အရင္အပတ္က ၂၀၂၀ေအာ္စကာဆန္ကာတင္ရုပ္ရွင္ေတြအေၾကာင္းေဖာ္ျပေပးခဲ့ျပီး ပရိသတ္ေတြသေဘာက်ႏွစ္ျခိဳက္ၾကတဲ့အတြက္၀မ္းသာပါတယ္။ ဒီအပတ္မွာေတာ့ ေအာ္စကာဆန္ကာတင္ကာတြန္းရုပ္ရွင္ေတြအေၾကာင္းေျပာျပေပးခ်င္ပါတယ္။
Storytelling မွာကာတြန္းရုပ္ရွင္ေတြဟာလည္းအေရးပါတဲ့အခန္းက႑တခုကပါ၀င္လာတယ္။ ကာတြန္းဆိုတာကေလးေတြၾကည့္တာဆိုတဲ့ေရွးရိုးစြဲအျမင္ကိုလည္းစြန္႔လႊတ္သင့္ေနပါျပီ။ ဘာလို႔လဲဆိုေတာ့ အခုေနာက္ပိုင္းထြက္ရွိလာတဲ့ကာတြန္းရုပ္ရွင္ေတြဟာ လူသရုပ္ေဆာင္ေတြနဲ႔ရိုက္ကူးတ့ဲရုပ္ရွင္တုိင္းမေပးႏိုင္တဲ့ အႏုပညာရသကိုေပးႏိုင္စြမ္းရွိလာလို႔ပါပဲ။
Klaus

က်ေနာ္ကေတာ့ ၂၀၁၉ ရဲ႕အေကာင္းဆံုးကာတြန္းရုပ္ရွင္လို႔သတ္မွတ္တယ္။ လွပတဲ့ 2D ပံုရိပ္ေတြကိုျမင္ရေတာ့ ေနရာတုိင္းမွာ 3D ျဖစ္စရာလိုလို႔လားလို႔ကိုယ့္ကိုယ္ကိုယ္ေမးခြန္းထုတ္မိပါတယ္။ ခရစ္စမတ္ဘိုးဘိုးၾကီး Santa Klaus နဲ႔ လက္ေဆာင္ေပးတဲ့အယူအဆထြန္းကားလာပံုကို ပံုျပင္ေလးတခုလိုတင္ဆက္ထားတယ္။ ဘ၀ကိုခပ္ေပါ့ေပါ့ျဖတ္သန္းေနတဲ့ သူေဌးသားေလး Jesper ကိုသူ႔ဖခင္ကအျပစ္ေပးတဲ့အေနနဲ႔ Smeerensburg လို႔ေခၚတဲ့ေျမာက္၀င္ရိုးစြန္းကလူသူမနီးတဲ့ျမိဳ႕တျမိဳ႕မွာ တႏွစ္အတြင္းစာအေစာင္ ၆၀၀၀ ပို႔ေပးရမယ္၊ မပို႔ေပးႏိုင္ရင္အေမြျပတ္စြန္႔လႊတ္မယ္လို႔ရာဇသံေပးလိုက္တယ္။ Jesper လည္းသူ႔ရပိုင္ခြင့္ေတြဆံုးရႈံးရမွာစိုးရိမ္တဲ့အတြက္ Smeerensburg မွာအလုပ္သြားလုပ္ရပါေတာ့တယ္။ အဲ့ဒီျမိဳ႕ေလးဟာေဆြစဥ္မ်ိဳးဆက္ရန္ေစာင္ေနၾကတဲ့မိသားစု ၂စုၾကားေျမစာပင္ျဖစ္ေနရတာပါ။ အဲ့ဒီမွာအရုပ္လုပ္တာေတာ္တဲ့လူထူးလူဆန္းၾကီး Klaus နဲ႔ေတြ႔ျပီး ကေလးငယ္ေတြေပ်ာ္ရႊင္ေစဖို႔ အရုပ္ေလးေတြလက္ေဆာင္ေပးရင္း ဒုကၡပင္လယ္ေ၀ေနတဲ့ျမိဳ႕ေလးမွာေျပာင္းလဲမႈေတြစတင္ခဲ့ပါတယ္။ လူတဦးတေယာက္ကစျပီး ခ်စ္ျခင္းေမတၱာနဲ႔ဆက္ဆံလိုက္ရံုနဲ႔လူ႔အသိုင္းအ၀ိုင္းတခု ဘယ္လိုေျပာင္းလဲသြားႏုိင္သလဲဆိုတာျပထားတယ္။ ခ်စ္ျခင္းေမတၱာဟာက်ေနာ္တို႔ေပးႏုိင္တဲ့ အေကာင္းဆံုးလက္ေဆာင္ပဲမဟုတ္လားဗ်ာ။
Toy Story 4

