သင္သိပါသလား။ ၂၀၂၀က်ရင္ ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ျပည့္ျပီဆိုတာ။
လြန္ခဲ့တဲ့ ၉၉ႏွစ္ ဒီဇင္ဘာလမွာရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြဟာ ျပဳျပင္ေျပာင္းလဲမႈလုပ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ျဗိတိသွ်ေတြရန္ကုန္တကၠသိုလ္ကိုမဖြင့္လွစ္ခင္က ျမန္မာေက်ာင္းသားေတြဟာ တကၠသိုလ္အဆင့္ပညာသင္ခ်င္ရင္ ကာလကတၱားနဲ႔လန္ဒန္ကိုသြားၾကရတယ္။
ျဗိတိသွ်ေတြဟာျမိဳ႕ထဲနဲ႔အလွမ္းေ၀းတဲ့ ဗစ္တိုးရီးယားကန္ (အခု အင္းလ်ားကန္) နဲ႔ ပရံုးလမ္း (အခု ျပည္လမ္း) တို႔ၾကားမွာ ရန္ကုန္တကၠသိုလ္ကိုဖြင့္လွစ္ေပးခဲ့တယ္။ ဒီေနရာက ေက်ာင္းသားေတြစုျပီးသပိတ္ေမွာက္ခဲ့ရင္ အစိုးရအတြက္ထိန္းသိမ္းရလည္းလြယ္ပါတယ္။

ဒါေပမယ့္ျမန္မာေက်ာင္းသားေတြကေတာ့ ေအာက္စ္ဖို႔ဒ္တကၠသိုလ္ကိုအေျခခံျပီးဖြဲ႔စည္းထားတဲ့ ရန္ကုန္တကၠသိုလ္ဟာအထက္တန္းစားေတြကိုဦးစားေပးလြန္းတယ္၊ သာမန္လက္လုပ္လက္စား ျပည္သူေတြအနားမကပ္ႏုိင္ေအာင္ေစ်းၾကီးလြန္းတယ္လို႔ ေ၀ဖန္ခဲ့ၾကပါတယ္။ သင္ရိုးေတြကလည္း ျဗိတိသွ်ကိုလိုနီအုပ္ခ်ဳပ္ေရးယႏၱရားကိုအေထာက္အပံ့ျဖစ္ဖို႔ေရးဆြဲထားတယ္လို႔ ေျပာၾကပါတယ္။
ေက်ာင္းသားအမ်ားစုကသပိတ္ေမွာက္ဖို႔ဆံုးျဖတ္လိုက္ၾကျပီး ေရႊတိဂံုဘုရားမွာစုေ၀းခဲ့ၾကတယ္။ အဲ့ဒီေနာက္မွာဗမာစာနဲ႔ယဥ္ေက်းမႈကိုအဓိကထားသင္တဲ့အမ်ိဳးသားေက်ာင္းေတြဖြဲ႔စည္းဖို႔ ဆံုးျဖတ္လိုက္ၾကပါတယ္။ အခု ဒဂံု (၂) ေက်ာင္းဟာတခ်ိန္က ျမိဳ႕မအမ်ိဳးသားပညာေရး အထက္တန္းေက်ာင္းပါ။
အမ်ိဳးသားေက်ာင္းေတြစတည္ေထာင္ဖို႔ဆံုးျဖတ္လိုက္တဲ့ေန႔ကိုဂုဏ္ျပဳတဲ့အေနနတဲ့ ဒီဇင္ဘာလ ၉ရက္ေန႔ကိုအမ်ိဳးသားေန႔အျဖစ္သတ္မွတ္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္ကစျပီးရန္ကုန္တကၠသိုလ္ဟာ ျမန္မာႏုိင္ငံႏုိင္ငံေရးအေျပာင္းအလဲေတြရဲ႕ျမစ္ဖ်ားခံရာျဖစ္လာခဲ့တယ္။
၁၉၂၀၀န္းက်င္မွာ တကၠသိုလ္ေက်ာင္းသားမ်ားသမဂၢကေန အမ်ိဳးသားေခါင္းေဆာင္အမ်ားအျပား ထြြက္ေပၚလာခဲ့တယ္။ ဒီသခင္ႏိုင္ငံေရးေခါင္းေဆာင္ေတြဟာ ျမန္မာႏုိင္ငံလြတ္လပ္ေရးရဖို႔ ျဗိတိသွ်ေတြကိုဦးေဆာင္ေတာ္လွန္ခဲ့ပါတယ္။
