဲ့ပစ္စပ္ပုန်ကိုတပြိုင်နက်ပြသတဲ့ non-linear ပုံစံနဲ့တင်ဆက်ထားပါတယ်။ လက်ပြတ်ကြီးကသူ့ပိုင်ရှင်ဆီခရီးနှင်နေတုန်းမှာပဲ အတိတ်က Naoufel နဲ့ သူသဘောကျနေတဲ့ကောင်မလေး Gabrielle တို့ရဲ့အချစ်ဇာတ်လမ်းကိုလည်းကြည့်ကြရမယ်။ သမားရိုးကျဇာတ်လမ်းတွေကနေကွဲထွက်လာတဲ့ကာတွန်းရုပ်ရှင်ပါ။

Big Fish & Begonia

ပန္းခ်ီကားထဲေရာက္ေနသလိုလွပတဲ့ျပကြက္ေတြနဲ႔ဒီတရုတ္စကားေျပာကာတြန္းရုပ္ရွင္ဟာ ႏိုင္ငံတကာမွာေတာ့ ေတာ္ေတာ္ေအာင္ျမင္ေက်ာ္ၾကားခဲ့ပါတယ္။ ပဥၥလက္ကမာၻတခုက Chun ဆိုတဲ့မိန္းကေလးဟာ လင္းပိုင္နီအျဖစ္အသြင္ေျပာင္းရင္းလူ႔ျပည္အေၾကာင္းေလ့လာဖို႔ခရီးထြက္လာခဲ့ပါတယ္။ အဲ့ဒီမွာစိတ္သေဘာထားျဖဴစင္တဲ့ေက်းေတာသားေလးတေယာက္နဲ႔ေတြ႔ျပီး သူတို႔ ၂ေယာက္ရဲ႕ကံၾကမၼာေျပာင္းလဲဖို႔အေၾကာင္းဖန္လာပါေတာ့တယ္။ ခက္ခဲနက္နဲတဲ့ ေသျခင္းရွင္ျခင္းၾကားကအျဖစ္အပ်က္ေတြနဲ႔ စိတ္ကူးယဥ္ဆန္တဲ့ဇာတ္လမ္းတို႔ေၾကာင့္ ကေလးပရိသတ္ေတြထက္စာရင္ လူၾကီးပရိသတ္အတြက္ပိုသင့္ေတာ္တဲ့ကာတြန္းရုပ္ရွင္ျဖစ္ပါတယ္။

ပန်းချီကားထဲရောက်နေသလိုလှပတဲ့ပြကွက်တွေနဲ့ဒီတရုတ်စကားပြောကာတွန်းရုပ်ရှင်ဟာ နိုင်ငံတကာမှာတော့ တော်တော်အောင်မြင်ကျော်ကြားခဲ့ပါတယ်။ ပဉ္စလက်ကမ္ဘာတခုက Chun ဆိုတဲ့မိန်းကလေးဟာ လင်းပိုင်နီအဖြစ်အသွင်ပြောင်းရင်းလူ့ပြည်အကြောင်းလေ့လာဖို့ခရီးထွက်လာခဲ့ပါတယ်။ အဲ့ဒီမှာစိတ်သဘောထားဖြူစင်တဲ့ကျေးတောသားလေးတယောက်နဲ့တွေ့ပြီး သူတို့ ၂ယောက်ရဲ့ကံကြမ္မာပြောင်းလဲဖို့အကြောင်းဖန်လာပါတော့တယ်။ ခက်ခဲနက်နဲတဲ့ သေခြင်းရှင်ခြင်းကြားကအဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်တဲ့ဇာတ်လမ်းတို့ကြောင့် ကလေးပရိသတ်တွေထက်စာရင် လူကြီးပရိသတ်အတွက်ပိုသင့်တော်တဲ့ကာတွန်းရုပ်ရှင်ဖြစ်ပါတယ်။

