လက္ဖက္သုပ္နဲ႔ လက္ဖက္ရည္ဆိုတာက်ေနာ္တို႔နဲ႔သိပ္မစိမ္းဘူး။ ဒါေပမယ့္လက္ဖက္ကိုဟင္းလ်ာေတြနဲ႔ တြဲဖက္စားသံုးရင္လည္း သူမတူတဲ့အရသာတခုေပးႏိုင္တယ္ဆိုတာသင္သိပါသလား။
လက္ဖက္ဆိုတာက်ေနာ္တို႔ျမန္မာလူမ်ိဳးေတြရဲ႕ဓေလ့ထံုးစံထဲမွာစြဲျမဲေနတဲ့စားစရာပါ။ ေက်းလတ္ေတြမွာမဂၤလာေဆာင္ရင္လက္ဖက္ထုပ္ကမ္းျပီးဖိတ္တဲ့ဓေလ့ရွိသလို အမႈအခင္းေတြကိုလက္ဖက္စားျပီးေျပျငိမ္းၾကတာမ်ိဳးလည္းရွိပါတယ္။ ကမာၻေပၚမွာလူမ်ိဳးတုိင္းလိုလို လက္ဖက္ရည္ေသာက္ၾကေပမယ့္ လက္ဖက္စားတဲ့လူမ်ိဳးကေတာ့ ဗမာနဲ႔ကခ်င္လူမ်ိဳးပဲရွိတယ္။
အညာေဒသရဲ႕လက္ဖက္ယဥ္ေက်းမႈကိုရန္ကုန္သားေတြ ႏုိင္ငံျခားသားေတြနဲ႔မိတ္ဆက္ေပးခ်င္လို႔ House of Tea (လက္ဖက္အိမ္) ကိုဖြင့္လွစ္ျဖစ္ခဲ့တာလို႔ ကိုေအာင္စိုးမင္းေျပာပါတယ္။ သူ႔ရဲ႕ Pansodan Scene Gallery လိုမ်ိဳးအစားအေသာက္နဲ႔ပန္းခ်ီကားေတြကိုတြဲျပီးတင္ဆက္တဲ့အယူအဆကို လက္ဖက္အိမ္မွာေတြ႔ႏိုင္တယ္။ ဒါကလည္းလူငယ္ေတြပန္းခ်ီျပခန္းသက္သက္သြားစရာမလိုေအာင္ ပန္းခ်ီျပခန္းကိုလူငယ္ေတြရွိတတ္တဲ့ေနရာဆီအေရာက္ပို႔ေပးတဲ့သေဘာပါပဲ။

အစားအေသာက္နဲ႔ပတ္သက္ရင္ေတာ့ ဟင္းပြဲတုိင္းမွာလက္ဖက္ပါေနတာေတြ႔ရမယ္။ Set menu ၄မ်ိဳးကို ငါးေၾကာ္၊ ဆိတ္မီးကင္၊ ၾကက္ေၾကာ္၊ အမဲေၾကာ္ေတြနဲ႔ရႏိုင္တယ္။ တပြဲကို က်ပ္ ၅၀၀၀ပါ။ ေရေႏြးၾကမ္းေလးနဲ႔ျမည္းဖို႔ လက္ဖက္လွဗန္းရွိသလို အညာနံ႔သင္းေနတဲ့ လက္ဖက္၊ ပုန္းရည္ၾကီး၊ ႏွမ္းဖတ္ခ်ဥ္သုပ္အတြဲအစပ္ကို ထမင္းပူပူေလးနဲ႔စားမယ္ဆိုလည္းရႏုိင္ပါတယ္။
က်ေနာ္တို႔ကေတာ့ ဆိုင္ရဲ႕ signature လိုျဖစ္ေနတဲ့ ဆိတ္မီးကင္နဲ႔ ငါးေၾကာ္ကိုမွာလိုက္တယ္။ တပြဲဆီမွာ လက္ဖက္ကို အခ်ဥ္၊ အစပ္၊ မူလအရသာဆိုျပီး ၃မ်ိဳးပါပါတယ္။ လက္ဖက္ကိုႏုိင္ငံျခားသားေတြကိုေကၽြးဖို႔ၾကိဳးစားတဲ့ေနရာမွာ အဓိကစိန္ေခၚမႈက အခ်ဥ္တည္တဲ့လုပ္ငန္းစဥ္ပဲဗ်။ ဒါေၾကာင့္အခ်ဥ္တည္တဲ့ေနရာမွာသန္႔ရွင္းမႈရွိဖို႔အေရးၾကီးတယ္။ ဒီမွာေတာ့အခ်ဥ္အရသာရဖို႔ ေစာင္းလ်ားသီးနဲ႔တြဲစပ္ထားတာကိုေတြ႔ရတယ္။ သေဘာက်စရာေကာင္းတာကအေၾကာ္ေတြကိုလက္ဖက္နဲ႔ေရာမနယ္ဘဲ သက္သက္ထည့္ေပးထားတာပဲ။ ေျပာရရင္က်ေနာ္ကလက္ဖက္သားကိုအေၾကာ္ေတြမထည့္ဘဲငရုတ္သီးစိမ္းေလး ၾကက္သြန္ျဖဴေလးနဲ႔တြဲစားရတာပိုၾကိဳက္တယ္။ ငါးေၾကာ္ဗန္းထဲမွာ တီလားပီးယားငါးေၾကာ္တေကာင္အျပင္ ငါးဖယ္ေၾကာ္ေလးေတြပါပါတယ္။
