Advertisement

တရုတ်နိုင်ငံ ကွမ်ဒေါင်းမှာ Coronavirus ကြောင့်အဆုတ်ရောင်ရောဂါဖြစ်ပြီးသက်သာပျောက်ကင်းသွားသူ ၁၄ရာခိုင်နှုန်းကိုစစ်ဆေးကြည့်တဲ့အခါမှာ Coronavirus ထပ်မံတွေ့ရကြောင်းသိရပါတယ်။ ဖေဖော်ဝါရီလနှောင်းပိုင်း ဂျပန်နိုင်ငံ အိုဆာကာမှာ Coronavirus ကြောင့်နာမကျန်းဖြစ်ပြီး သက်သာပျောက်ကင်းသွားတဲ့အမျိုးသမီးတယောက်မှာ virus ထပ်မံတွေ့ရှိရကြောင်း Reuters ရဲ့သတင်းပေးပို့ချက်တခုအရသိရပါတယ်။

(ကိုယ်ခံအားကျဆင်းနေသူများမှလွဲ၍) လူ့ခန္ဓာကိုယ်ဟာ virus တခါကူးစက်ခံရပြီးရင် အဲ့ဒီပိုးထပ်မံဝင်ရောက်လာတဲ့အခါတိုက်ဖျက်နိုင်စွမ်းရှိပါတယ်။

အခုလို virus ထပ်တွေ့ရတာဟာနောက်တကြိမ်ကူးစက်ခံရတာမဟုတ်ဘဲ ရောဂါလက္ခဏာတွေသက်သာသွားရုံနဲ့ဆေးရုံကဆင်းလိုက်တဲ့အတွက် ခန္ဓာကိုယ်ထဲမှာရောဂါပိုးကျန်ရှိနေသေးလို့လည်းဖြစ်နိုင်ကြောင်းဆရာဝန်တွေကယူဆတယ်။ Coronavirus ဟာအသက်ရှူလမ်းကြောင်းမှာ ၃၇ရက်နေနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု National Institute of Allergy and Infectious Disease ရဲ့ဒါရိုက်တာ Anthony Fauci ကသူ့အနေနဲ့ဒီလူနာတွေဟာရောဂါပိုးထပ်ကူးစက်ခံရတာမျိုးမဟုတ်ဘဲ ကိုယ်ထဲမှာရောဂါပိုးကျန်ရှိနေသေးတဲ့အတွက် နောက်တကြိမ်စစ်ဆေးတဲ့အခါမှာ ပိုးကိုတွေ့ရတာဖြစ်နိုင်ကြောင်း၊ ခိုင်လုံတဲ့အထောက်အထားရဖို့ကတော့စမ်းသပ်မှုတွေ ဆောင်ရွက်ရဦးမှာဖြစ်ကြောင်း အောက်လွှတ်တော် Oversight and Reform Committee ကိုကြာသာပတေးနေ့ကပြောပါတယ်။

Ref: Coronavirus survivors may suffer from reduced lung function

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here