Advertisement

ေဒါင္းကိုရုပ္ရွင္မင္းသားအျဖစ္လူသိမ်ားၾကေပမယ့္ သူဟာကဗ်ာေရးျခင္းနဲ႔ ဂီတကိုပါ၀ါသနာထံုသူျဖစ္ပါတယ္။ Myanmore နဲ႔ေဒါင္းေတြ႔ဆံုစကားေျပာရာကေန ပရိသတ္အမ်ားစုမသိၾကေသးတဲ့ ေဒါင္းရဲ႕တျခားမ်က္ႏွာစာကိုသိခြင့္ရခဲ့တယ္။ သူ႔ရဲ႕ႏုပ်ိဳတဲ့လူငယ္ပံုစံနဲ႔ အရြယ္နဲ႔မလိုက္ေအာင္ရင့္က်က္တဲ့စိတ္ကို ဓာတ္ပံုဆရာကဟန္ ၂မ်ိဳးနဲ႔ပံုေဖာ္ေပးထားတယ္။ ဒီေဆာင္းပါးမွာသူ႔ရဲ႕ ျဖစ္တည္မႈ၊ အႏုပညာလႈပ္ရွားမႈေတြအျပင္ သူကိုယ္တိုင္ေရးစပ္ထားတဲ့ကဗ်ာတပုဒ္ကိုပါ ပရိသတ္အတြက္ေဖာ္ျပခြင့္ရခဲ့ပါတယ္။

ေဒါင္းကိုမေတြ႔ဖူးေသးခင္ကျမန္မာမိန္းကေလးေတြရဲ႕အားေပးမႈအခိုင္အမာရထားတဲ့ မင္းသားတေယာက္ဆိုတာထက္ပိုမသိခဲ့ဘူး။ သရုပ္ေဆာင္မႈနဲ႔ပတ္သက္ျပီးပရိသတ္လက္ခံမႈရထားသူ၊ ခန္႔ညားတဲ့ရုပ္ရည္နဲ႔ စူးရွတဲ့မ်က္၀န္းပိုင္ရွင္ ေဒါင္းဟာသရုပ္ေဆာင္တေယာက္ဆိုတာထက္ပိုပါတယ္။

“ေက်ာင္းမွာတုန္းကဆိုက်ေနာ္ကစာသင္ရတာထက္ ဂီတနဲ႔အားကစားကိုပို၀ါသနာပါတယ္။ ဒါေၾကာင့္က်ေနာ့္ကိုသေဘာက်တဲ့မိန္းကေလးေတြလည္းရွိခဲ့တယ္။ သရုပ္ေဆာင္ေလာကထဲမွာေတာ့ ေယာက်္ားေလးပရိသတ္ေကာ မိန္းကေလးပရိသတ္ေကာရွိဖို႔လိုတယ္လို႔ထင္ပါတယ္။ က်ေနာ့္ခံယူခ်က္ကသရုပ္ေဆာင္ပညာနဲ႔ အလႊာအမ်ိဳးမ်ိဳးကျပည္သူေတြရဲ႕ဘ၀ကိုပံုေဖာ္ရင္း သူတို႔နဲ႔ဘ၀ခ်င္းတူတဲ့ပရိသတ္ေတြကိုစိတ္ဓာတ္ခြန္အားေပးခ်င္တာ။”

စကားေျပာရည္မြန္ျပီးတည္ျငိမ္ေအးေဆးတဲ့ေဒါင္းဟာ မ်က္မွန္သမားတေယာက္ပါ။ ျမန္မာႏိုင္ငံမွာအေအာင္ျမင္ဆံုးမင္းသားစာရင္း၀င္ျဖစ္ေနေပမယ့္ဟိတ္ဟန္မရွိဘဲ ေဖာ္ေရြတယ္။ ေနာက္ထပ္သတိထားမိတဲ့အခ်က္ကသူဟာဘယ္အရာကိုမဆို ေလးေလးနက္နက္ေတြးေတြးဆဆရွိတာပဲ။ ေအာင္ျမင္ေက်ာ္ၾကားဖို႔ထက္ သူခ်ျပလိုက္တဲ့အႏုပညာဟာ လူထုအတြက္အက်ိဳးရွိရမယ္လို႔ခံယူထားေၾကာင္းေျပာပါတယ္။

“က်ေနာ္ဒီအလုပ္မွာမေပ်ာ္ေတာ့ဘူးဆိုရင္ က်ေနာ့္အႏုပညာနဲ႔ျပည္သူေတြကိုအက်ိဳးတစံုတရာ မေပးႏုိင္ေတာ့ဘူးဆိုရင္ တျခားအလုပ္ေျပာင္းလုပ္မွာပါ။”

သရုပ္ေဆာင္အလုပ္မလုပ္မီကေဒါင္းဟာ Southern Myanmar FC ​ေမာ္​လၿမိဳင္​အသင္​း ရဲ႕တိုက္စစ္ကစားသမားတေယာက္ျဖစ္ပါတယ္။ အႏုပညာနဲ႔အားကစားကို၀ါသနာၾကီးသူေဒါင္းဟာ ေနာက္ဆံုးမွာေတာ့သရုပ္ေဆာင္ေလာကထဲေျခစံုပစ္၀င္ခဲ့ပါတယ္။ အခုအသက္ ၃၀ရွိျပီျဖစ္တဲ့ေဒါင္းဟာ ျပည္တြင္းမွာသာမကဘဲႏိုင္ငံတကာကိုပါေျခဆန္႔ဖို႔လုပ္ေနပါျပီ။

အရင္လကက်င္းပခဲ့တဲ့ Asian Academy Creative Awards မွာျမန္မာသရုပ္ေဆာင္ေတြပါ၀င္ျပီး ထုိင္းဒါရိုက္တာရိုက္ကူးထားတဲ့ The Only Mom (လိပ္ျပာစံအိမ္) ဟာ ဆု ၆ဆုရရွိခဲ့ပါတယ္။ ေဒါင္းလည္းပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ ဒီရုပ္ရွင္ဟာျမန္မာရုပ္ရွင္ေလာကအတြက္ၾကီးမားတဲ့အေျပာင္းအလဲတခုလို႔ ေျပာရပါလိမ့္မယ္။

“အဲ့ဒီအခ်ိန္ဟာက်ေနာ့္ဘ၀အတြက္အေရးပါတဲ့အခုိက္အတန္႔ပါ” လို႔ေဒါင္းကေျပာပါတယ္။

ေဒါင္း ျဖစ္တည္မႈနိဒါန္း

သူသရုပ္ေဆာင္ေလာကထဲ၀င္ေတာ့ အသက္ ၂၅ႏွစ္ေလာက္ရွိပါျပီ။ အခ်ိန္တိုအတြင္းေအာင္ျမင္ေက်ာ္ၾကားလာခဲ့တဲ့ေဒါင္းရဲ႕ဘ၀ဇာတ္လမ္းကလည္း စိတ္၀င္စားဖို႔ေကာင္းပါတယ္။

ပဲခူးတိုင္း၊ မင္းလွျမိဳ႕မွာေမြးဖြားခဲ့တဲ့ေဒါင္းဟာမႏၱေလးမွာၾကီးျပင္းခဲ့ပါတယ္။ ၅တန္းေက်ာင္းသားအရြယ္ကတည္းက ျမန္မာသီခ်င္းေတြတီးရင္းဂစ္တာတီးေလ့က်င့္ခဲ့တယ္။ ၁၀တန္းေလာက္ေရာက္ေတာ့ဂီတပညာနဲ႔အသက္ေမြးမယ္ဆိုျပီးအိပ္မက္ေတြတေပြ႔တပိုက္နဲ႔ ရန္ကုန္ျမိဳ႕ၾကီးဆီေျပာင္းလာခဲ့တယ္။ ဒါေပမယ့္ ၂၀၁၂ခုႏွစ္မွာ Southern Myanmar FC ေအာက္က ေမာ္လျမိဳင္အသင္းမွာတိုက္စစ္ကစားသမားအျဖစ္ပါ၀င္ကစားခဲ့ပါတယ္။ ႏွစ္အနည္းငယ္ကစားအျပီးမွာအေၾကာင္းေၾကာင္းေၾကာင့္ေဘာလံုးသမားဘ၀ကေနအနားယူခဲ့တယ္။

