Advertisement

Jared Leto ပါ၀င္ထားတဲ့ Morbius superhero ရုပ္ရွင္ရဲ႕ trailer ကိုၾကည့္ျပီးၾကျပီထင္ပါတယ္။

ေသြးစုပ္ဖုတ္ေကာင္တေယာက္လိုစြမ္းအားေတြရွိတဲ့ Dr. Michael Morbius အျဖစ္ Leto ကသရုပ္ေဆာင္ထားတဲ့ဒီရုပ္ရွင္ဟာ Marvel Cinematic Universe နဲ႔ခ်ိတ္ဆက္မယ္လို႔ သတင္းေတြထြက္ေနတယ္။ Trailer ရဲ႕ေနာက္ဆံုးခန္းမွာလည္း Spider-Man: Homecoming ထဲမွာ Adrian Toomes (Vulture) အျဖစ္ပါ၀င္ထားတဲ့မင္းသားၾကီး Michael Keaton ကိုျမင္လိုက္ရလို႔ Spider-Man ကတဆင့္ MCU နဲ႔ခ်ိတ္ဆက္ႏုိင္တယ္လို႔ထင္ေၾကးေပးတဲ့သူေတြလည္းရွိေနပါတယ္။

ဒီေဆာင္းပါးမွာ Morbius ရဲ႕ေနာက္ေၾကာင္းရာဇ၀င္နဲ႔ MCU နဲ႔ခ်ိတ္ဆက္ႏုိင္တဲ့အလားအလာေတြကို ဖတ္ရမွာပါ။

Morbius, the Living Vampire

ဂရိႏုိင္ငံဇာတိ Michael Morbius ဟာထူးခၽြန္တဲ့ဇီ၀ဓာတုပညာရွင္တေယာက္ျဖစ္ျပီး ရွားပါးတဲ့ေမြးရာပါေသြးေရာဂါတမ်ိဳး ခံစားေနရသူပါ။ ေသြးအားနည္းမႈေၾကာင့္ သူ႔ရဲ႕အသားအရည္ကျဖဴေဖ်ာ့ေနျပီး ေျခေထာက္လည္းမသန္ဘူး။ ဒီေရာဂါကိုကုသဖို႔ေဆးပညာကိုသင္ယူခဲ့ျပီး ေသြးပညာ (haematology) ကိုပါအထူးျပဳေလ့လာခဲ့ပါတယ္။ ႏိုဘယ္ဆုလည္းရဖူးတယ္။

ေသြးစုပ္လင္းႏို႔ေတြကိုစမ္းသပ္ရင္း လွ်ပ္စစ္ေရွာ့ခ္ရိုက္တဲ့နည္းနဲ႔သူ႔ေရာဂါကိုကုသဖို႔ၾကိဳးစားရင္း မေအာင္ျမင္ခဲ့ဘဲလူတပိုင္းလင္းႏို႔တပိုင္းသတၱ၀ါအျဖစ္ေျပာင္းလဲသြားခဲ့ပါတယ္။ လင္းႏို႔တေကာင္လိုပ်ံသန္းႏိုင္စြမ္း၊ ပဲ့တင္သံကိုသံုးျပီးလမ္းေၾကာင္းရွာႏိုင္စြမ္း၊ အေမွာင္ထဲျမင္ႏိုင္စြမ္းေတြရသြားသလို ခြန္အားနဲ႔လ်င္ျမန္မႈပိုင္းမွာလည္းတုိးတက္လာတယ္။ ဒါေပမယ့္ လင္းႏို႔ေတြလိုပဲအလင္းေရာင္ကိုခံႏိုင္စြမ္းမရွိသလို ေသြးစုပ္မွအသက္ရွင္ႏိုင္တဲ့သူျဖစ္သြားပါတယ္။ ျပီးေတာ့ရုပ္ရည္သြင္ျပင္ကလည္းလင္းႏို႔တေကာင္လိုေျပာင္းလဲသြားခဲ့တယ္။