အဲ့ဒီေခတ္ကရန္ကုန္တကၠသိုလ္ဟာ အာရွမွာအေကာင္းဆံုးျဖစ္ျပီး ေရွးေဟာင္းသုေတသနပညာရွင္ G H Luce၊ ဘာသာေဗဒပညာရွင္ ဦးေဖေမာင္တင္၊ ေဘာဂေဗဒပညာရွင္ J S Furnivall တို႔လိုပါေမာကၡေတြ သင္ၾကားေပးရာတကၠသိုလ္လည္းျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊ ဗိုလ္ခ်ဳပ္ေန၀င္း၊ စာနယ္ဇင္းေလာကထဲကထင္ရွားသူ ေဒၚခင္မ်ိဳးခ်စ္၊ ကဗ်ာဆရာမင္းသု၀ဏ္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္တို႔ ပညာေရေသာက္စို႔ရာေနရာလည္းျဖစ္ခဲ့ပါတယ္။
တကၠသိုလ္ရဲ႕အထင္ရွားဆံုးအေဆာက္အဦကေတာ့ ၁၉၂၇ကတည္ေဆာက္ခဲ့တဲ့ ဘြဲ႔ႏွင္းသဘင္ခန္းမပဲျဖစ္ပါလိမ့္မယ္။ ရန္ကုန္တကၠသိုလ္ဟာ စာေပနဲ႔အႏုပညာနယ္ပယ္မွာလည္း ထင္ရွားျပီး သူ႔ရဲ႕လႊမ္းမိုးမႈကို ဆရာမ မိုးမိုး(အင္းလ်ား) ရဲ႕၀တၳဳေတြကေန ထူးအိမ္သင္ရဲ႕ဂ်ပ္ဆင္ထိပ္ကလရိပ္ျပာသီခ်င္းအထိေတြ႔ႏုိင္ပါတယ္။
ဒါ့အျပင္ ျမန္မာ့သမိုင္း ႏွစ္ ၁၀၀ အတြင္းထင္ရွားတဲ့ဇာတ္ေကာင္တေကာင္လည္းျဖစ္ခဲ့တယ္။ ၁၉၄၅ ေအာက္တိုဘာ ၂၄ မွာ ဂ်ပန္ဗိုလ္ခ်ဳပ္ Heitaro Kimura ဟာရန္ကုန္တကၠသိုလ္မွာပဲ မဟာမိတ္တပ္ေတြကိုလက္နက္ခ်ေၾကာင္းေၾကညာခဲ့ပါတယ္။

၁၉၆၂ ဇူလိုင္ ၇ရက္ေန႔မွာ ဗိုလ္ခ်ဳပ္ေန၀င္းရဲ႕စစ္သားေတြဟာရန္ကုန္တကၠသိုလ္ထဲ၀င္ေရာက္ျပီး ျငိမ္းခ်မ္းစြာဆႏၵထုတ္ေဖာ္ေနတဲ့ေက်ာင္းသားထုကိုအၾကမ္းဖက္ႏွိမ္နင္းခဲ့ပါတယ္။ အင္းလ်ားေဆာင္က ေက်ာင္းသူေတြဟာတကၠသိုလ္အ၀င္၀မွာ စစ္သားေတြကိုနာမ္ႏွိမ္တဲ့အေနနဲ႔ ထဘီေတြကိုလွမ္းထားခဲ့တယ္။ ဒီျဖစ္ရပ္မွာ ေက်ာင္းသားမ်ားစြာေသဆံုးခဲ့ပါတယ္။ ေနာက္တေန႔မနက္မွာပဲ ေက်ာင္းသားတခ်ိဳ႕ပုန္းခိုေနတဲ့သမဂၢအေဆာက္အအံုဟာ ဒိုင္းနမိုက္နဲ႔ေဖာက္ခြဲဖ်က္ဆီးခံခဲ့ရပါတယ္။
အဲ့ဒီေနာက္မွာေတာ့ တကၠသိုလ္ဟာအစိုးရလက္ေအာက္ေရာက္သြားျပီး အဂၤလိပ္ဘာသာနဲ႔သင္ၾကားေနရာကေန ျမန္မာဘာသာအျဖစ္ေျပာင္းလဲလိုက္တယ္။ ဘာသာစကားေျပာင္းလဲတာျပႆနာမရွိေပမယ့္ ပညာေရးအသံုးစရိတ္ေလွ်ာ့ခ်လိုက္တာကေတာ့ သိသာတဲ့ထုိးႏွက္ခ်က္တခုလို႔ေျပာရပါလိမ့္မယ္။
