Advertisement

ရန္ကုန္ၿမိဳ႕၊ Inya Lake Hotel အတြင္းက Yangon Convention Center မွာ ၃ရက္တိတိက်င္းပျပဳလုပ္ခဲ့တဲ့ ဒုတိယအႀကိမ္ေျမာက္ ရန္ကုန္အျပည္ျပည္ဆုိင္ရာကားျပပြဲ (Yangon International Motor Show) ဟာ မေန႔ကေအာင္ျမင္စြာနဲ႔ျပီးဆံုးသြားခဲ့ပါတယ္။

ေဖေဖာ္၀ါရီလ ၂၁ရက္ေန႔မွ ၂၃ရက္ေန႔အထိက်င္းပခဲ့တဲ့ဒီျပပြဲမွာ BMW၊ Brilliance၊ DFSK၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes – Benz၊ Raver၊ Mazda၊ Nissan၊ Scania၊ Suzuki၊ Toyota ႏွင့္ Volvo စတဲ့ နာမည္ေက်ာ္ကားကုမၸဏီမ်ားမွ ေနာက္ဆံုးေပၚကားမ်ားကိုျပသသြားခဲဲ့ျပီး CB Bank မွတဆင့္ ကနဦးေပးသြင္းေငြ (၁၀) ရာခိုင္ႏႈန္း (10% Down Payment) ျဖင့္ ကားသစ္မ်ားကို ဝယ္ယူႏုိင္ဖို႔စီစဥ္ေပးထားေၾကာင္းလည္းသိရပါတယ္။

BMW ရဲ႕ ျမန္မာျပည္တစ္ဦးတည္း ကိုယ္စားလွယ္ Prestige Automobile က ရန္ကုန္အျပည္ျပည္ဆုိင္ရာ ကားျပပြဲမွာ Luxury Sedan အမ်ိဳးအစား The New BMW 7 Series ကို စတင္မိတ္ဆက္သြားခဲ့ပါတယ္။

The New BMW 7 Series ေမာ္ဒယ္သစ္ကို ကိုယ္ထည္ပံုစံႏွစ္မ်ိဳးျဖင့္ ထုတ္လုပ္လ်က္ရိွၿပီး Long-wheel base 7 series ရဲ႕ အေရွ႕ေနာက္ဝင္႐ိုးဟာ ပံုမွန္ 7 Series ထက္ (၁၄) လီမီတာ ပိုမုိထင္ရွားၿပီး ယခင္ေမာ္ဒယ္ထက္ (၂၃)မီလီမီတာ ပိုမုိရွည္လ်ားလာပါတယ္။

အေနာက္ဘက္ပိုင္းမွာေတာ့ သံုးဘက္ျမင္အေနာက္မီးသီးမ်ားဟာ ယခင္ေမာ္ဒယ္ထက္ (၃၅) မီလီမီတာ ပိုမုိသြယ္လ်သြားၿပီး အိတ္ေဇာ္ပိုက္ပတ္လည္ကိုလည္း Chrome မ်ားျဖင့္ အသစ္မြမ္းမံဖန္တီးထားပါတယ္။

Volvo ကားမ်ားကို တရားဝင္ေရာင္းခ်ေနသည့္ Performance Auto Internationa ကုမၸဏီကလည္း Premium Small SUV XC-40 ကို ဒီပြဲမွာတရားဝင္မိတ္ဆက္သြားခဲ့တယ္။

Volvo XC40 T3 R-design ဟာ လံုျခံဳမႈအရွိဆံုးကား အမွတ္တံဆိပ္ဟူေသာ ဂုဏ္ပုဒ္နဲ႔အညီ New City Safety System ျဖစ္တဲ့ Oncoming Lane တြင္ မ်က္ႏွာခ်င္းဆုိင္ကားတုိက္မႈမ်ားကို ေလွ်ာ့ခ်ႏိုင္ရန္ Steer Assist ကို ထည့္သြင္းထားၿပီး Volvo’s Blind Spot Information System(BLIS) တြင္လည္း လမ္းေၾကာင္းအေျပာင္းအလဲ လုပ္ရာတြင္ ေနာက္တြင္ပါရိွေသာကားကို အႏၱရာယ္ကင္းစြာ ေက်ာ္တက္ႏုိင္ရန္ အခ်က္ျပသည့္ Steer Assist Function ကို ထည့္သြင္းထားတယ္လို႔သိရပါတယ္။