သူကဂီတကိုရူးသြပ္တဲ့လူငယ္တေယာက္ျဖစ္တာမို႔ သရုပ္ေဆာင္ေလာကထဲ၀င္သင့္မ၀င္သင့္ ေတာ္ေတာ္စဥ္းစားခဲ့ရတယ္လို႔သိရပါတယ္။ ရန္ကုန္မွာအလုပ္မ်ိဳးစံုလုပ္ရင္းရုန္းကန္ေနတုန္း ဆာတိုရီထုတ္လုပ္ေရးကသရုပ္ေဆာင္သစ္ေရြးေနတာနဲ႔၀င္ေရာက္ယွဥ္ျပိဳင္ခဲ့ပါတယ္။

“အဲ့ဒီေခတ္တုန္းကက်ေနာ့္ကိုလူေတြက ရဲတိုက္နဲ႔ႏႈိင္းယွဥ္ခဲ့ၾကဖူးတယ္ဗ်။ ဒါေပမယ့္က်ေနာ္တုိ႔ ၂ေယာက္မွာ မတူတဲ့အခ်က္ေတြအမ်ားၾကီးပါ” လို႔ေဒါင္းကျပန္ေျပာင္းေျပာျပတယ္။ ျမန္မာ့ pop culture နယ္ပယ္မွာ ေဒါင္းဟာသေဘာေကာင္းေဖာ္ေရြသူအျဖစ္လူသိမ်ားလာတယ္။ သူ႔သရုပ္ေဆာင္မႈေတြအျပင္ သူ႔ရဲ႕အျပဳအမူအေျပာအဆိုေတြကိုပါပရိသတ္ကေလးစားခ်စ္ခင္လာၾကပါတယ္။

“သရုပ္ေဆာင္ေလာကထဲ၀င္ကာစအခ်ိန္မွာေတာင္ ေငြကိုသိပ္အေရးမထားခဲ့ဘူး။ ပြဲတက္တာေတြ ပါတီတက္တာေတြကိုလည္း၀ါသနာမပါဘူး။ ဆာတိုရီနဲ႔အလုပ္လုပ္ရင္း သရုပ္ေဆာင္တေယာက္ရဲ႕အေရးပါမႈအေၾကာင္းနားလည္လာျပီးတဲ့ေနာက္မွာ က်ေနာ့္အႏုပညာကိုပဲအာရံုစိုက္ခဲ့တယ္။ သရုပ္ေဆာင္မႈနဲ႔ပတ္သက္တဲ့စိတ္ပညာကိုေလ့လာရင္း ဇာတ္ေကာင္ေတြရဲ႕အေတြးအျမင္ကိုစိတ္၀င္စားလာတာ။ ဒီဇာတ္ေကာင္ေတြဟာျမန္မာျပည္သူေတြကို ကိုယ္စားျပဳတယ္ေလ။ ဘ၀အေတြ႔အၾကံဳေတြ အသိအျမင္ေတြေပၚမူတည္ျပီး စိတ္အမ်ိဳးမ်ိဳးကြဲထြက္သြားတယ္။”

သရုပ္ေဆာင္သက္တမ္း ၅ႏွစ္အတြင္းရုပ္ရွင္ဇာတ္ကားေတြအမ်ားၾကီးမရိုက္ကူးခဲ့ေပမယ့္ တကားဆို ဆိုသေလာက္ပရိသတ္ရင္ထဲစြဲသြားေအာင္ သရုပ္ေဆာင္ႏုိင္ခဲ့တယ္။ သူေခါင္းေဆာင္မင္းသားအျဖစ္ပါ၀င္သရုပ္ေဆာင္ခဲ့တဲ့ကားေတြထဲမွာ ၂၀၁၅ခုႏွစ္က ဒုတိယႏွလံုးသားနဲ႔၂၀၁၇ခုႏွစ္က ထီးကေလးပံုျပင္တို႔ကေတာ္ေတာ္ေအာင္ျမင္ခဲ့ပါတယ္။

“က်ေနာ့္အလုပ္နဲ႔ပဲနာမည္ၾကီးဖို႔ၾကိဳးစားတယ္။ ဇာတ္လမ္းေတြလက္ခံရင္လည္း စိတ္၀င္စားစရာေကာင္းဖို႔ က်င့္၀တ္သိကၡာနဲ႔ညီဖို႔အဓိကစဥ္းစားပါတယ္။”

အႏုပညာရွင္တေယာက္ဟာျပည္သူနဲ႔ထိေတြ႔ႏုိင္စြမ္းရွိျပီး အသိပညာဗဟုသုတေတြဖလွယ္ႏိုင္စြမ္းရွိတယ္လို႔ေဒါင္းကယံုၾကည္တယ္။ သူ႔ပညာနဲ႔အျပဳသေဘာင္ေဆာင္တဲ့အေျပာင္းအလဲေတြလုပ္ေပးခ်င္လို႔ အႏုပညာလမ္းေၾကာင္းေပၚေလွ်ာက္ျဖစ္ခဲ့တာလို႔ဆိုပါတယ္။

သူ႔ကိုယ္ပိုင္အႏုပညာအလုပ္ေတြလုပ္ဖို႔ဆာတိုရီနဲ႔လမ္းခြဲခဲ့ေပမယ့္ ေဒါင္းဆိုတဲ့နာမည္ကိုေတာ့ သူ႔အႏုပညာနာမည္အျဖစ္ဆက္သံုးခဲ့တယ္။ သူရေအာင္ဆိုတဲ့နာမည္ကေန ေဒါင္းျဖစ္လာရတဲ့အေၾကာင္းနဲ႔ပတ္သက္ျပီးအခုလိုေျပာပါတယ္။

“ဆာတိုရီကနာမည္အသစ္တခုသံုးဖို႔ေျပာျပီး သူတို႔ေရြးထားတဲ့နာမည္စာရင္းကိုရြတ္ျပတယ္။ အဲ့ဒီထဲကမွ ေဒါင္း ဆိုတဲ့နာမည္ကိုလည္းၾကားေရာ ထူးျခားျပီးအတုမဲ့တယ္လို႔ခံစားမိတာနဲ႔ ဒီနာမည္ကိုေရြးျဖစ္သြားတာပါ။”

သူ႔ဘ၀ သူ႔ဟန္

အသက္ အစိတ္အရြယ္မွာပဲေဒါင္းဟာပရိသတ္နဲ႔ရင္းႏွီးေနခဲ့ပါျပီ။ ရုပ္ရွင္ေတြ ေမာ္ဒယ္ရႈိးေတြကေနသိၾကသလို ႏုိင္ငံေရးနဲ႔ဆက္စပ္ျပီးလူအမ်ားကေဒါင္းကိုသတိထားမိခဲ့တယ္။ အေက်ာ္ၾကားဆံုးအခိုက္အတန္႔ကေတာ့ မေကြးက NLD ပါတီရဲ႕ေဟာေျပာပြဲတခုမွာ ပါတီကိုေထာက္ခံသူေတြနဲ႔အတူေတြ႔ရတဲ့အခ်ိန္ပါပဲ။ ခန္႔ညားတဲ့ရုပ္ရည္အျပင္ သူ႔ရဲ႕ႏိုင္ငံေရးရပ္တည္ခ်က္ကိုပါလူေတြကသတိျပဳမိလာၾကတယ္။

