Advertisement

ရန္ကုန္မွာေရြးခ်ယ္စရာပီဇာဆိုင္ေတြမ်ားေပမယ့္ homemade ပံုစံ ထင္းမီးဖိုနဲ႔ဖုတ္တဲ့ပီဇာဆိုင္ကေတာ့အေတာ္နည္းပါတယ္။ အဲ့ဒီထဲကမွ Parami Pizza ကအရသာေကာင္းျပီး ေစ်းႏႈန္းကလည္းလူတိုင္းလက္လွမ္းမီတဲ့အေနအထားမွာရွိလို႔ ပီဇာခ်စ္သူေတြၾကားထဲနာမည္ၾကီးတယ္။

အရင္ကပါရမီနဲ႔ဆရာစံလမ္းေပၚမွာပဲရွိတဲ့ Parami Pizza ဟာအခုဆိုရင္တတိယဆိုင္ခြဲကိုကမ္းနားလမ္းေပၚမွာ ဖြင့္လွစ္လိုက္ပါျပီ။ Media tasting မွာျမည္းစမ္းခဲ့တဲ့ menu အသစ္ေတြအေၾကာင္းေဖာက္သည္ခ်ခ်င္ပါတယ္။

အရင္ဆံုးဆိုင္အျပင္အဆင္ကစေျပာရရင္ ေခါင္မိုးျမင့္ျပီးအလယ္မွာဘားေကာင္တာရွိတယ္။ လူ ၄ေယာက္စာ စားပြဲေတြရွိသလို လူမ်ားတယ္ဆိုရင္နံရံနဲ႔ကပ္ထားတဲ့ဆိုဖာခံုေတြမွာ အုပ္စုလိုက္၀ိုင္းထိုင္လို႔ရပါတယ္။

အစားအေသာက္ပိုင္းမွာဆိုရင္ေတာ့ bar snack အသစ္ ၂မ်ိဳးျဖစ္တဲ့ Fried Lasagna နဲ႔ Pizza Rolls ကေနစေျပာရမယ္။ က်ေနာ္တို႔နဲ႔ရင္းႏွီးျပီးသားအီတလီဟင္းလ်ာ Lasagna ကိုအလံုးေလးေတြလံုးျပီး ေၾကာ္ထားတာပါ။ အမဲသား၊ ေပါင္မုန္႔ၾကြပ္စ၊ ခရမ္းခ်ဥ္သီးႏွစ္ေတြနဲ႔လံုးထားတဲ့ Lasagna ကိုေၾကာ္လိုက္ေတာ့ အျပင္ကတင္းတင္းေလးနဲ႔အတြင္းကႏူးညံ့တယ္။ ငရုတ္သီးေဆာ့စ္ေလးနဲ႔တို႔စား၊ ပူပူစပ္စပ္နဲ႔ေတာ္ေတာ္စားလို႔ေကာင္းပါတယ္။

Pizza Rolls ကက်ေတာ့ဂ်ံဳသားလံုးေလးေတြထဲ မိုဇြဲလားခ်ိစ္၊ ခရမ္းခ်ဥ္သီး၊ ၀က္အူေခ်ာင္း (pepperoni) တုိ႔အစာသြပ္ထားတာ။ သူကကိုက္လိုက္တိုင္း cheesy ျဖစ္ျပီး ခရမ္းခ်ဥ္သီးကအအီေျပေစတယ္။ ၂မ်ိဳးလံုးက ေပါ့ေပါ့ပါးပါးဘီယာနဲ႔ျမည္းလို႔ရသလို heavy meal ေတြမစားခင္ appetiser အျဖစ္လည္းစားလို႔ေကာင္းပါတယ္။ က်ေနာ္ကေတာ့ Fried Lasagna ကိုပိုၾကိဳက္တယ္။