ဒီဇာတ္ကားကိုၾကည့္ျပီးသြားတဲ့အခါမွာသူငယ္ခ်င္းေဟာင္းတေယာက္ကိုခြဲခြာရသလိုခံစားရတယ္။ Toy Story 3 ရဲ႕ဇာတ္သိမ္းဟာ franchise ကိုျပည္ဖံုးကားခ်ဖို႔လံုေလာက္ေပမယ့္ Pixar ဟာ 4 ကိုဆက္ထုတ္တယ္။ တတိယကားနဲ႔ တဘာသာစီျဖစ္ေနတဲ့စတုတၳကားရဲ႕ဇာတ္သိမ္းဟာ Toy Story franchise နဲ႔ငယ္ငယ္ကတည္းကရင္းႏွီးခဲ့တဲ့က်ေနာ္တို႔ 90 kids ေတြရဲ႕စိတ္ႏွလံုးကိုလႈပ္ခတ္ႏုိင္တုန္းပဲ။ ဒီဇာတ္ကားမွာ ပိုင္ရွင္သစ္ Bonnie ဆီေရာက္သြားတဲ့ Woody တေယာက္ အရင္က Andy ဆီမွာေနတုန္းကရခဲ့တဲ့ အာရံုစိုက္မႈမ်ိဳးမရေတာ့တဲ့အေျခအေနကိုေတြ႔ရမယ္။ အဲ့ဒီမွာ Bonnie အေပ်ာ္ခရီးထြက္တုန္း ကားေပၚကျပဳတ္က်သြားတဲ့အရုပ္တရုပ္ကိုကယ္ဆယ္ရာကေန Woody ဟာသူ႔ဘ၀ကိုတဆစ္ခ်ိဳးေျပာင္းလဲေစမယ့္ စြန္႔စားခန္းတခုနဲ႔ၾကံဳရပါေတာ့တယ္။
Missing Link

Toy Story ကသူငယ္ခ်င္းသံေယာဇဥ္အေၾကာင္းဆိုရင္ Missing Link ကမိသားစုရဲ႕ေႏြးေထြးမႈအေၾကာင္းလို႔ အၾကမ္းဖ်ဥ္းေျပာႏုိင္တယ္။ Bigfoot လိုသတၱ၀ါၾကီး Mr. Link ဟာတေယာက္တည္းေနရတာ ျငီးေငြ႔လာတဲ့အတြက္ စြန္႔စားခရီးသြားရတာ၀ါသနာထံုသူ Lionel Frost၊ Adriana Fortnight တို႔နဲ႔အတူ ဒ႑ာရီထဲက Shangri-La မွာေနတဲ့သူ႔ေဆြမ်ိဳးေတြကိုရွာေဖြဖို႔ခရီးထြက္လာပါေတာ့တယ္။ လမ္းခရီးမွာအခက္အခဲအမ်ိဳးမ်ိဳးကိုျဖတ္ေက်ာ္ရင္း သူအျမဲလိုခ်င္ေနခဲ့တဲ့မိသားစုဘ၀ကိုမထင္မွတ္ထားတဲ့ေနရာ ကရွာေတြ႔ခဲ့ပါတယ္။ Stop-motion animation လက္ရာက ၾကည့္ေနက် 2D၊ 3D ေတြနဲ႔ကြဲျပားတဲ့အရသာေပးမွာပါ။
I Lost My Body

ပရိသတ္ေတြသိပ္မရင္းႏွီးေသးတဲ့ ျပင္သစ္စကားေျပာကာတြန္းရုပ္ရွင္ပါ။ ၂၀၁၉ ခုႏွစ္ Cannes Film Festival မွာ Nespresso Grand Prize ရထားတဲ့ပထမဆံုးကာတြန္းရုပ္ရွင္ျဖစ္လို႔ တာထြက္ေကာင္းခဲ့တယ္လို႔ေျပာရမယ္။ ဇာတ္လမ္းကလည္းေတာ္ေတာ္ဆန္းပါတယ္။ Naoufel ဆိုတဲ့ေကာင္ေလးတေယာက္လက္ျပတ္သြားျပီး အဲ့ဒီလက္ျပတ္ၾကီးဟာဓာတ္ခြဲခန္းတခုကေန သူ႔ပိုင္ရွင္ Naoufel ကိုလိုက္ရွာတဲ့ဇာတ္လမ္းပါ။ အတိတ္နဲ႔ပစၥပၸဳန္ကိုတျပိဳင္နက္ျပသတဲ့ non-linear ပံုစံနဲ႔တင္ဆက္ထားပါတယ္။ လက္ျပတ္ၾကီးကသူ႔ပိုင္ရွင္ဆီခရီးႏွင္ေနတုန္းမွာပဲ အတိတ္က Naoufel နဲ႔ သူသေဘာက်ေနတဲ့ေကာင္မေလး Gabrielle တို႔ရဲ႕အခ်စ္ဇာတ္လမ္းကိုလည္းၾကည့္ၾကရမယ္။ သမားရိုးက်ဇာတ္လမ္းေတြကေနကြဲထြက္လာတဲ့ကာတြန္းရုပ္ရွင္လည္းျဖစ္ပါတယ္။
