ဆေးတက္ကသိုလ်တက်ပြီး ဆရာဝန်တစ်ယောက်ဖြစ်လာပေမဲ့ တကယ်က ဂီတသမားတစ်ယောက်ဖြစ်ဖို့ကိုပဲ ပိုပြီးစိတ်အားသန်တာ။ အဲဒါကြောင့် ကိုယ့်ရဲ့အချိန်တွေကုန်လုံးကို သီချင်းတွေ၊သံစဉ်တွေဖန်တီးဖို့အတွက်ပဲ သုံးဖြစ်တော့တယ် လို့ ၂၀၁၀ Melody World သီချင်းဆိုပြိုင်ပွဲရဲ့ Winnerနဲ့ လက်ရှိ မြန်မာနိုင်ငံမှာအအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ဦးဖြစ်သူ ဖြိုးပြည့်စုံ က ပြောပြပါတယ်။ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးသီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ မျှော်နိုင်သမျှ သီချင်းရဲ့ပိုင်ရှင်က သူ့ရဲ့ဘဝနေထိုင်ဖြတ်သန်းမှုနဲ့ ဂီတခံယူချက်တွေကိုလည်း မချွင်းမချန် ဖွင့်ဟပြောပြခဲ့ပါသေးတယ်။
Melody World မှာ အသံစစ်ဆေးမှုမလုပ်ရခင်အထိ သူ့ရဲ့ဂီတအပေါ်စိတ်ပါဝင်စားမှုကို မသိထားခဲ့သေးပါဘူး။ ဦးလေးတွေ အဒေါ်တွေနဲ့အတူနေခဲ့တဲ့ ကလေးဘဝမှာတော့ စိုင်းထီးဆိုင်၊ မေဆွိနဲ့ ဟေမာနေဝင်းတို့ရဲ့သီချင်းတွေက သူ့ရဲ့အသည်းစွဲသီချင်းတွေပါ။ “ဟိုတုန်းက တီဗွီမှာလာတဲ့ စက္ကန့် ၃၀ စာကြော်ငြာသီချင်းအကုန်လုံးကို အခုထိရနေသေးတယ်” လို့ ရယ်မောရင်းပြောပါတယ်။

ပြိုင်ပွဲမတိုင်ခင်က သီချင်းဆိုဖူးတဲ့အတွေ့အကြုံမရှိခဲ့တာကြောင့် Melody World Audition Period အတွက် ဆရာဦးစောနုရဲ့ အဆိုသင်တန်းမှာ သီချင်းသီဆိုမှုနည်းစနစ်တွေကို ၃ လကြာလေ့လာသင်ယူခဲ့ပါတယ်။ အဲဒီနောက်တော့ အဆိုသင်တန်းမှာလေ့လာသင်ယူခဲ့မှုနဲ့ ပင်ကိုဂီတပါရမီအခြေခံတွေက သူ့ကို အဆိုတော် နွဲ့ယဉ်ဝင်း၊ တေးရေး မြင့်မိုးအောင်တို့လို နာမည်ကြီးဒိုင်တွေအကဲဖြတ်စိစစ်တဲ့အဆင့်ကို ရောက်ရှိစေခဲ့ပါတယ်။
“Melody World မှာပြိုင်ခဲ့ရတာက တကယ့်အတွေ့အကြုံကောင်းတစ်ခုပါပဲ။ audition မှာ တော်တော်လေးအခက်အခဲကြုံခဲ့ရတာတွေတော့ ရှိခဲ့တာပေါ့လေ”
