Advertisement

Singapore Festival 2020




Unicode

၂၀၁၈ ခုနှစ်ကဘိုကလေးဈေးလမ်းမှာကျင်းပခဲ့တဲ့ Street Party အဖြစ်ကျင်းပခဲ့တဲ့စင်ကာပူပွဲတော်ကြီးက ဒီ ၂၀၂ဝပြည့်နှစ်မှာ Garden Party ပုံစံအသွင်တစ်မျိုးနဲ့ ပြန်ရောက်လို့လာပါပြီ။ Singapore Festival 2020 က ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နဲ့၂ရက်မှာ နေ့လည် ၃နာရီကနေ ည ၁၀နာရီအထိ ကမ္ဘာအေးဘုရားလမ်းပေါ်က ချင်းချောင်းနန်းတော်မှာ ကျင်းပပေးသွားမှာပါ။ အစားအသောက်ခုံမင်သူတွေ၊ ပါတီချစ်သူတွေ၊ အနုပညာမြတ်နိုးသူတွေနဲ့ဈေးဝယ်ဝါသနာအိုးလေးတွေအတွက် ခံစားမှုအတွေ့အကြုံသစ်တွေကို စင်ကာပူပွဲတော်ကြီးက ဖြည့်ဆည်းပေးပါလိမ့်မယ်။

အသေးစိတ်လေ့လာရန် – https://www.facebook.com/events/444349939827796/?event_time_id=444352809827509

လက်မှတ်ဝယ်ရန် – http://bit.ly/SingFest2020



Unicode

စားသောက်ဆိုင်တွေ၊ တိုင်းရင်းသားတို့ရဲ့အဝတ်အထည် အသုံးအဆောင် ယဉ်ကျေးမှုပြပွဲတွေအပြင် တိုင်းရင်းသူအလှမယ်တွေရွေးချယ်သွားမယ့် Miss Ethnic Myanmar 2020 ပြိုင်ပွဲလည်းပါဝင်တဲ့ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ကိုဖေဖော်ဝါရီ ၁ရက်နေ့မှ ၇ရက်နေ့အထိ ကျိုက္ကဆံကွင်းမှာကျင်းပသွားမှာပါ။

Enjoy Brand New Lunch Menu at The Heaven Bistro


The Heaven Bistro
09 446 446 117

Unicode

The Heaven Bistro မှာနေ့လယ်စာ menu ရနေပြီနော့်။ အကြော်အလှော်နဲ့ဟင်းလျာတွေအပြင် ဟင်းရည်နဲ့အသုပ်တွေကိုသင့်တင့်မျှတတဲ့ဈေးနှုန်းနဲ့သုံးဆောင်နိုင်ပါပြီ။ Beef Steak (သို့) Salmon Steak မှာယူအားပေးသူတွေကို Premium Draught Beer တခွက်လက်ဆောင်ပေးသွားမှာပါ။ Cocktail နဲ့ mocktail အားလုံး ၂၀ရာခိုင်နှုန်းလျှော့ဈေးရှိပါသေးတယ်။ စနေနေ့ညတိုင်း ၇နာရီခွဲကနေ ၁၀နာရီခွဲအထိတီးဝိုင်းနဲ့ ဖျော်ဖြေသွားဦးမှာဖြစ်ပါတယ်။

The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)

The Public Festival 2020


Unicode

ဇန်နဝါရီလ (၂၉) ရက် မှ ဖေဖော်ဝါရီလ (၂) ရက်နေ့အတွင်း ညနေ ၄နာရီမှ ည ၉နာရီအထိ ဝင်ကြေးအခမဲ့ဖြင့် ကျင်းပမယ့် The Public Festival 2020 ဖြစ်ပါတယ်။ ဒီပွဲမှာ နိုင်ငံကျော် တေးသံရှင် ဇော်ဝင်းထွဋ် ပါဝင်တဲ့ EMPEROR Band ၊ မျိုးကျော့မြိုင် ၊ အောင်လ (Reason) အပြင် အခြားသော Rock Band နှင် တေးသံရှင်များစွာကဖျော်ဖြေသွားမှာဖြစ်ပြီး Times City ဧရိယာ တစ်ခုလုံးမှာ Night Market အပြင် အခြားသော Branding Area များစွာကိုလည်းထားရှိပေးမှာပါ။

