Disney ကေတာ့ Marvel Cinematic Universe Phase 4 မွာပါ၀င္မယ့္ WandaVision၊ Falcon and Winter Soldier နဲ႔ Loki တို႔ရဲ႕ teaser trailer ကိုခ်ျပလိုက္ပါျပီ။ ဒီစီးရီးေတြကို Disney ရဲ႕ online streaming service ျဖစ္တဲ့ Disney+ မွာထုတ္လႊင့္သြားမွာပါ။ အရင္ကထြက္ခဲ့ဖူးတဲ့ Marvel series ေတြနဲ႔မတူတာက ဒီစီးရီးေတြဟာ MCU နဲ႔တိုက္ရိုက္ခ်ိတ္ဆက္ထားတဲ့အခ်က္ပါပဲ။ ဒါေၾကာင့္သူတို႔ေတြကိုမၾကည့္ထားရင္ Phase 4 ေနာက္ပိုင္းထြက္လာမယ့္ရုပ္ရွင္ေတြကိုနားလည္ဖို႔မလြယ္ဘူး။
ဒီေဆာင္းပါးမွာ ဒီ စီးရီး ၃ခုနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြနဲ႔ fan theory ေတြကိုေျပာျပထားပါတယ္။ Infinity War နဲ႔ Endgame တို႔က spoiler ေတြပါႏုိင္ပါတယ္။
Falcon and Winter Soldier

စီးရီး ၃ခုမွာပထမဆံုးထြက္လာမယ့္စီးရီးျဖစ္ပါတယ္။ Endgame မွာအသက္အရြယ္အိုမင္းသြားျပီျဖစ္တဲ့ Steve Rogers ဟာသူ႔ရဲ႕ ဒိုင္းကို Sam Wilson (Falcon) ကိုေပးခဲ့ျပီး Captain America အသစ္အျဖစ္ခံယူေစတယ္။ ဒီစီးရီးမွာေတာ့ Steve Rogers ေခတ္လြန္အေမရိကကိုျမင္ရမွာပါ။ Sharon Carter နဲ႔ Helmut Zemo လည္းျပန္ပါလာမယ္လို႔သိရပါတယ္။
အေသးစိတ္ဇာတ္လမ္းကိုမသိရေသးေပမယ့္ အေမရိကန္အစိုးရဟာလူမည္းတေယာက္ျဖစ္တဲ့ Sam ကို Captain America အျဖစ္မသတ္မွတ္လိုတဲ့ကိစၥအေပၚအေျခခံတယ္လို႔ေကာလဟာလထြက္ေနပါတယ္။ မတူကြဲျပားမႈကိုအျမဲတမ္းေထာက္ခံခဲ့တဲ့ MCU ရုပ္ရွင္ေတြရဲ႕ထံုးစံအတိုင္း အေမရိကရဲ႕လူမ်ိဳးေရးခြဲျခားတဲ့ျပႆနာကိုမီးေမာင္းထိုးျပဦးမလားေမွ်ာ္လင့္ရပါတယ္။ Civil War မွာတဗ်စ္ေတာက္ေတာက္နဲ႔စကားမ်ားေလ့ရွိတဲ့ Sam နဲ႔ Bucky (Winter Soldier) တုိ႔ကိုၾကည့္ရတာေပ်ာ္စရာေကာင္းပါတယ္။ ဒါေၾကာင့္ဒီစီးရီးကလည္း Bromance ဆန္ဆန္ဟာသပံုစံနဲ႔တင္ဆက္လိမ့္မယ္လို႔ထင္ရပါတယ္။ ဒီႏွစ္ေဆာင္းဦးရာသီမွာၾကည့္ရပါလိမ့္မယ္။
WandaVision

စိတ္၀င္စားစရာအေကာင္းဆံုးစီးရီးပါ။ ဒီစီးရီးဟာ Endgame ေနာက္ပိုင္းမွာဇာတ္အိမ္တည္ထားတယ္လို႔ သိရေတာ့ Infinity War မွာ Vision ေသသြားတာကိုျပထားတဲ့အတြက္ သူအသက္ျပန္ရွင္လာမွာလားလို႔ လူတုိင္းကသိခ်င္ၾကတယ္။ စီးရီးရဲ႕ဇာတ္လမ္းပံုစံကလည္း အေျခအေနတခုေပၚမူတည္ျပီးဟာသေျမာက္ေအာင္ တင္ဆက္ေလ့ရွိတဲ့ sitcom ဆန္ဆန္ရိုက္ထားေတာ့ေတြ႔ဖူးေနက်အက္ရွင္ဇာတ္လမ္းနဲ႔မတူဘူး။ ဒါ့အျပင္ ဇာတ္ေကာင္ေတြရဲ႕၀တ္စားဆင္ယင္ပံုက ၁၉၅၀၀န္းက်င္ကပံုစံေတြျဖစ္ေနေတာ့ ပိုျပီးစိတ္၀င္စားစရာေကာင္းေနတယ္။