In This Corner of the World

၂၀၁၆ခုႏွစ္ကတည္းကထြက္ရွိထားျပီး အရမ္းေအာင္ျမင္ခဲ့တာမို႔ ေတာ္ေတာ္မ်ားမ်ားကေတာ့ၾကည့္ျပီးျဖစ္မွာပါ။ ဒီရုပ္ရွင္မွာဒုတိယကမာၻမတိုင္ခင္ကာလနဲ႔ ဟီရိုရွီးမားအႏုျမဴဗံုးက်ဲခံခဲ့ရျပီးကာလ ၂ခုၾကားက ဂ်ပန္ျပည္ေက်းလတ္ျပည္သူေတြရဲ႕ဘ၀ကို Suzu ဆိုတဲ့မိန္းကေလးရဲ႕ရႈေထာင့္ကတဆင့္ေျပာျပထားတယ္။ အာဏာနဲ႔အမ်ိဳးသားေရးလကၡဏာအတြက္စစ္မက္ျဖစ္ပြားၾကေပမယ့္ ေနာက္ဆံုးဒုကၡဆင္းရဲခံစားရတဲ့သူေတြက အျပစ္မဲ့ျပည္သူေတြသာျဖစ္ေၾကာင္းသိျပီးတဲ့ေနာက္ ဂ်ပန္စစ္တပ္နဲ႔ဂ်ပန္ျပည္သူေတြကို ခြဲျခားျမင္လာပါလိမ့္မယ္။ ဗံုးက်ဲခံရျပီးေနာက္ေပ်ာက္ကြယ္သြားတဲ့ ေက်းလတ္ေဒသကိုျပန္ပံုေဖာ္တဲ့ေနရာမွာဓာတ္ပံုအေဟာင္းေတြ သတင္းစာမွတ္တမ္းမွတ္ရာေတြကို အေျခခံထားတဲ့အတြက္လက္ေတြ႔နဲ႔အနီးစပ္ဆံုးတူညီတဲ့ရႈခင္းေတြကို ပန္းခ်ီကားတခ်ပ္လိုေတြ႔ျမင္ခံစားရမွာပါ။

၂၀၁၆ခုနှစ်ကတည်းကထွက်ရှိထားပြီး အရမ်းအောင်မြင်ခဲ့တာမို့ တော်တော်များများကတော့ကြည့်ပြီးဖြစ်မှာပါ။ ဒီရုပ်ရှင်မှာဒုတိယကမ္ဘာမတိုင်ခင်ကာလနဲ့ ဟီရိုရှီးမားအနုမြူဗုံးကျဲခံခဲ့ရပြီးကာလ ၂ခုကြားက ဂျပန်ပြည်ကျေးလတ်ပြည်သူတွေရဲ့ဘဝကို Suzu ဆိုတဲ့မိန်းကလေးရဲ့ရှုထောင့်ကတဆင့်ပြောပြထားတယ်။ အာဏာနဲ့အမျိုးသားရေးလက္ခဏာအတွက်စစ်မက်ဖြစ်ပွားကြပေမယ့် နောက်ဆုံးဒုက္ခဆင်းရဲခံစားရတဲ့သူတွေက အပြစ်မဲ့ပြည်သူတွေသာဖြစ်ကြောင်းသိပြီးတဲ့နောက် ဂျပန်စစ်တပ်နဲ့ဂျပန်ပြည်သူတွေကို ခွဲခြားမြင်လာပါလိမ့်မယ်။ ဗုံးကျဲခံရပြီးနောက်ပျောက်ကွယ်သွားတဲ့ ကျေးလတ်ဒေသကိုပြန်ပုံဖော်တဲ့နေရာမှာဓာတ်ပုံအဟောင်းတွေ သတင်းစာမှတ်တမ်းမှတ်ရာတွေကို အခြေခံထားတဲ့အတွက်လက်တွေ့နဲ့အနီးစပ်ဆုံးတူညီတဲ့ရှုခင်းတွေကို ပန်းချီကားတချပ်လိုတွေ့မြင်ခံစားရမှာပါ။

Violet Evergarden (Series)