ပီဇာအသစ္ ၂မ်ိဳးထဲမွာေတာ့ Rubato က pepperoni၊ မိုဇြဲလားခ်ိစ္၊ ခရမ္းခ်ဥ္သီးေဆာ့စ္တို႔နဲ႔လုပ္ထားတဲ့ ဂႏၳ၀င္အရသာပီဇာကို စားခါနီးမွငရုတ္သီးနဲ႔စပ္ထားတဲ့ပ်ားရည္ဆမ္းျပီးစားရတာပါ။ ပူပူစပ္စပ္နဲ႔ခံတြင္းလိုက္တယ္။ ေနာက္ထပ္ပီဇာအသစ္တမ်ိဳးျဖစ္တဲ့ Noce ကေတာ့အီတလီစကားလံုးျဖစ္ျပီး Nut (အခြံမာသီး) လို႔အဓိပၸာယ္ရပါတယ္။ နာမည္နဲ႔လိုက္ဖက္စြာပဲ သစ္ၾကားသီး (walnut) ကိုအေျခခံထားျပီး blue cheese နဲ႔ ဟင္းႏုႏြယ္ရြက္ပါတယ္။ သူကက်ေတာ့အဆိမ့္အရသာကဲပါတယ္။ ဟင္းသီးဟင္းရြက္ပီဇာၾကိဳက္တဲ့သူေတြဆိုရင္ Noce ကိုျမည္းၾကည့္သင့္တယ္။ ပီဇာေတြရဲ႕ထူးျခားခ်က္ကေတာ့ မုန္႔သားကအရမ္းၾကီးမထူဘဲ ေဘးအကာသားကၾကြပ္ေနတာပါပဲ။ ထင္းမီးဖိုနဲ႔ဖုတ္တဲ့အတြက္အနံ႔ကပိုေမႊးတယ္။

ေကာ့ေတးေတြထဲမွာေတာ့ Sangria ကိုအေျခခံျပီး ဆန္းသစ္ထားတဲ့ Endless Summer ဟာ လူၾကိဳက္ေတာ္ေတာ္မ်ားပါတယ္။ ၀ိုင္နီနဲ႔ rum ကိုရာသီေပၚအသီးအႏွံေတြနဲ႔ေရာျပီး ဆိုဒါေလးေပါက္ထားေတာ့ အနံ႔ကသင္းေနျပီး ရွတတနဲ႔အအီေျပတယ္။ ေပါ့ေပါ့ပါးပါးေသာက္စရာေတြထဲမွာ homemade ginger beer ကို၀ီစကီနဲ႔စပ္ျပီးသံပုရာသီးညွစ္ထားတဲ့ Whisky Ginger က Parami ရဲ႕ signature လို႔ေျပာလို႔ရတယ္။ အ၀င္ေကာင္းတယ္၊ လူလန္းတယ္။ ဂ်င္းတက္ေလးစိမ္ေပးထားတဲ့အတြက္အနံ႔ကလည္းေမႊးေနတာပဲ။

ခပ္ျပင္းျပင္းၾကိဳက္တဲ့သူေတြအတြက္ Floral Negroni နဲ႔ Chocolate Negroni ကိုညႊန္းပါတယ္။ Negroni ဆိုတာ Gin၊ Campari၊ Vermouth Rosso တို႔နဲ႔ေဖ်ာ္စပ္တဲ့အီတလီေကာ့ေတးပါ။ ပံုမွန္အားျဖင့္လိေမၼာ္ခြံေလးထည့္ျပီးသံုးေဆာင္ၾကေပမယ့္ Floral Negroni မွာေတာ့ Roselle ပန္းေျခာက္ေလးေတြထည့္ထားတယ္။ Chocolate ကေတာ့ Milo နဲ႔အေရာင္စပ္ထားျပီး ေသာက္ခါနီးေခ်ာကလက္ျပားေလးတျပားထည့္ေပးတယ္။ Floral ကပိုေမႊးသလို ပိုလည္းျပင္းပါတယ္။ Alcohol မပါတဲ့ drink ေတြလည္းရွိျပီး ဘီယာလည္းရတယ္။

ပီဇာေတြက တခ်ပ္ကို ၁ေသာင္းခြဲေလာက္ရွိျပီး bar snack နဲ႔ cocktail ေတြကေတာ့ ၅ေထာင္၀န္းက်င္ေလာက္ရွိပါတယ္။

Parami Pizza Downtown
၄၂၊ ကမ္းနားလမ္း (ၾကက္ေျခနီရံုးဘယ္ဘက္ျခမ္း)၊ ရန္ကုန္။
တနဂၤေႏြ မွ ဗုဒၶဟူးအထိ (11 am – 11 pm)
ၾကာသာပေတး မွ စေန (11 am – 1 am last orders 12:30 am for pizza & drinks)