Vision ဟာ Tony Stark ရဲ႕ AI Assistant JARVIS၊ Mind Stone နဲ႔ Ultron တို႔စုေပါင္းဖန္တီးထားတဲ့အရာမို႔ Mind Stone ကိုထုတ္လိုက္ရံုနဲ႔ Vision ေပ်ာက္ကြယ္သြားမွာမဟုတ္ေၾကာင္း၊ Mind Stone နဲ႔ Vision ရဲ႕အသိစိတ္ကိုခြဲျခားဖို႔ T’Challa (Black Panther) ရဲ႕ညီမ Shuri ကၾကိဳးစားခဲ့ဖူးတာ Infinity War မွာျမင္ခဲ့ရပါတယ္။ အသိစိတ္ကိုခြဲထုတ္ေနတုန္း Corvus Glaive က၀င္တိုက္တဲ့အတြက္ Shuri လက္စမသတ္ႏုိင္ခဲ့တာကိုျပထားတယ္။ ဒါေပမယ့္အကယ္၍ Shuri က Vision ရဲ႕အသိဥာဏ္တစိတ္တေဒသေလာက္ရယူထားႏိုင္ခဲ့ျပီး ျပန္အသက္သြင္းဖို႔ၾကိဳးစားမယ္ဆိုရင္ေရာ။
Tony ဟာသူ႔အေဖ Howard Stark ရဲ႕ျဗိတိသွ်လူမ်ိဳးအိမ္ေတာ္ထိန္း Edwin Jarvis ကိုအေျခခံျပီး သူ႔ရဲ႕ AI စနစ္ JARVIS ကိုတည္ေဆာက္ထားတာျဖစ္ပါတယ္။ ဒါေၾကာင့္ဒီစနစ္ကိုတည္ေဆာက္ေနတဲ့အခ်ိန္မွာ Jarvis နဲ႔ပတ္သက္တဲ့အမွတ္တရေတြပါေနႏိုင္တယ္။ Jarvis ကစစ္ျပီးေခတ္အေမရိကမွာေနထိုင္ခဲ့သူပါ။ WandaVision ကလည္း ၁၉၅၀ ၀န္းက်င္က လူလတ္တန္းစားလင္မယား ၂ေယာက္ရဲ႕ဘ၀ဇာတ္လမ္းျဖစ္ေနတယ္။ အဲ့ဒီအတြက္ WandaVision ဟာ Vision ရဲ႕စိတ္သႏၱန္မွာထင္ဟပ္ေနတဲ့အေတြးေတြကိုအေျခခံထားတဲ့ဇာတ္လမ္းျဖစ္လာႏုိင္ျပီး တခ်ိန္ခ်ိန္မွာ Vision အသစ္တဖန္ေမြးဖြားလာႏုိင္ပါတယ္။ ဒါက fan theory ပဲျဖစ္တာမို႔တကယ္ဟုတ္မဟုတ္ဆိုတာကေတာ့ ေစာင့္ၾကည့္ၾကရဦးမွာပါ။
ဒီစီးရီးဟာ ၂၀၂၁ ေမလမွာထြက္ရွိဖို႔စီစဥ္ထားတဲ့ Doctor Strange and the Multiverse of Madness နဲ႔တိုက္ရိုက္ခ်ိတ္ဆက္ထားမယ္လို႔သိရတယ္။ ျပီးေတာ့ Wanda ကေန Scarlet Witch ဆိုတဲ့နာမည္ရလာပံုကိုလည္း ဒီစီးရီးမွာေတြ႔ရဦးမွာပါ။ အရင္က ၂၀၂၁ မွထုတ္လႊင့္မယ္လို႔စီစဥ္ထားေပမယ့္ ရက္ေစာျပီးဒီႏွစ္ထဲမွာပဲထြက္ရွိလာမယ္လို႔သိရပါတယ္။
Loki

Endgame မွာ Tesseract ကိုခိုးသြားျပီးေနာက္ အတိတ္ကိုခရီးသြားျပီးလူ႔သမိုင္းကိုေျပာင္းလဲဖို႔ၾကိဳးစားတဲ့ Loki ကိုဒီစီးရီးမွာေတြ႔ရမယ္။ Loki အျဖစ္ Tom Hiddleston ျပန္ပါလာျပီး ဇာတ္ေကာင္အသစ္အျဖစ္ Owen Wilson ပါမယ္ဆိုတာကလြဲရင္ဒီစီးရီးနဲ႔ပတ္သက္ျပီးအေသးစိတ္အခ်က္အလက္ေတြမသိရေသးပါဘူး။ ၂၀၂၁ အေစာပိုင္းေလာက္မွာထြက္ရွိမယ္လို႔သိရပါတယ္။
Unicode