ဒါေပမယ့္သူကတျခားေသြးစုပ္ဖုတ္ေကာင္ေတြလို ၾကက္သြန္ျဖဴ၊ ေရမန္း၊ လက္၀ါးကပ္တုိင္လိုအရာေတြကို ေၾကာက္လန္႔ျခင္းမ်ိဳးမရွိဘူး။ ေနေရာင္ဒဏ္မခံႏိုင္ေပမယ့္ ေနေရာင္နဲ႔ထိလိုက္တာနဲ႔မီးကၽြမ္းသြားတာမ်ိဳးလည္းမရွိပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူကေသျပီးမွေမွာ္ပညာနဲ႔အသက္ျပန္၀င္လာျခင္းမ်ိဳးမဟုတ္ဘဲ အသက္ရွင္ေနတဲ့အခ်ိန္မွာ သိပၸံပညာေၾကာင့္ေသြးစုပ္လင္းႏို႔စြမ္းအင္ရသြားတဲ့အတြက္ေၾကာင့္ပါ။

Morbius နဲ႔ Spider-Man

အမွန္ေတာ့ Morbius ကို Spider-Man ရဲ႕ villain တေယာက္အျဖစ္ဖန္တီးခဲ့ျခင္းျဖစ္ပါတယ္။ ၁၉၇၁ခုႏွစ္ထုတ္ The Amazing Spider-Man အမွတ္ ၁၀၁ မွာစတင္ပါ၀င္လာခဲ့တယ္။

Peter Parker ဟာသူ႔ရဲ႕ပင့္ကူစြမ္းရည္ေတြကိုေဖ်ာက္ျပီး Gwen Stacy နဲ႔အတူသာမန္လူတေယာက္အျဖစ္ ေနထိုင္စမ္းသပ္မႈေတြလုပ္ရာကေန လက္ ၆ဘက္ထြက္လာပါတယ္။ သူ႔အေျခအေနကို Dr. Curtis Connors (Lizard) ကိုဖုန္းဆက္ေျပာရင္းအကူအညီေတာင္းေတာ့ Dr. Connors က Southampton ကမ္းေျခမွာရွိတဲ့သူ႔အိမ္မွာခဏေနႏိုင္ေၾကာင္းေျပာပါတယ္။

Peter လည္းသူ႔အေျခအေနကို Gwen နဲ႔ Aunty May တို႔ကိုမျမင္ေစခ်င္တဲ့အတြက္ Dr. Connors ရဲ႕အိမ္မွာခဏေနရင္းအိမ္ထဲကဓာတ္ခြဲခန္းမွာေျဖေဆးကိုေဖာ္စပ္ဖို႔ၾကိဳးစားေနတယ္။ အဲ့ဒီအခ်ိန္မွာပဲ ဂရိကေန အေမရိကကိုသေဘၤာနဲ႔ေရာက္လာတဲ့ Morbius ဟာေသြးဆာလာတဲ့အခ်ိန္မွာအသိစိတ္ေပ်ာက္သြားျပီး သေဘၤာေပၚကလူေတြအကုန္လံုးကိုသတ္လိုက္မိပါတယ္။ အသိစိတ္ျပန္၀င္လာတဲ့အခ်ိန္မွာ သူ႔ကိုယ္သူခြင့္မလႊတ္ႏုိင္ျဖစ္ျပီး ေရထဲခုန္ခ်သတ္ေသလိုက္တယ္။ ဒါေပမယ့္မေသဘဲ Southampton ကမ္းေျခကိုေရာက္လာတယ္။ အနီးအနားမွာေတြ႔တဲ့အိမ္ၾကီးတလံုးထဲ၀င္နားဖို႔လုပ္ရင္း Peter ရွိေနတဲ့အိမ္ထဲေရာက္လာပါေတာ့တယ္။

အဲ့ဒီမွာ Peter နဲ႔ ေသြးဆာေနတဲ့ Morbius တို႔တိုက္ခိုက္ေနတုန္း Dr. Connors ေရာက္လာတယ္။ Dr. Connors လည္း Lizard အျဖစ္ပံုေျပာင္းသြားျပီး Morbius ကိုက္တာခံလိုက္ရတယ္။ အဲ့ဒီမွာပဲ Morbius ရဲ႕ေသြးဟာ Dr. Connors ကိုသာမန္လူအျဖစ္ေခတၱေျပာင္းသြားေစႏိုင္ေၾကာင္းသတိထားမိျပီး Peter နဲ႔ Dr. Connors တို႔ဟာ Morbius ရဲ႕ေသြးနဲ႔သူတို႔ရဲ႕ခႏၶာကိုယ္ကိုကုစားပါေတာ့တယ္။

