၂၀၂၀ တရုတ်နှစ်သစ်ကူးပွဲတော်
Unicode
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုချက်အရ ဖူကျန့် တရုတ်အမျိုးသားများအသင်းမှဦးဆောင်၍ ၂၀၂၀ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော် (ရန်ကုန်)ကို ဇန်နဝါရီလ (၂၅) ရက်နေ့မှာ ရန်ကုန်မြို့၊ လသာမြို့နယ် တရုတ်တန်းမှာ ရိုးရာဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် Live show အစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါသည်။
လသာမြို့နယ် (တရုတ်တန်း) မှာ နှစ်သစ်ကူး အလှဆင်မီးပန်းများ၊ Photobooth များထားရှိသွားမည်ဖြစ်ပြီး ဇန်နဝါရီလ (၂၅) ရက်နှင့် (၂၆) ရက်နေ့များမှာလည်း နာမည်ကျော်စားသောက်ဆိုင်များပါဝင်သည့် မုန့်ဈေးတန်း ထားရှိသွားမည်ဖြစ်ကြောင်း သိရပါသည်။
ဒီနှစ်၏ထူးခြားချက်ကတော့ ညနေခင်းပိုင်းမှာ နာမည်ကျော်အဆိုတော် (၇) ဦး၏ Live Show အစီအစဉ်နဲ့အတူ ပွဲလာရောက်သူများအနေနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို လာရောက်လည်ပတ်ရင်း စားသုံးနိုင်ဖို့ မုန့်ဈေးတန်း၊ စတုဒီသာမဏ္ဍပ်များလည်း ပါဝင်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှသိရသည်။
ဒါ့အပြင် မုန့်ဈေးတန်းမှာ လည်ပတ်ရင်း အပျော်တမ်းဂိမ်းတွေကစားပြီး မုန့်တွေ၊ လက်ဆောင်တွေရရှိနိုင်မယ့် အထူးအစီအစဉ်တွေလည်း စီစဉ်ထားကြောင်းသိရသည်။
MakerFest Myanmar 2020 Yangon
Unicode
တစ်နေကုန် မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပမယ့် ဒီပွဲတော်မှာဆိုရင် ပရောဂျက်ပြခန်းတွေ၊ ပြိုင်ပွဲအစီအစဉ်တွေနဲ့ ကိုယ်တိုင်ပါဝင်လေ့လာရမယ့် ဆွေးနွေးပွဲ (Workshop) တွေလည်း ထည့်သွင်းထားပါတယ်။
လူငယ်တွေကိုယ်တိုင်ပြုလုပ်ထားတဲ့ စက်ရုပ်တွေနဲ့ ပရောဂျက်တွေ၊ ရိုးရာလက်မှုပညာကို ဆန်းသစ်ထားတဲ့ အနုပညာ ပြကွက်တွေ၊ အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်နိုင်တဲ့ တစ်နိုင်တစ်ပိုင် ပစ္စည်းလေးတွေ၊ အွန်လိုင်းပေါ်မှာပဲ မြင်ဖူးပြီး အပြင်မှာ မတွေ့ဖူးသေးတဲ့ ဆန်းဆန်းပြားပြားတွေကို မျက်ဝါးထင်ထင်တွေ့ရမှာပါ။
Workshop တွေလည်း အခမဲ့တက်ရောက်နိုင်ပြီး သုံးဖက်မြင် ပရင့်ထုတ်တာတွေ (3-D printing)၊ ကွန်ပျူတာ၊ ဖုန်း ပရိုဂရမ်ရေးတာတွေနဲ့ အခုခေတ် ၂၁ ရာစုမှာ မသိမဖြစ်သိထားရမယ့် ဗဟုသုတ အသစ်တွေအကြောင်း ပို့ချပေးသွားဦးမှာနော်။
စက်ရုပ်ပြိုင်ပွဲလည်း ပါတာကြောင့် ကိုယ်သဘောကျတဲ့ အဖွဲ့နဲ့ စက်ရုပ်ကို ဆက်ဆက်လာအားပေးကြပါဦး။ ဝါသနာပါရင် ကိုယ်တိုင်လည်း ဝင်ပြိုင်လို့ ရသေးတယ်နော်။
