Zawgyi
ရန္ကုန္ေလထုအရည္အေသြးေလ်ာ့က်လာတယ္ဆိုတာ သတင္းေတြမွာခဏခဏဖတ္ေနရလို႔ ပရိသတ္ေတြသတိထားမိျပီးျဖစ္မွာပါ။ ဒီသတင္းေတြနဲ႔ပတ္သက္ရင္ မီဒီယာေတာ္ေတာ္မ်ားမ်ားကို အေရးပါတဲ့ကိန္းဂဏန္းအခ်က္အလက္ေတြေထာက္ပံ့ေပးေနတာကေတာ့ Air Quality Yangon (AQY) ဆိုတဲ့ အဖြဲ႔ေလးျဖစ္ပါတယ္။ သူတို႔ရဲ႕ Facebook page မွာ ေလထုအရည္အေသြးတိုင္းတာခ်က္ေတြကို မနက္တၾကိမ္ ညတၾကိမ္ ၾကည့္လို႔ရေနပါျပီ။
ဒီလိုအေရးၾကီးတဲ့က်န္းမာေရးဆိုင္ရာအခ်က္အလက္ေတြကိုပံ့ပိုးေပးေနတဲ့ AQY ကိုလူေတြအမ်ားၾကီးနဲ႔ လည္ပတ္လႈပ္ရွားေနတယ္လို႔ထင္ရင္မွားပါလိမ့္မယ္။ တကယ္ေတာ့ AQY ဟာအသက္ ၁၇ႏွစ္နဲ႔ ၂၀ၾကား ေက်ာင္းသူေက်ာင္းသား ၆ေယာက္နဲ႔လည္ပတ္ေနတာပါ။
သူတို႔ေတြဟာဆရာျဖစ္သူ Dr. Kirt Page ရဲ႕လမ္းညႊန္မႈေအာက္မွာ ရန္ကုန္ေလထုညစ္ညမ္းမႈနဲ႔ပတ္သက္ျပီး ျပည္သူလူထုကိုအသိပညာေတြေပးဖို႔ AQY ကိုဖြဲ႔စည္းခဲ့ပါတယ္။ Dr. Page ဟာ ရန္ကုန္ကိုေျပာင္းေရႊ႕လာတဲ့အခ်ိန္မွာ သူ႔လည္ေခ်ာင္းထဲစပ္ဖ်ဥ္းဖ်ဥ္းျဖစ္ေနတာကိုသတိထားမိခဲ့တယ္။ ဒါဟာသူရွဴသြင္းေနတဲ့ေလထဲမွာျပႆနာတခုခုရွိေနလို႔ျဖစ္ေၾကာင္းသေဘာေပါက္ေပမယ့္ ေလထုရဲ႕အရည္အေသြးကိုတုိင္းတာဖို႔စက္ကိရိယာေတြ၊ ကိန္းဂဏန္းေတြမရွိတဲ့အတြက္ ေလအရည္အေသြးတိုင္းတာေရးစက္ေတြတပ္ဆင္ဖို႔ အရင္ဆံုးၾကိဳးစားခဲ့ပါတယ္။ အဲ့ဒီမွာ ေျပာင္းလဲမႈေတြလုပ္ဖို႔စိတ္အားထက္သန္တဲ့ေက်ာင္းသူေက်ာင္းသား ၆ေယာက္နဲ႔အတူ AQY ျဖစ္ေပၚလာပါေတာ့တယ္။

ဒီအင္တာဗ်ဴးမွာ AQY ရဲ႕ၾကိဳးစားမႈေတြနဲ႔ေရွ႕ဆက္လုပ္မယ့္အစီအစဥ္ေတြအေၾကာင္းေမးျမန္းထားပါတယ္။
၁) ဆိုရွယ္မီဒီယာေပၚမွာေလထုညစ္ညမ္းမႈနဲ႔ပတ္သက္တဲ့သတင္းေတြပိုေတြ႔လာရတယ္။ ဒါဟာေလထုအရည္အေသြးကအရင္ကထက္ဆိုးရြားလာလို႔လား၊ သဘာ၀ပတ္၀န္းက်င္ဆိုင္ရာလႈပ္ရွားမႈေတြေၾကာင့္ မီဒီယာကပိုျပီးအာရံုစိုက္လာလို႔လား။