Happy Hour – Daily 5pm-7pm Buy One, Get One Free on Bawdar Beer & Special Prices on Cocktails & Wines by the Glass

Unicode

ရန်ကုန်မှာရွေးချယ်စရာပီဇာဆိုင်တွေများပေမယ့် homemade ပုံစံ ထင်းမီးဖိုနဲ့ဖုတ်တဲ့ပီဇာဆိုင်ကတော့အတော်နည်းပါတယ်။ အဲ့ဒီထဲကမှ Parami Pizza ကအရသာကောင်းပြီး ဈေးနှုန်းကလည်းလူတိုင်းလက်လှမ်းမီတဲ့အနေအထားမှာရှိလို့ ပီဇာချစ်သူတွေကြားထဲနာမည်ကြီးတယ်။

အရင်ကပါရမီနဲ့ဆရာစံလမ်းပေါ်မှာပဲရှိတဲ့ Parami Pizza ဟာအခုဆိုရင်တတိယဆိုင်ခွဲကိုကမ်းနားလမ်းပေါ်မှာ ဖွင့်လှစ်လိုက်ပါပြီ။ Media tasting မှာမြည်းစမ်းခဲ့တဲ့ menu အသစ်တွေအကြောင်းဖောက်သည်ချချင်ပါတယ်။

အရင်ဆုံးဆိုင်အပြင်အဆင်ကစပြောရရင် ခေါင်မိုးမြင့်ပြီးအလယ်မှာဘားကောင်တာရှိတယ်။ လူ ၄ယောက်စာ စားပွဲတွေရှိသလို လူများတယ်ဆိုရင်နံရံနဲ့ကပ်ထားတဲ့ဆိုဖာခုံတွေမှာ အုပ်စုလိုက်ဝိုင်းထိုင်လို့ရပါတယ်။

အစားအသောက်ပိုင်းမှာဆိုရင်တော့ bar snack အသစ် ၂မျိုးဖြစ်တဲ့ Fried Lasagna နဲ့ Pizza Rolls ကနေစပြောရမယ်။ ကျနော်တို့နဲ့ရင်းနှီးပြီးသားအီတလီဟင်းလျာ Lasagna ကိုအလုံးလေးတွေလုံးပြီး ကြော်ထားတာပါ။ အမဲသား၊ ပေါင်မုန့်ကြွပ်စ၊ ခရမ်းချဉ်သီးနှစ်တွေနဲ့လုံးထားတဲ့ Lasagna ကိုကြော်လိုက်တော့ အပြင်ကတင်းတင်းလေးနဲ့အတွင်းကနူးညံ့တယ်။ ငရုတ်သီးဆော့စ်လေးနဲ့တို့စား၊ ပူပူစပ်စပ်နဲ့တော်တော်စားလို့ကောင်းပါတယ်။

Pizza Rolls ကကျတော့ဂျုံသားလုံးလေးတွေထဲ မိုဇွဲလားချိစ်၊ ခရမ်းချဉ်သီး၊ ဝက်အူချောင်း (pepperoni) တို့အစာသွပ်ထားတာ။ သူကကိုက်လိုက်တိုင်း cheesy ဖြစ်ပြီး ခရမ်းချဉ်သီးကအအီပြေစေတယ်။ ၂မျိုးလုံးက ပေါ့ပေါ့ပါးပါးဘီယာနဲ့မြည်းလို့ရသလို heavy meal တွေမစားခင် appetiser အဖြစ်လည်းစားလို့ကောင်းပါတယ်။ ကျနော်ကတော့ Fried Lasagna ကိုပိုကြိုက်တယ်။