ဒုတိယအဆင့်ပြိုင်ပွဲမဝင်ခင် ၅ လအလိုမှာ မိခင်ဖြစ်သူ ရုတ်တရက်ကွယ်လွန်သွားတာကတော့ သူ့အတွက် လုံးဝမမျှော်လင့်ထားတဲ့အလှည့်အပြောင်းတစ်ခုပါ။ ဒါပေမဲ့လည်း ဆွေမျိုးတွေရဲ့ အားပေးတိုက်တွန်းမှုတွေနဲ့အတူ ပြိုင်ပွဲအပြီးထိ သူဆက်ပြိုင်ခဲ့ပါတယ်။
အဆိုးထဲကအကောင်းလို့ဆိုရမလိုပဲ ဇော်ပိုင်ရဲ့ မေ့လိုက်ကြမလား သီချင်းနဲ့ ယှဉ်ပြိုင်တဲ့ ဒုတိယအဆင့်မှာ သူက 1st runner up ဖြစ်ခဲ့ပါတယ်။ တတိယအဆင့်မှာတေ့ာ တူးတူးရဲ့ အသည်းရက်စက်တယ် သီချင်းနဲ့ဆက်လက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီနောက် 2010 Melody World ရဲ့ Winner ဖြစ်လာတဲ့ထိအောင် သူ့ရဲ့အရည်အသွေးက လင်းလက်တောက်ပလာခဲ့ပါတယ်။
Pop သီချင်းတွေနားထောင်တာပိုများလို့ သီချင်းဆိုရတာကို သဘောကျပေမဲ့ Pop Rock နဲ့ Electro Pop တွေကိုလည်းသဘောကျတယ်လို့ ဖြိုးပြည့်စုံကပြောပါတယ်။ သူ သဘောအကျဆုံးအဆိုတော်ကတော့ မတင်ဇာမော် ဖြစ်ပြီး သူ(မ) ရဲ့ အရည်အချင်းကိုအံ့သြမိတယ်လို့လည်းဆိုပါတယ်။ ဆိုဟန်တူညီတယ်လို့ထင်မိသလို သူ့သီချင်းအများစုမှာ မတင်ဇာမော်ရဲ့ဟန်တွေလွှမ်းမိုးနေတယ်လို့ ပြောပြပါတယ်။ သူသဘောကျတဲ့နိုင်ငံတကာအဆိုတော်တွေကတော့ Celine Dion, Beyonce နဲ့ Mariah Carey တို့ပါ။
“ကိုယ်ဆိုထားတဲ့သီချင်းတစ်ပုဒ်ကို ကိုယ့်ဘာသာ ၁၀၀% သဘောမကျမချင်း ပရိသတ်ဆီမပို့ဘူး။ စင်ပေါ်မှာဖျော်ဖြေရတာထက် အသံသွင်းသီဆိုတာကို ပိုသဘောကျတယ်။ အကြောင်းကတော့ လိုအပ်ချက်တွေကို ကြိုပြင်နိုင် ပြန်ပြင်နိုင်လို့ပါ။ စင်ပေါ်မှာဆိုရတာကလည်း ပရိသတ်နဲ့ နီးနီးစပ်စပ်ရှိစေလို့ ပျော်စရာတော့ကောင်းပါတယ်။ စင်ပေါ်မှာ ဆိုရချိန်ဆိုရင် ကိုယ့်မှာရှိနေတဲ့ စိတ်ညစ်စရာကိစ္စတွေကိုတောင်မေ့သွားတယ်”
ဖြိုးပြည့်စုံက သူ့ရဲ့ တေးရေးဖွဲ့မှုအရည်အသွေးက အားနည်းတယ်လို့ယူဆထားတဲ့အတွက် သီချင်းတွေကို ကိုယ်တိုင်ရေးခဲပါတယ်။ သူကိုယ်တိုင်ရေးတဲ့သီချင်း ၅ ပုဒ်ရှိထားပေမဲ့ ပရိသတ်ကိုပြဖို့ အခုထိ မဝံ့မရဲဖြစ်နေဆဲပါ။ တခြားသူတွေရေးတဲ့သီချင်းတွေကိုပဲ ဆိုခဲ့ပြီး အထူးသဖြင့် တေးရေး ဝေကြီးရဲ့ သီချင်းတွေကို ပိုအဆိုများပါတယ်။
