Valuable Paintings & Freeholders Curio Exhibition and Auction Event

ဒုတိယအကြိမ်မြောက်ကျင်းပမယ့်နာမည်ကြီး ပန်းချီဆရာကြီးများရဲ့အဖိုးတန်ပန်းချီကားများနှင့် ဘိုးဘွားပိုင်ရှားပါးပစ္စည်းများပြပွဲနှင့်လေလံပွဲကြီးကို ဇန်နဝါရီလ ၁၉ရက်နေ့ (တနင်္ဂနွေ) နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ Inya Lake ဟိုတယ် (Mingalar Ballroom) တွင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပပြုလုပ်သွားမှာပါ။ မနက် ၉နာရီကနေ နေ့လယ် ၁၂နာရီအထိပွဲတက်ရောက်လာတဲ့သူများကို လေလံတင်မယ့်ပစ္စည်းတွေပြသသွားမှာဖြစ်ပါတယ်။ အသေးစိတ်သိလိုပါက 09 256 866 663 ကိုဆက်သွယ်မေးမြန်းပါ။
2nd Myanmar Project Management Symposium

ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ Myanmar Project Management Symposium မှာလုပ်ငန်းခွင်အသီးသီးက ပညာရှင် ၅၀၀ကျော်တက်ရောက်မှာဖြစ်ပြီး ကဏ္ဍပေါင်းစုံကစီမံကိန်းခန့်ခွဲရေးနယ်ပယ်မှာအောင်မြင်မှု တွေရရှိထားတဲ့ အတတ်ပညာရှင်နဲ့ လုပ်ငန်းရှင် ၁၁ယောက်ကသူတို့ရဲ့အတွေ့အကြုံဗဟုသုတတွေကို ဆွေးနွေးဟောပြောသွားမယ်လို့သိရပါတယ်။ လက်မှတ်ဝယ်ယူရမှာဖြစ်ပြီး အသေးစိတ်သိရှိလိုပါက 09257 999 601/602 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ https://www.myanmarpmsymposium.com/ မှာပွဲနဲ့ပတ်သက်တဲ့အချက်အလက်များကိုဖတ်ရှုနိုင်ပြီး လက်မှတ်များလည်းဝယ်ယူနိုင်ပါတယ်။
နေရာ – LOTTE Hotel Yangon
အချိန် – မနက် ၉နာရီမှ ညနေ ၅နာရီ
နေ့ရက် – ၁၉ ဇန်နဝါရီ ၂၀၂၀
Yoma Yangon International Marathon 2020

ဆဌမအကြိမ်မြောက် ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲ (YYIM 2020) ကို ဇန်နဝါရီလ ၁၉ ရက်၊ တနင်္ဂနွေနေ့၊ နံနက် ၃ နာရီမှ ၁၁း၃၀ နာရီခွဲအထိ သုဝဏ္ဏဘူမိ Event Park ၌ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အပြေးသမားပေါင်း ၁၁၀၀၀ ကျော် ပါဝင်ယှဉ်ပြိုင်မယ်လို့သိရပါတယ်။
Enjoy Your Meal & Time at The Heaven Bistro

The Heaven Bistro
09 446 446 117
အာရှနဲ့အနောက်တိုင်းအစားအစာအမျိုးမျိုးရနိုင်တဲ့ The Heaven Bistro မှာ Beer Tower တခုမှာယူသူတိုင်း အရမ်းအရသာရှိတဲ့ bite platter တခုလက်ဆောင်ရမှာပါ။ Beef Steak (သို့) Salmon Steak တပွဲမှာရင် Premium Draught Beer တခွက်လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။ Cocktail နဲ့ Mocktail တွေကိုလည်း ၂၀ရာခိုင်နှုန်းလျှော့ဈေးနဲ့ သုံးဆောင်နိုင်ပါပြီ။ အပတ်စဉ်စနေနေ့ ညနေ ၇နာရီခွဲကနေ ၁၀နာရီခွဲအထိ live music လည်းရှိတယ်နော်။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)
Your Wedding. Sedona Delivers.

Sedona Hotel Yangon
သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ Sedona ကအသေးစိတ်လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေပါပြီ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို႔) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Your event. Sedona delivers.

Sedona Hotel Yangon
သင့်စီးပွားရေးအတွက်အရေးပါတဲ့တွေ့ဆုံစည်းဝေးပွဲတွေကို ခမ်းနားလှပတဲ့ Sedona Hotel Yangon ရဲ့ခန်းမတွေမှာကျင်းပလိုက်ပါ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို့) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Craft Beer Fest

Burbrit Taproom
January 19 (12 pm – 12 am)
DJ Neonz ရဲ့မြူးကြွတဲ့သံစဉ်တွေကြားမှာပါတီလုပ်ရင်း craft beer တွေသောက်မယ်။ နိုင်ငံ ၅နိုင်ငံက brewery ၈ခုမှချက်လုပ်ထားတဲ့ ဘီယာ ၃၂မျိုးပါဝင်တဲ့ Craft Beer Fest 2020 အတွက်လက်မှတ်တွေကို တစောင် ၂၀၀၀၀ နဲ့ဝယ်လို့ရနေပါပြီ။ ၅စောင်ဝယ်ရင် ၁စောင်အခမဲ့ပါ။ ပွဲက ဇန်နဝါရီလ ၁၉ရက်နေ့ကျရင် Burbrit Taproom မှာကျင်းပမှာဖြစ်ပါတယ်။
Burbrit Taproom
၇၄၊ မနော်ဟရီလမ်း၊ အလုံ၊ ရန်ကုန်။
January 19 (12 pm – 12 am)