Events & Promotions Guide

0
Advertisement

Orzo Buy one Get one promotion

သင့္ရဲ႕ပိတ္ရက္ကို Orzo Italian Restaurant ကပီဇာေတြစားရင္းျဖတ္သန္းလိုက္ပါ။ ရန္ကုန္ရဲ႕အေကာင္းဆုံးပီဇာဆိုင္ေတြထဲက တခုျဖစ္တဲ့ Orzo မွာ Buy 1 Get 1 ပ႐ိုမိုးရွင္းရေနၿပီေနာ္။ Frutti di Mare, Capricciosa, Hawaiian စတဲ့နာမည္ေက်ာ္ပီဇာေတြအပါအဝင္ေ႐ြးခ်ယ္စရာေတြအမ်ားႀကီးရွိပါတယ္။ +95 1 860 5377 ကိုဆက္သြယ္ၿပီး ေအာ္ဒါတင္ႏိုင္ပါတယ္။ ဒီပ႐ိုမိုးရွင္းက ေဖေဖာ္ဝါရီ ၂၉အထိရေနပါၿပီ။

Sedona Hotel Yangon
အမွတ္ ၁၊ ကမာၻေအးဘုရားလမ္း၊ ရန္ကင္းၿမိဳ႕နယ္၊ ရန္ကုန္။

Unicode

သင့်ရဲ့ပိတ်ရက်ကို Orzo Italian Restaurant ကပီဇာတွေစားရင်းဖြတ်သန်းလိုက်ပါ။ ရန်ကုန်ရဲ့အကောင်းဆုံးပီဇာဆိုင်တွေထဲက တခုဖြစ်တဲ့ Orzo မှာ Buy 1 Get 1 ပရိုမိုးရှင်းရနေပြီနော်။ Frutti di Mare, Capricciosa, Hawaiian စတဲ့နာမည်ကျော်ပီဇာတွေအပါအဝင်ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ +95 1 860 5377 ကိုဆက်သွယ်ပြီး အော်ဒါတင်နိုင်ပါတယ်။ ဒီပရိုမိုးရှင်းက ဖေဖော်ဝါရီ ၂၉အထိရနေပါပြီ။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Your Wedding. Sedona Delivers.

သင့္ခ်စ္သူနဲ႔တဘ၀လံုးစာအမွတ္တရမဂၤလာပြဲကေန ညစာစားပြဲေတြအထိ Sedona Hotel Yangon ရဲ႕ခမ္းနားလွပတဲ့ခန္းမေတြမွာစီစဥ္လိုက္ပါ။ Sedona ကအေသးစိတ္လိုေလေသးမရွိေအာင္ေဆာင္ရြက္ေပးေနပါျပီ။ ကိုယ္သိလိုတဲ့အခ်က္အလက္ေတြကိုေမးျမန္းဖို႔နဲ႔ booking တင္ဖို႔အတြက္ +95 9977 532 958 (သို႔) [email protected] ကိုဆက္သြယ္လိုက္ေနာ္။

Sedona Hotel Yangon
အမွတ္ ၁၊ ကမာၻေအးဘုရားလမ္း၊ ရန္ကင္းျမိဳ႕နယ္၊ ရန္ကုန္။

Unicode

သင့်ချစ်သူနဲ့တဘဝလုံးစာအမှတ်တရမင်္ဂလာပွဲကနေ ညစာစားပွဲတွေအထိ Sedona Hotel Yangon ရဲ့ခမ်းနားလှပတဲ့ခန်းမတွေမှာစီစဉ်လိုက်ပါ။ Sedona ကအသေးစိတ်လိုလေသေးမရှိအောင်ဆောင်ရွက်ပေးနေပါပြီ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို႔) [email protected] ကိုဆက်သွယ်လိုက်နော်။

Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။

Enjoy Your Meal & Time at The Heaven Bistro

အာရွနဲ႔အေနာက္တုိင္းအစားအစာအမ်ိဳးမ်ိဳးရႏိုင္တဲ့ The Heaven Bistro မွာ Beer Tower တခုမွာယူသူတုိင္း အရမ္းအရသာရွိတဲ့ bite platter တပြဲလက္ေဆာင္ရမွာပါ။ Duck Breast (သို႔) Beef Steak (သို႔) Salmon Steak တပြဲမွာရင္ Premium Draught Beer တခြက္လက္ေဆာင္ေပးသြားဦးမွာျဖစ္ပါတယ္။ Myanmar Premium Drought Beer နဲ႔ပတ္သက္ျပီး 3 plus 1 promotion လည္းရွိပါေသးတယ္။

The Heaven Bistro
အမွတ္ (၄)၊ ေျမညီထပ္၊ Room I, J၊ ၀ကၤဘာလမ္း၊ ဗဟန္း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)

Unicode

အာရှနဲ့အနောက်တိုင်းအစားအစာအမျိုးမျိုးရနိုင်တဲ့ The Heaven Bistro မှာ Beer Tower တခုမှာယူသူတိုင်း အရမ်းအရသာရှိတဲ့ bite platter တပွဲလက်ဆောင်ရမှာပါ။ Duck Breast (သို့) Beef Steak (သို့) Salmon Steak တပွဲမှာရင် Premium Draught Beer တခွက်လက်ဆောင်ပေးသွားဦးမှာဖြစ်ပါတယ်။ Myanmar Premium Drought Beer နဲ့ပတ်သက်ပြီး 3 plus 1 promotion လည်းရှိပါသေးတယ်။

The Heaven Bistro
အမှတ် (၄)၊ မြေညီထပ်၊ Room I, J၊ ဝင်္ကဘာလမ်း၊ ဗဟန်း။
09 446 446 117
11am – 10pm (until 12am on Friday and Saturday)

Italian Food Festival 2020

အီတာလ်ံအစားအေသာက္ပြဲေတာ္ဟာဆိုရင္ျဖင့္ မိသားစုေတြနဲ႔ပဲလာလာ၊ ကေလးေလးေတြပဲပါလာလာ အဆင္ေျပတဲ့ပြဲေတာ္တစ္ခုပါ။ ကေလးေလးေတြအေနနဲ႔ ေရခဲမုန႔္ေတြ၊ စစ္မွန္တဲ့အစားအစာေတြ စားၾကမယ္၊ ပီဇာမုန႔္ႏွစ္ေတြနဲ႔ကစားၿပီး အီတာလ်ံယဥ္ေက်းမႈအေၾကာင္းကို ေပ်ာ္ေပ်ာ္ပါးပါးေလ့လာခြင့္ရမယ္။ ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔၊ ညေန ၄ နာရီကေန ည ၉ နာရီအထိ အီတာလ်ံသံ႐ုံးဝင္းထဲမွာ က်င္းပျပဳလုပ္မယ့္ အီတာလ်ံအစားအေသာက္ပြဲေတာ္ကို ဝင္ေၾကးအခမဲ့နဲ႔၀င္ေရာက္လည္ပတ္ႏိုင္ပါတယ္။ ႀကိဳတင္စာရင္းေပးသြင္းဖို႔လည္း မလိုပါဘူး။ လူတိုင္းအတြက္သင့္ေလ်ာ္မယ့္ အစားအေသာက္ေကာင္းေတြကို အထူးေဈးႏႈန္းေတြနဲ႔ေရာင္းခ်ေပးသြားမွာေနာ္။

လိပ္စာ – အီတလီသံရံုး၊ အမွတ္ ၃၊ အင္းလ်ားျမိဳင္လမ္း၊ ရန္ကုန္။

Unicode

အီတာလျံအစားအသောက်ပွဲတော်ဟာဆိုရင်ဖြင့် မိသားစုတွေနဲ့ပဲလာလာ၊ ကလေးလေးတွေပဲပါလာလာ အဆင်ပြေတဲ့ပွဲတော်တစ်ခုပါ။ ကလေးလေးတွေအနေနဲ့ ရေခဲမုန့်တွေ၊ စစ်မှန်တဲ့အစားအစာတွေ စားကြမယ်၊ ပီဇာမုန့်နှစ်တွေနဲ့ကစားပြီး အီတာလျံယဉ်ကျေးမှုအကြောင်းကို ပျော်ပျော်ပါးပါးလေ့လာခွင့်ရမယ်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့၊ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ အီတာလျံသံရုံးဝင်းထဲမှာ ကျင်းပပြုလုပ်မယ့် အီတာလျံအစားအသောက်ပွဲတော်ကို ဝင်ကြေးအခမဲ့နဲ့ဝင်ရောက်လည်ပတ်နိုင်ပါတယ်။ ကြိုတင်စာရင်းပေးသွင်းဖို့လည်း မလိုပါဘူး။ လူတိုင်းအတွက်သင့်လျော်မယ့် အစားအသောက်ကောင်းတွေကို အထူးဈေးနှုန်းတွေနဲ့ရောင်းချပေးသွားမှာနော်။