” ဝေကြီးက တကယ်တော်တဲ့တေးရေးပါ။ သူရေးတဲ့သီချင်းတိုင်းက ကိုယ့်အတွက်တစ်ခုခု ခံစားရစေတယ်။ ပြီးတော့ ကိုယ့်ဆိုဟန်နဲ့လည်းလိုက်တယ်လေ”
သူ့ရဲ့ဂီတသက်တမ်းတစ်လျှောက်ဆိုခဲ့တဲ့သီချင်းတွေထဲမှာတော့ တေးရေး စည်သူမင်း ရေးပေးတဲ့ “လရိပ်” သီချင်းကိုအကြိုက်ဆုံးလို့ ပြောပြခဲ့ပါတယ်။
အဆိုတော်တစ်ယောက်ဖြစ်ရတဲ့ဘဝကကောင်းတယ်ဆိုပေမဲ့ တကယ်တမ်းမှာက လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ အဆိုတော်တွေအတွက် အရေးအကြီးဆုံးဂရုစိုက်ရတဲ့အရာကတော့ အသံ ပါပဲ။ ကိုယ့်အသံနဲ့ပတ်သက်ပြီး ဂရုတစိုက်မရှိသလို သက်လုံကောင်းဖို့လေ့ကျင့်တာမျိုးမလုပ်ဖြစ်တာကိုလည်း ဖြိုးပြည့်စုံက ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။

“သိပ်မကြာသေးခင်လောက်က ဘန်ကောက်မှာ လည်ချောင်းသွားစစ်တော့ ဓာတ်မတည့်မှုဖြစ်နေတယ်လို့ သိရတယ်။ အဲဒါက ပြန်ကောင်းလာပါပြီ။ အခုတော့ အသံကို ဘယ်လိုမျိုးဂရုစိုက်ရမယ်ဆိုတာ အသိအဆိုတော်တွေဆီကနေ အခုပြန်လေ့လာနေတယ်”
သီချင်းတွေဖန်တီးသီဆိုတာအပြင် သူဝါသနာပါတဲ့ တခြားအလုပ်တွေက အစားအသောက်တွေချက်ပြုတ်တာနဲ့ လက်မှုထည်လေးတွေဖန်တီးတာ တွေဖြစ်ပါတယ်။
“ဟင်းချက်ပြီး ကိုယ့်အသိမိတ်ဆွေတွေကိုကျွေးရတာမျိုးကို သဘောကျတယ်။ လက်မှုထည်လေးတွေလုပ်ဖို့စိတ်ဝင်စားတာကတော့ တော်တော်ကြာပါပြီ။ တစ်ချိန်ချိန်တော့ ဒါတွေလုပ်ဖို့ အခွင့်အရေးရလာမှာပါ”
အခု ၂၀၂၀ ထဲမှာတော့ သူ့ရဲ့ဂီတဖန်တီးမှုတွေ အတော်များများထွက်လာဖို့ရှိပြီး ၃ နှစ်ကြာအချိန်ယူပြင်ဆင်ထားတဲ့ သူ့ရဲ့ဒုတိယမြောက်တစ်ကိုယ်တော် album အပြင် Jewel နဲ့စုံတွဲသီဆိုထားတဲ့ သင်္ကြန်သီချင်း album လည်းထွက်နိုင်ဖို့ပြင်ဆင်နေတယ် လို့ ဖြိုးပြည့်စုံက ပြောပြခဲ့ပါတယ်။
“ဂီတအလုပ်က ကိုယ့်ဘဝလိုဖြစ်နေပြီ။ ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်အနေနဲ့ ရွေးချယ်ထားတာဆိုတော့ ပရိသတ်တွေကို အကောင်းဆုံးဖျော်ဖြေနိုင်ဖို့နဲ့ ကိုယ့်ဂီတခရီးလမ်းကြောင်းပိုဖြောင့်ဖြူးဖို့ အမြဲတမ်းကြိုးစားနေမှာပါ”