တကမာၻလံုးအတုိင္းအတာနဲ႔ေျပာရရင္ေလထုအရည္အေသြးကပိုမိုဆိုးရြားလာတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔အစည္း (WHO) ကလည္းေျပာထားပါတယ္။ 2019 World Environment Day မွာလည္း ေလထုညစ္ညမ္းမႈကိုအဓိကေဆြးေႏြးသြားခဲ့တယ္။ ဒီလႈပ္ရွားမႈေတြကေနတဆင့္ေလထုညစ္ညမ္းမႈအေၾကာင္းလူေတြပိုသတိထားမိလာတာလို႔ထင္ပါတယ္။
၂) ရန္ကုန္ရဲ႕ေလထုအရည္အေသြးက်ဆင္းလာမႈကို ဘယ္အခ်ိန္ေလာက္မွာစသတိထားမိခဲ့ပါသလဲ။
ေလထုညစ္ညမ္းေနျပီဆိုတာရန္ကုန္မွာေနတဲ့သူေတြအားလံုးတခ်ိန္မဟုတ္တခ်ိန္သတိထားမိလာၾကမွာပါ။ ဒါေပမယ့္ဘယ္အတုိင္းအတာထိညစ္ညမ္းေနျပီဆိုတာေျပာဖို႔ အခ်က္အလက္ေတြလိုပါတယ္။ ဒါေၾကာင့္လည္း ဒီအဖြဲ႕ကိုဖြဲ႕ျဖစ္ခဲ့တာ။ ရာသီအလိုက္ေလထုအရည္အေသြးအတက္အက်ေတြကိုတုိင္းတာေနတယ္။ သိသိသာသာအရည္အေသြးက်သြားျပီိလို႔ဆံုးျဖတ္ဖို႔ကေတာ့ေစာပါေသးတယ္။

၃) ေလထုအရည္အေသြးနဲ႔ပတ္သက္ျပီးလႈပ္ရွားမႈဘယ္ႏွခုလုပ္ခဲ့ျပီးျပီလဲ။
“တို႔ရွဴတဲ့ေလသတိျပဳၾကေစ” ဆုိတဲ့လႈပ္ရွားမႈကို Bridge နဲ႔ Save the Children တို႔နဲ႔ပူးေပါင္းျပီးလုပ္ခဲ့ဖူးပါတယ္။
၄) ေလအရည္အေသြးတုိင္းတာေရးစက္ ၉ခုကိုရန္ကုန္ျမိဳ႕အႏွံ႔တပ္ဆင္ထားတယ္လို႔သိရတယ္။ အဲ့ဒီအေၾကာင္းေျပာျပေပးပါဦး။
ဒီအစီအစဥ္ကို ၂၀၁၈ခုႏွစ္ စက္တင္ဘာမွာစတင္ခဲ့တာပါ။ Professor ကေနတဆင့္အေမရိကန္သံရံုးက ေငြေၾကးေထာက္ပံ့ေပးခဲ့ပါတယ္။ ၂၀၁၉မွာ Save the Children က AQY ရဲ႕လႈပ္ရွားမႈေတြကိုပံ့ပိုးကူညီေပးခဲ့ျပီး တိုင္းတာေရးစက္ေတြကိုလည္းေထာက္ပံ့ေပးခဲ့တယ္။ အခုဆိုမႏၱေလးနဲ႔ေတာင္ၾကီးမွာပါတပ္ဆင္ႏိုင္ခဲ့ပါျပီ။
၅) ဘယ္အရာေတြကရန္ကုန္ေလထုကိုအဓိကညစ္ညမ္းေစတာလဲ။
ပညာရွင္ေတြနဲ႔အတိအက်မစစ္ေဆးႏုိင္ေသးတ့ဲအတြက္အဓိကအေၾကာင္းရင္းကိုေတာ့ မေျပာႏုိင္ေသးပါဘူး။ ေလထုညစ္ညမ္းေစတဲ့အေၾကာင္းအရာေတြအမ်ားၾကီးရွိျပီး အဲ့ဒီထဲကမွ အမႈိက္မီးရႈိ႕ျခင္းကအဓိကအေၾကာင္းရင္းတခုျဖစ္လိမ့္မယ္လို႔သံသယရွိပါတယ္။ ေဆာင္းတြင္းမွာ အပူခ်ိန္ေလ်ာ့နည္းသြားတဲ့အခါ ေလထုကေအးျပီးေအာက္ကိုသက္ဆင္းလာတယ္။ အဲ့ဒီေတာ့ သူနဲ႔အတူပါလာတဲ့အညစ္အေၾကးအမႈန္အမႊားေတြက ေျမျပင္နဲ႔နီးကပ္တဲ့ေနရာမွာအနည္ထိုင္သြားပါတယ္။ ေလထုညစ္ညမ္းမႈကိုေလွ်ာ့ခ်ဖို႔ဆိုတာေရရွည္လုပ္ေဆာင္ရမွာျဖစ္ျပီး လူတိုင္းပါ၀င္ကူညီဖို႔လိုတယ္။ AQY အေနနဲ႔ေလထုညစ္ညမ္းေစမယ့္အရာေတြကိုေလွ်ာ့ၾကဖို႔အသိပညာေပးေနပါတယ္။

၆) AQY နဲ႔ပူးေပါင္းလုပ္ကိုင္ေနတဲ့အစိုးရအဖြဲ႔အစည္းေတြရွိပါသလား။
အခုထိ AQY ဟာလူငယ္ေတြနဲ႔လည္ပတ္ေနျပီးအမွီအခိုကင္းတဲ့အဖြဲ႔အစည္းျဖစ္ပါတယ္။
၇) အနာဂတ္မွာဘယ္လိုစီမံကိန္းေတြစီစဥ္ထားပါသလဲ။
ေလထုညစ္ညမ္းမႈနဲ႔ပတ္သက္ျပီးအသိပညာေတြျဖန္႔ေ၀တဲ့ေနရာမွာတျခားေက်ာင္းသားေတြ အဖြဲ႔အစည္းေတြနဲ႔ပူးေပါင္းေဆာင္ရြက္သြားဖို႔ရွိပါတယ္။
cleanairmm.com မွာရန္ကုန္ရဲ႕ေလအရည္အေသြးကိုအခ်ိန္နဲ႔တေျပးညီေစာင့္ၾကည့္ႏိုင္ပါတယ္။
Photos source: Air Quality Yangon Facebook
Unicode
ရန်ကုန်လေထုအရည်အသွေးလျော့ကျလာတယ်ဆိုတာ သတင်းတွေမှာခဏခဏဖတ်နေရလို့ ပရိသတ်တွေသတိထားမိပြီးဖြစ်မှာပါ။ ဒီသတင်းတွေနဲ့ပတ်သက်ရင် မီဒီယာတော်တော်များများကို အရေးပါတဲ့ကိန်းဂဏန်းအချက်အလက်တွေထောက်ပံ့ပေးနေတာကတော့ Air Quality Yangon (AQY) ဆိုတဲ့ အဖွဲ့လေးဖြစ်ပါတယ်။ သူတို့ရဲ့ Facebook page မှာ လေထုအရည်အသွေးတိုင်းတာချက်တွေကို မနက်တကြိမ် ညတကြိမ် ကြည့်လို့ရနေပါပြီ။
ဒီလိုအရေးကြီးတဲ့ကျန်းမာရေးဆိုင်ရာအချက်အလက်တွေကိုပံ့ပိုးပေးနေတဲ့ AQY ကိုလူတွေအများကြီးနဲ့ လည်ပတ်လှုပ်ရှားနေတယ်လို့ထင်ရင်မှားပါလိမ့်မယ်။ တကယ်တော့ AQY ဟာအသက် ၁၇နှစ်နဲ့ ၂၀ကြား ကျောင်းသူကျောင်းသား ၆ယောက်နဲ့လည်ပတ်နေတာပါ။
သူတို့တွေဟာဆရာဖြစ်သူ Dr. Kirt Page ရဲ့လမ်းညွှန်မှုအောက်မှာ ရန်ကုန်လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး ပြည်သူလူထုကိုအသိပညာတွေပေးဖို့ AQY ကိုဖွဲ့စည်းခဲ့ပါတယ်။ Dr. Page ဟာ ရန်ကုန်ကိုပြောင်းရွှေ့လာတဲ့အချိန်မှာ သူ့လည်ချောင်းထဲစပ်ဖျဉ်းဖျဉ်းဖြစ်နေတာကိုသတိထားမိခဲ့တယ်။ ဒါဟာသူရှူသွင်းနေတဲ့လေထဲမှာပြဿနာတခုခုရှိနေလို့ဖြစ်ကြောင်းသဘောပေါက်ပေမယ့် လေထုရဲ့အရည်အသွေးကိုတိုင်းတာဖို့စက်ကိရိယာတွေ၊ ကိန်းဂဏန်းတွေမရှိတဲ့အတွက် လေအရည်အသွေးတိုင်းတာရေးစက်တွေတပ်ဆင်ဖို့ အရင်ဆုံးကြိုးစားခဲ့ပါတယ်။ အဲ့ဒီမှာ ပြောင်းလဲမှုတွေလုပ်ဖို့စိတ်အားထက်သန်တဲ့ကျောင်းသူကျောင်းသား ၆ယောက်နဲ့အတူ AQY ဖြစ်ပေါ်လာပါတော့တယ်။
ဒီအင်တာဗျူးမှာ AQY ရဲ့ကြိုးစားမှုတွေနဲ့ရှေ့ဆက်လုပ်မယ့်အစီအစဉ်တွေအကြောင်းမေးမြန်းထားပါတယ်။
၁) ဆိုရှယ်မီဒီယာပေါ်မှာလေထုညစ်ညမ်းမှုနဲ့ပတ်သက်တဲ့သတင်းတွေပိုတွေ့လာရတယ်။ ဒါဟာလေထုအရည်အသွေးကအရင်ကထက်ဆိုးရွားလာလို့လား၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားမှုတွေကြောင့် မီဒီယာကပိုပြီးအာရုံစိုက်လာလို့လား။
တကမ္ဘာလုံးအတိုင်းအတာနဲ့ပြောရရင်လေထုအရည်အသွေးကပိုမိုဆိုးရွားလာတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်းပြောထားပါတယ်။ 2019 World Environment Day မှာလည်း လေထုညစ်ညမ်းမှုကိုအဓိကဆွေးနွေးသွားခဲ့တယ်။ ဒီလှုပ်ရှားမှုတွေကနေတဆင့်လေထုညစ်ညမ်းမှုအကြောင်းလူတွေပိုသတိထားမိလာတာလို့ထင်ပါတယ်။
၂) ရန်ကုန်ရဲ့လေထုအရည်အသွေးကျဆင်းလာမှုကို ဘယ်အချိန်လောက်မှာစသတိထားမိခဲ့ပါသလဲ။
လေထုညစ်ညမ်းနေပြီဆိုတာရန်ကုန်မှာနေတဲ့သူတွေအားလုံးတချိန်မဟုတ်တချိန်သတိထားမိလာကြမှာပါ။ ဒါပေမယ့်ဘယ်အတိုင်းအတာထိညစ်ညမ်းနေပြီဆိုတာပြောဖို့ အချက်အလက်တွေလိုပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့ကိုဖွဲ့ဖြစ်ခဲ့တာ။ ရာသီအလိုက်လေထုအရည်အသွေးအတက်အကျတွေကိုတိုင်းတာနေတယ်။ သိသိသာသာအရည်အသွေးကျသွားပြီလို့ဆုံးဖြတ်ဖို့ကတော့စောပါသေးတယ်။
၃) လေထုအရည်အသွေးနဲ့ပတ်သက်ပြီးလှုပ်ရှားမှုဘယ်နှခုလုပ်ခဲ့ပြီးပြီလဲ။
“တို့ရှူတဲ့လေသတိပြုကြစေ” ဆိုတဲ့လှုပ်ရှားမှုကို Bridge နဲ့ Save the Children တို့နဲ့ပူးပေါင်းပြီးလုပ်ခဲ့ဖူးပါတယ်။