လြတ္လပ္တဲ့အေတြးအေခၚ၊ ေငြေရးေၾကးေရးပဓာနမထားတဲ့စိတ္ဓာတ္၊ အႏုပညာအေပၚရူးသြပ္မႈ ေတြကိုစုေပါင္းသံုးသပ္လိုက္တဲ့အခါ ျမန္မာ့အႏုပညာေလာကမွာအရွိန္အ၀ါၾကီးလွတဲ့ ဦးေက်ာ္သူလိုလူတေယာက္ထပ္ေပၚထြက္လာျပီလားလို႔ထင္မိတယ္။ ဒီအေၾကာင္းကိုေျပာျပေတာ့ သူကျပံဳးရင္း “ဟုတ္တယ္ဗ်။ ဦးေက်ာ္သူမွာသူ႔ရဲ႕ကိုယ္ပိုင္အေတြးအျမင္အယူအဆေတြရွိတယ္။ ဒါေတြကိုအေျခခံျပီးသူကအလုပ္လုပ္တာ” လို႔ေျပာပါတယ္။ ၂၀၁၇မွာ သူတို႔ ၂ေယာက္ဟာ MRTV-4 ရုပ္သံရဲ႕နာမည္ေက်ာ္ဇာတ္လမ္းတြဲ ပုဂံျမိဳ႕သူမွာအတူပါ၀င္သရုပ္ေဆာင္ခဲ့ၾကပါတယ္။

သရုပ္ေဆာင္မႈနဲ႔ပတ္သက္ျပီးေနာက္ထပ္သူသေဘာက်ေလးစားတဲ့သူက ေဟာလိ၀ုဒ္မင္းသား Leonardo DiCaprio ျဖစ္ပါလိမ့္မယ္။ သူ႔ရဲ႕ရုပ္ရွင္ေတြၾကည့္ရင္းသရုပ္ေဆာင္ပညာကိုေလ့လာခဲ့တယ္လို႔ေျပာတယ္။

“က်ေနာ္ဆာတိုရီနဲ႔အလုပ္တြဲလုပ္ေနတုန္းက DiCaprio တို႔ Tom Hanks တို႔ရဲ႕ရုပ္ရွင္ေတြၾကည့္ရင္း သူတို႔ဆီကသင္ယူခဲ့တယ္။ က်ေနာ္ကကိုယ့္ကိုယ္ကိုယ္ေလ့လာရတာသေဘာက်တယ္ေလ။ ဇာတ္ရုပ္ေျပာင္းလဲတိုးတက္မႈအေၾကာင္းေလ့လာဖို႔ သူတို႔ရဲ႕နာမည္ၾကီးရုပ္ရွင္ေတြကို အနည္းဆံုး ၁၀ခါေလာက္ၾကည့္ခဲ့ျပီးျပီ။”

ေနာက္ပိုင္းမွာေတာ့ကုိယ္ပိုင္ဟန္နဲ႔သရုပ္ေဆာင္ႏိုင္ဖို႔အာရံုစိုက္ခဲ့တယ္လို႔ေျပာပါတယ္။ “ရိုက္ကူးေရးမစမီမွာ က်ေနာ္သရုပ္ေဆာင္မယ့္ဇာတ္ေကာင္ရဲ႕စိတ္ေနသေဘာထားကိုနားလည္ဖို႔အရင္ၾကိဳးစားတယ္။ ရိုက္ကြင္းေပၚေရာက္ရင္ေတာ့ စိတ္ကိုရွင္းေနေအာင္ထားျပီးဒီဇာတ္ရုပ္အသက္၀င္ပီျပင္ဖို႔အတတ္ႏုိင္ဆံုး အာရံုစိုက္ထားပါတယ္။ သရုပ္ေဆာင္ေတြၾကားမွာအေပးအယူတည့္ဖို႔အရမ္းအေရးၾကီးတယ္ဗ်။ ဒါရိုက္တာလုပ္သူကဇာတ္လမ္းဇာတ္ကြက္တခုကိုဘယ္လိုပံုေဖာ္မလဲဆိုတာေျပာျပႏုိင္ရင္ သရုပ္ေဆာင္ေတြအတြက္လည္းအေထာက္အကူျဖစ္ပါတယ္။”

ဒီအေၾကာင္းအရာနဲ႔ပတ္သက္ျပီး လိပ္ျပာစံအိမ္ရဲ႕ဒါရိုက္တာ Chartchai Ketnust ကိုေဒါင္းကအရမ္းခ်ီးမြမ္းခဲ့တယ္။ “သူနဲ႔အလုပ္လုပ္ရတာက်ေနာ့္အတြက္ေတာ့တန္ဖိုးရွိတဲ့အေတြ႔အၾကံဳတခုပဲ။ သရုပ္ေဆာင္မႈနဲ႔ပတ္သက္ျပီး ထဲထဲ၀င္၀င္ပေရာ္ဖက္ရွင္နယ္က်က်သင္ယူဖူးတာအဲ့ဒါပထမဆံုးအၾကိမ္ လို႔ေျပာရမယ္။ သူ႔သင္ၾကားျပသမႈေၾကာင့္က်ေနာ့္ပညာတဆင့္ျမင့္သြားသလိုခံစားရတယ္။ သရုပ္ေဆာင္မႈနဲ႔ပတ္သက္ျပီး က်ေနာ္ေလ့လာရဦးမယ့္အရာေတြရွိပါေသးလားဆိုတာ သူကျပသြားခဲ့တယ္။”

ထိုင္းဒါရိုက္တာနဲ႔ေဒါင္းဟာတဦးနဲ႔တဦးအျပန္အလွန္ေလးစားယံုၾကည္မႈရွိပံုပါပဲ။ လိပ္ျပာစံအိမ္ေအာင္ျမင္ခဲ့ျပီးေနာက္ အခုေဒါင္းဟာဘန္ေကာက္မွာ ထိုင္းဘာသာနဲ႔ရုပ္သံဇာတ္လမ္းတြဲတခု ရိုက္ကူးဖို႔ျပင္ဆင္ေနပါျပီ။ ဒါေပမယ့္စိန္ေခၚမႈေတြကလည္းအမ်ားၾကီးပါ။

“က်ေနာ့္အတြက္ေတာ့အခြင့္အေရးတခုလို႔ခံစားမိတယ္။ ဒါေပမယ့္က်ေနာ္အခုထိထိုင္းစကားတလံုးမွ မေျပာတတ္ေသးဘူး။ ဒိုင္ယာေလာ့ေတြအားလံုးကိုအသံထြက္အတိုင္းအလြတ္က်က္ေနရတာဗ်။”

သရုပ္ေဆာင္မႈအႏုပညာ

လတ္တေလာမွာေတာ့သူပါ၀င္သရုပ္ေဆာင္ထားတဲ့ မိန္းမတေယာက္ရဲ႕ဖြင့္ဟ၀န္ခံခ်က္ဟာ ပရိသတ္ေတြၾကားလူေျပာမ်ားေနပါတယ္။ အေကာင္းအဆိုးေ၀ဖန္မႈအမ်ိဳးမ်ိဳးေရာေထြးေနတဲ့ဒီရုပ္ရွင္ဟာ စာေရးဆရာမဂ်ဴးရဲ႕နာမည္ေက်ာ္လံုးခ်င္း၀တၳဳကိုအေျခခံထားတာပါ။ ဒီဇာတ္ကားမွာေဒါင္းဟာရည္မွန္းခ်က္ၾကီးျပီး မာယာမ်ားတဲ့ယုေမာ္အျဖစ္ အဓိကဇာတ္ေကာင္ေနရာကပါ၀င္ထားပါတယ္။ ဒီဇာတ္ေကာင္ေနရာမွာသရုပ္ေဆာင္ဖို႔ကမ္းလွမ္းခံရတုန္းက ပယ္ခ်ခဲ့ဖူးေၾကာင္းေျပာျပတယ္။ ေနာက္ေတာ့မွ ယုေမာ္ေနရာကေနပရိသတ္ေတြအတြက္တခုခုေပးႏုိင္လိမ့္မယ္လို႔သံုးသပ္မိျပီးလက္ခံျဖစ္ခဲ့တာပါ။

