Advertisement

ရန်ကုန်မြို့ကြီးရဲ့ကွန်ဒိုတိုက်ခန်းတွေ ကြယ် ၅ပွင့်ဟိုတယ်ကြီးတွေ ခေတ်မီတိုးတက်မှုတွေနဲ့မရောနှောဘဲ သီးသန့်အချိန်ကာလတခုမှာရှိနေတဲ့နေရာလေး…။

၁၉၅၄ခုနှစ်ကတည်းကမင်းမနိုင်ရပ်ကွက်ထဲရှိနေခဲ့တဲ့ဒီအိမ်အိုလေးဟာ မချိုလဲ့အောင်အတွက် ရုံးခန်းတခုဆိုတာထက်ပိုပါတယ်။ အိမ်အိုလေးဟာသူ့ဘဝအစိတ်အပိုင်းတွေစုပေါင်းတည်ရှိရာလည်းဖြစ်တယ်။

“အစ်မကအရင်ကစက်ချုပ်တယ်လေ” ပြောရင်းဆိုရင်း အခန်းနံရံမှာထောင်ထားတဲ့ “ချစ်သောနွေ” အမည်ရဆိုင်းဘုတ်ကိုလက်ညှိုးထိုးပြလိုက်ပြီး “အဲ့ဒီဆိုင်းဘုတ်ဆို တရုတ်အိမ်တွေမှာသုံးလေ့ရှိတဲ့ ပြတင်းပေါက်အဟောင်းကြီးကို လက်သမားဆရာနဲ့နာမည်ထိုးပြီးလုပ်ထားတာ။ အခုတော့စက်မချုပ်တော့ဘူး။ ဒီဆိုင်းဘုတ်ကြီးကိုတော့သိမ်းထားတုန်းပဲ။”

ဆေးပညာနဲ့ကျောင်းပြီးထားတဲ့မချိုလဲ့အောင်ဟာ စွန့်ဦးတီထွင်လုပ်ငန်းရှင်တယောက်အနေနဲ့ ပိုပြီးအောင်မြင်တယ်လို့ပြောရမယ်။ သူမရဲ့ Tree Food ဟာ မြန်မာ့ရိုးရာထန်းလျက်နဲ့ ပဲချောင်းတွေကို ခေတ်မီသပ်ရပ်တဲ့ထုပ်ပိုးမှုနဲ့ဈေးကွက်တင်လို့နာမည်ကြီးတယ်။

“ထန်းလျက်တွေကိုပုဂံဘက်ကယူတယ်။ အရင်ကဆိုကုန်ကြမ်းအရည်အသွေးပိုင်းမှာ ပြဿနာရှိတယ်။ ထန်းလျက်ထဲမှာဖုန်တွေသဲတွေပါတာမျိုးပေါ့။ စလုပ်တုန်းကထန်းတောင်သူတွေကိုအရည်အသွေးပိုင်းထိန်းဖို့ ပြောရတယ်။ တနှစ်လောက်နေတော့သူတို့ကိုယ်တိုင်လည်းကျန်းမာရေးအသိတွေတိုးလာပြီး ထုတ်လုပ်မှုပိုင်းမှာ အရည်အသွေးကိုဂရုစိုက်လာတယ်။ အခုဆိုရင် ထန်းတောင်သူ ၃၈ဦးလောက်အစ်မနဲ့လက်တွဲလုပ်နေပါပြီ။”

မချိုလဲ့အောင်ဟာခေတ်ဟောင်းအသုံးအဆောင်ပစ္စည်းလေးတွေစုတာဝါသနာပါသူမို့သူ့ဆိုင်ထဲမှာ ပေသီး၊ ရေဒီယို၊ ရေနံဆီမီးအိမ်တို့လိုရှားပါးပစ္စည်းလေးတွေတွေ့နိုင်ပါတယ်။ အပ်ချုပ်ဆိုင်ဖွင့်တုန်းကသုံးခဲ့တဲ့ အပ်ချုပ်စက်တွေကိုချောမွေ့အောင်ရွေဘော်ထိုးပြီး စားပွဲအဖြစ်ပြန်လည်အသုံးပြုထားတယ်။

ဖွင့်တာ ၆လလောက်ရှိပြီဖြစ်တဲ့ Old Eain မှာကော်ဖီနဲ့လက်ဖက်ရည်ကိုနို့ဆီနဲ့သကြားမသုံးဘဲ ထန်းလျက်မှုန့်လေးတွေသုံးပြီးဖျော်တာကတော့ထူးခြားမှုလို့ပြောရမယ်။ အထူးသဖြင့်ထန်းလျက်လက်ဖက်ရည်က သောက်နေကျလက်ဖက်ရည်တွေနဲ့မတူဘဲ ထန်းလျက်နံ့လေးသင်းနေပါတယ်။