ဆိတ္မီးကင္ကေတာ့စားခါနီးမွပဲဆီေလးဆမ္းေပးေတာ့ေမႊးဆိမ့္ျပီး အသားကမြမြေလး။ သူနဲ႔တြဲစားဖို႔ ဆႏြင္းေလးခတ္ျပီးေၾကာ္ထားတဲ့ထမင္းေၾကာ္မွာပါ။ ျပီးရင္ဆလပ္ရြက္ထဲလက္ဖက္သား၊ ပုစြန္ေျခာက္၊ ဆိတ္သားဖတ္၊ ပူစီနံ၊ ေရွာက္ရြက္၊ ၾကက္သြန္ျမိတ္ေတြထည့္ျပီးစားပါ။ လက္ဖက္သားကေရာင္းတမ္းလက္ဖက္ေတြလုိေပ်ာ့ျပဲေနတာမ်ိဳးမဟုတ္ဘဲ သူ႔အညြန္႔အတိုင္းေလးရွိေနတယ္။ ဒီအတိုင္းစားၾကည့္ရင္ဆိမ့္သက္တဲ့အရသာကိုခံစားရမယ္။
အညာဓေလ့အတုိင္းငါးပိေကာင္ကိုလက္ဖက္နဲ႔တြဲစားလို႔လည္းရေသးတယ္။ ငါးပိေကာင္ရဲ႕အငံအရသာကို လက္ဖက္ရဲ႕အခ်ဥ္နဲ႔အခါးအရသာကထိန္းသြားတယ္။ ဒါေၾကာင့္အငံသိပ္မစားႏိုင္တဲ့သူေတြလည္း ခံတြင္းေတြ႔ပါလိမ့္မယ္။
စားျပီးသြားရင္ေတာ့ထန္းလ်က္ခဲေလးနဲ႔အခ်ိဳတည္းေပါ့။ ေဖ်ာ္ရည္အေနနဲ႔ဂ်င္းနဲ႔ပ်ားရည္တုိ႔ မန္က်ည္းဆိုဒါတို႔ရတယ္။ က်ေနာ္တို႔ကေတာ့လက္ဖက္ရည္ပဲမွာလိုက္ပါတယ္။
ျမန္မာမာတိကာဆိုင္ထဲမွာမို႔လို႔ၾကည့္စရာပန္းခ်ီကားေတြအျပင္ ဖတ္စရာစာအုပ္ေတြလည္းအမ်ားၾကီးပဲ။ ဒါေၾကာင့္သူငယ္ခ်င္းေတြမပါဘဲတေယာက္တည္းသြားလည္းပ်င္းရမွာမဟုတ္ဘူး။ က်ေနာ္ကေတာ့ ဘၾကီးတေယာက္ စာအုပ္ေဟာင္းေတြျပန္ခ်ဳပ္ေနတာကိုထိုင္ၾကည့္ပါတယ္။ ႏွစ္ ၁၀၀ ေလာက္သက္တမ္းရွိတဲ့ စာအုပ္ေတြကိုျပဳျပင္ရတာေတာ္ေတာ္ေလးလက္၀င္တဲ့အလုပ္ပါ။
ဆိုင္ေလးကအျပင္မွာကြပ္ပ်စ္ထုတ္ထားလို႔ညေနခင္းေလညွင္းခံရင္းထိုင္လို႔ေကာင္းတယ္။ ေနာက္ပိုင္းက်ရင္ေတာ့ menu ေတြတိုးခ်ဲ႕သြားဖို႔ရွိျပီး အညာရနံ႔ပိုသင္းတဲ့အစားအစာေတြပိုျမင္ရဖို႔ရွိတယ္လို႔ ကိုေအာင္စိုးမင္းကေျပာပါတယ္။ ရိုးစင္းသေလာက္စြယ္စံုရတဲ့လက္ဖက္ကို စားေနက်မဟုတ္တဲ့ပံုစံေတြနဲ႔ျမည္းစမ္းၾကည့္ခ်င္တယ္ဆိုရင္ေတာ့ လက္ဖက္အိမ္ကသင့္ကိုၾကိဳေနပါတယ္။
လက္ဖက္အိမ္
လိပ္စာ – ၃၇လမ္း (အလယ္ဘေလာက္)၊ ေက်ာက္တံတားျမိဳ႕နယ္၊ ရန္ကုန္။
ဆိုင္ဖြင့္ခ်ိန္ – ၉နာရီ မွ ၆နာရီထိ
ဖုန္းနံပါတ္ – 09 5130846
Unicode