လိပ်စာ – အီတလီသံရုံး၊ အမှတ် ၃၊ အင်းလျားမြိုင်လမ်း၊ ရန်ကုန်။

ပ်ိဳပ်ိဳေမရဲ႕ သိုးမည္းႀကီး – Tribute to Ba Din

ပ်ိဳပ်ိဳေမရဲ႕ သိုးမည္းႀကီး လို႔ နာမည္ေပးထားတဲ့ ဗဒင္ကို လြမ္းဆြတ္ၾကမယ့္ ညေလးတစ္ညပါ။

တကယ္ေတာ့ ဒီဇင္ဘာ ၂၂ရက္ (ဗဒင္ ကြယ္လြန္ခဲ့တဲ့ေန႔) အမွတ္တရအျဖစ္ က်င္းပဖို႔စီစဥ္ခဲ့ေပမယ့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ အဲဒီ့ေန႔ရက္တုန္းက မလုပ္ျဖစ္ခဲ့တာနဲ႔ အခု ေဖေဖာ္ဝါရီ ၂၂ ရက္ကို ေ႐ြးၿပီး အမွတ္တရ က်င္းပျဖစ္တာပါ။

အဲဒီ့ညမွာ တစ္ေခတ္တစ္ခါက အေဆာင္ေရွ႕၊ အုတ္ခုံေတြေပၚ၊ လူငယ္ေတြၾကားမွာ အသည္းထဲထိ စြဲခဲ့ရတဲ့ ဗဒင္ရဲ႕ သီခ်င္းေတြကို ဗဒင္ရဲ႕ တစ္ဦးတည္းေသာသားျဖစ္တဲ့ ေသာ္ဖိလုဒင္ နဲ႔အတူ ဒီဘက္ေခတ္ လူငယ္ေတြက ျပန္လည္ဂုဏ္ျပဳသီဆိုတီးခတ္မွာပါ။

လိပ္စာ – The galleria 9 cafe & restaurant
အမွတ္ ၉၊ ကမာၻေအးဘုရားလမ္း၊ ေရႊေတာင္ၾကား ရပ္ကြက္ ၂၊ ဗဟန္း၊ ရန္ကုန္။

Unicode

ပျိုပျိုမေရဲ့ သိုးမည်းကြီး လို့ နာမည်ပေးထားတဲ့ ဗဒင်ကို လွမ်းဆွတ်ကြမယ့် ညလေးတစ်ညပါ။

တကယ်တော့ ဒီဇင်ဘာ ၂၂ရက် (ဗဒင် ကွယ်လွန်ခဲ့တဲ့နေ့) အမှတ်တရအဖြစ် ကျင်းပဖို့စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အဲဒီ့နေ့ရက်တုန်းက မလုပ်ဖြစ်ခဲ့တာနဲ့ အခု ဖေဖော်ဝါရီ ၂၂ ရက်ကို ရွေးပြီး အမှတ်တရ ကျင်းပဖြစ်တာပါ။

အဲဒီ့ညမှာ တစ်ခေတ်တစ်ခါက အဆောင်ရှေ့၊ အုတ်ခုံတွေပေါ်၊ လူငယ်တွေကြားမှာ အသည်းထဲထိ စွဲခဲ့ရတဲ့ ဗဒင်ရဲ့ သီချင်းတွေကို ဗဒင်ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ သော်ဖိလုဒင် နဲ့အတူ ဒီဘက်ခေတ် လူငယ်တွေက ပြန်လည်ဂုဏ်ပြုသီဆိုတီးခတ်မှာပါ။