သီဟိုဠ်မှ ဉာဏ်Disney ကတော့ Marvel Cinematic Universe Phase 4 မှာပါဝင်မယ့် WandaVision၊ Falcon and Winter Soldier နဲ့ Loki တို့ရဲ့ teaser trailer ကိုချပြလိုက်ပါပြီ။ ဒီစီးရီးတွေကို Disney ရဲ့ online streaming service ဖြစ်တဲ့ Disney+ မှာထုတ်လွှင့်သွားမှာပါ။ အရင်ကထွက်ခဲ့ဖူးတဲ့ Marvel series တွေနဲ့မတူတာက ဒီစီးရီးတွေဟာ MCU နဲ့တိုက်ရိုက်ချိတ်ဆက်ထားတဲ့အချက်ပါပဲ။ ဒါကြောင့်သူတို့တွေကိုမကြည့်ထားရင် Phase 4 နောက်ပိုင်းထွက်လာမယ့်ရုပ်ရှင်တွေကိုနားလည်ဖို့မလွယ်ဘူး။
ဒီဆောင်းပါးမှာ ဒီ စီးရီး ၃ခုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ fan theory တွေကိုပြောပြထားပါတယ်။ Infinity War နဲ့ Endgame တို့က spoiler တွေပါနိုင်ပါတယ်။
Falcon and Winter Soldier
စီးရီး ၃ခုမှာပထမဆုံးထွက်လာမယ့်စီးရီးဖြစ်ပါတယ်။ Endgame မှာအသက်အရွယ်အိုမင်းသွားပြီဖြစ်တဲ့ Steve Rogers ဟာသူ့ရဲ့ ဒိုင်းကို Sam Wilson (Falcon) ကိုပေးခဲ့ပြီး Captain America အသစ်အဖြစ်ခံယူစေတယ်။ ဒီစီးရီးမှာတော့ Steve Rogers ခေတ်လွန်အမေရိကကိုမြင်ရမှာပါ။ Sharon Carter နဲ့ Helmut Zemo လည်းပြန်ပါလာမယ်လို့သိရပါတယ်။
အသေးစိတ်ဇာတ်လမ်းကိုမသိရသေးပေမယ့် အမေရိကန်အစိုးရဟာလူမည်းတယောက်ဖြစ်တဲ့ Sam ကို Captain America အဖြစ်မသတ်မှတ်လိုတဲ့ကိစ္စအပေါ်အခြေခံတယ်လို့ကောလဟာလထွက်နေပါတယ်။ မတူကွဲပြားမှုကိုအမြဲတမ်းထောက်ခံခဲ့တဲ့ MCU ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အမေရိကရဲ့လူမျိုးရေးခွဲခြားတဲ့ပြဿနာကိုမီးမောင်းထိုးပြဦးမလားမျှော်လင့်ရပါတယ်။ Civil War မှာတဗျစ်တောက်တောက်နဲ့စကားများလေ့ရှိတဲ့ Sam နဲ့ Bucky (Winter Soldier) တို့ကိုကြည့်ရတာပျော်စရာကောင်းပါတယ်။ ဒါကြောင့်ဒီစီးရီးကလည်း Bromance ဆန်ဆန်ဟာသပုံစံနဲ့တင်ဆက်လိမ့်မယ်လို့ထင်ရပါတယ်။ ဒီနှစ်ဆောင်းဦးရာသီမှာကြည့်ရပါလိမ့်မယ်။
WandaVision
စိတ်ဝင်စားစရာအကောင်းဆုံးစီးရီးပါ။ ဒီစီးရီးဟာ Endgame နောက်ပိုင်းမှာဇာတ်အိမ်တည်ထားတယ်လို့ သိရတော့ Infinity War မှာ Vision သေသွားတာကိုပြထားတဲ့အတွက် သူအသက်ပြန်ရှင်လာမှာလားလို့ လူတိုင်းကသိချင်ကြတယ်။ စီးရီးရဲ့ဇာတ်လမ်းပုံစံကလည်း အခြေအနေတခုပေါ်မူတည်ပြီးဟာသမြောက်အောင် တင်ဆက်လေ့ရှိတဲ့ sitcom ဆန်ဆန်ရိုက်ထားတော့တွေ့ဖူးနေကျအက်ရှင်ဇာတ်လမ်းနဲ့မတူဘူး။ ဒါ့အပြင် ဇာတ်ကောင်တွေရဲ့ဝတ်စားဆင်ယင်ပုံက ၁၉၅၀၀န်းကျင်ကပုံစံတွေဖြစ်နေတော့ ပိုပြီးစိတ်ဝင်စားစရာကောင်းနေတယ်။