***မှတ်ချက်။ ဒီပွဲ ကို တက်ရောက်ဖို့အတွက် ဓာတ်ပုံပါတဲ့ကတ်ပြားတစ်ခုခု ယူလာဖို့သတိပေးပါရစေ။ စမတ်ဖုန်းနဲ့တက်ပ်လက်တွေ ယူဆောင်လာလို့ရပါတယ်။ ဒါပေမဲ့ လက်ပ်တော့ကွန်ပျူတာတို့၊ ကင်မရာတို့၊ သံသတ္ထုနဲ့လုပ်ထားတဲ့ ထည့်စရာနဲ့ အခြားပစ္စည်းကိရိယာတွေကိုတော့ ယူဆောင်လာခွင့်မပြုပါဘူး။
Wakanada Afrobeats Night
Unicode
တေးဂီတ music ရဲ့စွမ်းအင်တွေကို ခံစားလိုက်ပါ။ Music ရဲ့ကုသမှု ဖြစ်တဲ့ The Penthouse ရဲ့ Wakanda Night event ပျော်ကြကဲကြရအောင်။
4th Japan Toy Museum
Unicode
ဇန်နဝါရီလ ၂၅ နှင့် ၂၆ ရက် များမှာ “ဂျပန်ကစားစရာများပြတိုက် ” ကို ဝင်ကြေးအခမဲ့ ဖြင့် ၄ ကြိမ်မြောက်ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ကစားစရာပြတိုက်မှာ နိုင်ငံပေါင်း ၂၀ ကျော်မှ ကစားစရာ များနဲ့ အရည်းသွေးကောင့်တဲ့ သစ်သားဖြင့်ပြုလုပ်ထားတဲ့ ကစားစရာ များလည်းပါဝင်ပါတယ်။
၂၆ ရက်နေ့မှာတော့ ဂျပန်နိုင်ငံမှ ကစားစရာ အရုပ်ကျွမ်းကျင်ပညာရှင်များလည်း ပါဝင်ပြီး ဂျပန်ရိုးရာ ကစားနည်းနဲ့ ကစားစရာအရုပ်များကိုလည်း ပြသသွားမယ်လို့သိရပါတယ်။
Enjoy Brand New Lunch Menu at The Heaven Bistro
The Heaven Bistro
09 446 446 117
Unicode
The Heaven Bistro မှာနေ့လယ်စာ menu ရနေပြီနော့်။ အကြော်အလှော်နဲ့ဟင်းလျာတွေအပြင် ဟင်းရည်နဲ့အသုပ်တွေကိုသင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့သုံးဆောင်နိုင်ပါပြီ။ Beef Steak (သို့) Salmon Steak မှာယူအားပေးသူတွေကို Premium Draught Beer တခွက်လက်ဆောင်ပေးသွားမှာပါ။ Cocktail နဲ့ mocktail အားလုံး ၂၀ရာခိုင်နှုန်းလျှော့ဈေးရှိပါသေးတယ်။ စနေနေ့ညတိုင်း ၇နာရီခွဲကနေ ၁၀နာရီခွဲအထိတီးဝိုင်းနဲ့ ဖျော်ဖြေသွားဦးမှာဖြစ်ပါတယ်။
The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)
Your Wedding. Sedona Delivers.
Sedona Hotel Yangon
သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ Sedona ကအသေးစိတ်လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေပါပြီ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို႔) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Your event. Sedona delivers.
Sedona Hotel Yangon
သင့်စီးပွားရေးအတွက်အရေးပါတဲ့တွေ့ဆုံစည်းဝေးပွဲတွေကို ခမ်းနားလှပတဲ့ Sedona Hotel Yangon ရဲ့ခန်းမတွေမှာကျင်းပလိုက်ပါ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို့) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။