တခ်ိန္ကအာရွတိုက္မွာအေကာင္းဆံုးျဖစ္ခဲ့တဲ့ရန္ကုန္တကၠသိုလ္ရဲ႕အဆင့္အတန္းဟာတျဖည္းျဖည္းနဲ႔ ေအာက္ဆံုးေနရာကိုထိုးက်သြားပါေတာ့တယ္။

၁၉၇၄မွာ ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ေဟာင္း ဦးသန္႔ရဲ႕ရုပ္အေလာင္းကို အစိုးရကၾကံေတာသခၤ်ိဳင္းမွာျမွုဳပ္ဖို႔စီစဥ္ခဲ့ေပမယ့္ ရန္ကုန္တကၠသိုလ္ေက်ာင္းသားတခ်ိဳ႕က လက္မခံခဲ့ပါဘူး။
ဒီေက်ာင္းသားေတြဟာဦးသန္႔ရဲ႕အေခါင္းကိုခိုးယူျပီး ဘြဲ႔ႏွင္းသဘင္ခန္းမရဲ႕ေရွ႕မွာျမွဳပ္ႏွံခဲ့တယ္။ ဦးသန္႔ရဲ႕စ်ာပနကိုလည္းႏိုင္ငံေတာ္အခမ္းအနားနဲ႔ေဆာင္ရြက္ဖို႔ေတာင္းဆိုခဲ့တယ္။
က်န္ရစ္သူမိသားစုရဲ႕ေတာင္းဆိုခ်က္အရရုပ္ကလပ္ကိုျပန္ေပးခဲ့ေပမယ့္ ေနာက္ထပ္ေက်ာင္းသားအုပ္စုတစုကထပ္ခိုးသြားျပီး ယခင္ေက်ာင္းသားသမဂၢအေဆာက္အအံံု ေနရာမွာဂူသြင္းသျဂိဳဟ္ဖို႔ၾကိဳးစားခဲ့တယ္။ ဒါဟာအစိုးရကိုအာခံတဲ့အျပဳအမူလို႔လည္းေျပာလို႔ရပါတယ္။
စစ္တပ္ဟာေက်ာင္းသားေတြကိုအၾကမ္းဖက္လူစုခြဲျပီး ကန္ေတာင္မင္အမွတ္တရပန္းျခံ (Kandawmin Mausolea) မွာျမွဳပ္ႏွံခဲ့ပါတယ္။

၁၉၈၈ ေက်ာင္းသားသပိတ္ေရာက္ေတာ့ ရန္ကုန္တကၠသိုလ္ဟာဆႏၵျပေက်ာင္းသားေတြနဲ႔ စည္ကားခဲ့ျပန္တယ္။ ၁၉၉၀၀န္းက်င္ခုႏွစ္ေတြမွာ ရန္ကုန္တကၠသိုလ္ကိုေခတၱပိတ္ထားခဲ့ျပီး ေက်ာင္းသားေတြဟာတျခားတကၠသိုလ္ေတြမွာပညာသင္ၾကရပါတယ္။ ရန္ကုန္တကၠသိုလ္မွာ ေက်ာင္းသားတို႔ေသြးမစြန္းထင္းခဲ့တဲ့ေနရာမရွိဘူးလို႔ေတာင္ေျပာလို႔ရပါတယ္။
၂၀၁၂ ခုႏွစ္အေရာက္မွာေတာ့ အေမရိကန္သမၼတေဟာင္း ဘာရက္အိုဘားမားဟာ ျမန္မာႏုိင္ငံကို လာေရာက္လည္ပတ္ခဲ့ျပီး သူေျပာတဲ့မိန္႔ခြန္းထဲမွာ ရန္ကုန္တကၠသိုလ္ဟာရာစုႏွစ္တခုအတြင္း “ျမန္မာေက်ာင္းသားေတြရဲ႕လူ႔အခြင့္အေရးေတာင္းဆိုရာေျမ” လို႔တင္စားဂုဏ္ျပဳခဲ့ပါတယ္။
၂၀၁၃ ခုႏွစ္မွာတကၠသိုလ္ျပန္လည္အသက္၀င္လာျပီး ေက်ာင္းသားသစ္ေတြနဲ႔စည္ကားလာခဲ့ပါတယ္။ ႏိုင္ငံတကာမွာလည္း ရန္ကုန္တကၠသိုလ္ရဲ႕ အဆင့္အတန္းသတ္မွတ္ခ်က္ေတြျမင့္တက္လာခ့ဲတယ္။