“စစခ်င္းကမ္းလွမ္းတုန္းကေတာ့ျငင္းလိုက္ေသးတယ္ဗ်။ ယုေမာ္ကအရြယ္ေရာက္တဲ့အထိသူ႔အေမနဲ႔ အတူေနေနတဲ့ေရွးရိုးစြဲသမုိင္းပညာရွင္တေယာက္။ သူ႔ကာရိုက္တာကိုသေဘာမက်ဘူး။ ျပီးေတာ့ဆရာမဂ်ဴးရဲ႕စာအုပ္ေတြထဲမွာ မိန္းမတေယာက္ရဲ႕ဖြင့္ဟ၀န္ခံခ်က္ကိုက်ေနာ္သိပ္မၾကိဳက္ဘူး။ ဒါေၾကာင့္ယုေမာ္ရဲ႕အေတြးအေခၚနဲ႔ရႈေထာင့္ကိုနားလည္ဖို႔ေတာ္ေတာ္ၾကိဳးစားခဲ့ရတယ္။ အထူးသျဖင့္ သူ႔ရဲ႕လိင္ခြဲျခားမႈဆိုင္ရာျပႆနာေတြမွာေပါ့။ ဒီဇာတ္ေကာင္ေနရာမွာသရုပ္ေဆာင္ရင္း ျမန္မာႏုိင္ငံရဲ႕လူမႈေရးက႑ကိုမီးေမာင္းထိုးျပႏိုင္မယ္လို႔ေတြးမိလာတယ္။ ျပီးေတာ့ကိုယ့္ကိုယ္ကိုယ္လည္းစိန္ေခၚတဲ့အေနနဲ႔လက္ခံျဖစ္သြားတာပါ။ ျပီးေတာ့လီယိုနာဒိုရဲ႕ Revolutionary Road ကိုလည္းအရမ္းၾကိဳက္ခဲ့တာေလ။ အဲ့ဒီကားထဲကသူ႔ရဲ႕ဇာတ္ေကာင္ရဲ႕လႊမ္းမိုးမႈေတြလည္းရွိပါတယ္။”

အဲ့ဒီရုပ္ရွင္နဲ႔ပတ္သက္ျပီးေ၀ဖန္မႈအမ်ိဳးမ်ိဳးရခဲ့တာကိုလည္း၀မ္းေျမာက္မိတယ္လို႔သူကေျပာတယ္။

“သရုပ္ေဆာင္တေယာက္အေနနဲ႕အျပဳသေဘာေဆာင္တဲ့ေျပာင္းလဲမႈေတြရဖို႔ျပည္သူေတြကို လမ္းညႊန္ေပးႏိုင္ရမယ္လို႔ယူဆတယ္။ အလုပ္လုပ္တဲ့အခါမွာေရာ၊ အင္တာဗ်ဴးေတြေျဖတဲ့အခါမွာေရာ ဒီအခ်က္ကိုအေလးအနက္ထားစဥ္းစားပါတယ္။ ျပည္သူေတြကိုသူတို႔ဘ၀နဲ႔ပတ္သက္ျပီး ဆံုးျဖတ္ခ်က္ေတြခ်ရာမွာပိုျပီးမွန္ကန္လာဖို႔ တိုင္းျပည္အနာဂတ္အတြက္စဥ္းစားတဲ့အခါမွာလည္း တက္တက္ၾကြၾကြပါ၀င္လာဖို႔သရုပ္ေဆာင္တေယာက္အေနနဲ႔တိုက္တြန္းသင့္တယ္လို႔ထင္တယ္။”

သူ႔ကိုယ္သူမင္းသားတေယာက္ထက္ပိုတယ္လို႔ခံယူထားသလားေမးၾကည့္တဲ့အခါမွာေတာ့ “ဟုတ္တယ္ဗ်။ က်ေနာ္ကအႏုပညာရွင္ပါ။ သရုပ္ေဆာင္တေယာက္ျဖစ္သလို ကဗ်ာေရးသူ၊ ပန္းခ်ီဆြဲသူ၊ ဂီတျမတ္ႏိုးသူတေယာက္လည္းျဖစ္တယ္။ အဓိကအခ်က္ကက်ေနာ္ယံုၾကည္တဲ့ အႏုပညာတခုခုကိုုဖန္တီးရတာ၀ါသနာပါတယ္။ လူသိမ်ားထင္ရွားဖို႔ထက္ ကိုယ့္အလုပ္ကိုပဲအာရံုစိုက္တဲ့အႏုပညာရွင္ေတြနဲ႔ပိုျပီးရင္းရင္းႏီွးႏွီးေနျဖစ္တယ္။”

ကဗ်ာနဲ႔ပတ္သက္ျပီးေမးၾကည့္တဲ့အခါမွာေတာ့ ဆရာသုခမိန္လႈိင္နဲ႔ အဂၤလိပ္လူမ်ိဳးကဗ်ာဆရာ William Blake တို႔ကိုႏွစ္သက္တယ္လို႔သူကေျဖပါတယ္။ သူကိုယ္တိုင္စပ္ထားတဲ့ကဗ်ာတပုဒ္ေလာက္ ရြတ္ျပႏုိင္မလားလို႔ေမးၾကည့္တဲ့အခါမွာေတာ့ သူဟာခံစားခ်က္အျပည့္နဲ႔ေအာက္ပါကဗ်ာကိုရြတ္ျပပါေတာ့တယ္။

“လိပ္ျပာေတြပ်ံဝဲေနၾကတယ္

မိုးေကာင္းကင္အလႊာတစ္ထပ္

ရင္ဘတ္ဖြင့္ထားတဲ့ေမးခြန္းေတြ အေျဖေတြ

ငါေနတတ္ေအာင္ႀကိဳးစားတဲ့နာရီလက္တံမ်ားကို

ေတာမီးေလာင္သလို ဘယ္သူ႔အျပစ္ဖို႔ရမွန္းမသိခ်င္ေတာ့ဘူး

မိုးယံေဘာလံုးႀကီးစီးၿပီး ခရီးထြက္ရသလိုပဲ

မ်ိဳးသုန္းေပ်ာက္ကြယ္ေတာ့မယ့္ လူ႔အရင္းအျမစ္မ်ားကို ျမင္ၾကည့္ရင္း

အတၱမာန္မာနအစဲြေတြပစ္ခ်ဖို႔ႀကိဳးစားတယ္

ဝါဒတစ္ခုရွိေနတဲ့ျဖစ္တည္ျခင္းေတြနဲ႔လမ္းစဥ္ကို

ခရီးဆက္ေနဖို႔အသက္ရွင္ေနတယ္”