လိပ်စာ – The galleria 9 cafe & restaurant
အမှတ် ၉၊ ကမ္ဘာအေးဘုရားလမ်း၊ ရွှေတောင်ကြား ရပ်ကွက် ၂၊ ဗဟန်း၊ ရန်ကုန်။

Myanmar Top 100 by JOOX

JOOX နဲ႔ We Events ကေနက်င္းပမယ့္ Myanmar Top 100 ဂီတပြဲေတာ္ႀကီးကို လာမယ့္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ သုဝဏၰဘူမိ Event Park မွာညေန ၃နာရီကေန ည ၁၂နာရီအထိ က်င္းပသြားမွာျဖစ္ပါတယ္။
နာမည္ႀကီးအဆိုေတာ္ေတြျဖစ္တဲ့ Big Bag, Hlwan Paing, Ar-T, Shwe Htoo , X-Boxin , Oasix, Eternal Gosh , Team 143 , Shine, Wyne Su Khaing Thein, Ni Ni Khin Zaw, Irene Zin Mar Myint ,ChanMyae Mgcho နဲ႔ Grace တို႔က စင္ျမင့္ထက္မွာ ေဖ်ာ္ေျဖသြားမွာပါ။
ဒီဂီတပြဲေတာ္ႀကီးက ညေန ၃ နာရီ ကတည္းကစမွာျဖစ္ၿပီးေတာ့ အရသာရွိတဲ့ မုန႔္ေတြလည္းစားေသာက္ႏိုင္တဲ့အျပင္ ေပ်ာ္႐ႊင္စရာ ဂိမ္းအစီအစဥ္ေတြလည္းပါဝင္မွာျဖစ္ပါတယ္။

Unicode

JOOX နဲ့ We Events ကနေကျင်းပမယ့် Myanmar Top 100 ဂီတပွဲတော်ကြီးကို လာမယ့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ သုဝဏ္ဏဘူမိ Event Park မှာညနေ ၃နာရီကနေ ည ၁၂နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။
နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Big Bag, Hlwan Paing, Ar-T, Shwe Htoo , X-Boxin , Oasix, Eternal Gosh , Team 143 , Shine, Wyne Su Khaing Thein, Ni Ni Khin Zaw, Irene Zin Mar Myint ,ChanMyae Mgcho နဲ့ Grace တို့က စင်မြင့်ထက်မှာ ဖျော်ဖြေသွားမှာပါ။
ဒီဂီတပွဲတော်ကြီးက ညနေ ၃ နာရီ ကတည်းကစမှာဖြစ်ပြီးတော့ အရသာရှိတဲ့ မုန့်တွေလည်းစားသောက်နိုင်တဲ့အပြင် ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေလည်းပါဝင်မှာဖြစ်ပါတယ်။

2nd International Yangon Motor Show

ဒီပြဲကေတာ့ႏိုင္ငံတကာအဆင့္မီ ကားျပပြဲမ်ိဳးကို သြားေရာက္ၿပီး အဆင့္ျမင့္ကားသစ္ႀကီးေတြကို ဝယ္ယူဖို႔ စီစဥ္ေနသူေတြ၊ေလ့လာဖို႔ ဆႏၵရွိေနသူေတြ၊ ယာဥ္အပိုပစၥည္းေတြကို ဝယ္ယူဖို႔စိတ္ဝင္စားေနသူေတြ၊ အလန္းစားကားသစ္ႀကီးေတြကို ကိုယ္တိုင္စမ္းသပ္ေမာင္းႏွင္ခ်င္သူေတြအတြက္ပါ။
ဒုတိယအႀကိမ္ေျမာက္ ၂၀၂၀ ရန္ကုန္အျပည္ျပည္ဆိုင္ရာကားျပပြဲ (2nd Yangon International Motor Show 2020) ကို လာမယ့္ ၂၀၂၀ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔မွ ၂၃ ရက္ေန႔အထိ ၃ ရက္တိုင္တိုင္ Inya Lake Hotel ဝင္းထဲက Yangon Convention Centre (YCC) မွာစည္ကားသိုက္ၿမိဳက္စြာ ျပဳလုပ္သြားမွာျဖစ္ပါတယ္။