အစားအသောက်ပိုင်းမှာဆိုရင်တော့ Tea-leaf Toast စားခဲ့တယ်။ သူကမီးကင်ထားတဲ့ပေါင်မုန့်ကျွတ်ကျွတ်လေးထဲလက်ဖက်နဲ့ချိစ်ညှပ်ထားတာဗျ။ အရသာကငံဆိမ့်ပြီးခါးသက်သက်လေး။ လက်ဖက်ရည်နဲ့တော်တော်လိုက်တယ်။ ကော်ဖီသမားတွေအတွက်လည်းပြင်ဦးလွင်ကကော်ဖီစေ့ကို ထန်းလျက်နဲ့ဖျော်ထားတဲ့ နှပ်ကော်ဖီရှိပါတယ်။

ပြီးတော့မန်ကျည်းဖျော်ရည်နဲ့တွဲစားဖို့တို့ဟူးကြော်တပွဲမှာလိုက်ပါတယ်။ တို့ဟူးကမှာမှကြော်ပေးတာမို့ ပူပူနွေးနွေးကြွပ်ကြွပ်ရွရွလေး။ မန်ကျည်းသီး ငရုတ်သီးတို့နဲ့စပ်ထားတဲ့အချဉ်ကအသက်ဗျ။ ဘာလချောင်ခေါက်ဆွဲကတော့ အသင့်စားခေါက်ဆွဲကိုပူပူစပ်စပ်အရသာရအောင် ဘာလချောင်ကြော်နဲ့နယ်ထားတာပါ။ ရေနွေးကြမ်းလေးသောက်ရင်း သွားရည်စာချိုချိုချဉ်ချဉ်ကိုပဲစားမယ်ဆိုရင်လည်း Tree Food ထန်းလျက်ကအဆင်ပြေမှာပါ။ ဒိန်ချဉ်၊ ဂျင်း၊ မန်ကျည်း၊ ဇီးမဆလာဆိုပြီး အရသာ ၄မျိုးရွေးချယ်နိုင်ပါတယ်။

Old Eain Coffee အမှတ်တံဆိပ်အသင့်ဖျော်စပ်သောက်နိုင်တဲ့ကော်ဖီထုပ်လေးတွေလည်းရတယ်။ သူကကော်ဖီနဲ့လက်ဖက်ရည်လေးသောက်ပြီး ပေါ့ပေါ့ပါးပါးမုန့်လေးတွေစားဖို့ရည်ရွယ်တဲ့အတွက် heavy food တွေတော့မရဘူး။ အစားအသောက်တွေက သောက်စရာဆို ကျပ် ၁၅၀၀-၂၀၀၀ ကြား၊ စားစရာဆို ၃၀၀၀ အောက်ပဲရှိတော့လူတိုင်းလက်လှမ်းမီတဲ့ဈေးနှုန်းတွေပါ။

ဆိုင်လေးကကျဉ်းပြီး ၂ယောက်ထိုင်ခုံလေးတွေဖြစ်တဲ့အတွက် သူငယ်ချင်းတွေအများကြီးနဲ့လာရင်တော့ နေရာထိုင်ခင်းနည်းနည်းပြဿနာရှိနိုင်တယ်။ ဒါပေမယ့်ကိုယ့်ချစ်သူနဲ့စကားအေးဆေးဆေးဆေးပြောဖို့၊ ပိတ်ရက်မှာတယောက်တည်းအနားယူကော်ဖီသောက်ရင်းစာအုပ်ဖတ်ဖို့ဆိုရင်တော့ အိမ်အိုလေးကိုသတိရလိုက်ပါ။

မြေညီထပ်၊ တိုက်နံပါတ် ၅၊ ဦးဝိစာရအိမ်ရာ၊ မင်းမနိုင်ရပ်ကွက်၊ ဒဂုံမြို့နယ်၊ ရန်ကုန်။
09 954 280501
10am – 6pm

Zawgyi

ရန္ကုန္ျမိဳ႕ၾကီးရဲ႕ကြန္ဒိုတိုက္ခန္းေတြ ၾကယ္ ၅ပြင့္ဟိုတယ္ၾကီးေတြ ေခတ္မီတုိးတက္မႈေတြနဲ႔မေရာေႏွာဘဲ သီးသန္႔အခ်ိန္ကာလတခုမွာရွိေနတဲ့ေနရာေလး…။