လက်ဖက်သုပ်နဲ့ လက်ဖက်ရည်ဆိုတာကျနော်တို့နဲ့သိပ်မစိမ်းဘူး။ ဒါပေမယ့်လက်ဖက်ကိုဟင်းလျာတွေနဲ့ တွဲဖက်စားသုံးရင်လည်း သူမတူတဲ့အရသာတခုပေးနိုင်တယ်ဆိုတာသင်သိပါသလား။
လက်ဖက်ဆိုတာကျနော်တို့မြန်မာလူမျိုးတွေရဲ့ဓလေ့ထုံးစံထဲမှာစွဲမြဲနေတဲ့စားစရာပါ။ ကျေးလတ်တွေမှာမင်္ဂလာဆောင်ရင်လက်ဖက်ထုပ်ကမ်းပြီးဖိတ်တဲ့ဓလေ့ရှိသလို အမှုအခင်းတွေကိုလက်ဖက်စားပြီးပြေငြိမ်းကြတာမျိုးလည်းရှိပါတယ်။ ကမ္ဘာပေါ်မှာလူမျိုးတိုင်းလိုလို လက်ဖက်ရည်သောက်ကြပေမယ့် လက်ဖက်စားတဲ့လူမျိုးကတော့ ဗမာနဲ့ကချင်လူမျိုးပဲရှိတယ်။
အညာဒေသရဲ့လက်ဖက်ယဉ်ကျေးမှုကိုရန်ကုန်သားတွေ နိုင်ငံခြားသားတွေနဲ့မိတ်ဆက်ပေးချင်လို့ House of Tea (လက်ဖက်အိမ်) ကိုဖွင့်လှစ်ဖြစ်ခဲ့တာလို့ ကိုအောင်စိုးမင်းပြောပါတယ်။ သူ့ရဲ့ Pansodan Scene Gallery လိုမျိုးအစားအသောက်နဲ့ပန်းချီကားတွေကိုတွဲပြီးတင်ဆက်တဲ့အယူအဆကို လက်ဖက်အိမ်မှာတွေ့နိုင်တယ်။ ဒါကလည်းလူငယ်တွေပန်းချီပြခန်းသက်သက်သွားစရာမလိုအောင် ပန်းချီပြခန်းကိုလူငယ်တွေရှိတတ်တဲ့နေရာဆီအရောက်ပို့ပေးတဲ့သဘောပါပဲ။
အစားအသောက်နဲ့ပတ်သက်ရင်တော့ ဟင်းပွဲတိုင်းမှာလက်ဖက်ပါနေတာတွေ့ရမယ်။ Set menu ၄မျိုးကို ငါးကြော်၊ ဆိတ်မီးကင်၊ ကြက်ကြော်၊ အမဲကြော်တွေနဲ့ရနိုင်တယ်။ တပွဲကို ကျပ် ၅၀၀၀ပါ။ ရေနွေးကြမ်းလေးနဲ့မြည်းဖို့ လက်ဖက်လှဗန်းရှိသလို အညာနံ့သင်းနေတဲ့ လက်ဖက်၊ ပုန်းရည်ကြီး၊ နှမ်းဖတ်ချဉ်သုပ်အတွဲအစပ်ကို ထမင်းပူပူလေးနဲ့စားမယ်ဆိုလည်းရနိုင်ပါတယ်။
ကျနော်တို့ကတော့ ဆိုင်ရဲ့ signature လိုဖြစ်နေတဲ့ ဆိတ်မီးကင်နဲ့ ငါးကြော်ကိုမှာလိုက်တယ်။ တပွဲဆီမှာ လက်ဖက်ကို အချဉ်၊ အစပ်၊ မူလအရသာဆိုပြီး ၃မျိုးပါပါတယ်။ လက်ဖက်ကိုနိုင်ငံခြားသားတွေကိုကျွေးဖို့ကြိုးစားတဲ့နေရာမှာ အဓိကစိန်ခေါ်မှုက အချဉ်တည်တဲ့လုပ်ငန်းစဉ်ပဲဗျ။ ဒါကြောင့်အချဉ်တည်တဲ့နေရာမှာသန့်ရှင်းမှုရှိဖို့အရေးကြီးတယ်။ ဒီမှာတော့အချဉ်အရသာရဖို့ စောင်းလျားသီးနဲ့တွဲစပ်ထားတာကိုတွေ့ရတယ်။ သဘောကျစရာကောင်းတာကအကြော်တွေကိုလက်ဖက်နဲ့ရောမနယ်ဘဲ သက်သက်ထည့်ပေးထားတာပဲ။ ပြောရရင်ကျနော်ကလက်ဖက်သားကိုအကြော်တွေမထည့်ဘဲငရုတ်သီးစိမ်းလေး ကြက်သွန်ဖြူလေးနဲ့တွဲစားရတာပိုကြိုက်တယ်။ ငါးကြော်ဗန်းထဲမှာ တီလားပီးယားငါးကြော်တကောင်အပြင် ငါးဖယ်ကြော်လေးတွေပါပါတယ်။