ေန႔ရက္ – ၂၀၂၀ ခုႏွစ္ ေဖေဖၚဝါရီ ၂၁ ရက္ေန႔မွ ၂၃ ရက္ေန႔အထိ
ေနရာ – Yangon Convention Centre (YCC) – (Inya Lake Hotel ဝင္း)
အခ်ိန္ – မနက္ ၁၀ နာရီမွ ည ၈ နာရီ အထိ

Unicode

ဒီပွဲကတော့နိုင်ငံတကာအဆင့်မီ ကားပြပွဲမျိုးကို သွားရောက်ပြီး အဆင့်မြင့်ကားသစ်ကြီးတွေကို ဝယ်ယူဖို့ စီစဉ်နေသူတွေ၊လေ့လာဖို့ ဆန္ဒရှိနေသူတွေ၊ ယာဉ်အပိုပစ္စည်းတွေကို ဝယ်ယူဖို့စိတ်ဝင်စားနေသူတွေ၊ အလန်းစားကားသစ်ကြီးတွေကို ကိုယ်တိုင်စမ်းသပ်မောင်းနှင်ချင်သူတွေအတွက်ပါ။
ဒုတိယအကြိမ်မြောက် ၂၀၂၀ ရန်ကုန်အပြည်ပြည်ဆိုင်ရာကားပြပွဲ (2nd Yangon International Motor Show 2020) ကို လာမယ့် ၂၀၂၀ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ၃ ရက်တိုင်တိုင် Inya Lake Hotel ဝင်းထဲက Yangon Convention Centre (YCC) မှာစည်ကားသိုက်မြိုက်စွာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

နေ့ရက် – ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ
နေရာ – Yangon Convention Centre (YCC) – (Inya Lake Hotel ဝင်း)
အချိန် – မနက် ၁၀ နာရီမှ ည ၈ နာရီ အထိ

Sunday Sunset Party

ေဖေဖာ္၀ါရီ ၂၃ရက္ေန႔မွာ ညေန ၅နာရီကေန ၇နာရီအထိ Metro နဲ႔ SEEDS တို႔ပူးေပါင္းက်င္းပတဲ့ Sunday sunset party ျဖစ္ပါတယ္။
CAVA Brut Sparkling နဲ႔ Ribeaupierre Rose Wine ေတြကို free flow ေသာက္ရမွာျဖစ္ျပီး Metro ကစားေသာက္ကုန္ေတြနဲ႔ဖန္တီးထားတဲ့ canapes ေတြကိုတည္ခင္းသြားမွာပါ။ Four Season Chardonnay, Four Season Zinfandel နဲ႔ Cabernet Sauvignon တို႔လို US ၀ိုင္ေတြကိုလည္းသံုးေဆာင္ႏုိင္ပါတယ္။ တဦးလွ်င္ ၂၅ေဒၚလာက်သင့္မွာပါ။

SEEDS Yangon – ၆၃ (က)၊ ဦးထြန္းျငိမ္းလမ္း၊ မရမ္းကုန္း၊ ရန္ကုန္။

Unicode

ဖေဖော်ဝါရီ ၂၃ရက်နေ့မှာ ညနေ ၅နာရီကနေ ၇နာရီအထိ Metro နဲ့ SEEDS တို့ပူးပေါင်းကျင်းပတဲ့ Sunday sunset party ဖြစ်ပါတယ်။
CAVA Brut Sparkling နဲ့ Ribeaupierre Rose Wine တွေကို free flow သောက်ရမှာဖြစ်ပြီး Metro ကစားသောက်ကုန်တွေနဲ့ဖန်တီးထားတဲ့ canapes တွေကိုတည်ခင်းသွားမှာပါ။ Four Season Chardonnay, Four Season Zinfandel နဲ့ Cabernet Sauvignon တို့လို US ဝိုင်တွေကိုလည်းသုံးဆောင်နိုင်ပါတယ်။ တဦးလျှင် ၂၅ဒေါ်လာကျသင့်မှာပါ။

SEEDS Yangon – ၆၃ (က)၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်း၊ ရန်ကုန်။ 

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here