မာရသြန္အတြက္ ရန္ကုန္လမ္းတခ်ိဳ႕ေခတၱပိတ္မည္

0
Advertisement

၂၀၂၀ ႐ိုးမရန္ကုန္ အျပည္ျပည္ဆိုင္ရာမာရသြန္ (YYIM) မွ ၿပိဳင္ပြဲက်င္းပမယ့္ ၂၀၂၀ ခုႏွစ္၊ ဇန္န၀ါရီလ ၁၉ ရက္ေန႔ နံနက္ပုိင္းမွာ လမ္းမႀကီးႏွင့္ လမ္းသြယ္အခ်ိဳ႕အားျဖတ္သန္းသြားလာခြင့္ ေခတၱပိတ္ထားမယ္လို႔သိရပါတယ္။ Yoma Strategic Holdings ၊ First Myanmar Investment (FMI) ႏွင့္ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ (YCDC) တို႔မွ ပူးေပါင္းစီစဥ္ၿပီး ႏွစ္စဥ္က်င္းပတဲ့ YYIM ဟာ ျမန္မာႏိုင္ငံတြင္ ယွဥ္ၿပိဳင္သူဦးေရ အမ်ားဆံုးပါဝင္တဲ့ အေျပးၿပိဳင္ပြဲတစ္ခုလည္းျဖစ္ပါတယ္။

ၿပိဳင္ပြဲကို ေဘးအႏၱရာယ္ကင္းရွင္းစြာ က်င္းပႏိုင္ေရးအတြက္ ေအာက္ပါလမ္းအခ်ိဳ႕ကို လမ္းအျပည့္ သို႔မဟုတ္ လမ္းတစ္ဝက္ပိတ္ထားမယ္လို႔သိရပါတယ္။

• ေဝဇယႏၱာလမ္းႏွင့္ ေလးေထာင့္ကန္လမ္းဆံု မွ သံသုမာလမ္းဆံု အထိ (နံနက္ ၂ နာရီမွ ေန႔လယ္ ၁၂ နာရီခြဲ အထိ)

• ရာဇဓိရာဇ္လမ္း မွ ကမ္းနားလမ္းေဟာင္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၉ နာရီ အထိ)

• ကမ္းနားလမ္းေဟာင္းမွ ၾကည့္ျမင့္တိုင္ ကမ္းနားလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၉ နာရီ အထိ)

• ေရႊတိဂံုဘုရားလမ္း မွ ဦးေထာင္ဘိုလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၉ နာရီ အထိ)

• ဗညားဒလလမ္း မွ က်ိဳကၠဆံလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၁၀ နာရီခြဲ အထိ)

• စက္ရံုလမ္း မွ ဗညားဒလလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၁၀ နာရီခြဲ အထိ)

• ဗဟိုလမ္း မွ ေဆးဝါးလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၁၁ နာရီ အထိ)

• ေအာင္သိဒၶိလမ္း မွ မင္းဓမၼလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၁၁ နာရီ အထိ)

• သစၥာလမ္း (ကန္ဘဲ့) မွ မိုးေကာင္းလမ္း အထိ (နံနက္ ၄ နာရီခြဲ မွ နံနက္ ၁၁ နာရီ အထိ)

မာရသြန္အျပည့္ၿပီဳင္ပြဲ၊ မာရသြန္တစ္၀က္ၿပိဳင္ပြဲ (၂၁ ကီလိုမီတာ)၊ စိန္ေခၚမာရသြန္ၿပိဳင္ပြဲ (၁၀.၅ ကီလိုမီတာ) ႏွင့္ ၃ ကီလိုမီတာ အေပ်ာ္တမ္း အေျပး/လမ္းေလ်ာက္ၿပိဳင္ပြဲမ်ား၏ ေျပးလမ္းေၾကာင္းမ်ားႏွင့္ ပတ္သက္၍ ထပ္မံသိရွိလိုပါက ၿပိဳင္ပြဲ website (yomayangonmarathon.com/) တြင္ ဝင္ေရာက္ၾကည့္ရႈေလ့လာႏိုင္ပါတယ္။

Unicode

မာရသွန်အတွက် ရန်ကုန်လမ်းတချို့ခေတ္တပိတ်မည်

၂၀၂၀ ရိုးမရန်ကုန် အပြည်ပြည်ဆိုင်ရာမာရသွန် (YYIM) မှ ပြိုင်ပွဲကျင်းပမယ့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းမှာ လမ်းမကြီးနှင့် လမ်းသွယ်အချို့အားဖြတ်သန်းသွားလာခွင့် ခေတ္တပိတ်ထားမယ်လို့သိရပါတယ်။ Yoma Strategic Holdings ၊ First Myanmar Investment (FMI) နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) တို့မှ ပူးပေါင်းစီစဉ်ပြီး နှစ်စဉ်ကျင်းပတဲ့ YYIM ဟာ မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်သူဦးရေ အများဆုံးပါဝင်တဲ့ အပြေးပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။

ပြိုင်ပွဲကို ဘေးအန္တရာယ်ကင်းရှင်းစွာ ကျင်းပနိုင်ရေးအတွက် အောက်ပါလမ်းအချို့ကို လမ်းအပြည့် သို့မဟုတ် လမ်းတစ်ဝက်ပိတ်ထားမယ်လို့သိရပါတယ်။

• ဝေဇယန္တာလမ်းနှင့် လေးထောင့်ကန်လမ်းဆုံ မှ သံသုမာလမ်းဆုံ အထိ (နံနက် ၂ နာရီမှ နေ့လယ် ၁၂ နာရီခွဲ အထိ)

• ရာဇဓိရာဇ်လမ်း မှ ကမ်းနားလမ်းဟောင်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)

• ကမ်းနားလမ်းဟောင်းမှ ကြည့်မြင့်တိုင် ကမ်းနားလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)

• ရွှေတိဂုံဘုရားလမ်း မှ ဦးထောင်ဘိုလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၉ နာရီ အထိ)

• ဗညားဒလလမ်း မှ ကျိုက္ကဆံလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)

• စက်ရုံလမ်း မှ ဗညားဒလလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၀ နာရီခွဲ အထိ)

• ဗဟိုလမ်း မှ ဆေးဝါးလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)

• အောင်သိဒ္ဓိလမ်း မှ မင်းဓမ္မလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)

• သစ္စာလမ်း (ကန်ဘဲ့) မှ မိုးကောင်းလမ်း အထိ (နံနက် ၄ နာရီခွဲ မှ နံနက် ၁၁ နာရီ အထိ)

မာရသွန်အပြည့်ပြီုင်ပွဲ၊ မာရသွန်တစ်ဝက်ပြိုင်ပွဲ (၂၁ ကီလိုမီတာ)၊ စိန်ခေါ်မာရသွန်ပြိုင်ပွဲ (၁၀.၅ ကီလိုမီတာ) နှင့် ၃ ကီလိုမီတာ အပျော်တမ်း အပြေး/လမ်းလျောက်ပြိုင်ပွဲများ၏ ပြေးလမ်းကြောင်းများနှင့် ပတ်သက်၍ ထပ်မံသိရှိလိုပါက ပြိုင်ပွဲ website (yomayangonmarathon.com/) တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here