“က်ေနာ္ကအဆိုေတာ္ထူးအိမ္သင္ကိုေလးစားအားက်တယ္။ အႏုပညာရွင္တုိင္းမွာကိုယ္ပိုင္က်င့္၀တ္ရွိသင့္တယ္လို႔ သူကေျပာခဲ့ဖူးတယ္။ သူ႔စကားအတိုင္းပဲ အခက္အခဲေတြၾကားမွာေတာင္သူ႔က်င့္၀တ္နဲ႔သူေနသြားခဲ့တယ္။ က်ေနာ္လည္းသူ႔လိုပဲကိုယ့္က်င့္၀တ္နဲ႔ကိုယ္ ေနထိုင္ႏိုင္ဖို႔ၾကိဳးစားတယ္။ ဒီအေၾကာင္းကိုအခုက်ေနာ္စပ္ထားတဲ့ကဗ်ာထဲမွာျမင္ႏိုင္လိမ့္မယ္လို႔ထင္ပါတယ္” လို႔သူ႔ကဗ်ာနဲ႔ပတ္သက္ျပီးေျပာပါတယ္။

ပန္းခ်ီနဲ႔ပတ္သက္ရင္ ဗင္ဂိုးကိုသေဘာက်တဲ့ေဒါင္းဟာဂီတနဲ႔ပတ္သက္ရင္လည္း၀ါသနာၾကီးသူပါ။ သူ႔ရဲ႕ AirPods ကိုလွမ္းယူျပီးသူပါ၀င္သရုပ္ေဆာင္ထားတဲ့ရုပ္ရွင္ Rosella ထဲကသူေရးထားတဲ့သီခ်င္းတပုဒ္ကို ဖြင့္ျပပါတယ္။

ဂီတလႈပ္ရွားမႈနဲ႔ပတ္သက္ျပီးေမးၾကည့္တဲ့အခါမွာေတာ့ Iron Cross တီး၀ိုင္းနဲ႔ အယ္ဘမ္တခုထုတ္ဖို႔ စီစဥ္ေနေၾကာင္း၊ ဒီအယ္ဘမ္ကို ၄ႏွစ္ေလာက္အခ်ိန္ေပးထားေၾကာင္းေျပာပါတယ္။ ဒီအေၾကာင္းကိုလည္း Myanmore ကတဆင့္သူ႔ပရိသတ္ေတြကိုေျပာျပခြင့္ေပးခဲ့ပါတယ္။

မူလ​ေရးသားသူ – Sam D Foot, Hsu Myat Lin Naing

Unicode

မင်းသားတယောက်ဆိုတာထက်ပိုပါတယ်

ဒေါင်းကိုရုပ်ရှင်မင်းသားအဖြစ်လူသိများကြပေမယ့် သူဟာကဗျာရေးခြင်းနဲ့ ဂီတကိုပါဝါသနာထုံသူဖြစ်ပါတယ်။ Myanmore နဲ့ဒေါင်းတွေ့ဆုံစကားပြောရာကနေ ပရိသတ်အများစုမသိကြသေးတဲ့ ဒေါင်းရဲ့တခြားမျက်နှာစာကိုသိခွင့်ရခဲ့တယ်။ သူ့ရဲ့နုပျိုတဲ့လူငယ်ပုံစံနဲ့ အရွယ်နဲ့မလိုက်အောင်ရင့်ကျက်တဲ့စိတ်ကို ဓာတ်ပုံဆရာကဟန် ၂မျိုးနဲ့ပုံဖော်ပေးထားတယ်။ ဒီဆောင်းပါးမှာသူ့ရဲ့ ဖြစ်တည်မှု၊ အနုပညာလှုပ်ရှားမှုတွေအပြင် သူကိုယ်တိုင်ရေးစပ်ထားတဲ့ကဗျာတပုဒ်ကိုပါ ပရိသတ်အတွက်ဖော်ပြခွင့်ရခဲ့ပါတယ်။

ဒေါင်းကိုမတွေ့ဖူးသေးခင်ကမြန်မာမိန်းကလေးတွေရဲ့အားပေးမှုအခိုင်အမာရထားတဲ့ မင်းသားတယောက်ဆိုတာထက်ပိုမသိခဲ့ဘူး။ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီးပရိသတ်လက်ခံမှုရထားသူ၊ ခန့်ညားတဲ့ရုပ်ရည်နဲ့ စူးရှတဲ့မျက်ဝန်းပိုင်ရှင် ဒေါင်းဟာသရုပ်ဆောင်တယောက်ဆိုတာထက်ပိုပါတယ်။

“ကျောင်းမှာတုန်းကဆိုကျနော်ကစာသင်ရတာထက် ဂီတနဲ့အားကစားကိုပိုဝါသနာပါတယ်။ ဒါကြောင့်ကျနော့်ကိုသဘောကျတဲ့မိန်းကလေးတွေလည်းရှိခဲ့တယ်။ သရုပ်ဆောင်လောကထဲမှာတော့ ယောကျ်ားလေးပရိသတ်ကော မိန်းကလေးပရိသတ်ကောရှိဖို့လိုတယ်လို့ထင်ပါတယ်။ ကျနော့်ခံယူချက်ကသရုပ်ဆောင်ပညာနဲ့ အလွှာအမျိုးမျိုးကပြည်သူတွေရဲ့ဘဝကိုပုံဖော်ရင်း သူတို့နဲ့ဘဝချင်းတူတဲ့ပရိသတ်တွေကိုစိတ်ဓာတ်ခွန်အားပေးချင်တာ။”

စကားပြောရည်မွန်ပြီးတည်ငြိမ်အေးဆေးတဲ့ဒေါင်းဟာ မျက်မှန်သမားတယောက်ပါ။ မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးမင်းသားစာရင်းဝင်ဖြစ်နေပေမယ့်ဟိတ်ဟန်မရှိဘဲ ဖော်ရွေတယ်။ နောက်ထပ်သတိထားမိတဲ့အချက်ကသူဟာဘယ်အရာကိုမဆို လေးလေးနက်နက်တွေးတွေးဆဆရှိတာပဲ။ အောင်မြင်ကျော်ကြားဖို့ထက် သူချပြလိုက်တဲ့အနုပညာဟာ လူထုအတွက်အကျိုးရှိရမယ်လို့ခံယူထားကြောင်းပြောပါတယ်။

“ကျနော်ဒီအလုပ်မှာမပျော်တော့ဘူးဆိုရင် ကျနော့်အနုပညာနဲ့ပြည်သူတွေကိုအကျိုးတစုံတရာ မပေးနိုင်တော့ဘူးဆိုရင် တခြားအလုပ်ပြောင်းလုပ်မှာပါ။”

သရုပ်ဆောင်အလုပ်မလုပ်မီကဒေါင်းဟာ Southern Myanmar FC မော်လမြိုင်အသင္​းရဲ့တိုက်စစ်ကစားသမားတယောက်ဖြစ်ပါတယ်။ အနုပညာနဲ့အားကစားကိုဝါသနာကြီးသူဒေါင်းဟာ နောက်ဆုံးမှာတော့သရုပ်ဆောင်လောကထဲခြေစုံပစ်ဝင်ခဲ့ပါတယ်။ အခုအသက် ၃၀ရှိပြီဖြစ်တဲ့ဒေါင်းဟာ ပြည်တွင်းမှာသာမကဘဲနိုင်ငံတကာကိုပါခြေဆန့်ဖို့လုပ်နေပါပြီ။

အရင်လကကျင်းပခဲ့တဲ့ Asian Academy Creative Awards မှာမြန်မာသရုပ်ဆောင်တွေပါဝင်ပြီး ထိုင်းဒါရိုက်တာရိုက်ကူးထားတဲ့ The Only Mom (လိပ်ပြာစံအိမ်) ဟာ ဆု ၆ဆုရရှိခဲ့ပါတယ်။ ဒေါင်းလည်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒီရုပ်ရှင်ဟာမြန်မာရုပ်ရှင်လောကအတွက်ကြီးမားတဲ့အပြောင်းအလဲတခုလို့ ပြောရပါလိမ့်မယ်။

