ဗိုလ္ၾကီးဇာတ္လမ္းဆိုျပီးနာမည္ၾကီးတဲ့ ေတာင္ကိုရီးယားရုပ္သံဇာတ္လမ္းတြဲ Crash Landing on You ဟာ အခုဆိုရင္ထုတ္လႊင့္ျပသလို႔ျပီးသြားပါျပီ။ MM+ ပရိသတ္ေတာ္ေတာ္မ်ားမ်ားလည္းၾကည့္ျပီးၾကျပီထင္ပါတယ္။
ဒီကားထဲမွာခ်မ္းသာၾကြယ္၀တဲ့ေတာင္ကိုရီးယားအမ်ိဳးသမီး Yoon Se Ri ဟာ glider စီးေနတုန္းေလဆင္ႏွာေမာင္းတုိက္ခံရျပီး ေျမာက္ကိုရီးယားနယ္စပ္ကိုက်သြားပါတယ္။ အဲ့ဒီမွာေျမာက္ကိုရီးယားစစ္ဗိုလ္ Ri Jung Hyuk နဲ႔ေတြ႔ျပီး ျဖစ္ေပၚလာတဲ့အခ်စ္ဇာတ္လမ္းဟာ ကိုရီးယားမွာတင္မကဘူး၊ အာရွတလႊားကရုပ္ရွင္ၾကည့္ပရိသတ္ေတြကိုဆြဲေဆာင္ႏုိင္ခဲ့တယ္။ ဒီဇာတ္လမ္းတြဲကိုေတာင္ကိုရီးယားမွာ tvN ရုပ္သံကထုတ္လႊင့္ျပီး ႏုိင္ငံတကာပရိသတ္ေတြကေတာ့ Netflix ကတဆင့္ၾကည့္ရႈႏိုင္ပါတယ္။
ဒီဇာတ္လမ္းမွာေျမာက္ကိုရီးယားပံုစံအတိုင္းဆက္တင္ခ်ရိုက္ကူးထားတာမို႔ ေျမာက္ကိုရီးယားရဲ႕လူေနမႈစနစ္ေတာ္ေတာ္မ်ားမ်ားကိုလည္းေတြ႔ႏုိင္ပါတယ္။ ေတာင္ကိုရီးယားကႏုိင္ငံေရးပါတီ Christian Liberal Party က ဒီဇာတ္လမ္းတြဲဟာရန္သူေျမာက္ကိုရီးယားကိုအမႊမ္းတင္လြန္းတဲ့အတြက္ National Security Act ကိုခ်ိဳးေဖာက္တယ္လုိ႔စြပ္စြဲခဲ့ပါေသးတယ္။
ေျမာက္ကိုရီးယားရဲ႕လူမႈဘ၀ကိုပံုေဖာ္ရာမွာဘယ္ေလာက္အထိမွန္ကန္မႈရွိပါသလဲ။ ဒီအေၾကာင္းနဲ႔ပတ္သက္ျပီး ေျမာက္ကိုရီးယားကထြက္ေျပးလာျပီးေတာင္ကိုရီးယားမွာအေျခခ်ေနတဲ့ အမ်ိဳးသမီး YouTuber Kang Nara က Crash Landing on You ပံုေဖာ္ထားတဲ့ေျမာက္ကိုရီးယားဟာ လက္ေတြ႔နဲ႔ ၆၀ရာခိုင္ႏႈန္းေလာက္တူညီတယ္လို႔ေျပာပါတယ္။ သူဟာဒီဇာတ္လမ္းတြဲရဲ႕ production team ကိုအၾကံေပးအျဖစ္ကူညီခဲ့ဖူးပါတယ္။
ဗိုလ္ၾကီးေနထိုင္တဲ့ေျမာက္ကိုရီးယားကလက္ေတြ႔နဲ႔ဘယ္ေလာက္နီးစပ္သလဲဆိုတာဖတ္ၾကည့္ရေအာင္ပါ။
ေျမာက္ကိုရီးယားအိမ္