Garden Buffet Dinner


The RITZ Yangon မှာ free flow sparkling wine, beer နဲ့အချိုရည်တွေပါဝင်မယ့်ဘူဖေးညစာကို ဇန်နဝါရီ ၃၁ ရက်နေ့ ညနေ ၆နာရီခွဲမှ ၁၀နာရီအထိသုံးဆောင်နိုင်ပါပြီ။ The RITZ ရဲ့ခြံဝင်းထဲမှာတည်ခင်းဧည့်ခံမှာဖြစ်တဲ့အတွက် Garden Buffet Dinner အရသာကိုအပြည့်အဝခံစားရမှာနော်။ တီးဝိုင်းကလည်းတေးသီချင်းတွေနဲ့ဖျော်ဖြေသွားဦးမှာပါ။

Ticket Price: 35000 MMK

Early Bird: 30000 MMK

Time: 6:30pm to 10:00 pm

Place: The Ritz Yangon Italian Restaurant

Contact: 09 446 656 925, 01 525935

Your Wedding. Sedona Delivers.


Sedona Hotel Yangon

Unicode

သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ Sedona ကအသေးစိတ်လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေပါပြီ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို႔) [email protected] ကိုဆက်သွယ်လိုက်နော်။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Your event. Sedona delivers.


Sedona Hotel Yangon

Unicode

သင့်စီးပွားရေးအတွက်အရေးပါတဲ့တွေ့ဆုံစည်းဝေးပွဲတွေကို ခမ်းနားလှပတဲ့ Sedona Hotel Yangon ရဲ့ခန်းမတွေမှာကျင်းပလိုက်ပါ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို့) [email protected] ကိုဆက်သွယ်လိုက်နော်။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Chef’s Discovery Menu at The Strand Restaurant



Unicode

ဖေဖော်ဝါရီလ ၁ရက်နေ့မှာ The Strand Restaurant ရဲ့ Chef de Cuisine Xavier Fauvel ဦးဆောင်တဲ့ စားဖိုမှူးအဖွဲ့ဆန်းသစ်တီထွင်ထားတဲ့ဟင်းလျာတွေကိုသုံးဆောင်နိုင်ပါပြီ။ ဟင်းလျာ ၄မျိုးပါတဲ့ဒီ Discovery Menu ဟာတဦးကို US$49 ကျသင့်မှာဖြစ်ပါတယ်။ Tax နဲ့ service charge ထပ်မံပေးဆောင်ရမှာဖြစ်ပြီး Gold Key member တွေကတော့ ၂၀ရာခိုင်နှုန်း special discount ရရှိမှာပါ။
ဘွတ်ကင်နှင့်တခြားအချက်အလက်များအတွက် [email protected] (သို့) +95 18 243 377-92 ကိုဆက်သွယ်ပါ။

The Strand Hotel Yangon
အမှတ် (၉၂)၊ ကမ်းနားလမ်း၊ ရန်ကုန်။

GRRRL Power: MUSIC Concert


Unicode

မြန်မာအမျိုးသမီးအနုပညာရှင်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးဖို့၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ နားလည်မှုပိုမိုတည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး GRRRL POWER ပွဲတွေကို Goethe-Institut Myanmar မှ ပံ့ပိုးကူညီမှုနဲ့ Turning Tables Myanmar က စီစဉ်ကျင်းပလျက်ရှိပြီး ယခုပွဲသည် ငါးကြိမ်မြောက်ကျင်းပသောပွဲဖြစ်ပြီး GRRRL Power အမည်ဖြင့်ပွဲများကို 2020 နှစ်အတွင်း ထပ်မံကျင်းပသွားမည်ဖြစ်ကာ ပွဲအားလုံး ဝင်ကြေးအခမဲ့ပါ။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here