ရုပ္ရွင္မဟုတ္ဘဲတျခားၾကည့္စရာစီးရီးအေနနဲ႔ Violet Evergarden ကိုညႊန္းပါတယ္။ အနာဂတ္ကာလတခုမွာ စိတ္ခံစားခ်က္ကိုစာနဲ႔ေရးသားေဖာ္ျပဖို႔မစြမ္းသာတဲ့သူေတြဟာ Auto Memories Doll လို႔ေခၚတဲ့ ရွဲဒိုးစာေရးဆရာေတြကိုငွားျပီး သူတုိ႔ရဲ႕အေတြးကိုေပၚလြင္ေအာင္ေရးသားခိုင္းပါတယ္။ မိဘမဲ့တေကာင္ၾကြက္ Violet Evergarden ဟာ စစ္ပြဲတခုအတြင္းမွာသူမလက္ေတြကိုဆံုးရႈံးလိုက္ရတာေၾကာင့္ ယႏၱရားလက္ေတြတပ္ဆင္ထားရသူပါ။ တသက္လံုးစစ္သမီးတေယာက္လိုပဲေနထိုင္လာခဲ့တဲ့ Violet ဟာ Auto Memories Doll အျဖစ္အလုပ္လုပ္ရင္း လူ႔အသိုင္းအ၀ိုင္းနဲ႔ျပန္လည္၀င္ဆံ့ဖို႔ၾကိဳးစားတဲ့ဇာတ္လမ္းပါ။

ရုပ်ရှင်မဟုတ်ဘဲတခြားကြည့်စရာစီးရီးအနေနဲ့ Violet Evergarden ကိုညွှန်းပါတယ်။ အနာဂတ်ကာလတခုမှာ စိတ်ခံစားချက်ကိုစာနဲ့ရေးသားဖော်ပြဖို့မစွမ်းသာတဲ့သူတွေဟာ Auto Memories Doll လို့ခေါ်တဲ့ ရှဲဒိုးစာရေးဆရာတွေကိုငှားပြီး သူတို့ရဲ့အတွေးကိုပေါ်လွင်အောင်ရေးသားခိုင်းပါတယ်။ မိဘမဲ့တကောင်ကြွက် Violet Evergarden ဟာ စစ်ပွဲတခုအတွင်းမှာသူမလက်တွေကိုဆုံးရှုံးလိုက်ရတာကြောင့် ယန္တရားလက်တွေတပ်ဆင်ထားရသူပါ။ တသက်လုံးစစ်သမီးတယောက်လိုပဲနေထိုင်လာခဲ့တဲ့ Violet ဟာ Auto Memories Doll အဖြစ်အလုပ်လုပ်ရင်း လူ့အသိုင်းအဝိုင်းနဲ့ပြန်လည်ဝင်ဆံ့ဖို့ကြိုးစားတဲ့ဇာတ်လမ်းပါ။

Your Lie in April (Series)

လူသရုပ္ေဆာင္ေတြနဲ႔ရုပ္ရွင္ထြက္ခဲ့ဖူးတဲ့ Your Lie in April ဟာဆယ္ေက်ာ္သက္ေတြအၾကိဳက္ေတြ႔မယ့္အခ်စ္ဇာတ္လမ္းေလးပါ။ အျဖစ္ဆိုးတခုေၾကာင့္ ကိုယ့္စႏၵရားသံကိုယ္ျပန္မၾကားရေတာ့တဲ့ စႏၵရားပါရမီရွင္ေကာင္ေလးနဲ႔ လြတ္လပ္ေပါ့ပါးစြာေနတတ္တဲ့တေယာပညာရွင္ေကာင္မေလးတို႔ၾကားကသံေယာဇဥ္ကိုျမင္ရမယ္။ အခ်စ္၊ ဟာသ၊ အလြမ္း၊ အေဆြး အရသာအစံုေပးႏုိင္တဲ့ဇာတ္လမ္းျဖစ္ပါတယ္။

လူသရုပ်ဆောင်တွေနဲ့ရုပ်ရှင်ထွက်ခဲ့ဖူးတဲ့ Your Lie in April ဟာဆယ်ကျော်သက်တွေအကြိုက်တွေ့မယ့်အချစ်ဇာတ်လမ်းလေးပါ။ အဖြစ်ဆိုးတခုကြောင့် ကိုယ့်စန္ဒရားသံကိုယ်ပြန်မကြားရတော့တဲ့ စန္ဒရားပါရမီရှင်ကောင်လေးနဲ့ လွတ်လပ်ပေါ့ပါးစွာနေတတ်တဲ့တယောပညာရှင်ကောင်မလေးတို့ကြားကသံယောဇဉ်ကိုမြင်ရမယ်။ အချစ်၊ ဟာသ၊ အလွမ်း၊ အဆွေး အရသာအစုံပေးနိုင်တဲ့ဇာတ်လမ်းဖြစ်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here