Heaven Bistro’s amazing New Year Promotion

The Heaven Bistro
09 446 446 117
Unicode
Heaven Bistro မှာ ဒီဇင်ဘာ ၃၀ကနေ ဇန်နဝါရီ ၁၀ရက်နေ့အတွင်း ကော့တေး၊ မော့တေး၊ ဝိုင်တွေအားလုံးကို ၅၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ ရနိုင်မှာဖြစ်ပြီး ဟင်းပွဲတွေကိုတော့ ၁၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ သုံးဆောင်နိုင်မှာပါ။ မိသားစု၊ ချစ်သူခင်သူတွေနဲ့အတူတူပိတ်ရက်မှာ အစားအသောက်ကောင်းတွေစားသောက်ရင်း နှစ်သစ်ကိုကြိုဆိုကြပါစို့။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11 am – 10 pm (until 12am on Friday and Saturday)
‘Your Wedding’ Sedona Delivers

Sedona Hotel Yangon
Unicode
သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ Sedona ကအသေးစိတ်လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေပါပြီ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Craft Beer Fest Ticket Sale

Burbrit Taproom
January 19 (12 pm – 12 am)
Unicode
DJ Neonz ရဲ့မြူးကြွတဲ့သံစဉ်တွေကြားမှာပါတီလုပ်ရင်း craft beer တွေသောက်မယ်။ နိုင်ငံ ၅နိုင်ငံက brewery ၈ခုမှချက်လုပ်ထားတဲ့ ဘီယာ ၃၂မျိုးပါဝင်တဲ့ Craft Beer Fest 2020 အတွက်လက်မှတ်တွေကို တစောင် ၂၀၀၀၀ နဲ့ဝယ်လို့ရနေပါပြီ။ ၅စောင်ဝယ်ရင် ၁စောင်အခမဲ့ပါ။ ပွဲက ဇန်နဝါရီလ ၁၉ရက်နေ့ကျရင် Burbrit Taproom မှာကျင်းပမှာဖြစ်ပါတယ်။
Burbrit Taproom
၇၄၊ မနော်ဟရီလမ်း၊ အလုံ၊ ရန်ကုန်။
January 19 (12 pm – 12 am)
Spruce’s Special Set Menu Promotion with Unplugged Music

Spruce
09 752 341301
6:30 AM – 12:00 AM
Unicode
ပိတ်ရက်တွေမှာတယောက်တည်းနေတာထက် မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူတူဖြတ်သန်းတာ ပိုအရသာရှိပါတယ်။ တိုက်ခေါင်မိုးပေါ်မှာဖွင့်ထားတဲ့ Spruce မှာ ညနေ ၇နာရီကနေ ည ၁၁နာရီအထိရှိတဲ့ unplugged တီးဝိုင်းကိုနားထောင်ရင်း Spruce Hot Wings နဲ့အရမ်းလိုက်ဖက်တဲ့ Myanmar Premium Draught Beer ကိုသုံးဆောင်ရင်း ပိတ်ရက်ကိုဖြတ်သန်းပါ။ ညနေ ၆နာရီကနေ ည ၁၁နာရီအထိ လူ ၄ယောက်သုံးဆောင်နိုင်တဲ့ ဝိုင်ဖြူ (သို့) ဝိုင်နီပါပြီး set menu တွေကို ကျပ် ၅၀၀၀၀ ကနေစပြီးစီစဉ်ပေးနေပါပြီ။
Spruce
၁၃၇၊ ပန်းဆိုးတန်းအပေါ်ဘလောက်၊ Blk (M8)#13-01၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်။
09 752 341301
6:30 AM – 12:00 AM
Middle Eastern Night Dinner

Melia Yangon
3 January 2020 (6 PM – 10 PM)
Unicode
Melia Yangon ရဲ့ The Market စားသောက်ဆိုင်မှာတည်ခင်းပေးမယ့် Middle Eastern ဘူဖေးညစာမှာ အထူးအနေဖြင့် Shisha Free ပါဝင်မှာနော်။
တစ်ဦးကို ၃၅ ဒေါ်လာတည်းနဲ့ မြေထဲပင်လယ်ဒေသများရဲ့ အကောင်းမွန်ဆုံးသော ဟင်းလျာများကို တစ်နေရာ တည်းမှာ စုံလင်စွာ သုံးဆောင်နိုင်မယ့်အပြင် Arabic Ouzi, Shawarma, Hummus နဲ့ Falafel စတဲ့ဟင်းလျာ မျာနဲ့အတူ အခြား အရှေ့အလယ်ပိုင်းဒေသများရဲ့ ဟင်းလျာစစ်စစ်တွေကိုပါ စိတ်ကြိုက် သုံးဆောင်ခွင့် ရရှိမှာ ဖြစ်ပါတယ်… ဘီယာ၊ ဝိုင်ဖြူ၊ ဝိုင်နီနဲ့ အချိုရည်မျိုးစုံတို့ကို စိတ်ကြိုက်သုံးဆောင်ခွင့် လည်းပါဝင်ဦးမှာ ဖြစ်ပါ တယ်။
အထူး Shisha သုံးဆောင်ခွင့်က အကန့်အသတ်ရှိတာကြောင့် ဦးရာလူစနစ်ဖြင့်သာ တည်ခင်းပေးမှာဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်…အသေးစိတ်အချက်အလတ်များအတွက် ၀၁ ၉၃၄ ၅၀၀၀ သို့ဆက်သွယ် ခေါ်ဆိုလိုက်ပါ။
Melia Yangon
၁၉၂၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်း၊ ရန်ကုန်။
3 January 2020 (6 PM – 10 PM)
Babett Goes Live

Babett Yangon
Unicode
စနေနေ့ရဲ့ Babett Goes Live မှာ Winner တီးဝိုင်းက ည ၈နာရီကနေ ၁၁ နာရီအထိဖျော်ဖြေသွားမှာပါ။ ပြင်သစ်အစားအစာတွေစားရင်း Winner ရဲ့ပေါ့သီချင်းအေးအေးလေးတွေကိုနားထောင်ရအောင်လေ။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။
Babett’s Mad about Calzones

Babett Yangon
Unicode
Calzone ဆိုတာ ၁၈ရာစုနှစ်လောက်က အီတလီနိုင်ငံနေပယ်မြို့မှာစတင်ထွန်းကားလာခဲ့ပြီး ပီဇာကိုခေါက်ပြီးဖိုနဲ့ဖုတ်ထားတဲ့မုန့်တမျိုးဖြစ်ပါတယ်။ Babett ရဲ့ Calzone menu မှာတော့ ဆားနယ်ထားတဲ့မုန့်သားထဲမှာ Original, Salmon, Bolognaise, Camembert နဲ့ Spicy Seafood ဆိုတဲ့အစာ ၅မျိုးနဲ့ရရှိနိုင်ပါတယ်။ တခုကို ၁၈၀၀၀ သာကျသင့်မှာဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖော်ဝါရီ ၂လသာရရှိနိုင်မှာပါ။
Babett Yangon
အမှတ် ၅၊ အလံပြဘုရားလမ်း၊ ရန်ကုန်။