Vision ဟာ Tony Stark ရဲ့ AI Assistant JARVIS၊ Mind Stone နဲ့ Ultron တို့စုပေါင်းဖန်တီးထားတဲ့အရာမို့ Mind Stone ကိုထုတ်လိုက်ရုံနဲ့ Vision ပျောက်ကွယ်သွားမှာမဟုတ်ကြောင်း၊ Mind Stone နဲ့ Vision ရဲ့အသိစိတ်ကိုခွဲခြားဖို့ T’Challa (Black Panther) ရဲ့ညီမ Shuri ကကြိုးစားခဲ့ဖူးတာ Infinity War မှာမြင်ခဲ့ရပါတယ်။ အသိစိတ်ကိုခွဲထုတ်နေတုန်း Corvus Glaive ကဝင်တိုက်တဲ့အတွက် Shuri လက်စမသတ်နိုင်ခဲ့တာကိုပြထားတယ်။ ဒါပေမယ့်အကယ်၍ Shuri က Vision ရဲ့အသိဉာဏ်တစိတ်တဒေသလောက်ရယူထားနိုင်ခဲ့ပြီး ပြန်အသက်သွင်းဖို့ကြိုးစားမယ်ဆိုရင်ရော။
Tony ဟာသူ့အဖေ Howard Stark ရဲ့ဗြိတိသျှလူမျိုးအိမ်တော်ထိန်း Edwin Jarvis ကိုအခြေခံပြီး သူ့ရဲ့ AI စနစ် JARVIS ကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ ဒါကြောင့်ဒီစနစ်ကိုတည်ဆောက်နေတဲ့အချိန်မှာ Jarvis နဲ့ပတ်သက်တဲ့အမှတ်တရတွေပါနေနိုင်တယ်။ Jarvis ကစစ်ပြီးခေတ်အမေရိကမှာနေထိုင်ခဲ့သူပါ။ WandaVision ကလည်း ၁၉၅၀ ဝန်းကျင်က လူလတ်တန်းစားလင်မယား ၂ယောက်ရဲ့ဘဝဇာတ်လမ်းဖြစ်နေတယ်။ အဲ့ဒီအတွက် WandaVision ဟာ Vision ရဲ့စိတ်သန္တန်မှာထင်ဟပ်နေတဲ့အတွေးတွေကိုအခြေခံထားတဲ့ဇာတ်လမ်းဖြစ်လာနိုင်ပြီး တချိန်ချိန်မှာ Vision အသစ်တဖန်မွေးဖွားလာနိုင်ပါတယ်။ ဒါက fan theory ပဲဖြစ်တာမို့တကယ်ဟုတ်မဟုတ်ဆိုတာကတော့ စောင့်ကြည့်ကြရဦးမှာပါ။
ဒီစီးရီးဟာ ၂၀၂၁ မေလမှာထွက်ရှိဖို့စီစဉ်ထားတဲ့ Doctor Strange and the Multiverse of Madness နဲ့တိုက်ရိုက်ချိတ်ဆက်ထားမယ်လို့သိရတယ်။ ပြီးတော့ Wanda ကနေ Scarlet Witch ဆိုတဲ့နာမည်ရလာပုံကိုလည်း ဒီစီးရီးမှာတွေ့ရဦးမှာပါ။ အရင်က ၂၀၂၁ မှထုတ်လွှင့်မယ်လို့စီစဉ်ထားပေမယ့် ရက်စောပြီးဒီနှစ်ထဲမှာပဲထွက်ရှိလာမယ်လို့သိရပါတယ်။
Loki
Endgame မှာ Tesseract ကိုခိုးသွားပြီးနောက် အတိတ်ကိုခရီးသွားပြီးလူ့သမိုင်းကိုပြောင်းလဲဖို့ကြိုးစားတဲ့ Loki ကိုဒီစီးရီးမှာတွေ့ရမယ်။ Loki အဖြစ် Tom Hiddleston ပြန်ပါလာပြီး ဇာတ်ကောင်အသစ်အဖြစ် Owen Wilson ပါမယ်ဆိုတာကလွဲရင်ဒီစီးရီးနဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေမသိရသေးပါဘူး။ ၂၀၂၁ အစောပိုင်းလောက်မှာထွက်ရှိမယ်လို့သိရပါတယ်။ ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။