Zawgyi
ေဆးတကၠသိုလ္တက္ၿပီး ဆရာဝန္တစ္ေယာက္ျဖစ္လာေပမဲ့ တကယ္က ဂီတသမားတစ္ေယာက္ျဖစ္ဖို႔ကိုပဲ ပိုၿပီးစိတ္အားသန္တာ။ အဲဒါေၾကာင့္ ကိုယ့္ရဲ႕အခ်ိန္ေတြကုန္လုံးကို သီခ်င္းေတြ၊သံစဥ္ေတြဖန္တီးဖို႔အတြက္ပဲ သုံးျဖစ္ေတာ့တယ္ လို႔ ၂၀၁၀ Melody World သီခ်င္းဆိုၿပိဳင္ပြဲရဲ႕ Winnerနဲ႔ လက္ရွိ ျမန္မာႏိုင္ငံမွာအေအာင္ျမင္ဆုံးအဆိုေတာ္ေတြထဲကတစ္ဦးျဖစ္သူ ၿဖိဳးျပည့္စုံ က ေျပာျပပါတယ္။ ပရိသတ္ေတြၾကားမွာ ေရပန္းအစားဆုံးသီခ်င္းတစ္ပုဒ္ျဖစ္ခဲ့တဲ့ ေမွ်ာ္ႏိုင္သမွ် သီခ်င္းရဲ႕ပိုင္ရွင္က သူ႔ရဲ႕ဘဝေနထိုင္ျဖတ္သန္းမႈနဲ႔ ဂီတခံယူခ်က္ေတြကိုလည္း မခြၽင္းမခ်န္ ဖြင့္ဟေျပာျပခဲ့ပါေသးတယ္။
Melody World မွာ အသံစစ္ေဆးမႈမလုပ္ရခင္အထိ သူ႔ရဲ႕ဂီတအေပၚစိတ္ပါဝင္စားမႈကို မသိထားခဲ့ေသးပါဘူး။ ဦးေလးေတြ အေဒၚေတြနဲ႔အတူေနခဲ့တဲ့ ကေလးဘဝမွာေတာ့ စိုင္းထီးဆိုင္၊ ေမဆြိနဲ႔ ေဟမာေနဝင္းတို႔ရဲ႕သီခ်င္းေတြက သူ႔ရဲ႕အသည္းစြဲသီခ်င္းေတြပါ။ “ဟိုတုန္းက တီဗြီမွာလာတဲ့ စကၠန႔္ ၃၀ စာေၾကာ္ျငာသီခ်င္းအကုန္လုံးကို အခုထိရေနေသးတယ္” လို႔ ရယ္ေမာရင္းေျပာပါတယ္။
ၿပိဳင္ပြဲမတိုင္ခင္က သီခ်င္းဆိုဖူးတဲ့အေတြ႕အႀကဳံမရွိခဲ့တာေၾကာင့္ Melody World Audition Period အတြက္ ဆရာဦးေစာႏုရဲ႕ အဆိုသင္တန္းမွာ သီခ်င္းသီဆိုမႈနည္းစနစ္ေတြကို ၃ လၾကာေလ့လာသင္ယူခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ အဆိုသင္တန္းမွာေလ့လာသင္ယူခဲ့မႈနဲ႔ ပင္ကိုဂီတပါရမီအေျခခံေတြက သူ႔ကို အဆိုေတာ္ ႏြဲ႕ယဥ္ဝင္း၊ ေတးေရး ျမင့္မိုးေအာင္တို႔လို နာမည္ႀကီးဒိုင္ေတြအကဲျဖတ္စိစစ္တဲ့အဆင့္ကို ေရာက္ရွိေစခဲ့ပါတယ္။
“Melody World မွာၿပိဳင္ခဲ့ရတာက တကယ့္အေတြ႕အႀကဳံေကာင္းတစ္ခုပါပဲ။ audition မွာ ေတာ္ေတာ္ေလးအခက္အခဲႀကဳံခဲ့ရတာေတြေတာ့ ရွိခဲ့တာေပါ့ေလ”