Morbius ဟာ Marvel ရုပ္ျပေတြမွာ ႏွစ္ ၂၀ေလာက္ villain အျဖစ္ antihero အျဖစ္ပါ၀င္ခဲ့ပါတယ္။ ၁၉၉၂ ခုႏွစ္ေရာက္မွ Morbius: The Living Vampire ဆိုတဲ့နာမည္နဲ႔ကိုယ္ပိုင္ဇာတ္လမ္းတခုျဖစ္လာတာပါ။

Morbius က MCU မွာဘယ္လိုပါ၀င္ႏုိင္လဲ

Spider-Man နဲ႔ပတ္သက္တဲ့ဇာတ္ေကာင္ေတြအားလံုးရဲ႕လိုင္စင္ကိုခ်ဳပ္ကိုင္ထားတဲ့ Sony က Morbius ကို ထုတ္လုပ္မွာျဖစ္တဲ့အတြက္ Morbius ဟာ Spider-Man ရုပ္ရွင္ေတြကေနတဆင့္ MCU ထဲေရာက္လာႏုိင္ပါတယ္။

ျပီးေတာ့ Morbius ဟာ Far from Home ရုပ္ရွင္အျပီးမွာဇာတ္အိမ္တည္ထားတယ္လို႔ယူဆရတယ္။ ဘာလို႔လဲဆိုေတာ့ trailer ထဲမွာ ေထာင္၀တ္စံုနဲ႔ Morbius ရဲ႕ေဘးကနံရံမွာ Spider-Man ပံုနဲ႔ MURDERER (လူသတ္သမား) လို႔ေရးထားတဲ့ျပကြက္ကုိေတြ႔ရပါတယ္။ Far from Home မွာ Mysterio ကသူ႔ကိုသတ္ျပီး drone attack ကိုၾကိဳးကိုင္သူဟာ Spidey လို႔စြပ္စြဲထားတယ္။ Spider-Man ကိုလူသတ္သမားအျဖစ္အထင္လြဲေနတဲ့ပတ္၀န္းက်င္ကို Morbius မွာျပထားတဲ့အတြက္ Far from Home ေနာက္ပိုင္းမွာဇာတ္အိမ္တည္ထားတာျဖစ္ႏုိင္ပါတယ္။

Jared Leto ကသူ႔ Instagram မွာ “Research. Back on set.” ဆိုတဲ့စာသားနဲ႔ Legion of Monsters ရုပ္ျပဖတ္ေနတဲ့ပံုတင္ထားတာကိုၾကည့္ျပီး Morbius ဟာ Legion of Monsters ဇာတ္ေကာင္ေတြရဲ႕ပထမဆံုးေျခလွမ္းလည္းျဖစ္ႏုိင္တယ္လို႔သံုးသပ္လိုက္ရပါတယ္ခင္ဗ်ား။

Unicode

Jared Leto ပါဝင်ထားတဲ့ Morbius superhero ရုပ်ရှင်ရဲ့ trailer ကိုကြည့်ပြီးကြပြီထင်ပါတယ်။

သွေးစုပ်ဖုတ်ကောင်တယောက်လိုစွမ်းအားတွေရှိတဲ့ Dr. Michael Morbius အဖြစ် Leto ကသရုပ်ဆောင်ထားတဲ့ဒီရုပ်ရှင်ဟာ Marvel Cinematic Universe နဲ့ချိတ်ဆက်မယ်လို့ သတင်းတွေထွက်နေတယ်။ Trailer ရဲ့နောက်ဆုံးခန်းမှာလည်း Spider-Man: Homecoming ထဲမှာ Adrian Toomes (Vulture) အဖြစ်ပါဝင်ထားတဲ့မင်းသားကြီး Michael Keaton ကိုမြင်လိုက်ရလို့ Spider-Man ကတဆင့် MCU နဲ့ချိတ်ဆက်နိုင်တယ်လို့ထင်ကြေးပေးတဲ့သူတွေလည်းရှိနေပါတယ်။

ဒီဆောင်းပါးမှာ Morbius ရဲ့နောက်ကြောင်းရာဇဝင်နဲ့ MCU နဲ့ချိတ်ဆက်နိုင်တဲ့အလားအလာတွေကို ဖတ်ရမှာပါ။

