တေယာက္တည္းေနရံုနဲ႔ ဘ၀ကျငီးေငြ႔စရာလို႔သတ္မွတ္လို႔ရရဲ႕လား။ တေယာက္ေယာက္နဲ႔အတူရွိတုိင္း စိတ္ခ်မ္းသာေနျပီလို႔ေျပာႏိုင္ျပီလား။ တကယ္ေတာ့တေယာက္တည္းေနတယ္ဆိုတာ ကိုယ့္ကိုယ္ကိုယ္ျပန္လည္ရွာေဖြျခင္းလည္းျဖစ္တယ္။ ကိုယ္နဲ႔တကယ္လိုက္ဖက္တဲ့သူကို စိတ္ရွည္ရွည္ေစာင့္ဆိုင္းျခင္းလည္းျဖစ္တယ္။ စိတ္တူကိုယ္တူသူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ဘ၀ကိုျဖတ္သန္းျခင္းလည္းျဖစ္ပါတယ္။ ဒီ movie collection မွာ single ဘ၀ရဲ႕ျပီးျပည့္စံုမႈနဲ႔ အဆင္မေျပတဲ့ relationship ေတြအေၾကာင္းရိုက္ကူးထားတဲ့ရုပ္ရွင္ေတြကိုစုစည္းေဖာ္ျပထားပါတယ္။
တယောက်တည်းနေတိုင်း ဘဝကငြီးငွေ့စရာလို့သတ်မှတ်လို့ရရဲ့လား။ တယောက်ယောက်နဲ့အတူရှိတိုင်း စိတ်ချမ်းသာနေပြီလို့ပြောနိုင်ပြီလား။ တကယ်တော့တယောက်တည်းနေတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေခြင်းလည်းဖြစ်တယ်။ ကိုယ်နဲ့တကယ်လိုက်ဖက်တဲ့သူကို စိတ်ရှည်ရှည်စောင့်ဆိုင်းခြင်းလည်းဖြစ်တယ်။ စိတ်တူကိုယ်တူသူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ဘဝကိုဖြတ်သန်းခြင်းလည်းဖြစ်ပါတယ်။ ဒီ movie collection မှာ single ဘဝရဲ့ပြီးပြည့်စုံမှုနဲ့ အဆင်မပြေတဲ့ relationship တွေအကြောင်းရိုက်ကူးထားတဲ့ရုပ်ရှင်တွေကိုစုစည်းဖော်ပြထားပါတယ်။
The Devil Wears Prada

ဒီရုပ္ရွင္ထဲကအဓိကဇာတ္ေကာင္ Andy ဟာ ဖက္ရွင္မဂၢဇင္းၾကီးတခုမွာအလုပ္လုပ္ရင္း သူက်င္လည္ရာပတ္၀န္းက်င္နဲ႔၀င္ဆံ့ေအာင္ၾကိဳးစားရင္း ကိုယ့္ကိုယ္ကိုယ္ေပ်ာက္ဆံုးလုနီးနီးျဖစ္သြားခဲ့တယ္။ ဒီၾကားထဲသူ႔ကိုနားလည္မေပးႏုိင္တဲ့့ခ်စ္သူနဲ႔ျပႆနာေတြတက္ရသလို အေပ်ာ္သက္သက္တြဲခ်င္တဲ့ ေယာက်္ားတေယာက္နဲ႔လည္းဆံုရေသးတယ္။ ေနာက္ဆံုးမွာေတာ့သူလိုခ်င္တဲ့ဘ၀ပံုစံကိုသိျမင္သြားျပီး တေယာက္တည္းေလွ်ာက္လွမ္းသြားပံုကိုျပထားပါတယ္။ လုပ္ငန္းခြင္ထဲစ၀င္မယ့္အမ်ိဳးသမီးငယ္ေတြ မၾကည့္မျဖစ္ၾကည့္သင့္တဲ့ရုပ္ရွင္ပါ။