ေက်ာင္းသားသမဂၢသစ္လည္းျပန္လည္ေပၚထြက္လာခဲ့ျပီးသူ႔ေရွ႕ကေနာင္ေတာ္ေက်ာင္းသားေတြရဲ႕ေျခရာလိုက္လုိ႔ မတရားမႈေတြကိုဆန္႔က်င္ခဲ့တယ္။ အသစ္တဖန္ႏုိးထလာတဲ့ တကၠသိုလ္အတြက္ စိန္ေခၚမႈေတြကေတာ့ရွိေနဆဲပါ။ မွတ္ပံုတင္မရွိတဲ့လူနည္းစုတိုင္းရင္းသားေတြအေနနဲ႔ ရန္ကုန္တကၠသိုလ္တက္ခြင့္မရတဲ့ျပႆနာေတြကိုရင္ဆိုင္ခဲ့ရပါတယ္။
ဒါေပမယ့္ အခက္အခဲအမ်ိဳးမ်ိဳးၾကားမွာ ႏွစ္ ၁၀၀ တိတိမားမားမတ္မတ္ရပ္တည္ခဲ့တဲ့ ရန္ကုန္တကၠသိုလ္ဟာ ေနာက္ထပ္ႏွစ္ ၁၀၀ ကိုလည္းေအာင္ေအာင္ျမင္ျမင္ျဖတ္ေက်ာ္ႏုိင္လိမ့္ဦးမယ္လို႔ယံုၾကည္ပါတယ္။
Christian Gilberti ၏ Did you know this year marks the 100th anniversary of Yangon University? အားျမန္မာဘာသာသို႔ျပန္ဆိုေဖာ္ျပျခင္းျဖစ္ပါသည္။
Unicode
သင်သိပါသလား။ ၂၀၂၀ကျရင် ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ပြည့်ပြီဆိုတာ။
လွန်ခဲ့တဲ့ ၉၉နှစ် ဒီဇင်ဘာလမှာရန်ကုန်တက္ကသိုလ်ကျောင်းသားတွေဟာ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဗြိတိသျှတွေရန်ကုန်တက္ကသိုလ်ကိုမဖွင့်လှစ်ခင်က မြန်မာကျောင်းသားတွေဟာ တက္ကသိုလ်အဆင့်ပညာသင်ချင်ရင် ကာလကတ္တားနဲ့လန်ဒန်ကိုသွားကြရတယ်။
ဗြိတိသျှတွေဟာမြို့ထဲနဲ့အလှမ်းဝေးတဲ့ ဗစ်တိုးရီးယားကန် (အခု အင်းလျားကန်) နဲ့ ပရုံးလမ်း (အခု ပြည်လမ်း) တို့ကြားမှာ ရန်ကုန်တက္ကသိုလ်ကိုဖွင့်လှစ်ပေးခဲ့တယ်။ ဒီနေရာက ကျောင်းသားတွေစုပြီးသပိတ်မှောက်ခဲ့ရင် အစိုးရအတွက်ထိန်းသိမ်းရလည်းလွယ်ပါတယ်။
ဒါပေမယ့်မြန်မာကျောင်းသားတွေကတော့ အောက်စ်ဖို့ဒ်တက္ကသိုလ်ကိုအခြေခံပြီးဖွဲ့စည်းထားတဲ့ ရန်ကုန်တက္ကသိုလ်ဟာအထက်တန်းစားတွေကိုဦးစားပေးလွန်းတယ်၊ သာမန်လက်လုပ်လက်စား ပြည်သူတွေအနားမကပ်နိုင်အောင်ဈေးကြီးလွန်းတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။ သင်ရိုးတွေကလည်း ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးယန္တရားကိုအထောက်အပံ့ဖြစ်ဖို့ရေးဆွဲထားတယ်လို့ ပြောကြပါတယ်။