ဒုတိယအဆင့္ၿပိဳင္ပြဲမဝင္ခင္ ၅ လအလိုမွာ မိခင္ျဖစ္သူ ႐ုတ္တရက္ကြယ္လြန္သြားတာကေတာ့ သူ႔အတြက္ လုံးဝမေမွ်ာ္လင့္ထားတဲ့အလွည့္အေျပာင္းတစ္ခုပါ။ ဒါေပမဲ့လည္း ေဆြမ်ိဳးေတြရဲ႕ အားေပးတိုက္တြန္းမႈေတြနဲ႔အတူ ၿပိဳင္ပြဲအၿပီးထိ သူဆက္ၿပိဳင္ခဲ့ပါတယ္။
အဆိုးထဲကအေကာင္းလို႔ဆိုရမလိုပဲ ေဇာ္ပိုင္ရဲ႕ ေမ့လိုက္ၾကမလား သီခ်င္းနဲ႔ ယွဥ္ၿပိဳင္တဲ့ ဒုတိယအဆင့္မွာ သူက 1st runner up ျဖစ္ခဲ့ပါတယ္။ တတိယအဆင့္မွာေတ့ာ တူးတူးရဲ႕ အသည္းရက္စက္တယ္ သီခ်င္းနဲ႔ဆက္လက္ယွဥ္ၿပိဳင္ခဲ့ၿပီး အဲဒီေနာက္ 2010 Melody World ရဲ႕ Winner ျဖစ္လာတဲ့ထိေအာင္ သူ႔ရဲ႕အရည္အေသြးက လင္းလက္ေတာက္ပလာခဲ့ပါတယ္။
Pop သီခ်င္းေတြနားေထာင္တာပိုမ်ားလို႔ သီခ်င္းဆိုရတာကို သေဘာက်ေပမဲ့ Pop Rock နဲ႔ Electro Pop ေတြကိုလည္းသေဘာက်တယ္လို႔ ၿဖိဳးျပည့္စုံကေျပာပါတယ္။ သူ သေဘာအက်ဆုံးအဆိုေတာ္ကေတာ့ မတင္ဇာေမာ္ ျဖစ္ၿပီး သူ(မ) ရဲ႕ အရည္အခ်င္းကိုအံ့ၾသမိတယ္လို႔လည္းဆိုပါတယ္။ ဆိုဟန္တူညီတယ္လို႔ထင္မိသလို သူ႔သီခ်င္းအမ်ားစုမွာ မတင္ဇာေမာ္ရဲ႕ဟန္ေတြလႊမ္းမိုးေနတယ္လို႔ ေျပာျပပါတယ္။ သူသေဘာက်တဲ့ႏိုင္ငံတကာအဆိုေတာ္ေတြကေတာ့ Celine Dion, Beyonce နဲ႔ Mariah Carey တို႔ပါ။
“ကိုယ္ဆိုထားတဲ့သီခ်င္းတစ္ပုဒ္ကို ကိုယ့္ဘာသာ ၁၀၀% သေဘာမက်မခ်င္း ပရိသတ္ဆီမပို႔ဘူး။ စင္ေပၚမွာေဖ်ာ္ေျဖရတာထက္ အသံသြင္းသီဆိုတာကို ပိုသေဘာက်တယ္။ အေၾကာင္းကေတာ့ လိုအပ္ခ်က္ေတြကို ႀကိဳျပင္ႏိုင္ ျပန္ျပင္ႏိုင္လို႔ပါ။ စင္ေပၚမွာဆိုရတာကလည္း ပရိသတ္နဲ႔ နီးနီးစပ္စပ္ရွိေစလို႔ ေပ်ာ္စရာေတာ့ေကာင္းပါတယ္။ စင္ေပၚမွာ ဆိုရခ်ိန္ဆိုရင္ ကိုယ့္မွာရွိေနတဲ့ စိတ္ညစ္စရာကိစၥေတြကိုေတာင္ေမ့သြားတယ္”
ၿဖိဳးျပည့္စုံက သူ႔ရဲ႕ ေတးေရးဖြဲ႕မႈအရည္အေသြးက အားနည္းတယ္လို႔ယူဆထားတဲ့အတြက္ သီခ်င္းေတြကို ကိုယ္တိုင္ေရးခဲပါတယ္။ သူကိုယ္တိုင္ေရးတဲ့သီခ်င္း ၅ ပုဒ္ရွိထားေပမဲ့ ပရိသတ္ကိုျပဖို႔ အခုထိ မဝံ့မရဲျဖစ္ေနဆဲပါ။ တျခားသူေတြေရးတဲ့သီခ်င္းေတြကိုပဲ ဆိုခဲ့ၿပီး အထူးသျဖင့္ ေတးေရး ေဝႀကီးရဲ႕ သီခ်င္းေတြကို ပိုအဆိုမ်ားပါတယ္။