ေျမာက္ကိုရီးယားျပည္သူေတြရဲ႕ေနအိမ္ကိုပံုေဖာ္ထားတာေတာ္ေတာ္လက္ေတြ႔က်တယ္လို႔ Kang Nara ကဆိုတယ္။ ဥပမာ ၾကမ္းျပင္ေပၚထိုင္ျပီးစားပြဲပုေလးနဲ႔ထမင္းစားၾကတာ၊ ေျမာက္ကိုရီးယားေက်းလတ္မွာ လွ်ပ္စစ္မီးမရတဲ့အတြက္ ေရခဲေသတၱာမသံုးႏုိင္လို႔ kimchi cave နဲ႔သိုေလွာင္တာေတြက တကယ့္လူေနမႈဘ၀ကိုထင္ဟပ္ပါသတဲ့။ ျပီးေတာ့ပိုက္ဆံရွိတဲ့ေျမာက္ကိုရီးယားအိမ္ေတြဆို သူတို႔ရဲ႕ၾကြယ္၀မႈကိုျပတဲ့အေနနဲ႔ ဇာခန္းစီးေတြသံုးေလ့ရွိတဲ့အေလ့အထကိုလည္း ဇာတ္လမ္းတြဲထဲထည့္ရိုက္ျပႏုိင္တာကိုလည္း Kang ကခ်ီးက်ဴးထားပါေသးတယ္။
စစ္ယူနီေဖာင္း

ေျမာက္ကိုရီးယားစစ္သားေတြ၀တ္တဲ့ယူနီေဖာင္းေတြကလည္းလက္ေတြ႔နဲ႔တထပ္တည္းတူညီျပီး စကားေျပာဟန္နဲ႔ေလယူေလသိမ္းေတြကလည္း ေျမာက္ကိုရီးယားသားေတြအတုိင္းျဖစ္ေၾကာင္း Kang ကေျပာတယ္။ အထူးသျဖင့့္ Pyo Chi-su ဆိုတဲ့စစ္သားဇာတ္ေကာင္ဆိုရင္ T သံကိုထြက္ပံုကအစ ေျမာက္ကိုရီးယားေလအတိုင္းေျပာႏုိင္ေၾကာင္းခ်ီးက်ဴးထားပါေသးတယ္။ ဒါေပမယ့္ဗိုလ္ၾကီးေလာက္ခန္႔တဲ့ေျမာက္ကိုရီးယားစစ္သားေတာ့မရွိဘူးလို႔ Kang ကအရႊန္းေဖာက္တယ္။ 😀
အမ်ိဳးသမီးေတြရဲ႕ဆင္ယင္ထံုးဖြဲ႔မႈ

ေျမာက္ကိုရီးယားအမ်ိဳးသမီးေတြအေနနဲ႔ ဆံပင္ကိုအျမဲခ်ီထားရပါတယ္။ ဆံပင္ဖားလ်ားခ်ျခင္းဟာ အေနာက္တိုင္းအရင္းရွင္စနစ္ကအမ်ိဳးသမီးေတြရဲ႕ပံုရိပ္ျဖစ္တာမို႔ ကြန္ျမဴနစ္စနစ္က်င့္သံုးတဲ့ေျမာက္ကိုရီးယားမွာ လက္မခံၾကပါဘူး။ ဒါကိုလည္း Crash Landing on You ကျပသသြားႏုိင္ပါတယ္။
Seo Dan ရဲ႕ဖက္ရွင္

