Advertisement

BreadTalk Myanmar ရဲ႕ ဆ႒မေျမာက္ဆိုင္ခြဲကို Junction Center (8 Mile) မွာဇန္န၀ါရီလ ၁၈ရက္ေန႔ကစျပီး ဖြင့္လွစ္လိုက္ပါျပီ။

Shwe Taung Group ရဲ႕အဖြဲ႕ဝင္ကုမၸဏီ Myanmar Bakery Co., Ltd., ကျမန္မာႏိုင္ငံရဲ႕ပထမဦးဆံုး BreadTalk ဆိုင္ကို ၂၀၁၇ ခုႏွစ္ မတ္လ ၂၅ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕ Junction City မွာစတင္ဖြင့္လွစ္ခဲ့ျပီး Flosss၊ Sausage Standard၊ Chocolate Croissant တို႔ကလူၾကိဳက္မ်ားတယ္လို႔ဆိုပါတယ္။ ေပါင္မုန္႔ေပၚမွာၾကက္ဥခရင္(မ္)နဲ႔ ၾကက္/၀က္သားမွ်င္မ်ားကပ္ထားတဲ့ Flosss ဟာ BreadTalk ရဲ႕လူၾကိဳက္အမ်ားဆံုးမုန္႔ျဖစ္ျပီး ကမာၻတ၀ွမ္းမွာ ၁၀စကၠန္႔တိုင္း Flosss တစ္လံုးေရာင္းရတယ္လို႔သိရတယ္။ အရသာစံုလင္တဲ့ေပါင္မုန္႔ေတြအျပင္ Breakfast Set, whole grain ေပါင္မုန္႔မ်ား၊ Japan Light Cheese Cake နဲ႔ Hawaiian Pizza တို႔ကိုပါရရွိႏိုင္ပါတယ္။

BreadTalk ကို စကၤာပူႏိုင္ငံမွာ ၂၀၀၀ ခုႏွစ္ကတည္းက စတင္ဖြင့္လွစ္ခဲ့တာျဖစ္ၿပီး လတ္ဆတ္တဲ့ ေပါင္မုန္႔ႏွင့္ ကိတ္မုန္႔မ်ားစြာကိုထုတ္လုပ္ေရာင္းခ်ျပီး တရုတ္ျပည္မၾကီး၊ ေဟာင္ေကာင္၊ အင္ဒိုနီးရွား၊ ထိုင္း၊ အေရွ႕အလယ္ပိုင္းတို႔မွာဆိုင္ခြဲေပါင္းမ်ားစြာဖြင့္လွစ္ႏုိင္ခဲ့တဲ့အထိေအာင္ျမင္ခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာလည္း Junction City၊ Junction Square, Myanmar Plaza၊ လွည္းတန္း နဲ႔ Junction Mawtin တို႔မွာဆိုင္ခြဲေတြဖြင့္လွစ္ထားပါေသးတယ္။

လိပ္စာ – 28-30, Level 1, Junction 8, ျပည္လမ္းႏွင့္ က်ိဳက္ဝိုင္းဘုရားလမ္းေထာင့္၊ ၈ မိုင္၊ မရမ္းကုန္းျမိဳ႕နယ္၊ ရန္ကုန္။

Unicode

BreadTalk Myanmar ရဲ့ ဆဋ္ဌမမြောက်ဆိုင်ခွဲကို Junction Center (8 Mile) မှာဇန်နဝါရီလ ၁၈ရက်နေ့ကစပြီး ဖွင့်လှစ်လိုက်ပါပြီ။

Shwe Taung Group ရဲ့အဖွဲ့ဝင်ကုမ္ပဏီ Myanmar Bakery Co., Ltd., ကမြန်မာနိုင်ငံရဲ့ပထမဦးဆုံး BreadTalk ဆိုင်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ Junction City မှာစတင်ဖွင့်လှစ်ခဲ့ပြီး Flosss၊ Sausage Standard၊ Chocolate Croissant တို့ကလူကြိုက်များတယ်လို့ဆိုပါတယ်။ ပေါင်မုန့်ပေါ်မှာကြက်ဥခရင်(မ်)နဲ့ ကြက်/ဝက်သားမျှင်များကပ်ထားတဲ့ Flosss ဟာ BreadTalk ရဲ့လူကြိုက်အများဆုံးမုန့်ဖြစ်ပြီး ကမ္ဘာတဝှမ်းမှာ ၁၀စက္ကန့်တိုင်း Flosss တစ်လုံးရောင်းရတယ်လို့သိရတယ်။ အရသာစုံလင်တဲ့ပေါင်မုန့်တွေအပြင် Breakfast Set, whole grain ပေါင်မုန့်များ၊ Japan Light Cheese Cake နဲ့ Hawaiian Pizza တို့ကိုပါရရှိနိုင်ပါတယ်။

BreadTalk ကို စင်္ကာပူနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး လတ်ဆတ်တဲ့ ပေါင်မုန့်နှင့် ကိတ်မုန့်များစွာကိုထုတ်လုပ်ရောင်းချပြီး တရုတ်ပြည်မကြီး၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ ထိုင်း၊ အရှေ့အလယ်ပိုင်းတို့မှာဆိုင်ခွဲပေါင်းများစွာဖွင့်လှစ်နိုင်ခဲ့တဲ့အထိအောင်မြင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း Junction City၊ Junction Square, Myanmar Plaza၊ လှည်းတန်း နဲ့ Junction Mawtin တို့မှာဆိုင်ခွဲတွေဖွင့်လှစ်ထားပါသေးတယ်။

လိပ်စာ – 28-30, Level 1, Junction 8, ပြည်လမ်းနှင့် ကျိုက်ဝိုင်းဘုရားလမ်းထောင့်၊ ၈ မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here