ကမ္ဘာတစ်ဝှမ်းလုံးနီးပါး COVID-19 ရောဂါပိုးအန္တရာယ်ကို စိုးရိမ်နေရတဲ့ကာလမှာ user တွေအနေနဲ့ မိမိတို့မှာ ရောဂါပိုးကူးစက်ခံရတဲ့လက္ခဏာတွေ ရှိ/မရှိ ဆန်းစစ်နိုင်ေစဖို့ Apple က digital assistant Siri မှာ မေးခွန်းတချို့ထည့်သွင်းပေးလိုက်ပါတယ်။

Siri ကို “Do I have Coronavirus?” လို့မေးလိုက်ရင် Siri က Survey Question တွေပြန်မေးမှာဖြစ်ပြီး Yes or No ဖြေဆိုေပးရမှာပါ။…Siri ရဲ့မေးခွန်းတွေက US Public Health Service ကနေကိုးကားထားတာဖြစ်ပြီး အဖျားရှိေနလား/ ချောင်းခြောက်ဆိုးလား/ အသက်ရှုကျပ်လားဆိုတဲ့ Symptons တွေကို မေးမြန်းမှာဖြစ်ပါတယ်။ Yes လို့ဖြေရင် အခြေအနေအရမ်းဆိုးလား လို့ ထပ်မေးမှာဖြစ်ပြီးအကယ်၍ မေးခွန်းအားလုံးကို Yes လို့ပဲဖြေခဲ့ရင်တော့ 911 ကို ချက်ချင်းဖုန်းခေါ်ခိုင်းပါလိမ့်မယ်။ ဖြေဆိုတဲ့ အဖြေေတွအလိုက် အကြံပေးချက်တွေကို Siri ကပြောပြပေးမှာဖြစ်ပါတယ်။

ဘာလက္ခဏာမှမရှိဘူးလို့ ဖြေဆိုခဲ့ရင်တောင် လက်ကိုမကြာခဏဆေးဖို့၊ လူတွေနဲ့ ထိတွေ့မှုတွေရှောင်ကျဉ်ဖို့ သတိပေးသွားမှာဖြစ်သလို Covid-19 ရောဂါအကြောင်းပိုသိနိုင်ဖို့ အတွက် CDC’s website ကိုလည်းလမ်းညွှန်ပေးဦးမှာပါ။ ကဲ Apple User တွေအနေနဲ့ Siri ဆီမှာ မေးခွန်းေတွ မေးကြည့်လိုက်ပါဦး…။
Ref: techradar
Thiha