Advertisement

ဒုတိယအႀကိမ္ေျမာက္ ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲ (Yangon International Motor Show) ကိုရန္ကုန္ၿမိဳ႕၊ Inya Lake Hotel အတြင္းက Yangon Convention Center မွာ က်င္းပျပဳလုပ္လ်က္ရွိပါတယ္။

ဒီျပပြဲမွာ BMW၊ Brilliance၊ DFSK၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes – Benz၊ Raver၊ Mazda၊ Nissan၊ Scania၊ Suzuki၊ Toyota ႏွင့္ Volvo စတဲ့ နာမည္ေက်ာ္ကားကုမၸဏီမ်ားမွ ေနာက္ဆံုးေပၚကားမ်ားကိုျပသသြားမွာပါ။

ပြဲအတြင္း CB Bank မွတဆင့္ ကနဦးေပးသြင္းေငြ (၁၀) ရာခိုင္ႏႈန္း (10% Down Payment) ျဖင့္ ကားသစ္မ်ားကို ဝယ္ယူႏုိင္မွာျဖစ္လို႔ ကားဝယ္ဖို႔စဥ္းစားေနသူမ်ားအတြက္ကေတာ့သတင္းေကာင္းပါပဲ။

ျပီးေတာ့ဧည့္သည္ေတြအေနနဲ႔ ေမးခြန္းအခ်ိဳ႕ကို ေျဖၾကားေပး႐ံုႏွင့္ ေနာက္ဆံုးေပၚ စမတ္ဖုန္းမ်ားရရိွႏုိင္မယ့္ ကံစမ္းမဲ အစီအစဥ္မ်ားလည္း ပါဝင္ၿပီး တစ္ေန႔လွ်င္ စမတ္ဖုန္း (၃) လံုး၊ စုစုေပါင္း (၉) လံုးႏွင့္ JBL Speaker၊ Car Camera ကဲ့သုိ႔ ဆုမ်ားကိုလည္း ကံစမ္းႏုိင္မွာပါ။
ဒီပြဲကို ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္အသင္း (AAM) ႏွင့္ အာဆီယံတြင္ အၾကီးဆံုးကားျပပြဲ Bangkok International Motor Show ကို တာ၀န္ယူစီစဥ္က်င္းပတဲ့ Grand Prix International Company (GPI) တုိ႔မွ စီစဥ္က်င္းပျခင္းျဖစ္ပါတယ္။

ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္ ေစ်းကြက္ဖြံ႕ၿဖိဳးတိုးတက္ေစရန္က်င္းပရျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သတ္တဲ့ စီးပြားေရးလုပ္ငန္းမ်ား၊ ျပည္တြင္းသယ္ယူပို႔ေဆာင္ေရးစနစ္၊ လမ္းစနစ္ႏွင့္ကိုက္ညီၿပီး လံုၿခံဳစိတ္ခ်ရတဲ့ ဘယ္ေမာင္းစနစ္တုိ႔ေကာင္းမြန္စြာဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ရည္ရြယ္ေၾကာင္း စီစဥ္သူမ်ားကေျပာပါတယ္။

ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲမွာျပသမိတ္ဆက္သြားမယ့္ေမာ္ဒယ္သစ္မ်ားႏွင့္ သတင္းမ်ားကို Myanmore Plus ရဲ႕ညီေနာင္မီဒီယာ Drive Media Myanmar မွ အခ်ိန္ႏွင့္တေျပးညီတင္ဆက္ေပးသြားမွာပါ။

ေန႔ရက္ – ၂၀၂၀ ခုႏွစ္ ေဖေဖၚဝါရီ ၂၁ ရက္ေန႔မွ ၂၃ ရက္ေန႔အထိ
အခ်ိန္ – မနက္ ၁၀ နာရီမွ ည ၈ နာရီ အထိ
ေနရာ – Yangon Convention Centre (YCC)၊ Inya Lake Hotel ဝင္း၊ အမွတ္ (၃၇)၊ ကမာၻေအးဘုရားလမ္း၊ ရန္ကုန္။

Photo credit: Drive

Unicode

ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ (Yangon International Motor Show) ဟာရန်ကုန်မြို့၊ Inya Lake Hotel အတွင်းက Yangon Convention Center မှာ ကျင်းပပြုလုပ်လျက်ရှိပါတယ်။

ဒီပြပွဲမှာ BMW၊ Brilliance၊ DFSK၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes – Benz၊ Raver၊ Mazda၊ Nissan၊ Scania၊ Suzuki၊ Toyota နှင့် Volvo စတဲ့ နာမည်ကျော်ကားကုမ္ပဏီများမှ နောက်ဆုံးပေါ်ကားများကိုပြသသွားမှာပါ။

ပွဲအတွင်း CB Bank မှတဆင့် ကနဦးပေးသွင်းငွေ (၁၀) ရာခိုင်နှုန်း (10% Down Payment) ဖြင့် ကားသစ်များကို ဝယ်ယူနိုင်မှာဖြစ်လို့ ကားဝယ်ဖို့စဉ်းစားနေသူများအတွက်ကတော့သတင်းကောင်းပါပဲ။

ပြီးတော့ဧည့်သည်တွေအနေနဲ့ မေးခွန်းအချို့ကို ဖြေကြားပေးရုံနှင့် နောက်ဆုံးပေါ် စမတ်ဖုန်းများရရှိနိုင်မယ့် ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်ပြီး တစ်နေ့လျှင် စမတ်ဖုန်း (၃) လုံး၊ စုစုပေါင်း (၉) လုံးနှင့် JBL Speaker၊ Car Camera ကဲ့သို့ ဆုများကိုလည်း ကံစမ်းနိုင်မှာပါ။
ဒီပွဲကို မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း (AAM) နှင့် အာဆီယံတွင် အကြီးဆုံးကားပြပွဲ Bangkok International Motor Show ကို တာဝန်ယူစီစဉ်ကျင်းပတဲ့ Grand Prix International Company (GPI) တို့မှ စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမော်တော်ယာဉ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်ကျင်းပရခြင်းဖြစ်ပြီး မော်တော်ယာဉ်နှင့်ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းစနစ်နှင့်ကိုက်ညီပြီး လုံခြုံစိတ်ချရတဲ့ ဘယ်မောင်းစနစ်တို့ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ကြောင်း စီစဉ်သူများကပြောပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲမှာပြသမိတ်ဆက်သွားမယ့်မော်ဒယ်သစ်များနှင့် သတင်းများကို Myanmore Plus ရဲ့ညီနောင်မီဒီယာ Drive Media Myanmar မှ အချိန်နှင့်တပြေးညီတင်ဆက်ပေးသွားမှာပါ။

နေ့ရက် – ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ
အချိန် – မနက် ၁၀ နာရီမှ ည ၈ နာရီ အထိ
နေရာ – Yangon Convention Centre (YCC)၊ Inya Lake Hotel ဝင်း၊ အမှတ် (၃၇)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်။

News and photo credit: Drive

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here