“အဲ့ဒီအချိန်ဟာကျနော့်ဘဝအတွက်အရေးပါတဲ့အခိုက်အတန့်ပါ” လို့ဒေါင်းကပြောပါတယ်။

ဒေါင်း ဖြစ်တည်မှုနိဒါန်း

သူသရုပ်ဆောင်လောကထဲဝင်တော့ အသက် ၂၅နှစ်လောက်ရှိပါပြီ။ အချိန်တိုအတွင်းအောင်မြင်ကျော်ကြားလာခဲ့တဲ့ဒေါင်းရဲ့ဘဝဇာတ်လမ်းကလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။

ပဲခူးတိုင်း၊ မင်းလှမြို့မှာမွေးဖွားခဲ့တဲ့ဒေါင်းဟာမန္တလေးမှာကြီးပြင်းခဲ့ပါတယ်။ ၅တန်းကျောင်းသားအရွယ်ကတည်းက မြန်မာသီချင်းတွေတီးရင်းဂစ်တာတီးလေ့ကျင့်ခဲ့တယ်။ ၁၀တန်းလောက်ရောက်တော့ဂီတပညာနဲ့အသက်မွေးမယ်ဆိုပြီးအိပ်မက်တွေတပွေ့တပိုက်နဲ့ ရန်ကုန်မြို့ကြီးဆီပြောင်းလာခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ခုနှစ်မှာ Southern Myanmar FC အောက်က မော်လမြိုင်အသင်းမှာတိုက်စစ်ကစားသမားအဖြစ်ပါဝင်ကစားခဲ့ပါတယ်။ နှစ်အနည်းငယ်ကစားအပြီးမှာအကြောင်းကြောင်းကြောင့်ဘောလုံးသမားဘဝကနေအနားယူခဲ့တယ်။

သူကဂီတကိုရူးသွပ်တဲ့လူငယ်တယောက်ဖြစ်တာမို့ သရုပ်ဆောင်လောကထဲဝင်သင့်မဝင်သင့် တော်တော်စဉ်းစားခဲ့ရတယ်လို့သိရပါတယ်။ ရန်ကုန်မှာအလုပ်မျိုးစုံလုပ်ရင်းရုန်းကန်နေတုန်း ဆာတိုရီထုတ်လုပ်ရေးကသရုပ်ဆောင်သစ်ရွေးနေတာနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

“အဲ့ဒီခေတ်တုန်းကကျနော့်ကိုလူတွေက ရဲတိုက်နဲ့နှိုင်းယှဉ်ခဲ့ကြဖူးတယ်ဗျ။ ဒါပေမယ့်ကျနော်တို့ ၂ယောက်မှာ မတူတဲ့အချက်တွေအများကြီးပါ” လို့ဒေါင်းကပြန်ပြောင်းပြောပြတယ်။ မြန်မာ့ pop culture နယ်ပယ်မှာ ဒေါင်းဟာသဘောကောင်းဖော်ရွေသူအဖြစ်လူသိများလာတယ်။ သူ့သရုပ်ဆောင်မှုတွေအပြင် သူ့ရဲ့အပြုအမူအပြောအဆိုတွေကိုပါပရိသတ်ကလေးစားချစ်ခင်လာကြပါတယ်။

“သရုပ်ဆောင်လောကထဲဝင်ကာစအချိန်မှာတောင် ငွေကိုသိပ်အရေးမထားခဲ့ဘူး။ ပွဲတက်တာတွေ ပါတီတက်တာတွေကိုလည်းဝါသနာမပါဘူး။ ဆာတိုရီနဲ့အလုပ်လုပ်ရင်း သရုပ်ဆောင်တယောက်ရဲ့အရေးပါမှုအကြောင်းနားလည်လာပြီးတဲ့နောက်မှာ ကျနော့်အနုပညာကိုပဲအာရုံစိုက်ခဲ့တယ်။ သရုပ်ဆောင်မှုနဲ့ပတ်သက်တဲ့စိတ်ပညာကိုလေ့လာရင်း ဇာတ်ကောင်တွေရဲ့အတွေးအမြင်ကိုစိတ်ဝင်စားလာတာ။ ဒီဇာတ်ကောင်တွေဟာမြန်မာပြည်သူတွေကို ကိုယ်စားပြုတယ်လေ။ ဘဝအတွေ့အကြုံတွေ အသိအမြင်တွေပေါ်မူတည်ပြီး စိတ်အမျိုးမျိုးကွဲထွက်သွားတယ်။”

သရုပ်ဆောင်သက်တမ်း ၅နှစ်အတွင်းရုပ်ရှင်ဇာတ်ကားတွေအများကြီးမရိုက်ကူးခဲ့ပေမယ့် တကားဆို ဆိုသလောက်ပရိသတ်ရင်ထဲစွဲသွားအောင် သရုပ်ဆောင်နိုင်ခဲ့တယ်။ သူခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ကားတွေထဲမှာ ၂၀၁၅ခုနှစ်က ဒုတိယနှလုံးသားနဲ့၂၀၁၇ခုနှစ်က ထီးကလေးပုံပြင်တို့ကတော်တော်အောင်မြင်ခဲ့ပါတယ်။

“ကျနော့်အလုပ်နဲ့ပဲနာမည်ကြီးဖို့ကြိုးစားတယ်။ ဇာတ်လမ်းတွေလက်ခံရင်လည်း စိတ်ဝင်စားစရာကောင်းဖို့ ကျင့်ဝတ်သိက္ခာနဲ့ညီဖို့အဓိကစဉ်းစားပါတယ်။”

အနုပညာရှင်တယောက်ဟာပြည်သူနဲ့ထိတွေ့နိုင်စွမ်းရှိပြီး အသိပညာဗဟုသုတတွေဖလှယ်နိုင်စွမ်းရှိတယ်လို့ဒေါင်းကယုံကြည်တယ်။ သူ့ပညာနဲ့အပြုသဘောင်ဆောင်တဲ့အပြောင်းအလဲတွေလုပ်ပေးချင်လို့ အနုပညာလမ်းကြောင်းပေါ်လျှောက်ဖြစ်ခဲ့တာလို့ဆိုပါတယ်။

သူ့ကိုယ်ပိုင်အနုပညာအလုပ်တွေလုပ်ဖို့ဆာတိုရီနဲ့လမ်းခွဲခဲ့ပေမယ့် ဒေါင်းဆိုတဲ့နာမည်ကိုတော့ သူ့အနုပညာနာမည်အဖြစ်ဆက်သုံးခဲ့တယ်။ သူရအောင်ဆိုတဲ့နာမည်ကနေ ဒေါင်းဖြစ်လာရတဲ့အကြောင်းနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်။

“ဆာတိုရီကနာမည်အသစ်တခုသုံးဖို့ပြောပြီး သူတို့ရွေးထားတဲ့နာမည်စာရင်းကိုရွတ်ပြတယ်။ အဲ့ဒီထဲကမှ ဒေါင်း ဆိုတဲ့နာမည်ကိုလည်းကြားရော ထူးခြားပြီးအတုမဲ့တယ်လို့ခံစားမိတာနဲ့ ဒီနာမည်ကိုရွေးဖြစ်သွားတာပါ။”