ဒီရုပ်ရှင်ထဲကအဓိကဇာတ်ကောင် Andy ဟာ ဖက်ရှင်မဂ္ဂဇင်းကြီးတခုမှာအလုပ်လုပ်ရင်း သူကျင်လည်ရာပတ်ဝန်းကျင်နဲ့ဝင်ဆံ့အောင်ကြိုးစားရင်း ကိုယ့်ကိုယ်ကိုယ်ပျောက်ဆုံးလုနီးနီးဖြစ်သွားခဲ့တယ်။ ဒီကြားထဲသူ့ကိုနားလည်မပေးနိုင်တဲ့ချစ်သူနဲ့ပြဿနာတွေတက်ရသလို အပျော်သက်သက်တွဲချင်တဲ့ ယောကျ်ားတယောက်နဲ့လည်းဆုံရသေးတယ်။ နောက်ဆုံးမှာတော့သူလိုချင်တဲ့ဘဝပုံစံကိုသိမြင်သွားပြီး တယောက်တည်းလျှောက်လှမ်းသွားပုံကိုပြထားပါတယ်။ လုပ်ငန်းခွင်ထဲစဝင်မယ့်အမျိုးသမီးငယ်တွေ မကြည့်မဖြစ်ကြည့်သင့်တဲ့ရုပ်ရှင်ပါ။
Amelie

တေယာက္တည္းျဖစ္ေနရံုနဲ႔ ေတြ႔ကရာလူကိုတြဲေတာ့မလို႔လား။ ဒီျပင္သစ္ရုပ္ရွင္ထဲက Amelie Poulain ဟာဘ၀တေလွ်ာက္လံုးတေယာက္တည္းေနခဲ့သူပါ။ သူ႔ရဲ႕ေန႔စဥ္ဘ၀မွာရုန္းကန္ေနရင္း ပတ္၀န္းက်င္ကလူေတြကိုအတတ္ႏုိင္ဆံုးကူညီေပးခ်င္သူ၊ တေယာက္တည္းသမားဘ၀မွာေပ်ာ္ေအာင္ေနရင္း တျခားသူေတြကိုလည္းေပ်ာ္ရႊင္မႈေတြေ၀မွ်ေပးခ်င္သူ။ တေန႔မွာေတာ့သူမရဲ႕ဘ၀ကိုေျပာင္းလဲေစမယ့္ အမ်ိဳးသားတေယာက္နဲ႔ေတြ႔ခဲ့ျပီး ရင္ခုန္ၾကည္ႏူးစရာအခ်စ္ဇာတ္လမ္းေလးစတင္လာပါေတာ့တယ္။ ကိုယ္နဲ႔စိတ္တူသေဘာတူမယ့္ခ်စ္သူကိုေစာင့္ရင္း တေယာက္တည္းဘ၀ကိုေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနလို႔ရတယ္ ဆိုတာ Amelie ကသက္ေသျပသြားပါတယ္။
တယောက်တည်းဖြစ်နေရုံနဲ့ တွေ့ကရာလူကိုတွဲတော့မလို့လား။ ဒီပြင်သစ်ရုပ်ရှင်ထဲက Amelie Poulain ဟာဘဝတလျှောက်လုံးတယောက်တည်းနေခဲ့သူပါ။ သူ့ရဲ့နေ့စဉ်ဘဝမှာရုန်းကန်နေရင်း ပတ်ဝန်းကျင်ကလူတွေကိုအတတ်နိုင်ဆုံးကူညီပေးချင်သူ၊ တယောက်တည်းသမားဘဝမှာပျော်အောင်နေရင်း တခြားသူတွေကိုလည်းပျော်ရွှင်မှုတွေဝေမျှပေးချင်သူ။ တနေ့မှာတော့သူမရဲ့ဘဝကိုပြောင်းလဲစေမယ့် အမျိုးသားတယောက်နဲ့တွေ့ခဲ့ပြီး ရင်ခုန်ကြည်နူးစရာအချစ်ဇာတ်လမ်းလေးစတင်လာပါတော့တယ်။ ကိုယ်နဲ့စိတ်တူသဘောတူမယ့်ချစ်သူကိုစောင့်ရင်း တယောက်တည်းဘဝကိုပျော်ပျော်ရွှင်ရွှင်နေလို့ရတယ် ဆိုတာ Amelie ကသက်သေပြသွားပါတယ်။
Begin Again

တစံုတေယာက္မရွိလည္းေနလို႔ျဖစ္တယ္ဆိုတာ အဲ့ဒီသူကိုယ့္အနားမရွိေတာ့မွသိလာပါလိမ့္မယ္။ ေတးေရးေတးဆိုတေယာက္ျဖစ္ဖို႔ၾကိဳးစားေနတဲ့ Gretta ဟာသူ႔ခ်စ္သူနဲ႔လမ္းခြဲျပီးေနာက္ တေယာက္တည္းေလလြင့္ေနတုန္း နာမည္က်ေနတဲ့ထုတ္လုပ္ေရးမန္ေနဂ်ာ Dan နဲ႔ေတြ႔တယ္။ Dan ကိုယ္တိုင္ကလည္းအိမ္ေထာင္ေရးအဆင္မေျပသူပါ။ အထီးက်န္ေနတဲ့သူ ၂ေယာက္ နယူးေယာက္ျမိဳ႕ရဲ႕လမ္းေတြေပၚမွာေလွ်ာက္သြားရင္း သီခ်င္းေတြဖန္တီးရင္း ျဖဴစင္တဲ့သံေယာဇဥ္နဲ႔ေႏွာင္ဖြဲ႔မိၾကပါေတာ့တယ္။ ဘယ္လိုဆံုးရႈံးမႈေတြပဲၾကံဳရၾကံဳရ အသစ္တဖန္စတင္ႏုိင္ဖို႔ပဲလိုတာပါ။ Begin Again ေပါ့ဗ်ာ။
တစုံတယောက်မရှိလည်းနေလို့ဖြစ်တယ်ဆိုတာ အဲ့ဒီသူကိုယ့်အနားမရှိတော့မှသိလာပါလိမ့်မယ်။ တေးရေးတေးဆိုတယောက်ဖြစ်ဖို့ကြိုးစားနေတဲ့ Gretta ဟာသူ့ချစ်သူနဲ့လမ်းခွဲပြီးနောက် တယောက်တည်းလေလွင့်နေတုန်း နာမည်ကျနေတဲ့ထုတ်လုပ်ရေးမန်နေဂျာ Dan နဲ့တွေ့တယ်။ Dan ကိုယ်တိုင်ကလည်းအိမ်ထောင်ရေးအဆင်မပြေသူပါ။ အထီးကျန်နေတဲ့သူ ၂ယောက် နယူးယောက်မြို့ရဲ့လမ်းတွေပေါ်မှာလျှောက်သွားရင်း သီချင်းတွေဖန်တီးရင်း ဖြူစင်တဲ့သံယောဇဉ်နဲ့နှောင်ဖွဲ့မိကြပါတော့တယ်။ ဘယ်လိုဆုံးရှုံးမှုတွေပဲကြုံရကြုံရ အသစ်တဖန်စတင်နိုင်ဖို့ပဲလိုတာပါ။ Begin Again ပေါ့ဗျာ။
How to be Single