ေျမာက္ကိုရီးယားလူခ်မ္းသာမိသားစုကအမ်ိဳးသမီး Seo Dan ရဲ႕ဖက္ရွင္ကေတာ့့ လက္ေတြ႔နဲ႔အံေခ်ာ္ေနေၾကာင္း Kang ကမွတ္ခ်က္ခ်တယ္။ ေျမာက္ကိုရီးယားသူတေယာက္အတြက္ သူ႔ဖက္ရွင္ကအရမ္းေခတ္ဆန္ေနေၾကာင္း အထူးသျဖင့္ လယ္သာဖိနပ္ရွည္ေတြကိုလူျမင္ေအာင္ ၀တ္ဆင္ျခင္းဟာအခန္႔မသင့္ရင္ဖမ္းဆီးစစ္ေမးခံရႏုိင္ေၾကာင္းေျပာပါတယ္။ ေျမာက္ကိုရီးယားအမ်ိဳးသမီးေတြဟာ လည္ရွည္ဖိနပ္ေတြ၀တ္တဲ့အခါ ေဘာင္းဘီ (သို႔) ဂါ၀န္နဲ႔ဖံုးျပီး ၀တ္ေလ့ရွိပါသတဲ့။ ေျမာက္ကိုရီးယားမွာ စစ္သားေတြကလြဲရင္ ကုတ္အကၤ်ီရွည္ (trench coat) ၀တ္ဆင္သူကလည္းအရမ္းရွားေၾကာင္း Kang ကမွတ္ခ်က္ခ်ပါတယ္။
Kang Nara ရဲ႕ YouTube video
Unicode
ဗိုလ်ကြီးဇာတ်လမ်းဆိုပြီးနာမည်ကြီးတဲ့ တောင်ကိုရီးယားရုပ်သံဇာတ်လမ်းတွဲ Crash Landing on You ဟာ အခုဆိုရင်ထုတ်လွှင့်ပြသလို့ပြီးသွားပါပြီ။ MM+ ပရိသတ်တော်တော်များများလည်းကြည့်ပြီးကြပြီထင်ပါတယ်။
ဒီကားထဲမှာချမ်းသာကြွယ်ဝတဲ့တောင်ကိုရီးယားအမျိုးသမီး Yoon Se Ri ဟာ glider စီးနေတုန်းလေဆင်နှာမောင်းတိုက်ခံရပြီး မြောက်ကိုရီးယားနယ်စပ်ကိုကျသွားပါတယ်။ အဲ့ဒီမှာမြောက်ကိုရီးယားစစ်ဗိုလ် Ri Jung Hyuk နဲ့တွေ့ပြီး ဖြစ်ပေါ်လာတဲ့အချစ်ဇာတ်လမ်းဟာ ကိုရီးယားမှာတင်မကဘူး၊ အာရှတလွှားကရုပ်ရှင်ကြည့်ပရိသတ်တွေကိုဆွဲဆောင်နိုင်ခဲ့တယ်။ ဒီဇာတ်လမ်းတွဲကိုတောင်ကိုရီးယားမှာ tvN ရုပ်သံကထုတ်လွှင့်ပြီး နိုင်ငံတကာပရိသတ်တွေကတော့ Netflix ကတဆင့်ကြည့်ရှုနိုင်ပါတယ်။
ဒီဇာတ်လမ်းမှာမြောက်ကိုရီးယားပုံစံအတိုင်းဆက်တင်ချရိုက်ကူးထားတာမို့ မြောက်ကိုရီးယားရဲ့လူနေမှုစနစ်တော်တော်များများကိုလည်းတွေ့နိုင်ပါတယ်။ တောင်ကိုရီးယားကနိုင်ငံရေးပါတီ Christian Liberal Party က ဒီဇာတ်လမ်းတွဲဟာရန်သူမြောက်ကိုရီးယားကိုအမွှမ်းတင်လွန်းတဲ့အတွက် National Security Act ကိုချိုးဖောက်တယ်လို့စွပ်စွဲခဲ့ပါသေးတယ်။
မြောက်ကိုရီးယားရဲ့လူမှုဘဝကိုပုံဖော်ရာမှာဘယ်လောက်အထိမှန်ကန်မှုရှိပါသလဲ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားကထွက်ပြေးလာပြီးတောင်ကိုရီးယားမှာအခြေချနေတဲ့ အမျိုးသမီး YouTuber Kang Nara က Crash Landing on You ပုံဖော်ထားတဲ့မြောက်ကိုရီးယားဟာ လက်တွေ့နဲ့ ၆၀ရာခိုင်နှုန်းလောက်တူညီတယ်လို့ပြောပါတယ်။ သူဟာဒီဇာတ်လမ်းတွဲရဲ့ production team ကိုအကြံပေးအဖြစ်ကူညီခဲ့ဖူးပါတယ်။
ဗိုလ်ကြီးနေထိုင်တဲ့မြောက်ကိုရီးယားကလက်တွေ့နဲ့ဘယ်လောက်နီးစပ်သလဲဆိုတာဖတ်ကြည့်ရအောင်ပါ။
မြောက်ကိုရီးယားအိမ်