ကျောင်းသားအများစုကသပိတ်မှောက်ဖို့ဆုံးဖြတ်လိုက်ကြပြီး ရွှေတိဂုံဘုရားမှာစုဝေးခဲ့ကြတယ်။ အဲ့ဒီနောက်မှာဗမာစာနဲ့ယဉ်ကျေးမှုကိုအဓိကထားသင်တဲ့အမျိုးသားကျောင်းတွေဖွဲ့စည်းဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အခု ဒဂုံ (၂) ကျောင်းဟာတချိန်က မြို့မအမျိုးသားပညာရေး အထက်တန်းကျောင်းပါ။
အမျိုးသားကျောင်းတွေစတည်ထောင်ဖို့ဆုံးဖြတ်လိုက်တဲ့နေ့ကိုဂုဏ်ပြုတဲ့အနေနတဲ့ ဒီဇင်ဘာလ ၉ရက်နေ့ကိုအမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီးရန်ကုန်တက္ကသိုလ်ဟာ မြန်မာနိုင်ငံနိုင်ငံရေးအပြောင်းအလဲတွေရဲ့မြစ်ဖျားခံရာဖြစ်လာခဲ့တယ်။
၁၉၂၀၀န်းကျင်မှာ တက္ကသိုလ်ကျောင်းသားများသမဂ္ဂကနေ အမျိုးသားခေါင်းဆောင်အများအပြား ထွက်ပေါ်လာခဲ့တယ်။ ဒီသခင်နိုင်ငံရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့ ဗြိတိသျှတွေကိုဦးဆောင်တော်လှန်ခဲ့ပါတယ်။
အဲ့ဒီခေတ်ကရန်ကုန်တက္ကသိုလ်ဟာ အာရှမှာအကောင်းဆုံးဖြစ်ပြီး ရှေးဟောင်းသုတေသနပညာရှင် G H Luce၊ ဘာသာဗေဒပညာရှင် ဦးဖေမောင်တင်၊ ဘောဂဗေဒပညာရှင် J S Furnivall တို့လိုပါမောက္ခတွေ သင်ကြားပေးရာတက္ကသိုလ်လည်းဖြစ်ပါတယ်။
ရန်ကုန်တက္ကသိုလ်ဟာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်နေဝင်း၊ စာနယ်ဇင်းလောကထဲကထင်ရှားသူ ဒေါ်ခင်မျိုးချစ်၊ ကဗျာဆရာမင်းသုဝဏ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ပညာရေသောက်စို့ရာနေရာလည်းဖြစ်ခဲ့ပါတယ်။
တက္ကသိုလ်ရဲ့အထင်ရှားဆုံးအဆောက်အဦကတော့ ၁၉၂၇ကတည်ဆောက်ခဲ့တဲ့ ဘွဲ့နှင်းသဘင်ခန်းမပဲဖြစ်ပါလိမ့်မယ်။ ရန်ကုန်တက္ကသိုလ်ဟာ စာပေနဲ့အနုပညာနယ်ပယ်မှာလည်း ထင်ရှားပြီး သူ့ရဲ့လွှမ်းမိုးမှုကို ဆရာမ မိုးမိုး(အင်းလျား) ရဲ့ဝတ္ထုတွေကနေ ထူးအိမ်သင်ရဲ့ဂျပ်ဆင်ထိပ်ကလရိပ်ပြာသီချင်းအထိတွေ့နိုင်ပါတယ်။