၁၉၅၄ခုႏွစ္ကတည္းကမင္းမႏိုင္ရပ္ကြက္ထဲရွိေနခဲ့တဲ့ဒီအိမ္အိုေလးဟာ မခ်ိဳလဲ့ေအာင္အတြက္ ရံုးခန္းတခုဆိုတာထက္ပိုပါတယ္။ အိမ္အိုေလးဟာသူ႔ဘ၀အစိတ္အပိုင္းေတြစုေပါင္းတည္ရွိရာလည္းျဖစ္တယ္။

“အစ္မကအရင္ကစက္ခ်ဳပ္တယ္ေလ” ေျပာရင္းဆိုရင္း အခန္းနံရံမွာေထာင္ထားတဲ့ “ခ်စ္ေသာေႏြ” အမည္ရဆိုင္းဘုတ္ကိုလက္ညွိဳးထိုးျပလိုက္ျပီး “အဲ့ဒီဆိုင္းဘုတ္ဆို တရုတ္အိမ္ေတြမွာသံုးေလ့ရွိတဲ့ ျပတင္းေပါက္အေဟာင္းၾကီးကို လက္သမားဆရာနဲ႔နာမည္ထိုးျပီးလုပ္ထားတာ။ အခုေတာ့စက္မခ်ဳပ္ေတာ့ဘူး။ ဒီဆိုင္းဘုတ္ၾကီးကိုေတာ့သိမ္းထားတုန္းပဲ။”

ေဆးပညာနဲ႔ေက်ာင္းျပီးထားတဲ့မခ်ိဳလဲ့ေအာင္ဟာ စြန္႔ဦးတီထြင္လုပ္ငန္းရွင္တေယာက္အေနနဲ႔ ပိုျပီးေအာင္ျမင္တယ္လို႔ေျပာရမယ္။ သူမရဲ႕ Tree Food ဟာ ျမန္မာ့ရိုးရာထန္းလ်က္နဲ႔ ပဲေခ်ာင္းေတြကို ေခတ္မီသပ္ရပ္တဲ့ထုပ္ပိုးမႈနဲ႔ေစ်းကြက္တင္လို႔နာမည္ၾကီးတယ္။

“ထန္းလ်က္ေတြကိုပုဂံဘက္ကယူတယ္။ အရင္ကဆိုကုန္ၾကမ္းအရည္အေသြးပိုင္းမွာ ျပႆနာရွိတယ္။ ထန္းလ်က္ထဲမွာဖုန္ေတြသဲေတြပါတာမ်ိဳးေပါ့။ စလုပ္တုန္းကထန္းေတာင္သူေတြကိုအရည္အေသြးပိုင္းထိန္းဖို႔ ေျပာရတယ္။ တႏွစ္ေလာက္ေနေတာ့သူတို႔ကိုယ္တိုင္လည္းက်န္းမာေရးအသိေတြတိုးလာျပီး ထုတ္လုပ္မႈပိုင္းမွာ အရည္အေသြးကိုဂရုစိုက္လာတယ္။ အခုဆိုရင္ ထန္းေတာင္သူ ၃၈ဦးေလာက္အစ္မနဲ႔လက္တြဲလုပ္ေနပါျပီ။”

မခ်ိဳလ့ဲေအာင္ဟာေခတ္ေဟာင္းအသံုးအေဆာင္ပစၥည္းေလးေတြစုတာ၀ါသနာပါသူမို႔သူ႔ဆိုင္ထဲမွာ ေပသီး၊ ေရဒီယို၊ ေရနံဆီမီးအိမ္တို႔လိုရွားပါးပစၥည္းေလးေတြေတြ႔ႏိုင္ပါတယ္။ အပ္ခ်ဳပ္ဆိုင္ဖြင့္တုန္းကသံုးခဲ့တဲ့ အပ္ခ်ဳပ္စက္ေတြကိုေခ်ာေမြ႔ေအာင္ေရြေဘာ္ထိုးျပီး စားပြဲအျဖစ္ျပန္လည္အသံုးျပဳထားတယ္။

ဖြင့္တာ ၆လေလာက္ရွိျပီျဖစ္တဲ့ Old Eain မွာေကာ္ဖီနဲ႔လက္ဖက္ရည္ကိုႏို႔ဆီနဲ႔သၾကားမသံုးဘဲ ထန္းလ်က္မႈန္႔ေလးေတြသံုးျပီးေဖ်ာ္တာကေတာ့ထူးျခားမႈလို႔ေျပာရမယ္။ အထူးသျဖင့္ထန္းလ်က္လက္ဖက္ရည္က ေသာက္ေနက်လက္ဖက္ရည္ေတြနဲ႔မတူဘဲ ထန္းလ်က္နံ႔ေလးသင္းေနပါတယ္။