How to Train Your Dragon: The Hidden World

How to Train Your Dragon ရုပ္ရွင္ေတြဟာမတူညီတဲ့ ရန္လိုေနတဲ့ လူသားမ်ိဳးႏြယ္နဲ႔နဂါးမ်ိဳးႏြယ္ၾကား ျငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးအေပၚဇာတ္အိမ္တည္ထားတာပါ။ ဒီကားေလးဟာ Hiccup နဲ႔ Toothless တုိ႔ၾကားကသံေယာဇဥ္ကိုစမ္းသပ္တဲ့ဇာတ္လမ္းလည္းျဖစ္တယ္။ Night Fury နဂါးမ်ိဳးေတြထဲမွာတေကာင္တည္းက်န္ခဲ့လို႔အထီးက်န္ေနရွာတဲ့ Toothless ဟာသူနဲ႔မ်ိဳးႏြယ္ခ်င္းနီးစပ္တဲ့ Light Fury နဲ႔ေတြ႔တဲ့အခါ သူ႔သူငယ္ခ်င္း Hiccup ကိုေမ့သြားမွာလား။ Jay Baruchel, Kate Blanchett တို႔အပါအ၀င္အရင္ကားကအသံသရုပ္ေဆာင္ေတာ္ေတာ္မ်ားမ်ား ျပန္လည္ပါ၀င္လာတဲ့ ဒီကားဟာ How to Train Your Dragon ထဲမွာေနာက္ဆံုးရုပ္ရွင္လို႔လည္းေျပာသံၾကားရပါတယ္။
Unicode
အရင်အပတ်က ၂၀၂၀အော်စကာဆန်ကာတင်ရုပ်ရှင်တွေအကြောင်းဖော်ပြပေးခဲ့ပြီး ပရိသတ်တွေသဘောကျနှစ်ခြိုက်ကြတဲ့အတွက်ဝမ်းသာပါတယ်။ ဒီအပတ်မှာတော့ အော်စကာဆန်ကာတင်ကာတွန်းရုပ်ရှင်တွေအကြောင်းပြောပြပေးချင်ပါတယ်။
Storytelling မှာကာတွန်းရုပ်ရှင်တွေဟာလည်းအရေးပါတဲ့အခန်းကဏ္ဍတခုကပါဝင်လာတယ်။ ကာတွန်းဆိုတာကလေးတွေကြည့်တာဆိုတဲ့ရှေးရိုးစွဲအမြင်ကိုလည်းစွန့်လွှတ်သင့်နေပါပြီ။ ဘာလို့လဲဆိုတော့ အခုနောက်ပိုင်းထွက်ရှိလာတဲ့ကာတွန်းရုပ်ရှင်တွေဟာ လူသရုပ်ဆောင်တွေနဲ့ရိုက်ကူးတဲ့ရုပ်ရှင်တိုင်းမပေးနိုင်တဲ့ အနုပညာရသကိုပေးနိုင်စွမ်းရှိလာလို့ပါပဲ။
Klaus
ကျနော်ကတော့ ၂၀၁၉ ရဲ့အကောင်းဆုံးကာတွန်းရုပ်ရှင်လို့သတ်မှတ်တယ်။ လှပတဲ့ 2D ပုံရိပ်တွေကိုမြင်ရတော့ နေရာတိုင်းမှာ 3D ဖြစ်စရာလိုလို့လားလို့ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်မိပါတယ်။ ခရစ်စမတ်ဘိုးဘိုးကြီး Santa Klaus နဲ့ လက်ဆောင်ပေးတဲ့အယူအဆထွန်းကားလာပုံကို ပုံပြင်လေးတခုလိုတင်ဆက်ထားတယ်။ ဘဝကိုခပ်ပေါ့ပေါ့ဖြတ်သန်းနေတဲ့ သူဌေးသားလေး Jesper ကိုသူ့ဖခင်ကအပြစ်ပေးတဲ့အနေနဲ့ Smeerensburg လို့ခေါ်တဲ့မြောက်ဝင်ရိုးစွန်းကလူသူမနီးတဲ့မြို့တမြို့မှာ တနှစ်အတွင်းစာအစောင် ၆၀၀၀ ပို့ပေးရမယ်၊ မပို့ပေးနိုင်ရင်အမွေပြတ်စွန့်လွှတ်မယ်လို့ရာဇသံပေးလိုက်တယ်။ Jesper လည်းသူ့ရပိုင်ခွင့်တွေဆုံးရှုံးရမှာစိုးရိမ်တဲ့အတွက် Smeerensburg မှာအလုပ်သွားလုပ်ရပါတော့တယ်။ အဲ့ဒီမြို့လေးဟာဆွေစဉ်မျိုးဆက်ရန်စောင်နေကြတဲ့မိသားစု ၂စုကြားမြေစာပင်ဖြစ်နေရတာပါ။ အဲ့ဒီမှာအရုပ်လုပ်တာတော်တဲ့လူထူးလူဆန်းကြီး Klaus နဲ့တွေ့ပြီး ကလေးငယ်တွေပျော်ရွှင်စေဖို့ အရုပ်လေးတွေလက်ဆောင်ပေးရင်း ဒုက္ခပင်လယ်ဝေနေတဲ့မြို့လေးမှာပြောင်းလဲမှုတွေစတင်ခဲ့ပါတယ်။ လူတဦးတယောက်ကစပြီး ချစ်ခြင်းမေတ္တာနဲ့ဆက်ဆံလိုက်ရုံနဲ့လူ့အသိုင်းအဝိုင်းတခု ဘယ်လိုပြောင်းလဲသွားနိုင်သလဲဆိုတာပြထားတယ်။ ချစ်ခြင်းမေတ္တာဟာကျနော်တို့ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်ပဲမဟုတ်လားဗျာ။
Toy Story 4
ဒီဇာတ်ကားကိုကြည့်ပြီးသွားတဲ့အခါမှာသူငယ်ချင်းဟောင်းတယောက်ကိုခွဲခွာရသလိုခံစားရတယ်။ Toy Story 3 ရဲ့ဇာတ်သိမ်းဟာ franchise ကိုပြည်ဖုံးကားချဖို့လုံလောက်ပေမယ့် Pixar ဟာ 4 ကိုဆက်ထုတ်တယ်။ တတိယကားနဲ့ တဘာသာစီဖြစ်နေတဲ့စတုတ္ထကားရဲ့ဇာတ်သိမ်းဟာ Toy Story franchise နဲ့ငယ်ငယ်ကတည်းကရင်းနှီးခဲ့တဲ့ကျနော်တို့ 90 kids တွေရဲ့စိတ်နှလုံးကိုလှုပ်ခတ်နိုင်တုန်းပဲ။ ဒီဇာတ်ကားမှာ ပိုင်ရှင်သစ် Bonnie ဆီရောက်သွားတဲ့ Woody တယောက် အရင်က Andy ဆီမှာနေတုန်းကရခဲ့တဲ့ အာရုံစိုက်မှုမျိုးမရတော့တဲ့အခြေအနေကိုတွေ့ရမယ်။ အဲ့ဒီမှာ Bonnie အပျော်ခရီးထွက်တုန်း ကားပေါ်ကပြုတ်ကျသွားတဲ့အရုပ်တရုပ်ကိုကယ်ဆယ်ရာကနေ Woody ဟာသူ့ဘဝကိုတဆစ်ချိုးပြောင်းလဲစေမယ့် စွန့်စားခန်းတခုနဲ့ကြုံရပါတော့တယ်။
Missing Link