ဒါ့အပြင် မြန်မာ့သမိုင်း နှစ် ၁၀၀ အတွင်းထင်ရှားတဲ့ဇာတ်ကောင်တကောင်လည်းဖြစ်ခဲ့တယ်။ ၁၉၄၅ အောက်တိုဘာ ၂၄ မှာ ဂျပန်ဗိုလ်ချုပ် Heitaro Kimura ဟာရန်ကုန်တက္ကသိုလ်မှာပဲ မဟာမိတ်တပ်တွေကိုလက်နက်ချကြောင်းကြေညာခဲ့ပါတယ်။
၁၉၆၂ ဇူလိုင် ၇ရက်နေ့မှာ ဗိုလ်ချုပ်နေဝင်းရဲ့စစ်သားတွေဟာရန်ကုန်တက္ကသိုလ်ထဲဝင်ရောက်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေတဲ့ကျောင်းသားထုကိုအကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။ အင်းလျားဆောင်က ကျောင်းသူတွေဟာတက္ကသိုလ်အဝင်ဝမှာ စစ်သားတွေကိုနာမ်နှိမ်တဲ့အနေနဲ့ ထဘီတွေကိုလှမ်းထားခဲ့တယ်။ ဒီဖြစ်ရပ်မှာ ကျောင်းသားများစွာသေဆုံးခဲ့ပါတယ်။ နောက်တနေ့မနက်မှာပဲ ကျောင်းသားတချို့ပုန်းခိုနေတဲ့သမဂ္ဂအဆောက်အအုံဟာ ဒိုင်းနမိုက်နဲ့ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
အဲ့ဒီနောက်မှာတော့ တက္ကသိုလ်ဟာအစိုးရလက်အောက်ရောက်သွားပြီး အင်္ဂလိပ်ဘာသာနဲ့သင်ကြားနေရာကနေ မြန်မာဘာသာအဖြစ်ပြောင်းလဲလိုက်တယ်။ ဘာသာစကားပြောင်းလဲတာပြဿနာမရှိပေမယ့် ပညာရေးအသုံးစရိတ်လျှော့ချလိုက်တာကတော့ သိသာတဲ့ထိုးနှက်ချက်တခုလို့ပြောရပါလိမ့်မယ်။
တချိန်ကအာရှတိုက်မှာအကောင်းဆုံးဖြစ်ခဲ့တဲ့ရန်ကုန်တက္ကသိုလ်ရဲ့အဆင့်အတန်းဟာတဖြည်းဖြည်းနဲ့ အောက်ဆုံးနေရာကိုထိုးကျသွားပါတော့တယ်။
၁၉၇၄မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ရုပ်အလောင်းကို အစိုးရကကြံတောသင်္ချိုင်းမှာမြှုုပ်ဖို့စီစဉ်ခဲ့ပေမယ့် ရန်ကုန်တက္ကသိုလ်ကျောင်းသားတချို့က လက်မခံခဲ့ပါဘူး။
ဒီကျောင်းသားတွေဟာဦးသန့်ရဲ့အခေါင်းကိုခိုးယူပြီး ဘွဲ့နှင်းသဘင်ခန်းမရဲ့ရှေ့မှာမြှုပ်နှံခဲ့တယ်။ ဦးသန့်ရဲ့ဈာပနကိုလည်းနိုင်ငံတော်အခမ်းအနားနဲ့ဆောင်ရွက်ဖို့တောင်းဆိုခဲ့တယ်။
ကျန်ရစ်သူမိသားစုရဲ့တောင်းဆိုချက်အရရုပ်ကလပ်ကိုပြန်ပေးခဲ့ပေမယ့် နောက်ထပ်ကျောင်းသားအုပ်စုတစုကထပ်ခိုးသွားပြီး ယခင်ကျောင်းသားသမဂ္ဂအဆောက်အအံုံ နေရာမှာဂူသွင်းသဂြိုဟ်ဖို့ကြိုးစားခဲ့တယ်။ ဒါဟာအစိုးရကိုအာခံတဲ့အပြုအမူလို့လည်းပြောလို့ရပါတယ်။