ဒီျပပြဲမွာဧည့္သည္ေတြအေနနဲ႔ ေမးခြန္းအခ်ိဳ႕ကို ေျဖၾကားေပး႐ံုႏွင့္ ေနာက္ဆံုးေပၚ စမတ္ဖုန္းမ်ားရရိွႏုိင္မယ့္ ကံစမ္းမဲ အစီအစဥ္မ်ားလည္း ပါဝင္ၿပီး တစ္ေန႔လွ်င္ စမတ္ဖုန္း (၃) လံုး၊ စုစုေပါင္း (၉) လံုးႏွင့္ JBL Speaker၊ Car Camera ကဲ့သုိ႔ ဆုမ်ားကိုကံစမ္းႏုိင္တဲ့အစီအစဥ္ေတြလည္းပါ၀င္ခဲ့ပါတယ္။

ဒီပြဲကို ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္အသင္း (AAM) ႏွင့္ အာဆီယံတြင္ အၾကီးဆံုးကားျပပြဲ Bangkok International Motor Show ကို တာ၀န္ယူစီစဥ္က်င္းပတဲ့ Grand Prix International Company (GPI) တုိ႔မွ စီစဥ္က်င္းပျခင္းျဖစ္ပါတယ္။ ျမန္မာႏုိင္ငံေမာ္ေတာ္ယာဥ္ ေစ်းကြက္ဖြံ႕ၿဖိဳးတိုးတက္ေစရန္က်င္းပရျခင္းျဖစ္ၿပီး ေမာ္ေတာ္ယာဥ္ႏွင့္ပတ္သတ္တဲ့ စီးပြားေရးလုပ္ငန္းမ်ား၊ ျပည္တြင္းသယ္ယူပို႔ေဆာင္ေရးစနစ္၊ လမ္းစနစ္ႏွင့္ကိုက္ညီၿပီး လံုၿခံဳစိတ္ခ်ရတဲ့ ဘယ္ေမာင္းစနစ္တုိ႔ေကာင္းမြန္စြာဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ရည္ရြယ္ေၾကာင္း စီစဥ္သူမ်ားကေျပာပါတယ္။

Unicode

ရန်ကုန်မြို့၊ Inya Lake Hotel အတွင်းက Yangon Convention Center မှာ ၃ရက်တိတိကျင်းပပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ (Yangon International Motor Show) ဟာ မနေ့ကအောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၁ရက်နေ့မှ ၂၃ရက်နေ့အထိကျင်းပခဲ့တဲ့ဒီပြပွဲမှာ BMW၊ Brilliance၊ DFSK၊ Ford၊ Fuso၊ GAC၊ Jaguar၊ Land Rover၊ Mazda၊ Mercedes – Benz၊ Raver၊ Mazda၊ Nissan၊ Scania၊ Suzuki၊ Toyota နှင့် Volvo စတဲ့ နာမည်ကျော်ကားကုမ္ပဏီများမှ နောက်ဆုံးပေါ်ကားများကိုပြသသွားခဲ့ပြီး CB Bank မှတဆင့် ကနဦးပေးသွင်းငွေ (၁၀) ရာခိုင်နှုန်း (10% Down Payment) ဖြင့် ကားသစ်များကို ဝယ်ယူနိုင်ဖို့စီစဉ်ပေးထားကြောင်းလည်းသိရပါတယ်။

BMW ရဲ့ မြန်မာပြည်တစ်ဦးတည်း ကိုယ်စားလှယ် Prestige Automobile က ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကားပြပွဲမှာ Luxury Sedan အမျိုးအစား The New BMW 7 Series ကို စတင်မိတ်ဆက်သွားခဲ့ပါတယ်။