စိတ္တူကိုယ္တူေသာင္းက်န္းလို႔ရမယ့္သူငယ္ခ်င္းေတြရွိေနရင္ ရည္းစားထားဖို႔လိုပါဦးမလား။ ဒီရုပ္ရွင္ဟာ မိန္းကေလးေတြၾကားကသူငယ္ခ်င္းသံေယာဇဥ္အေၾကာင္းလည္းျဖစ္တယ္။ ရည္းစားရွိေနေပမယ့္ တေယာက္တည္းသမားဘ၀ကိုေတြ႔ၾကံဳခံစားခ်င္သူေတြရွိသလို ဘ၀အေဖာ္ကိုစြဲစြဲျမဲျမဲလိုက္ရွာတတ္သူေတြလည္းရွိေသးတယ္ဆိုတဲ့အေၾကာင္းျပသြားပါတယ္။ How to be Single ဟာတကိုယ္ေတာ္ဘ၀ကိုအေျပာင္ေျမာက္ဆံုးတင္ဆက္သြားတဲ့ရုပ္ရွင္ကားတကားပါပဲ။
စိတ်တူကိုယ်တူသောင်းကျန်းလို့ရမယ့်သူငယ်ချင်းတွေရှိနေရင် ရည်းစားထားဖို့လိုပါဦးမလား။ ဒီရုပ်ရှင်ဟာ မိန်းကလေးတွေကြားကသူငယ်ချင်းသံယောဇဉ်အကြောင်းလည်းဖြစ်တယ်။ ရည်းစားရှိနေပေမယ့် တယောက်တည်းသမားဘဝကိုတွေ့ကြုံခံစားချင်သူတွေရှိသလို ဘဝအဖော်ကိုစွဲစွဲမြဲမြဲလိုက်ရှာတတ်သူတွေလည်းရှိသေးတယ်ဆိုတဲ့အကြောင်းပြသွားပါတယ်။ How to be Single ဟာတကိုယ်တော်ဘဝကိုအပြောင်မြောက်ဆုံးတင်ဆက်သွားတဲ့ရုပ်ရှင်ကားတကားပါပဲ။
(500) Days of Summer

ငယ္ငယ္ကဒီရုပ္ရွင္ကိုစၾကည့္ေတာ့ Tom ကိုကိုယ္ခ်င္းစာတယ္။ အရြယ္ေရာက္လာတဲ့အခါ ဒုတိယတေခါက္ျပန္ၾကည့္ေတာ့ Summer ကိုနားလည္ႏိုင္လာတယ္။ တကယ္ေတာ့ Summer က Tom ကိုၾကိဳက္တာ။ ဒါကို Tom ကခ်စ္တာလို႔အထင္မွားတယ္။ Commitment တခုေပးဖို႔အတင္းေတာင္းဆိုတဲ့အခါ Summer ကမေပးႏိုင္ေတာ့ အစစအရာရာအဆင္ေျပေနတဲ့ဆက္ဆံေရးလည္း တခန္းရပ္သြားရေတာ့တယ္။ အဲ့ဒီေနာက္ပိုင္းမွာ Tom ဟာသူ႔ကိုယ္သူျပန္ရွာေတြ႔သြားျပီး ၀ါသနာပါတဲ့ဗိသုကာပညာနဲ႔ အသက္ေမြး၀မ္းေက်ာင္းရင္း ဘ၀ကိုအသစ္ျပန္စဖို႔ၾကိဳးစားပါေတာ့တယ္။
ငယ်ငယ်ကဒီရုပ်ရှင်ကိုစကြည့်တော့ Tom ကိုကိုယ်ချင်းစာတယ်။ အရွယ်ရောက်လာတဲ့အခါ ဒုတိယတခေါက်ပြန်ကြည့်တော့ Summer ကိုနားလည်နိုင်လာတယ်။ တကယ်တော့ Summer က Tom ကိုကြိုက်တာ။ ဒါကို Tom ကချစ်တာလို့အထင်မှားတယ်။ Commitment တခုပေးဖို့အတင်းတောင်းဆိုတဲ့အခါ Summer ကမပေးနိုင်တော့ အစစအရာရာအဆင်ပြေနေတဲ့ဆက်ဆံရေးလည်း တခန်းရပ်သွားရတော့တယ်။ အဲ့ဒီနောက်ပိုင်းမှာ Tom ဟာသူ့ကိုယ်သူပြန်ရှာတွေ့သွားပြီး ဝါသနာပါတဲ့ဗိသုကာပညာနဲ့ အသက်မွေးဝမ်းကျောင်းရင်း ဘဝကိုအသစ်ပြန်စဖို့ကြိုးစားပါတော့တယ်။