Toy Story ကသူငယ်ချင်းသံယောဇဉ်အကြောင်းဆိုရင် Missing Link ကမိသားစုရဲ့နွေးထွေးမှုအကြောင်းလို့ အကြမ်းဖျဉ်းပြောနိုင်တယ်။ Bigfoot လိုသတ္တဝါကြီး Mr. Link ဟာတယောက်တည်းနေရတာ ငြီးငွေ့လာတဲ့အတွက် စွန့်စားခရီးသွားရတာဝါသနာထုံသူ Lionel Frost၊ Adriana Fortnight တို့နဲ့အတူ ဒဏ္ဍာရီထဲက Shangri-La မှာနေတဲ့သူ့ဆွေမျိုးတွေကိုရှာဖွေဖို့ခရီးထွက်လာပါတော့တယ်။ လမ်းခရီးမှာအခက်အခဲအမျိုးမျိုးကိုဖြတ်ကျော်ရင်း သူအမြဲလိုချင်နေခဲ့တဲ့မိသားစုဘဝကိုမထင်မှတ်ထားတဲ့နေရာ ကရှာတွေ့ခဲ့ပါတယ်။ Stop-motion animation လက်ရာက ကြည့်နေကျ 2D၊ 3D တွေနဲ့ကွဲပြားတဲ့အရသာပေးမှာပါ။
I Lost My Body
ပရိသတ်တွေသိပ်မရင်းနှီးသေးတဲ့ ပြင်သစ်စကားပြောကာတွန်းရုပ်ရှင်ပါ။ ၂၀၁၉ ခုနှစ် Cannes Film Festival မှာ Nespresso Grand Prize ရထားတဲ့ပထမဆုံးကာတွန်းရုပ်ရှင်ဖြစ်လို့ တာထွက်ကောင်းခဲ့တယ်လို့ပြောရမယ်။ ဇာတ်လမ်းကလည်းတော်တော်ဆန်းပါတယ်။ Naoufel ဆိုတဲ့ကောင်လေးတယောက်လက်ပြတ်သွားပြီး အဲ့ဒီလက်ပြတ်ကြီးဟာဓာတ်ခွဲခန်းတခုကနေ သူ့ပိုင်ရှင် Naoufel ကိုလိုက်ရှာတဲ့ဇာတ်လမ်းပါ။ အတိတ်နဲ့ပစ္စပ္ပုန်ကိုတပြိုင်နက်ပြသတဲ့ non-linear ပုံစံနဲ့တင်ဆက်ထားပါတယ်။ လက်ပြတ်ကြီးကသူ့ပိုင်ရှင်ဆီခရီးနှင်နေတုန်းမှာပဲ အတိတ်က Naoufel နဲ့ သူသဘောကျနေတဲ့ကောင်မလေး Gabrielle တို့ရဲ့အချစ်ဇာတ်လမ်းကိုလည်းကြည့်ကြရမယ်။ သမားရိုးကျဇာတ်လမ်းတွေကနေကွဲထွက်လာတဲ့ကာတွန်းရုပ်ရှင်လည်းဖြစ်ပါတယ်။
How to Train Your Dragon: The Hidden World
How to Train Your Dragon ရုပ်ရှင်တွေဟာမတူညီတဲ့ ရန်လိုနေတဲ့ လူသားမျိုးနွယ်နဲ့နဂါးမျိုးနွယ်ကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအပေါ်ဇာတ်အိမ်တည်ထားတာပါ။ ဒီကားလေးဟာ Hiccup နဲ့ Toothless တို့ကြားကသံယောဇဉ်ကိုစမ်းသပ်တဲ့ဇာတ်လမ်းလည်းဖြစ်တယ်။ Night Fury နဂါးမျိုးတွေထဲမှာတကောင်တည်းကျန်ခဲ့လို့အထီးကျန်နေရှာတဲ့ Toothless ဟာသူနဲ့မျိုးနွယ်ချင်းနီးစပ်တဲ့ Light Fury နဲ့တွေ့တဲ့အခါ သူ့သူငယ်ချင်း Hiccup ကိုမေ့သွားမှာလား။ Jay Baruchel, Kate Blanchett တို့အပါအဝင်အရင်ကားကအသံသရုပ်ဆောင်တော်တော်များများ ပြန်လည်ပါဝင်လာတဲ့ ဒီကားဟာ How to Train Your Dragon ထဲမှာနောက်ဆုံးရုပ်ရှင်လို့လည်းပြောသံကြားရပါတယ်။