စစ်တပ်ဟာကျောင်းသားတွေကိုအကြမ်းဖက်လူစုခွဲပြီး ကန်တောင်မင်အမှတ်တရပန်းခြံ (Kandawmin Mausolea) မှာမြှုပ်နှံခဲ့ပါတယ်။
၁၉၈၈ ကျောင်းသားသပိတ်ရောက်တော့ ရန်ကုန်တက္ကသိုလ်ဟာဆန္ဒပြကျောင်းသားတွေနဲ့ စည်ကားခဲ့ပြန်တယ်။ ၁၉၉၀၀န်းကျင်ခုနှစ်တွေမှာ ရန်ကုန်တက္ကသိုလ်ကိုခေတ္တပိတ်ထားခဲ့ပြီး ကျောင်းသားတွေဟာတခြားတက္ကသိုလ်တွေမှာပညာသင်ကြရပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားတို့သွေးမစွန်းထင်းခဲ့တဲ့နေရာမရှိဘူးလို့တောင်ပြောလို့ရပါတယ်။
၂၀၁၂ ခုနှစ်အရောက်မှာတော့ အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘားမားဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့ပြီး သူပြောတဲ့မိန့်ခွန်းထဲမှာ ရန်ကုန်တက္ကသိုလ်ဟာရာစုနှစ်တခုအတွင်း “မြန်မာကျောင်းသားတွေရဲ့လူ့အခွင့်အရေးတောင်းဆိုရာမြေ” လို့တင်စားဂုဏ်ပြုခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတက္ကသိုလ်ပြန်လည်အသက်ဝင်လာပြီး ကျောင်းသားသစ်တွေနဲ့စည်ကားလာခဲ့ပါတယ်။ နိုင်ငံတကာမှာလည်း ရန်ကုန်တက္ကသိုလ်ရဲ့ အဆင့်အတန်းသတ်မှတ်ချက်တွေမြင့်တက်လာခဲ့တယ်။
ကျောင်းသားသမဂ္ဂသစ်လည်းပြန်လည်ပေါ်ထွက်လာခဲ့ပြီးသူ့ရှေ့ကနောင်တော်ကျောင်းသားတွေရဲ့ခြေရာလိုက်လို့ မတရားမှုတွေကိုဆန့်ကျင်ခဲ့တယ်။ အသစ်တဖန်နိုးထလာတဲ့ တက္ကသိုလ်အတွက် စိန်ခေါ်မှုတွေကတော့ရှိနေဆဲပါ။ မှတ်ပုံတင်မရှိတဲ့လူနည်းစုတိုင်းရင်းသားတွေအနေနဲ့ ရန်ကုန်တက္ကသိုလ်တက်ခွင့်မရတဲ့ပြဿနာတွေကိုရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမယ့် အခက်အခဲအမျိုးမျိုးကြားမှာ နှစ် ၁၀၀ တိတိမားမားမတ်မတ်ရပ်တည်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ်ဟာ နောက်ထပ်နှစ် ၁၀၀ ကိုလည်းအောင်အောင်မြင်မြင်ဖြတ်ကျော်နိုင်လိမ့်ဦးမယ်လို့ယုံကြည်ပါတယ်။
Christian Gilberti ၏ Did you know this year marks the 100th anniversary of Yangon University? အားမြန်မာဘာသာသို့ပြန်ဆိုဖော်ပြခြင်းဖြစ်ပါသည်။