အင်တာနက်နဲ့ Mobile Legends မပေါ်ခင်တုန်းက မြွေလှေကားတို့ မိုနိုပိုလီတို့လို board game တွေကို သူငယ်ချင်းတွေ မိသားစုဝင်တွေနဲ့စုဝေးကစားကြတာကိုမှတ်မိဦးမှာပါ။ ဒီအရသာကိုပြန်လည်ခံစားဖို့ သူငယ်ချင်းတွေနဲ့မုန့်စားရင်း ကော်ဖီသောက်ရင်း board game အမျိုးမျိုးကစားနိုင်တဲ့ café တွေကိုဖော်ပြပေးလိုက်ပါတယ်။
အင္တာနက္နဲ႔ Mobile Legends မေပၚခင္တုန္းက ေျမြေလွကားတို႔ မိုႏုိပိုလီတို႔လို board game ေတြကို သူငယ္ခ်င္းေတြ မိသားစု၀င္ေတြနဲ႔စုေ၀းကစားၾကတာကိုမွတ္မိဦးမွာပါ။ ဒီအရသာကိုျပန္လည္ခံစားဖို႔ သူငယ္ခ်င္းေတြနဲ႔မုန္႔စားရင္း ေကာ္ဖီေသာက္ရင္း board game အမ်ိဳးမ်ိဳးကစားႏုိင္တဲ့ café ေတြကိုေဖာ္ျပေပးလိုက္ပါတယ္။
House Rules Cafe

ျမန္မာႏိုင္ငံမွာပထမဆံုးဖြင့္တဲ့ board game café ပါ။ Board game ကစားရတာရူးသြပ္တဲ့သူေတြတည္ေထာင္ထားတဲ့ café မို႔ game ေတြကေတာ့ေတာ္ေတာ္စံုတယ္။ Exploding Kittens, Catan နဲ႔ The Resistance တို႔လိုနာမည္ၾကီး game ေတြကအစ ေနာက္ဆံုးထြက္ board game ေတြအထိေတာ္ေတာ္မ်ားမ်ားရွိပါတယ္။ တနာရီ ၂၀၀၀က်ပ္ျဖစ္ျပီး နာရီမ်ားမ်ားေဆာ့ရင္ ေစ်းႏႈန္းကေလ်ာ့က်သြားတာမို႔ တေန႔လံုးထိုင္ေဆာ့ရင္ေတာင္ ၆၀၀၀ေလာက္ပဲက်မွာပါ။ ရံဖန္ရံခါျပိဳင္ပြဲေတြလည္းလုပ္ေလ့ရွိတာမို႔ update ေတြသိရဖို႔ သူ႔ Facebook page ကို follow ထားလိုက္ေနာ္။
Address: GA 34 (Ground Floor), Pearl Condo Building C, Kabar Aye Pagoda Road, Bahan Township, Yangon
Tel: 09 750 231 797
Hours: 1pm to 9pm
မြန်မာနိုင်ငံမှာပထမဆုံးဖွင့်တဲ့ board game café ပါ။ Board game ကစားရတာရူးသွပ်တဲ့သူတွေတည်ထောင်ထားတဲ့ café မို့ game တွေကတော့တော်တော်စုံတယ်။ Exploding Kittens, Catan နဲ့ The Resistance တို့လိုနာမည်ကြီး game တွေကအစ နောက်ဆုံးထွက် board game တွေအထိတော်တော်များများရှိပါတယ်။ တနာရီ ၂၀၀၀ကျပ်ဖြစ်ပြီး နာရီများများဆော့ရင် ဈေးနှုန်းကလျော့ကျသွားတာမို့ တနေ့လုံးထိုင်ဆော့ရင်တောင် ၆၀၀၀လောက်ပဲကျမှာပါ။ ရံဖန်ရံခါပြိုင်ပွဲတွေလည်းလုပ်လေ့ရှိတာမို့ update တွေသိရဖို့ သူ့ Facebook page ကို follow ထားလိုက်နော်။
Address: GA 34 (Ground Floor), Pearl Condo Building C, Kabar Aye Pagoda Road, Bahan Township, Yangon
Tel: 09 750 231 797
Hours: 1pm to 9pm
Dice Society Board Game Café

ဒီဇင္ဘာလကမွစဖြင့္တဲ့ board game café ပါ။ Dice Society ရဲ႕အတြင္းပိုင္းကိုစိမ္းျပာနဲ႔အ၀ါေရာင္ျခယ္ထားတာမို႔ အျမင္ကတမ်ိဳးဆန္းေနတယ္။ ၂ထပ္ရွိျပီး ေအာက္ထပ္မွာ board game ကစားလို႔ရတယ္။ အေပၚထပ္ကေတာ့ပါတီေတြ ပြဲေတြက်င္းပေလ့ရွိပါတယ္။ ဂိမ္း ၁၀၀ေက်ာ္ရွိျပီး တခ်ိဳ႕ဂိမ္းေတြကေတာ့ေရာင္းတာပါ။ တနာရီ ၂၀၀၀က်ပ္ျဖစ္ျပီး drink မွာရင္ ၅၀ရာခိုင္ႏႈန္း discount ရွိပါတယ္။
Address: Corner of Kabar Aye Pagoda Road and Shwegondaing Road, Building D, Shwe Gone Plaza Compound, Bahan Township, Yangon
Tel: 09 752 534320
Hours: 1pm to 9pm
ဒီဇင်ဘာလကမှစဖွင့်တဲ့ board game café ပါ။ Dice Society ရဲ့အတွင်းပိုင်းကိုစိမ်းပြာနဲ့အဝါရောင်ခြယ်ထားတာမို့ အမြင်ကတမျိုးဆန်းနေတယ်။ ၂ထပ်ရှိပြီး အောက်ထပ်မှာ board game ကစားလို့ရတယ်။ အပေါ်ထပ်ကတော့ပါတီတွေ ပွဲတွေကျင်းပလေ့ရှိပါတယ်။ ဂိမ်း ၁၀၀ကျော်ရှိပြီး တချို့ဂိမ်းတွေကတော့ရောင်းတာပါ။ တနာရီ ၂၀၀၀ကျပ်ဖြစ်ပြီး drink မှာရင် ၅၀ရာခိုင်နှုန်း discount ရှိပါတယ်။
Address: Corner of Kabar Aye Pagoda Road and Shwegondaing Road, Building D, Shwe Gone Plaza Compound, Bahan Township, Yangon
Tel: 09 752 534320
Hours: 1pm to 9pm
Space 17- Board Game Hub