၄) လေအရည်အသွေးတိုင်းတာရေးစက် ၉ခုကိုရန်ကုန်မြို့အနှံ့တပ်ဆင်ထားတယ်လို့သိရတယ်။ အဲ့ဒီအကြောင်းပြောပြပေးပါဦး။
ဒီအစီအစဉ်ကို ၂၀၁၈ခုနှစ် စက်တင်ဘာမှာစတင်ခဲ့တာပါ။ Professor ကနေတဆင့်အမေရိကန်သံရုံးက ငွေကြေးထောက်ပံ့ပေးခဲ့ပါတယ်။ ၂၀၁၉မှာ Save the Children က AQY ရဲ့လှုပ်ရှားမှုတွေကိုပံ့ပိုးကူညီပေးခဲ့ပြီး တိုင်းတာရေးစက်တွေကိုလည်းထောက်ပံ့ပေးခဲ့တယ်။ အခုဆိုမန္တလေးနဲ့တောင်ကြီးမှာပါတပ်ဆင်နိုင်ခဲ့ပါပြီ။
၅) ဘယ်အရာတွေကရန်ကုန်လေထုကိုအဓိကညစ်ညမ်းစေတာလဲ။
ပညာရှင်တွေနဲ့အတိအကျမစစ်ဆေးနိုင်သေးတဲ့အတွက်အဓိကအကြောင်းရင်းကိုတော့ မပြောနိုင်သေးပါဘူး။ လေထုညစ်ညမ်းစေတဲ့အကြောင်းအရာတွေအများကြီးရှိပြီး အဲ့ဒီထဲကမှ အမှိုက်မီးရှို့ခြင်းကအဓိကအကြောင်းရင်းတခုဖြစ်လိမ့်မယ်လို့သံသယရှိပါတယ်။ ဆောင်းတွင်းမှာ အပူချိန်လျော့နည်းသွားတဲ့အခါ လေထုကအေးပြီးအောက်ကိုသက်ဆင်းလာတယ်။ အဲ့ဒီတော့ သူနဲ့အတူပါလာတဲ့အညစ်အကြေးအမှုန်အမွှားတွေက မြေပြင်နဲ့နီးကပ်တဲ့နေရာမှာအနည်ထိုင်သွားပါတယ်။ လေထုညစ်ညမ်းမှုကိုလျှော့ချဖို့ဆိုတာရေရှည်လုပ်ဆောင်ရမှာဖြစ်ပြီး လူတိုင်းပါဝင်ကူညီဖို့လိုတယ်။ AQY အနေနဲ့လေထုညစ်ညမ်းစေမယ့်အရာတွေကိုလျှော့ကြဖို့အသိပညာပေးနေပါတယ်။
၆) AQY နဲ့ပူးပေါင်းလုပ်ကိုင်နေတဲ့အစိုးရအဖွဲ့အစည်းတွေရှိပါသလား။
အခုထိ AQY ဟာလူငယ်တွေနဲ့လည်ပတ်နေပြီးအမှီအခိုကင်းတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။
၇) အနာဂတ်မှာဘယ်လိုစီမံကိန်းတွေစီစဉ်ထားပါသလဲ။
လေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီးအသိပညာတွေဖြန့်ဝေတဲ့နေရာမှာတခြားကျောင်းသားတွေ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။
cleanairmm.com မှာရန်ကုန်ရဲ့လေအရည်အသွေးကိုအချိန်နဲ့တပြေးညီစောင့်ကြည့်နိုင်ပါတယ်။
Photos source: Air Quality Yangon Facebook