အစားအေသာက္ပိုင္းမွာဆိုရင္ေတာ့ Tea-leaf Toast စားခဲ့တယ္။ သူကမီးကင္ထားတဲ့ေပါင္မုန္႔ကၽြတ္ကၽြတ္ေလးထဲလက္ဖက္နဲ႔ခ်ိစ္ညွပ္ထားတာဗ်။ အရသာကငံဆိမ့္ျပီးခါးသက္သက္ေလး။ လက္ဖက္ရည္နဲ႔ေတာ္ေတာ္လိုက္တယ္။ ေကာ္ဖီသမားေတြအတြက္လည္းျပင္ဦးလြင္ကေကာ္ဖီေစ့ကို ထန္းလ်က္နဲ႔ေဖ်ာ္ထားတဲ့ ႏွပ္ေကာ္ဖီရွိပါတယ္။

ျပီးေတာ့မန္က်ည္းေဖ်ာ္ရည္နဲ႔တြဲစားဖို႔တုိ႔ဟူးေၾကာ္တပြဲမွာလိုက္ပါတယ္။ တို႔ဟူးကမွာမွေၾကာ္ေပးတာမို႔ ပူပူေႏြးေႏြးၾကြပ္ၾကြပ္ရြရြေလး။ မန္က်ည္းသီး ငရုတ္သီးတို႔နဲ႔စပ္ထားတဲ့အခ်ဥ္ကအသက္ဗ်။ ဘာလေခ်ာင္ေခါက္ဆြဲကေတာ့ အသင့္စားေခါက္ဆြဲကိုပူပူစပ္စပ္အရသာရေအာင္ ဘာလေခ်ာင္ေၾကာ္နဲ႔နယ္ထားတာပါ။ ေရေႏြးၾကမ္းေလးေသာက္ရင္း သြားရည္စာခ်ိဳခ်ိဳခ်ဥ္ခ်ဥ္ကိုပဲစားမယ္ဆိုရင္လည္း Tree Food ထန္းလ်က္ကအဆင္ေျပမွာပါ။ ဒိန္ခ်ဥ္၊ ဂ်င္း၊ မန္က်ည္း၊ ဇီးမဆလာဆိုျပီး အရသာ ၄မ်ိဳးေရြးခ်ယ္ႏုိင္ပါတယ္။  

Old Eain Coffee အမွတ္တံဆိပ္အသင့္ေဖ်ာ္စပ္ေသာက္ႏိုင္တဲ့ေကာ္ဖီထုပ္ေလးေတြလည္းရတယ္။ သူကေကာ္ဖီနဲ႔လက္ဖက္ရည္ေလးေသာက္ျပီး ေပါ့ေပါ့ပါးပါးမုန္႔ေလးေတြစားဖို႔ရည္ရြယ္တဲ့အတြက္ heavy food ေတြေတာ့မရဘူး။ အစားအေသာက္ေတြက ေသာက္စရာဆို က်ပ္ ၁၅၀၀-၂၀၀၀ ၾကား၊ စားစရာဆို ၃၀၀၀ ေအာက္ပဲရွိေတာ့လူတိုင္းလက္လွမ္းမီတဲ့ေစ်းႏႈန္းေတြပါ။

ဆိုင္ေလးကက်ဥ္းျပီး ၂ေယာက္ထိုင္ခံုေလးေတြျဖစ္တဲ့အတြက္ သူငယ္ခ်င္းေတြအမ်ားၾကီးနဲ႔လာရင္ေတာ့ ေနရာထိုင္ခင္းနည္းနည္းျပႆနာရွိႏုိင္တယ္။ ဒါေပမယ့္ကိုယ့္ခ်စ္သူနဲ႔စကားေအးေဆးေဆးေဆးေျပာဖို႔၊ ပိတ္ရက္မွာတေယာက္တည္းအနားယူေကာ္ဖီေသာက္ရင္းစာအုပ္ဖတ္ဖို႔ဆိုရင္ေတာ့ အိမ္အိုေလးကိုသတိရလိုက္ပါ။

ေျမညီထပ္၊ တိုက္နံပါတ္ ၅၊ ဦး၀ိစာရအိမ္ရာ၊ မင္းမႏုိင္ရပ္ကြက္၊ ဒဂံုျမိဳ႕နယ္၊ ရန္ကုန္။

09 954 280501

10am – 6pm

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here