ပီဇာအသစ် ၂မျိုးထဲမှာတော့ Rubato က pepperoni၊ မိုဇွဲလားချိစ်၊ ခရမ်းချဉ်သီးဆော့စ်တို့နဲ့လုပ်ထားတဲ့ ဂန္ထဝင်အရသာပီဇာကို စားခါနီးမှငရုတ်သီးနဲ့စပ်ထားတဲ့ပျားရည်ဆမ်းပြီးစားရတာပါ။ ပူပူစပ်စပ်နဲ့ခံတွင်းလိုက်တယ်။ နောက်ထပ်ပီဇာအသစ်တမျိုးဖြစ်တဲ့ Noce ကတော့အီတလီစကားလုံးဖြစ်ပြီး Nut (အခွံမာသီး) လို့အဓိပ္ပာယ်ရပါတယ်။ နာမည်နဲ့လိုက်ဖက်စွာပဲ သစ်ကြားသီး (walnut) ကိုအခြေခံထားပြီး blue cheese နဲ့ ဟင်းနုနွယ်ရွက်ပါတယ်။ သူကကျတော့အဆိမ့်အရသာကဲပါတယ်။ ဟင်းသီးဟင်းရွက်ပီဇာကြိုက်တဲ့သူတွေဆိုရင် Noce ကိုမြည်းကြည့်သင့်တယ်။ ပီဇာတွေရဲ့ထူးခြားချက်ကတော့ မုန့်သားကအရမ်းကြီးမထူဘဲ ဘေးအကာသားကကြွပ်နေတာပါပဲ။ ထင်းမီးဖိုနဲ့ဖုတ်တဲ့အတွက်အနံ့ကပိုမွှေးတယ်။

ကော့တေးတွေထဲမှာတော့ Sangria ကိုအခြေခံပြီး ဆန်းသစ်ထားတဲ့ Endless Summer ဟာ လူကြိုက်တော်တော်များပါတယ်။ ဝိုင်နီနဲ့ rum ကိုရာသီပေါ်အသီးအနှံတွေနဲ့ရောပြီး ဆိုဒါလေးပေါက်ထားတော့ အနံ့ကသင်းနေပြီး ရှတတနဲ့အအီပြေတယ်။ ပေါ့ပေါ့ပါးပါးသောက်စရာတွေထဲမှာ homemade ginger beer ကိုဝီစကီနဲ့စပ်ပြီးသံပုရာသီးညှစ်ထားတဲ့ Whisky Ginger က Parami ရဲ့ signature လို့ပြောလို့ရတယ်။ အဝင်ကောင်းတယ်၊ လူလန်းတယ်။ ဂျင်းတက်လေးစိမ်ပေးထားတဲ့အတွက်အနံ့ကလည်းမွှေးနေတာပဲ။

ခပ်ပြင်းပြင်းကြိုက်တဲ့သူတွေအတွက် Floral Negroni နဲ့ Chocolate Negroni ကိုညွှန်းပါတယ်။ Negroni ဆိုတာ Gin၊ Campari၊ Vermouth Rosso တို့နဲ့ဖျော်စပ်တဲ့အီတလီကော့တေးပါ။ ပုံမှန်အားဖြင့်လိမ္မော်ခွံလေးထည့်ပြီးသုံးဆောင်ကြပေမယ့် Floral Negroni မှာတော့ Roselle ပန်းခြောက်လေးတွေထည့်ထားတယ်။ Chocolate ကတော့ Milo နဲ့အရောင်စပ်ထားပြီး သောက်ခါနီးချောကလက်ပြားလေးတပြားထည့်ပေးတယ်။ Floral ကပိုမွှေးသလို ပိုလည်းပြင်းပါတယ်။ Alcohol မပါတဲ့ drink တွေလည်းရှိပြီး ဘီယာလည်းရတယ်။

ပီဇာတွေက တချပ်ကို ၁သောင်းခွဲလောက်ရှိပြီး bar snack နဲ့ cocktail တွေကတော့ ၅ထောင်ဝန်းကျင်လောက်ရှိပါတယ်။

Parami Pizza (Strand outlet)
၄၂၊ ကမ်းနားလမ်း (ကြက်ခြေနီရုံးဘယ်ဘက်ခြမ်း)၊ ရန်ကုန်။
တနင်္ဂနွေ မှ ဗုဒ္ဓဟူးအထိ (11 am – 11 pm)
ကြာသာပတေး မှ စနေ (11 am – 1 am last orders 12:30 am for pizza & drinks)

Happy Hour – Daily 5pm-7pm Buy One, Get One Free on Bawdar Beer & Special Prices on Cocktails & Wines by the Glass

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here