ဆိတ်မီးကင်ကတော့စားခါနီးမှပဲဆီလေးဆမ်းပေးတော့မွှေးဆိမ့်ပြီး အသားကမွမွလေး။ သူနဲ့တွဲစားဖို့ ဆနွင်းလေးခတ်ပြီးကြော်ထားတဲ့ထမင်းကြော်မှာပါ။ ပြီးရင်ဆလပ်ရွက်ထဲလက်ဖက်သား၊ ပုစွန်ခြောက်၊ ဆိတ်သားဖတ်၊ ပူစီနံ၊ ရှောက်ရွက်၊ ကြက်သွန်မြိတ်တွေထည့်ပြီးစားပါ။ လက်ဖက်သားကရောင်းတမ်းလက်ဖက်တွေလိုပျော့ပြဲနေတာမျိုးမဟုတ်ဘဲ သူ့အညွန့်အတိုင်းလေးရှိနေတယ်။ ဒီအတိုင်းစားကြည့်ရင်ဆိမ့်သက်တဲ့အရသာကိုခံစားရမယ်။
အညာဓလေ့အတိုင်းငါးပိကောင်ကိုလက်ဖက်နဲ့တွဲစားလို့လည်းရသေးတယ်။ ငါးပိကောင်ရဲ့အငံအရသာကို လက်ဖက်ရဲ့အချဉ်နဲ့အခါးအရသာကထိန်းသွားတယ်။ ဒါကြောင့်အငံသိပ်မစားနိုင်တဲ့သူတွေလည်း ခံတွင်းတွေ့ပါလိမ့်မယ်။
စားပြီးသွားရင်တော့ထန်းလျက်ခဲလေးနဲ့အချိုတည်းပေါ့။ ဖျော်ရည်အနေနဲ့ဂျင်းနဲ့ပျားရည်တို့ မန်ကျည်းဆိုဒါတို့ရတယ်။ ကျနော်တို့ကတော့လက်ဖက်ရည်ပဲမှာလိုက်ပါတယ်။
မြန်မာမာတိကာဆိုင်ထဲမှာမို့လို့ကြည့်စရာပန်းချီကားတွေအပြင် ဖတ်စရာစာအုပ်တွေလည်းအများကြီးပဲ။ ဒါကြောင့်သူငယ်ချင်းတွေမပါဘဲတယောက်တည်းသွားလည်းပျင်းရမှာမဟုတ်ဘူး။ ကျနော်ကတော့ ဘကြီးတယောက် စာအုပ်ဟောင်းတွေပြန်ချုပ်နေတာကိုထိုင်ကြည့်ပါတယ်။ နှစ် ၁၀၀ လောက်သက်တမ်းရှိတဲ့ စာအုပ်တွေကိုပြုပြင်ရတာတော်တော်လေးလက်ဝင်တဲ့အလုပ်ပါ။
ဆိုင်လေးကအပြင်မှာကွပ်ပျစ်ထုတ်ထားလို့ညနေခင်းလေညှင်းခံရင်းထိုင်လို့ကောင်းတယ်။ နောက်ပိုင်းကျရင်တော့ menu တွေတိုးချဲ့သွားဖို့ရှိပြီး အညာရနံ့ပိုသင်းတဲ့အစားအစာတွေပိုမြင်ရဖို့ရှိတယ်လို့ ကိုအောင်စိုးမင်းကပြောပါတယ်။ ရိုးစင်းသလောက်စွယ်စုံရတဲ့လက်ဖက်ကို စားနေကျမဟုတ်တဲ့ပုံစံတွေနဲ့မြည်းစမ်းကြည့်ချင်တယ်ဆိုရင်တော့ လက်ဖက်အိမ်ကသင့်ကိုကြိုနေပါတယ်။
လက်ဖက်အိမ်
လိပ်စာ – ၃၇လမ်း (အလယ်ဘလောက်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်။
ဆိုင်ဖွင့်ချိန် – ၉နာရီ မှ ၆နာရီထိ
ဖုန်းနံပါတ် – 09 5130846