Space 17 ကေတာ့ café ဆုိတာထက္ library တခုနဲ႔ပိုတူတယ္။ Board game ကစားတဲ့ယဥ္ေက်းမႈကို ပိုပ်ံ႕ပြားေအာင္ ေကာ္ဖီဆိုင္၊ စားေသာက္ဆိုင္နဲ႔ ေက်ာင္းေတြမွာ board game ျပိဳင္ပြဲေတြက်င္းပေလ့ရွိပါတယ္။ အရင္ႏွစ္စက္တင္ဘာက American University campus မွာ ျမန္မာ့ပထမဆံုး Catan Tournament ကိုက်င္းပခဲ့ပါတယ္။ အခုေနရာအသစ္မွာေျပာင္းေရႊ႕ဖြင့္လွစ္တဲ့အထိမ္းအမွတ္နဲ႔ အခမဲ့ေပးေဆာ့ထားတယ္။ မတ္လေလာက္မွာအရင္ကနဲ႔မတူတဲ့ေစ်းႏႈန္းသစ္ေတြကိုေၾကညာဖို႔ရွိတယ္လို႔သိရပါတယ္။
Address: 140 Bogyoke Rd, Opposite 47th St, Yangon
Tel: 09 955 171711
Hours: 12pm- 9pm
Space 17 ကတော့ café ဆိုတာထက် library တခုနဲ့ပိုတူတယ်။ Board game ကစားတဲ့ယဉ်ကျေးမှုကို ပိုပျံ့ပွားအောင် ကော်ဖီဆိုင်၊ စားသောက်ဆိုင်နဲ့ ကျောင်းတွေမှာ board game ပြိုင်ပွဲတွေကျင်းပလေ့ရှိပါတယ်။ အရင်နှစ်စက်တင်ဘာက American University campus မှာ မြန်မာ့ပထမဆုံး Catan Tournament ကိုကျင်းပခဲ့ပါတယ်။ အခုနေရာအသစ်မှာပြောင်းရွှေ့ဖွင့်လှစ်တဲ့အထိမ်းအမှတ်နဲ့ အခမဲ့ပေးဆော့ထားတယ်။ မတ်လလောက်မှာအရင်ကနဲ့မတူတဲ့ဈေးနှုန်းသစ်တွေကိုကြေညာဖို့ရှိတယ်လို့သိရပါတယ်။
Address: 140 Bogyoke Rd, Opposite 47th St, Yangon
Tel: 09 955 171711
Hours: 12pm- 9pm
My Turn Board Game Café

ဖြင့္ထားတာမၾကာေသးတဲ့ဒီ café ကေတာ့ က်ယ္၀န္းျပီးအျပင္အဆင္ကရိုးရိုးရွင္းရွင္းနဲ႔ၾကည့္ေကာင္းတယ္။ ၀န္ထမ္းေတြကေဖာ္ေရြျပီးနားမလည္တာရွိရင္၀င္ကူေပးေလ့ရွိပါတယ္။ ကစားရင္းဗိုက္ဆာလာရင္ေတာ့ homemade pancake ကို စားၾကည့္ဖို႔မေမ့နဲ႔ေနာ္။ တေနကုန္ၾကိဳက္သေလာက္ေဆာ့ က်ပ္ ၁၀၀၀ ပဲက်သင့္ပါတယ္။
Address: No.82, 1st Floor, Corner of Sanchaung Street & Padonmar Street, Sanchaung Township, Yangon
Tel: 09 442 234 541
Hours: 11am- 10pm
ဖွင့်ထားတာမကြာသေးတဲ့ဒီ café ကတော့ ကျယ်ဝန်းပြီးအပြင်အဆင်ကရိုးရိုးရှင်းရှင်းနဲ့ကြည့်ကောင်းတယ်။ ဝန်ထမ်းတွေကဖော်ရွေပြီးနားမလည်တာရှိရင်ဝင်ကူပေးလေ့ရှိပါတယ်။ ကစားရင်းဗိုက်ဆာလာရင်တော့ homemade pancake ကို စားကြည့်ဖို့မမေ့နဲ့နော်။ တနေကုန်ကြိုက်သလောက်ဆော့ ကျပ် ၁၀၀၀ ပဲကျသင့်ပါတယ်။
Address: No.82, 1st Floor, Corner of Sanchaung Street & Padonmar Street, Sanchaung Township, Yangon
Tel: 09 442 234 541
Hours: 11am- 10pm