၁၂ ႀကိမ္ေျမာက္ျပဳလုပ္မယ့္ ရန္ကုန္ဓာတ္ပံုပြဲေတာ္ကို ေဖေဖာ္ဝါရီလ ၁၉ ရက္ေန႔မွ မတ္လ ၂၁ ရက္ေန႔အထိ က်င္းပသြားမယ္လို႔သိရပါတယ္။
ဒီပြဲမွာဓာတ္ပုံေတြအျပင္ documentary ေတြကိုပါ ပိတ္ကားျဖင့္ျပသသြားမွာပါ။ ဒီပြဲအစီအစဥ္ေတြနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြကို မဟာဗႏၶဳလပန္းၿခံ၊ Goethe Institut ျပင္သစ္ယဥ္ေက်းမႈဌာန၊ ရန္ကုန္ဘူတာႀကီး၊ Rosewood ရန္ကုန္ ဟိုတယ္၊ ဒလကူးတို႔သေဘၤာ၊ Junction City၊ ျမန္မာဒိဌ ႏွင့္ အလွသစ္အႏုပညာျပခန္း စတဲ့ ေနရာေတြ ျပဳလုပ္သြားမွာျဖစ္ပါတယ္။
ရန္ကုန္ဓာတ္ပုံပြဲေတာ္တြင္ သဘာဝပတ္ဝန္းက်င္ဆိုင္ရာျပႆနာမ်ား၊ ၿငိမ္းခ်မ္းေရးတည္ေဆာက္ျခင္း ႏွင့္ လူမႈတရားမွ်တမႈ စတာေတြနဲ႔ပတ္သက္တဲ့မွတ္တမ္းဓာတ္ပုံလက္ရာ ၂၀၀ ေက်ာ္ကို စုစည္းျပသထားမွာပါ။
ဒီပြဲမွာႏုိင္ငံျခားသားဓာတ္ပံုဆရာေတြအျပင္ ျပည္တြင္းဓာတ္ပံုဆရာေတြရဲ႕လက္ရာေတြကိုပါ ၾကည့္ရႈရမွာျဖစ္ပါတယ္။ ျပပြဲမွာပါ၀င္မယ့္ဓာတ္ပံုေတြထဲကတခ်ိဳ႕ကိုအျမည္းအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။ မူရင္းဓာတ္ပံုဆရာနာမည္နဲ႔ ဓာတ္ပံုရဲ႕အေၾကာင္းအရာကိုလည္းေဖာ္ျပထားပါတယ္။ ေနာက္ဆံုးပံုမွာ YPF ရဲ႕ဖြင့္ပြဲအစီအစဥ္အခ်ိန္ဇယားကိုေတြ႔ႏိုင္တယ္။ ပြဲနဲ႔ပတ္သက္ျပီးအခ်ိန္နဲ႔တေျပးညီသိရဖို႔ သူတို႔ Facebook page ကို follow လုပ္ထားလုိက္ပါ။

Lucie Foundation ကအဖြဲ႔၀င္ Hossein Farmani နဲ႔ Susan Baraz တို႔စုစည္းတင္ဆက္တဲ့ Beyond the Air We Breathe: Addressing Climate Change ဟာရာသီဥတုေဖာက္ျပန္မႈနဲ႔ လူသားေတြေၾကာင့္ျဖစ္တဲ့ ပတ္၀န္းက်င္ညစ္ညမ္းမႈေတြရဲ႕အက်ိဳးဆက္ကိုမီးေမာင္းထိုးျပထားပါတယ္။ ©Paul Souders

Wildlife Conservation Society ရဲ႕ေတြ႔ရွိခ်က္ေတြအရ မႏၱေလးနဲ႔ဗန္းေမာ္ျမိဳ႕ၾကားက ဧရာ၀တီျမစ္ရိုးတေလွ်ာက္မွာ လင္းပိုင္ ၇၀သာရွိေတာ့ေၾကာင္းသိရပါတယ္။ ဧရာ၀တီလင္းပိုင္ေတြဟာ မ်ိဳးသုဥ္းလုနီးအႏၱရာယ္နဲ႔ရင္ဆိုင္ေနရပါတယ္။ ©Aung Thu

