ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်အရ ဖူကျန့် တရုတ်အမျိုးသားများအသင်းမှဦးဆောင်၍ ၂၀၂၀ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် (ရန်ကုန်)ကို ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ရန်ကုန်မြို့၊ လသာမြို့နယ် တရုတ်တန်းမှာ ရိုးရာဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် Live show အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိပါတယ်။
ဇန်နဝါရီလ (၂၅) ရက်နှင့် (၂၆) ရက်နေ့တွေမာ လသာမြို့နယ် (တရုတ်တန်း) မှာ နှစ်သစ်ကူး အလှဆင်မီးပန်းများ၊ Photobooth များအပြင်၊ နာမည်ကျော်စားသောက်ဆိုင်များပါဝင်တဲ့ မုန့်ဈေးတန်းများလည်းရှိပါတယ်။
ဇန်နဝါရီလ ၂၅ရက်နေ့မှာ နာမည်ကြီးအဆိုတော်တွေကတေးသီချင်းများနဲ့ဖျော်ဖြေသွားခဲ့ပါသေးတယ်။
Photo: Pyae Phyo Thu