” ေဝႀကီးက တကယ္ေတာ္တဲ့ေတးေရးပါ။ သူေရးတဲ့သီခ်င္းတိုင္းက ကိုယ့္အတြက္တစ္ခုခု ခံစားရေစတယ္။ ၿပီးေတာ့ ကိုယ့္ဆိုဟန္နဲ႔လည္းလိုက္တယ္ေလ”
သူ႔ရဲ႕ဂီတသက္တမ္းတစ္ေလွ်ာက္ဆိုခဲ့တဲ့သီခ်င္းေတြထဲမွာေတာ့ ေတးေရး စည္သူမင္း ေရးေပးတဲ့ “လရိပ္” သီခ်င္းကိုအႀကိဳက္ဆုံးလို႔ ေျပာျပခဲ့ပါတယ္။
အဆိုေတာ္တစ္ေယာက္ျဖစ္ရတဲ့ဘဝကေကာင္းတယ္ဆိုေပမဲ့ တကယ္တမ္းမွာက လြယ္ကူတဲ့အလုပ္တစ္ခုေတာ့မဟုတ္ပါဘူး။ အဆိုေတာ္ေတြအတြက္ အေရးအႀကီးဆုံးဂ႐ုစိုက္ရတဲ့အရာကေတာ့ အသံ ပါပဲ။ ကိုယ့္အသံနဲ႔ပတ္သက္ၿပီး ဂ႐ုတစိုက္မရွိသလို သက္လုံေကာင္းဖို႔ေလ့က်င့္တာမ်ိဳးမလုပ္ျဖစ္တာကိုလည္း ၿဖိဳးျပည့္စုံက ထုတ္ေဖာ္ဝန္ခံခဲ့ပါတယ္။
“သိပ္မၾကာေသးခင္ေလာက္က ဘန္ေကာက္မွာ လည္ေခ်ာင္းသြားစစ္ေတာ့ ဓာတ္မတည့္မႈျဖစ္ေနတယ္လို႔ သိရတယ္။ အဲဒါက ျပန္ေကာင္းလာပါၿပီ။ အခုေတာ့ အသံကို ဘယ္လိုမ်ိဳးဂ႐ုစိုက္ရမယ္ဆိုတာ အသိအဆိုေတာ္ေတြဆီကေန အခုျပန္ေလ့လာေနတယ္”
သီခ်င္းေတြဖန္တီးသီဆိုတာအျပင္ သူဝါသနာပါတဲ့ တျခားအလုပ္ေတြက အစားအေသာက္ေတြခ်က္ျပဳတ္တာနဲ႔ လက္မႈထည္ေလးေတြဖန္တီးတာ ေတြျဖစ္ပါတယ္။
“ဟင္းခ်က္ၿပီး ကိုယ့္အသိမိတ္ေဆြေတြကိုေကြၽးရတာမ်ိဳးကို သေဘာက်တယ္။ လက္မႈထည္ေလးေတြလုပ္ဖို႔စိတ္ဝင္စားတာကေတာ့ ေတာ္ေတာ္ၾကာပါၿပီ။ တစ္ခ်ိန္ခ်ိန္ေတာ့ ဒါေတြလုပ္ဖို႔ အခြင့္အေရးရလာမွာပါ”
အခု ၂၀၂၀ ထဲမွာေတာ့ သူ႔ရဲ႕ဂီတဖန္တီးမႈေတြ အေတာ္မ်ားမ်ားထြက္လာဖို႔ရွိၿပီး ၃ ႏွစ္ၾကာအခ်ိန္ယူျပင္ဆင္ထားတဲ့ သူ႔ရဲ႕ဒုတိယေျမာက္တစ္ကိုယ္ေတာ္ album အျပင္ Jewel နဲ႔စုံတြဲသီဆိုထားတဲ့ သၾကၤန္သီခ်င္း album လည္းထြက္ႏိုင္ဖို႔ျပင္ဆင္ေနတယ္ လို႔ ၿဖိဳးျပည့္စုံက ေျပာျပခဲ့ပါတယ္။
“ဂီတအလုပ္က ကိုယ့္ဘဝလိုျဖစ္ေနၿပီ။ ကိုယ့္အသက္ေမြးဝမ္းေၾကာင္းအလုပ္အေနနဲ႔ ေ႐ြးခ်ယ္ထားတာဆိုေတာ့ ပရိသတ္ေတြကို အေကာင္းဆုံးေဖ်ာ္ေျဖႏိုင္ဖို႔နဲ႔ ကိုယ့္ဂီတခရီးလမ္းေၾကာင္းပိုေျဖာင့္ျဖဴးဖို႔ အၿမဲတမ္းႀကိဳးစားေနမွာပါ”
Unicode