အီတလီလူမ်ိဳးဓာတ္ပံုဆရာ Fausto Podavini ဟာ OMO Change project ကိုစတင္ခဲ့ျပီး ဖြံ႔ျဖိဳးေရးဆိုင္ရာ ရင္းႏွီးျမွဳပ္ႏွံမႈဆိုတဲ့ေခါင္းစဥ္နဲ႔လည္ပတ္ေနတဲ့လုပ္ငန္းေတြနဲ႔ အီသီယိုးပီးယားႏုိင္ငံ အိုမိုျမစ္ေပၚက ဆည္တို႔အေၾကာင္းေလ့လာသံုးသပ္လ်က္ရွိပါတယ္။ ©Fausto Podavini

ေရေအာက္မွာလမ္းေလွ်ာက္သူဆိုတဲ့ဒီဓာတ္ပံုဟာ ျပင္သစ္လူမ်ိဳးေရငုပ္သမား Guillaume Néry ကိုရိုက္ကူးထားျခင္းျဖစ္ပါတယ္။ One Breath Around the World ဆိုတဲ့အစီအစဥ္ဟာ သဘာ၀ပတ္၀န္းက်င္ေျပာင္းလဲမႈေၾကာင့္ပင္လယ္သမုဒၵရာေတြထိရွလြယ္ပံုကိုအသိပညာေပးဖို႔ ရည္ရြယ္ပါတယ္။ ©Franck Seguin

အေမရိကန္ဓာတ္ပံုဆရာ Lewis Wickes Hine (1874 – 1940) ဟာကေလးအလုပ္သမားျပႆနာကို ျပည္သူေတြသတိထားမိဖို႔မီးေမာင္းထိုးျပခဲ့သူပါ။ သူဟာအလုပ္ခြင္နဲ႔ဆင္းရဲမြဲေတမႈတို႔အေၾကာင္းဓာတ္ပံုပညာနဲ႔ အရွိအတိုင္းေဖာ္ျပႏုိင္ရမယ္လို႔ခံယူထားသူျဖစ္ပါတယ္။ ©Lewis Wickes Hine

မာဒါဂတ္စ္ကာကၽြန္းေတာင္ပိုင္းက ႏွစ္ ၃၀၀ေက်ာ္သက္တမ္းရွိတဲ့ Baobab ပင္ၾကီးေတြဟာ တႏွစ္ကို ၇လေလာက္ျဖစ္ေပၚတတ္တဲ့ မိုးေခါင္ေရရွားမႈေၾကာင့္ထိခုိက္ပ်က္စီးၾကရပါတယ္။ ©Pascal Maître
YPF ရဲ႕ဖြင့္ပြဲအစီအစဥ္အခ်ိန္ဇယား

Unicode
၁၂ ကြိမ်မြောက်ပြုလုပ်မယ့် ရန်ကုန်ဓာတ်ပုံပွဲတော်ကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ မတ်လ ၂၁ ရက်နေ့အထိ ကျင်းပသွားမယ်လို့သိရပါတယ်။
ဒီပွဲမှာဓာတ်ပုံတွေအပြင် documentary တွေကိုပါ ပိတ်ကားဖြင့်ပြသသွားမှာပါ။ ဒီပွဲအစီအစဉ်တွေနဲ့ ပျော်ပွဲရွှင်ပွဲတွေကို မဟာဗန္ဓုလပန်းခြံ၊ Goethe Institut ပြင်သစ်ယဉ်ကျေးမှုဌာန၊ ရန်ကုန်ဘူတာကြီး၊ Rosewood ရန်ကုန် ဟိုတယ်၊ ဒလကူးတို့သင်္ဘော၊ Junction City၊ မြန်မာဒိဌ နှင့် အလှသစ်အနုပညာပြခန်း စတဲ့ နေရာတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။
ရန်ကုန်ဓာတ်ပုံပွဲတော်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ၊ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း နှင့် လူမှုတရားမျှတမှု စတာတွေနဲ့ပတ်သက်တဲ့မှတ်တမ်းဓာတ်ပုံလက်ရာ ၂၀၀ ကျော်ကို စုစည်းပြသထားမှာပါ။
ဒီပွဲမှာနိုင်ငံခြားသားဓာတ်ပုံဆရာတွေအပြင် ပြည်တွင်းဓာတ်ပုံဆရာတွေရဲ့လက်ရာတွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ပြပွဲမှာပါဝင်မယ့်ဓာတ်ပုံတွေထဲကတချို့ကိုအမြည်းအဖြစ်ဖော်ပြပေးလိုက်ပါတယ်။ မူရင်းဓာတ်ပုံဆရာနာမည်နဲ့ ဓာတ်ပုံရဲ့အကြောင်းအရာကိုလည်းဖော်ပြထားပါတယ်။ နောက်ဆုံးပုံမှာ YPF ရဲ့ဖွင့်ပွဲအစီအစဉ်အချိန်ဇယားကိုတွေ့နိုင်တယ်။ ပွဲနဲ့ပတ်သက်ပြီးအချိန်နဲ့တပြေးညီသိရဖို့ သူတို့ Facebook page ကို follow လုပ်ထားလိုက်ပါ။