Morbius, the Living Vampire

ဂရိနိုင်ငံဇာတိ Michael Morbius ဟာထူးချွန်တဲ့ဇီဝဓာတုပညာရှင်တယောက်ဖြစ်ပြီး ရှားပါးတဲ့မွေးရာပါသွေးရောဂါတမျိုး ခံစားနေရသူပါ။ သွေးအားနည်းမှုကြောင့် သူ့ရဲ့အသားအရည်ကဖြူဖျော့နေပြီး ခြေထောက်လည်းမသန်ဘူး။ ဒီရောဂါကိုကုသဖို့ဆေးပညာကိုသင်ယူခဲ့ပြီး သွေးပညာ (haematology) ကိုပါအထူးပြုလေ့လာခဲ့ပါတယ်။ နိုဘယ်ဆုလည်းရဖူးတယ်။

သွေးစုပ်လင်းနို့တွေကိုစမ်းသပ်ရင်း လျှပ်စစ်ရှော့ခ်ရိုက်တဲ့နည်းနဲ့သူ့ရောဂါကိုကုသဖို့ကြိုးစားရင်း မအောင်မြင်ခဲ့ဘဲလူတပိုင်းလင်းနို့တပိုင်းသတ္တဝါအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ လင်းနို့တကောင်လိုပျံသန်းနိုင်စွမ်း၊ ပဲ့တင်သံကိုသုံးပြီးလမ်းကြောင်းရှာနိုင်စွမ်း၊ အမှောင်ထဲမြင်နိုင်စွမ်းတွေရသွားသလို ခွန်အားနဲ့လျင်မြန်မှုပိုင်းမှာလည်းတိုးတက်လာတယ်။ ဒါပေမယ့် လင်းနို့တွေလိုပဲအလင်းရောင်ကိုခံနိုင်စွမ်းမရှိသလို သွေးစုပ်မှအသက်ရှင်နိုင်တဲ့သူဖြစ်သွားပါတယ်။ ပြီးတော့ရုပ်ရည်သွင်ပြင်ကလည်းလင်းနို့တကောင်လိုပြောင်းလဲသွားခဲ့တယ်။

ဒါပေမယ့်သူကတခြားသွေးစုပ်ဖုတ်ကောင်တွေလို ကြက်သွန်ဖြူ၊ ရေမန်း၊ လက်ဝါးကပ်တိုင်လိုအရာတွေကို ကြောက်လန့်ခြင်းမျိုးမရှိဘူး။ နေရောင်ဒဏ်မခံနိုင်ပေမယ့် နေရောင်နဲ့ထိလိုက်တာနဲ့မီးကျွမ်းသွားတာမျိုးလည်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကသေပြီးမှမှော်ပညာနဲ့အသက်ပြန်ဝင်လာခြင်းမျိုးမဟုတ်ဘဲ အသက်ရှင်နေတဲ့အချိန်မှာ သိပ္ပံပညာကြောင့်သွေးစုပ်လင်းနို့စွမ်းအင်ရသွားတဲ့အတွက်ကြောင့်ပါ။

Morbius နဲ့ Spider-Man

အမှန်တော့ Morbius ကို Spider-Man ရဲ့ villain တယောက်အဖြစ်ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၇၁ခုနှစ်ထုတ် The Amazing Spider-Man အမှတ် ၁၀၁ မှာစတင်ပါဝင်လာခဲ့တယ်။

Peter Parker ဟာသူ့ရဲ့ပင့်ကူစွမ်းရည်တွေကိုဖျောက်ပြီး Gwen Stacy နဲ့အတူသာမန်လူတယောက်အဖြစ် နေထိုင်စမ်းသပ်မှုတွေလုပ်ရာကနေ လက် ၆ဘက်ထွက်လာပါတယ်။ သူ့အခြေအနေကို Dr. Curtis Connors (Lizard) ကိုဖုန်းဆက်ပြောရင်းအကူအညီတောင်းတော့ Dr. Connors က Southampton ကမ်းခြေမှာရှိတဲ့သူ့အိမ်မှာခဏနေနိုင်ကြောင်းပြောပါတယ်။