သူ့ဘ၀ သူ့ဟန်

အသက် အစိတ်အရွယ်မှာပဲဒေါင်းဟာပရိသတ်နဲ့ရင်းနှီးနေခဲ့ပါပြီ။ ရုပ်ရှင်တွေ မော်ဒယ်ရှိုးတွေကနေသိကြသလို နိုင်ငံရေးနဲ့ဆက်စပ်ပြီးလူအများကဒေါင်းကိုသတိထားမိခဲ့တယ်။ အကျော်ကြားဆုံးအခိုက်အတန့်ကတော့ မကွေးက NLD ပါတီရဲ့ဟောပြောပွဲတခုမှာ ပါတီကိုထောက်ခံသူတွေနဲ့အတူတွေ့ရတဲ့အချိန်ပါပဲ။ ခန့်ညားတဲ့ရုပ်ရည်အပြင် သူ့ရဲ့နိုင်ငံရေးရပ်တည်ချက်ကိုပါလူတွေကသတိပြုမိလာကြတယ်။

လွတ်လပ်တဲ့အတွေးအခေါ်၊ ငွေရေးကြေးရေးပဓာနမထားတဲ့စိတ်ဓာတ်၊ အနုပညာအပေါ်ရူးသွပ်မှု တွေကိုစုပေါင်းသုံးသပ်လိုက်တဲ့အခါ မြန်မာ့အနုပညာလောကမှာအရှိန်အဝါကြီးလှတဲ့ ဦးကျော်သူလိုလူတယောက်ထပ်ပေါ်ထွက်လာပြီလားလို့ထင်မိတယ်။ ဒီအကြောင်းကိုပြောပြတော့ သူကပြုံးရင်း “ဟုတ်တယ်ဗျ။ ဦးကျော်သူမှာသူ့ရဲ့ကိုယ်ပိုင်အတွေးအမြင်အယူအဆတွေရှိတယ်။ ဒါတွေကိုအခြေခံပြီးသူကအလုပ်လုပ်တာ” လို့ပြောပါတယ်။ ၂၀၁၇မှာ သူတို့ ၂ယောက်ဟာ MRTV-4 ရုပ်သံရဲ့နာမည်ကျော်ဇာတ်လမ်းတွဲ ပုဂံမြို့သူမှာအတူပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။

သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီးနောက်ထပ်သူသဘောကျလေးစားတဲ့သူက ဟောလိဝုဒ်မင်းသား Leonardo DiCaprio ဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ရုပ်ရှင်တွေကြည့်ရင်းသရုပ်ဆောင်ပညာကိုလေ့လာခဲ့တယ်လို့ပြောတယ်။

“ကျနော်ဆာတိုရီနဲ့အလုပ်တွဲလုပ်နေတုန်းက DiCaprio တို့ Tom Hanks တို့ရဲ့ရုပ်ရှင်တွေကြည့်ရင်း သူတို့ဆီကသင်ယူခဲ့တယ်။ ကျနော်ကကိုယ့်ကိုယ်ကိုယ်လေ့လာရတာသဘောကျတယ်လေ။ ဇာတ်ရုပ်ပြောင်းလဲတိုးတက်မှုအကြောင်းလေ့လာဖို့ သူတို့ရဲ့နာမည်ကြီးရုပ်ရှင်တွေကို အနည်းဆုံး ၁၀ခါလောက်ကြည့်ခဲ့ပြီးပြီ။”

နောက်ပိုင်းမှာတော့ကိုယ်ပိုင်ဟန်နဲ့သရုပ်ဆောင်နိုင်ဖို့အာရုံစိုက်ခဲ့တယ်လို့ပြောပါတယ်။ “ရိုက်ကူးရေးမစမီမှာ ကျနော်သရုပ်ဆောင်မယ့်ဇာတ်ကောင်ရဲ့စိတ်နေသဘောထားကိုနားလည်ဖို့အရင်ကြိုးစားတယ်။ ရိုက်ကွင်းပေါ်ရောက်ရင်တော့ စိတ်ကိုရှင်းနေအောင်ထားပြီးဒီဇာတ်ရုပ်အသက်ဝင်ပီပြင်ဖို့အတတ်နိုင်ဆုံး အာရုံစိုက်ထားပါတယ်။ သရုပ်ဆောင်တွေကြားမှာအပေးအယူတည့်ဖို့အရမ်းအရေးကြီးတယ်ဗျ။ ဒါရိုက်တာလုပ်သူကဇာတ်လမ်းဇာတ်ကွက်တခုကိုဘယ်လိုပုံဖော်မလဲဆိုတာပြောပြနိုင်ရင် သရုပ်ဆောင်တွေအတွက်လည်းအထောက်အကူဖြစ်ပါတယ်။”

ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး လိပ်ပြာစံအိမ်ရဲ့ဒါရိုက်တာ Chartchai Ketnust ကိုဒေါင်းကအရမ်းချီးမွမ်းခဲ့တယ်။ “သူနဲ့အလုပ်လုပ်ရတာကျနော့်အတွက်တော့တန်ဖိုးရှိတဲ့အတွေ့အကြုံတခုပဲ။ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ထဲထဲဝင်ဝင်ပရော်ဖက်ရှင်နယ်ကျကျသင်ယူဖူးတာအဲ့ဒါပထမဆုံးအကြိမ် လို့ပြောရမယ်။ သူ့သင်ကြားပြသမှုကြောင့်ကျနော့်ပညာတဆင့်မြင့်သွားသလိုခံစားရတယ်။ သရုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ကျနော်လေ့လာရဦးမယ့်အရာတွေရှိပါသေးလားဆိုတာ သူကပြသွားခဲ့တယ်။”

ထိုင်းဒါရိုက်တာနဲ့ဒေါင်းဟာတဦးနဲ့တဦးအပြန်အလှန်လေးစားယုံကြည်မှုရှိပုံပါပဲ။ လိပ်ပြာစံအိမ်အောင်မြင်ခဲ့ပြီးနောက် အခုဒေါင်းဟာဘန်ကောက်မှာ ထိုင်းဘာသာနဲ့ရုပ်သံဇာတ်လမ်းတွဲတခု ရိုက်ကူးဖို့ပြင်ဆင်နေပါပြီ။ ဒါပေမယ့်စိန်ခေါ်မှုတွေကလည်းအများကြီးပါ။

“ကျနော့်အတွက်တော့အခွင့်အရေးတခုလို့ခံစားမိတယ်။ ဒါပေမယ့်ကျနော်အခုထိထိုင်းစကားတလုံးမှ မပြောတတ်သေးဘူး။ ဒိုင်ယာလော့တွေအားလုံးကိုအသံထွက်အတိုင်းအလွတ်ကျက်နေရတာဗျ။”

သရုပ်ဆောင်မှုအနုပညာ

လတ်တလောမှာတော့သူပါဝင်သရုပ်ဆောင်ထားတဲ့ မိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ဟာ ပရိသတ်တွေကြားလူပြောများနေပါတယ်။

စာရေးဆရာမဂျူးရဲ့နာမည်ကျော်လုံးချင်းဝတ္ထုကိုအခြေခံထားတာပါ။ ဒီဇာတ်ကားမှာဒေါင်းဟာရည်မှန်းချက်ကြီးပြီး မာယာများတဲ့ယုမော်အဖြစ် အဓိကဇာတ်ကောင်နေရာကပါဝင်ထားပါတယ်။ ဒီဇာတ်ကောင်နေရာမှာသရုပ်ဆောင်ဖို့ကမ်းလှမ်းခံရတုန်းက ပယ်ချခဲ့ဖူးကြောင်းပြောပြတယ်။ နောက်တော့မှ ယုမော်နေရာကနေပရိသတ်တွေအတွက်တခုခုပေးနိုင်လိမ့်မယ်လို့သုံးသပ်မိပြီးလက်ခံဖြစ်ခဲ့တာပါ။