Ruby Sparks

တခါတေလခ်စ္သူကိုကိုယ့္စိတ္တုိင္းက်ျဖစ္ေအာင္ ပံုသြင္းဖုိ႔ၾကိဳးစားမိတတ္ၾကတယ္။ ဒီရုပ္ရွင္ထဲကစာေရးဆရာ Calvin ဟာရည္းစားနဲ႔လမ္းခြဲျပီးေနာက္ Ruby Sparks ဆိုတဲ့မိန္းကေလးတေယာက္နဲ႔ဆံုေတြ႔ခဲ့တယ္။ Ruby ဟာ Calvin ေရးတဲ့စာအုပ္ထဲကဇာတ္ေကာင္ပါ။ Ruby ရဲ႕အေတြးအေခၚအေျပာအဆိုေတြကို Calvin ကစိတ္တုိင္းက်ေရးသားျပင္ဆင္ခြင့္ရွိေနတယ္။ အဲ့ဒါကိုေတာင္မွ Calvin ဟာစိတ္တုိင္းမက်ႏုိင္ပါဘူး။ တခုခုသေဘာမေတြ႔တုိင္းျပင္ေရးရင္းေရးရင္း Ruby ရဲ႕တကိုယ္ေတာ္ျဖစ္တည္မႈေပ်ာက္ဆံုးသြားပံုကို ရိုက္ကူးထားပါတယ္။ ကိုယ့္ခ်စ္သူကိုအရွိအတုိင္းလက္မခံႏုိင္ဘူးဆိုရင္ ဆက္ဆံေရးတခုတည္ေဆာက္ဖို႔ အဆင္သင့္မျဖစ္ေသးဘူးလို႔ဆိုရမွာပါ။ ဒီလုိအခ်ိန္ေတြမွာတေယာက္တည္းေနလိုက္တာအေကာင္းဆံုးပါပဲ။
တခါတလေချစ်သူကိုကိုယ့်စိတ်တိုင်းကျဖြစ်အောင် ပုံသွင်းဖို့ကြိုးစားမိတတ်ကြတယ်။ ဒီရုပ်ရှင်ထဲကစာရေးဆရာ Calvin ဟာရည်းစားနဲ့လမ်းခွဲပြီးနောက် Ruby Sparks ဆိုတဲ့မိန်းကလေးတယောက်နဲ့ဆုံတွေ့ခဲ့တယ်။ Ruby ဟာ Calvin ရေးတဲ့စာအုပ်ထဲကဇာတ်ကောင်ပါ။ Ruby ရဲ့အတွေးအခေါ်အပြောအဆိုတွေကို Calvin ကစိတ်တိုင်းကျရေးသားပြင်ဆင်ခွင့်ရှိနေတယ်။ အဲ့ဒါကိုတောင်မှ Calvin ဟာစိတ်တိုင်းမကျနိုင်ပါဘူး။ တခုခုသဘောမတွေ့တိုင်းပြင်ရေးရင်းရေးရင်း Ruby ရဲ့တကိုယ်တော်ဖြစ်တည်မှုပျောက်ဆုံးသွားပုံကို ရိုက်ကူးထားပါတယ်။ ကိုယ့်ချစ်သူကိုအရှိအတိုင်းလက်မခံနိုင်ဘူးဆိုရင် ဆက်ဆံရေးတခုတည်ဆောက်ဖို့ အဆင်သင့်မဖြစ်သေးဘူးလို့ဆိုရမှာပါ။ ဒီလိုအချိန်တွေမှာတယောက်တည်းနေလိုက်တာအကောင်းဆုံးပါပဲ။