Lucie Foundation ကအဖွဲ့ဝင် Hossein Farmani နဲ့ Susan Baraz တို့စုစည်းတင်ဆက်တဲ့ Beyond the Air We Breathe: Addressing Climate Change ဟာရာသီဥတုဖောက်ပြန်မှုနဲ့ လူသားတွေကြောင့်ဖြစ်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေရဲ့အကျိုးဆက်ကိုမီးမောင်းထိုးပြထားပါတယ်။ ©Paul Souders

Wildlife Conservation Society ရဲ့တွေ့ရှိချက်တွေအရ မန္တလေးနဲ့ဗန်းမော်မြို့ကြားက ဧရာဝတီမြစ်ရိုးတလျှောက်မှာ လင်းပိုင် ၇၀သာရှိတော့ကြောင်းသိရပါတယ်။ ဧရာဝတီလင်းပိုင်တွေဟာ မျိုးသုဉ်းလုနီးအန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ ©Aung Thu

အီတလီလူမျိုးဓာတ်ပုံဆရာ Fausto Podavini ဟာ OMO Change project ကိုစတင်ခဲ့ပြီး ဖွံ့ဖြိုးရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဆိုတဲ့ခေါင်းစဉ်နဲ့လည်ပတ်နေတဲ့လုပ်ငန်းတွေနဲ့ အီသီယိုးပီးယားနိုင်ငံ အိုမိုမြစ်ပေါ်က ဆည်တို့အကြောင်းလေ့လာသုံးသပ်လျက်ရှိပါတယ်။ ©Fausto Podavini

ရေအောက်မှာလမ်းလျှောက်သူဆိုတဲ့ဒီဓာတ်ပုံဟာ ပြင်သစ်လူမျိုးရေငုပ်သမား Guillaume Néry ကိုရိုက်ကူးထားခြင်းဖြစ်ပါတယ်။ One Breath Around the World ဆိုတဲ့အစီအစဉ်ဟာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့်ပင်လယ်သမုဒ္ဒရာတွေထိရှလွယ်ပုံကိုအသိပညာပေးဖို့ ရည်ရွယ်ပါတယ်။ ©Franck Seguin

အမေရိကန်ဓာတ်ပုံဆရာ Lewis Wickes Hine (1874 – 1940) ဟာကလေးအလုပ်သမားပြဿနာကို ပြည်သူတွေသတိထားမိဖို့မီးမောင်းထိုးပြခဲ့သူပါ။ သူဟာအလုပ်ခွင်နဲ့ဆင်းရဲမွဲတေမှုတို့အကြောင်းဓာတ်ပုံပညာနဲ့ အရှိအတိုင်းဖော်ပြနိုင်ရမယ်လို့ခံယူထားသူဖြစ်ပါတယ်။ ©Lewis Wickes Hine

မာဒါဂတ်စ်ကာကျွန်းတောင်ပိုင်းက နှစ် ၃၀၀ကျော်သက်တမ်းရှိတဲ့ Baobab ပင်ကြီးတွေဟာ တနှစ်ကို ၇လလောက်ဖြစ်ပေါ်တတ်တဲ့ မိုးခေါင်ရေရှားမှုကြောင့်ထိခိုက်ပျက်စီးကြရပါတယ်။ ©Pascal Maître
ပွဲအချိန်ဇယား