The New BMW 7 Series မော်ဒယ်သစ်ကို ကိုယ်ထည်ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်လျက်ရှိပြီး Long-wheel base 7 series ရဲ့ အရှေ့နောက်ဝင်ရိုးဟာ ပုံမှန် 7 Series ထက် (၁၄) လီမီတာ ပိုမိုထင်ရှားပြီး ယခင်မော်ဒယ်ထက် (၂၃)မီလီမီတာ ပိုမိုရှည်လျားလာပါတယ်။

အနောက်ဘက်ပိုင်းမှာတော့ သုံးဘက်မြင်အနောက်မီးသီးများဟာ ယခင်မော်ဒယ်ထက် (၃၅) မီလီမီတာ ပိုမိုသွယ်လျသွားပြီး အိတ်ဇော်ပိုက်ပတ်လည်ကိုလည်း Chrome များဖြင့် အသစ်မွမ်းမံဖန်တီးထားပါတယ်။

Volvo ကားများကို တရားဝင်ရောင်းချနေသည့် Performance Auto Internationa ကုမ္ပဏီကလည်း Premium Small SUV XC-40 ကို ဒီပွဲမှာတရားဝင်မိတ်ဆက်သွားခဲ့တယ်။

Volvo XC40 T3 R-design ဟာ လုံခြုံမှုအရှိဆုံးကား အမှတ်တံဆိပ်ဟူသော ဂုဏ်ပုဒ်နဲ့အညီ New City Safety System ဖြစ်တဲ့ Oncoming Lane တွင် မျက်နှာချင်းဆိုင်ကားတိုက်မှုများကို လျှော့ချနိုင်ရန် Steer Assist ကို ထည့်သွင်းထားပြီး Volvo’s Blind Spot Information System(BLIS) တွင်လည်း လမ်းကြောင်းအပြောင်းအလဲ လုပ်ရာတွင် နောက်တွင်ပါရှိသောကားကို အန္တရာယ်ကင်းစွာ ကျော်တက်နိုင်ရန် အချက်ပြသည့် Steer Assist Function ကို ထည့်သွင်းထားတယ်လို့သိရပါတယ်။

ဒီပြပွဲမှာဧည့်သည်တွေအနေနဲ့ မေးခွန်းအချို့ကို ဖြေကြားပေးရုံနှင့် နောက်ဆုံးပေါ် စမတ်ဖုန်းများရရှိနိုင်မယ့် ကံစမ်းမဲ အစီအစဉ်များလည်း ပါဝင်ပြီး တစ်နေ့လျှင် စမတ်ဖုန်း (၃) လုံး၊ စုစုပေါင်း (၉) လုံးနှင့် JBL Speaker၊ Car Camera ကဲ့သို့ ဆုများကိုကံစမ်းနိုင်တဲ့အစီအစဉ်တွေလည်းပါဝင်ခဲ့ပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံမော်တော်ယာဉ်အသင်း (AAM) နှင့် အာဆီယံတွင် အကြီးဆုံးကားပြပွဲ Bangkok International Motor Show ကို တာဝန်ယူစီစဉ်ကျင်းပတဲ့ Grand Prix International Company (GPI) တို့မှ စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမော်တော်ယာဉ် ဈေးကွက်ဖွံ့ဖြိုးတိုးတက်စေရန်ကျင်းပရခြင်းဖြစ်ပြီး မော်တော်ယာဉ်နှင့်ပတ်သတ်တဲ့ စီးပွားရေးလုပ်ငန်းများ၊ ပြည်တွင်းသယ်ယူပို့ဆောင်ရေးစနစ်၊ လမ်းစနစ်နှင့်ကိုက်ညီပြီး လုံခြုံစိတ်ချရတဲ့ ဘယ်မောင်းစနစ်တို့ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေဖို့ရည်ရွယ်ကြောင်း စီစဉ်သူများကပြောပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here