မြောက်ကိုရီးယားပြည်သူတွေရဲ့နေအိမ်ကိုပုံဖော်ထားတာတော်တော်လက်တွေ့ကျတယ်လို့ Kang Nara ကဆိုတယ်။ ဥပမာ ကြမ်းပြင်ပေါ်ထိုင်ပြီးစားပွဲပုလေးနဲ့ထမင်းစားကြတာ၊ မြောက်ကိုရီးယားကျေးလတ်မှာ လျှပ်စစ်မီးမရတဲ့အတွက် ရေခဲသေတ္တာမသုံးနိုင်လို့ kimchi cave နဲ့သိုလှောင်တာတွေက တကယ့်လူနေမှုဘဝကိုထင်ဟပ်ပါသတဲ့။ ပြီးတော့ပိုက်ဆံရှိတဲ့မြောက်ကိုရီးယားအိမ်တွေဆို သူတို့ရဲ့ကြွယ်ဝမှုကိုပြတဲ့အနေနဲ့ ဇာခန်းစီးတွေသုံးလေ့ရှိတဲ့အလေ့အထကိုလည်း ဇာတ်လမ်းတွဲထဲထည့်ရိုက်ပြနိုင်တာကိုလည်း Kang ကချီးကျူးထားပါသေးတယ်။
စစ်ယူနီဖောင်း

မြောက်ကိုရီးယားစစ်သားတွေဝတ်တဲ့ယူနီဖောင်းတွေကလည်းလက်တွေ့နဲ့တထပ်တည်းတူညီပြီး စကားပြောဟန်နဲ့လေယူလေသိမ်းတွေကလည်း မြောက်ကိုရီးယားသားတွေအတိုင်းဖြစ်ကြောင်း Kang ကပြောတယ်။ အထူးသဖြင့် Pyo Chi-su ဆိုတဲ့စစ်သားဇာတ်ကောင်ဆိုရင် T သံကိုထွက်ပုံကအစ မြောက်ကိုရီးယားလေအတိုင်းပြောနိုင်ကြောင်းချီးကျူးထားပါသေးတယ်။ ဒါပေမယ့်ဗိုလ်ကြီးလောက်ခန့်တဲ့မြောက်ကိုရီးယားစစ်သားတော့မရှိဘူးလို့ Kang ကအရွှန်းဖောက်တယ်။ 😀
အမျိုးသမီးတွေရဲ့ဆင်ယင်ထုံးဖွဲ့မှု

မြောက်ကိုရီးယားအမျိုးသမီးတွေအနေနဲ့ ဆံပင်ကိုအမြဲချီထားရပါတယ်။ ဆံပင်ဖားလျားချခြင်းဟာ အနောက်တိုင်းအရင်းရှင်စနစ်ကအမျိုးသမီးတွေရဲ့ပုံရိပ်ဖြစ်တာမို့ ကွန်မြူနစ်စနစ်ကျင့်သုံးတဲ့မြောက်ကိုရီးယားမှာ လက်မခံကြပါဘူး။ ဒါကိုလည်း Crash Landing on You ကပြသသွားနိုင်ပါတယ်။
Seo Dan ရဲ့ဖက်ရှင်

မြောက်ကိုရီးယားလူချမ်းသာမိသားစုကအမျိုးသမီး Seo Dan ရဲ့ဖက်ရှင်ကတော့ လက်တွေ့နဲ့အံချော်နေကြောင်း Kang ကမှတ်ချက်ချတယ်။ မြောက်ကိုရီးယားသူတယောက်အတွက် သူ့ဖက်ရှင်ကအရမ်းခေတ်ဆန်နေကြောင်း အထူးသဖြင့် လယ်သာဖိနပ်ရှည်တွေကိုလူမြင်အောင် ဝတ်ဆင်ခြင်းဟာအခန့်မသင့်ရင်ဖမ်းဆီးစစ်မေးခံရနိုင်ကြောင်းပြောပါတယ်။ မြောက်ကိုရီးယားအမျိုးသမီးတွေဟာ လည်ရှည်ဖိနပ်တွေဝတ်တဲ့အခါ ဘောင်းဘီ (သို့) ဂါဝန်နဲ့ဖုံးပြီး ဝတ်လေ့ရှိပါသတဲ့။ မြောက်ကိုရီးယားမှာ စစ်သားတွေကလွဲရင် ကုတ်အင်္ကျီရှည် (trench coat) ဝတ်ဆင်သူကလည်းအရမ်းရှားကြောင်း Kang ကမှတ်ချက်ချပါတယ်။