“စစချင်းကမ်းလှမ်းတုန်းကတော့ငြင်းလိုက်သေးတယ်ဗျ။ ယုမော်ကအရွယ်ရောက်တဲ့အထိသူ့အမေနဲ့ အတူနေနေတဲ့ရှေးရိုးစွဲသမိုင်းပညာရှင်တယောက်။ သူ့ကာရိုက်တာကိုသဘောမကျဘူး။ ပြီးတော့ဆရာမဂျူးရဲ့စာအုပ်တွေထဲမှာ မိန်းမတယောက်ရဲ့ဖွင့်ဟဝန်ခံချက်ကိုကျနော်သိပ်မကြိုက်ဘူး။ ဒါကြောင့်ယုမော်ရဲ့အတွေးအခေါ်နဲ့ရှုထောင့်ကိုနားလည်ဖို့တော်တော်ကြိုးစားခဲ့ရတယ်။ အထူးသဖြင့် သူ့ရဲ့လိင်ခွဲခြားမှုဆိုင်ရာပြဿနာတွေမှာပေါ့။ ဒီဇာတ်ကောင်နေရာမှာသရုပ်ဆောင်ရင်း မြန်မာနိုင်ငံရဲ့လူမှုရေးကဏ္ဍကိုမီးမောင်းထိုးပြနိုင်မယ်လို့တွေးမိလာတယ်။ ပြီးတော့ကိုယ့်ကိုယ်ကိုယ်လည်းစိန်ခေါ်တဲ့အနေနဲ့လက်ခံဖြစ်သွားတာပါ။ ပြီးတော့လီယိုနာဒိုရဲ့ Revolutionary Road ကိုလည်းအရမ်းကြိုက်ခဲ့တာလေ။ အဲ့ဒီကားထဲကသူ့ရဲ့ဇာတ်ကောင်ရဲ့လွှမ်းမိုးမှုတွေလည်းရှိပါတယ်။”

အဲ့ဒီရုပ်ရှင်နဲ့ပတ်သက်ပြီးဝေဖန်မှုအမျိုးမျိုးရခဲ့တာကိုလည်းဝမ်းမြောက်မိတယ်လို့သူကပြောတယ်။

“သရုပ်ဆောင်တယောက်အနေနဲ့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေရဖို့ပြည်သူတွေကို လမ်းညွှန်ပေးနိုင်ရမယ်လို့ယူဆတယ်။ အလုပ်လုပ်တဲ့အခါမှာရော၊ အင်တာဗျူးတွေဖြေတဲ့အခါမှာရော ဒီအချက်ကိုအလေးအနက်ထားစဉ်းစားပါတယ်။ ပြည်သူတွေကိုသူတို့ဘဝနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေချရာမှာပိုပြီးမှန်ကန်လာဖို့ တိုင်းပြည်အနာဂတ်အတွက်စဉ်းစားတဲ့အခါမှာလည်း တက်တက်ကြွကြွပါဝင်လာဖို့သရုပ်ဆောင်တယောက်အနေနဲ့တိုက်တွန်းသင့်တယ်လို့ထင်တယ်။”

သူ့ကိုယ်သူမင်းသားတယောက်ထက်ပိုတယ်လို့ခံယူထားသလားမေးကြည့်တဲ့အခါမှာတော့ “ဟုတ်တယ်ဗျ။ ကျနော်ကအနုပညာရှင်ပါ။ သရုပ်ဆောင်တယောက်ဖြစ်သလို ကဗျာရေးသူ၊ ပန်းချီဆွဲသူ၊ ဂီတမြတ်နိုးသူတယောက်လည်းဖြစ်တယ်။ အဓိကအချက်ကကျနော်ယုံကြည်တဲ့ အနုပညာတခုခုကိုုဖန်တီးရတာဝါသနာပါတယ်။ လူသိများထင်ရှားဖို့ထက် ကိုယ့်အလုပ်ကိုပဲအာရုံစိုက်တဲ့အနုပညာရှင်တွေနဲ့ပိုပြီးရင်းရင်းနှီးနှီးနေဖြစ်တယ်။”

ကဗျာနဲ့ပတ်သက်ပြီးမေးကြည့်တဲ့အခါမှာတော့ ဆရာသုခမိန်လှိုင်နဲ့ အင်္ဂလိပ်လူမျိုးကဗျာဆရာ William Blake တို့ကိုနှစ်သက်တယ်လို့သူကဖြေပါတယ်။ သူကိုယ်တိုင်စပ်ထားတဲ့ကဗျာတပုဒ်လောက် ရွတ်ပြနိုင်မလားလို့မေးကြည့်တဲ့အခါမှာတော့ သူဟာခံစားချက်အပြည့်နဲ့အောက်ပါကဗျာကိုရွတ်ပြပါတော့တယ်။

“လိပ်ပြာတွေပျံဝဲနေကြတယ်

မိုးကောင်းကင်အလွှာတစ်ထပ်

ရင်ဘတ်ဖွင့်ထားတဲ့မေးခွန်းတွေ အဖြေတွေ

ငါနေတတ်အောင်ကြိုးစားတဲ့နာရီလက်တံများကို

တောမီးလောင်သလို ဘယ်သူ့အပြစ်ဖို့ရမှန်းမသိချင်တော့ဘူး

မိုးယံဘောလုံးကြီးစီးပြီး ခရီးထွက်ရသလိုပဲ

မျိုးသုန်းပျောက်ကွယ်တော့မယ့် လူ့အရင်းအမြစ်များကို မြင်ကြည့်ရင်း

အတ္တမာန်မာနအစွဲတွေပစ်ချဖို့ကြိုးစားတယ်

ဝါဒတစ်ခုရှိနေတဲ့ဖြစ်တည်ခြင်းတွေနဲ့လမ်းစဉ်ကို

ခရီးဆက်နေဖို့အသက်ရှင်နေတယ်”

“ကျနော်ကအဆိုတော်ထူးအိမ်သင်ကိုလေးစားအားကျတယ်။ အနုပညာရှင်တိုင်းမှာကိုယ်ပိုင်ကျင့်ဝတ်ရှိသင့်တယ်လို့ သူကပြောခဲ့ဖူးတယ်။ သူ့စကားအတိုင်းပဲ အခက်အခဲတွေကြားမှာတောင်သူ့ကျင့်ဝတ်နဲ့သူနေသွားခဲ့တယ်။ ကျနော်လည်းသူ့လိုပဲကိုယ့်ကျင့်ဝတ်နဲ့ကိုယ် နေထိုင်နိုင်ဖို့ကြိုးစားတယ်။ ဒီအကြောင်းကိုအခုကျနော်စပ်ထားတဲ့ကဗျာထဲမှာမြင်နိုင်လိမ့်မယ်လို့ထင်ပါတယ်” လို့သူ့ကဗျာနဲ့ပတ်သက်ပြီးပြောပါတယ်။

ပန်းချီနဲ့ပတ်သက်ရင် ဗင်ဂိုးကိုသဘောကျတဲ့ဒေါင်းဟာဂီတနဲ့ပတ်သက်ရင်လည်းဝါသနာကြီးသူပါ။ သူ့ရဲ့ AirPods ကိုလှမ်းယူပြီးသူပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင် Rosella ထဲကသူရေးထားတဲ့သီချင်းတပုဒ်ကို ဖွင့်ပြပါတယ်။

ဂီတလှုပ်ရှားမှုနဲ့ပတ်သက်ပြီးမေးကြည့်တဲ့အခါမှာတော့ Iron Cross တီးဝိုင်းနဲ့ အယ်ဘမ်တခုထုတ်ဖို့ စီစဉ်နေကြောင်း၊ ဒီအယ်ဘမ်ကို ၄နှစ်လောက်အချိန်ပေးထားကြောင်းပြောပါတယ်။ ဒီအကြောင်းကိုလည်း Myanmore ကတဆင့်သူ့ပရိသတ်တွေကိုပြောပြခွင့်ပေးခဲ့ပါတယ်။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here