Peter လည်းသူ့အခြေအနေကို Gwen နဲ့ Aunty May တို့ကိုမမြင်စေချင်တဲ့အတွက် Dr. Connors ရဲ့အိမ်မှာခဏနေရင်းအိမ်ထဲကဓာတ်ခွဲခန်းမှာဖြေဆေးကိုဖော်စပ်ဖို့ကြိုးစားနေတယ်။ အဲ့ဒီအချိန်မှာပဲ ဂရိကနေ အမေရိကကိုသင်္ဘောနဲ့ရောက်လာတဲ့ Morbius ဟာသွေးဆာလာတဲ့အချိန်မှာအသိစိတ်ပျောက်သွားပြီး သင်္ဘောပေါ်ကလူတွေအကုန်လုံးကိုသတ်လိုက်မိပါတယ်။ အသိစိတ်ပြန်ဝင်လာတဲ့အချိန်မှာ သူ့ကိုယ်သူခွင့်မလွှတ်နိုင်ဖြစ်ပြီး ရေထဲခုန်ချသတ်သေလိုက်တယ်။ ဒါပေမယ့်မသေဘဲ Southampton ကမ်းခြေကိုရောက်လာတယ်။ အနီးအနားမှာတွေ့တဲ့အိမ်ကြီးတလုံးထဲဝင်နားဖို့လုပ်ရင်း Peter ရှိနေတဲ့အိမ်ထဲရောက်လာပါတော့တယ်။

အဲ့ဒီမှာ Peter နဲ့ သွေးဆာနေတဲ့ Morbius တို့တိုက်ခိုက်နေတုန်း Dr. Connors ရောက်လာတယ်။ Dr. Connors လည်း Lizard အဖြစ်ပုံပြောင်းသွားပြီး Morbius ကိုက်တာခံလိုက်ရတယ်။ အဲ့ဒီမှာပဲ Morbius ရဲ့သွေးဟာ Dr. Connors ကိုသာမန်လူအဖြစ်ခေတ္တပြောင်းသွားစေနိုင်ကြောင်းသတိထားမိပြီး Peter နဲ့ Dr. Connors တို့ဟာ Morbius ရဲ့သွေးနဲ့သူတို့ရဲ့ခန္ဓာကိုယ်ကိုကုစားပါတော့တယ်။

Morbius ဟာ Marvel ရုပ်ပြတွေမှာ နှစ် ၂၀လောက် villain အဖြစ် antihero အဖြစ်ပါဝင်ခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်ရောက်မှ Morbius: The Living Vampire ဆိုတဲ့နာမည်နဲ့ကိုယ်ပိုင်ဇာတ်လမ်းတခုဖြစ်လာတာပါ။

Morbius က MCU မှာဘယ်လိုပါဝင်နိုင်လဲ

Spider-Man နဲ့ပတ်သက်တဲ့ဇာတ်ကောင်တွေအားလုံးရဲ့လိုင်စင်ကိုချုပ်ကိုင်ထားတဲ့ Sony က Morbius ကို ထုတ်လုပ်မှာဖြစ်တဲ့အတွက် Morbius ဟာ Spider-Man ရုပ်ရှင်တွေကနေတဆင့် MCU ထဲရောက်လာနိုင်ပါတယ်။

ပြီးတော့ Morbius ဟာ Far from Home ရုပ်ရှင်အပြီးမှာဇာတ်အိမ်တည်ထားတယ်လို့ယူဆရတယ်။ ဘာလို့လဲဆိုတော့ trailer ထဲမှာ ထောင်ဝတ်စုံနဲ့ Morbius ရဲ့ဘေးကနံရံမှာ Spider-Man ပုံနဲ့ MURDERER (လူသတ်သမား) လို့ရေးထားတဲ့ပြကွက်ကိုတွေ့ရပါတယ်။ Far from Home မှာ Mysterio ကသူ့ကိုသတ်ပြီး drone attack ကိုကြိုးကိုင်သူဟာ Spidey လို့စွပ်စွဲထားတယ်။ Spider-Man ကိုလူသတ်သမားအဖြစ်အထင်လွဲနေတဲ့ပတ်ဝန်းကျင်ကို Morbius မှာပြထားတဲ့အတွက် Far from Home နောက်ပိုင်းမှာဇာတ်အိမ်တည်ထားတာဖြစ်နိုင်ပါတယ်။

Jared Leto ကသူ့ Instagram မှာ “Research. Back on set.” ဆိုတဲ့စာသားနဲ့ Legion of Monsters ရုပ်ပြဖတ်နေတဲ့ပုံတင်ထားတာကိုကြည့်ပြီး Morbius ဟာ Legion of Monsters ဇာတ်ကောင်တွေရဲ့ပထမဆုံးခြေလှမ်းလည်းဖြစ်နိုင်တယ်လို့သုံးသပ်လိုက်ရပါတယ်ခင်ဗျား။

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here