Advertisement

လက်ရှိအခြေအနေတွေအရကြည့်ရင် ကမ္ဘာတစ်ဝှမ်းလုံးနီးပါးဟာ coronavirus ကပ်ရောဂါဘေးဒဏ်သင့်နေတယ်လို့ပဲ ဆိုရမှာပါ။ ရောဂါပိုးကူးစက်ခံရသူ၊ ရောဂါကြောင့်သေဆုံးရသူေတွေထောင်ချီရှိလာခဲ့သလို နေရာထိုင်ခင်းနဲ့ ဆေးဝါးပစ္စည်းမလောက်ငမှုတွေကြောင့် မသေသင့်ဘဲသေဆုံးသွားရသူဦးရေကလည်း မနည်းပါဘူး။ ဒါပေမဲ့ အခုအချိန်မှာ ဒီလိုအခက်အခဲ အကြပ်အတည်းတွေပြေလည်စေဖို့အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေရဲ့ အားတက်သရောကူညီမှုတွေ ရှိလာခဲ့ပါပြီ။ အဲဒီပုဂ္ဂိုလ်တွေထဲမှာ နည်းပညာလုပ်ငန်းရှင်၊ အားကစားအသင်းပိုင်ရှင်နဲ့ ဘဏ်လုပ်ငန်းရှင် စသဖြင့် လုပ်ငန်းနယ်ပယ်စုံကဘီလျံနာတွေပါဝင်နေပါတယ်။ Forbes မဂ္ဂဇင်းက ပြုစုထားတဲ့စာရင်းအရ ကမ္ဘာကျော်ဘီလျံနာတချို့ရဲ့လှူဒါန်းကူညီမှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

Roman Abramovich

ပရီးမီးယားလိဂ်ဘောလုံးအသင်း Chelsea ရဲ့ပိုင်ရှင်ဖြစ်သူ Roman Abramovich ကတော့ NHS ဝန်ထမ်းတွေကို Westminster ဆေးရုံအနားက သူပိုင်ဆိုင်တဲ့ Stamford Bridge Millennium Hotel မှာ အခမဲ့တည်းခိုနေထိုင်ခွင့်ပေးထားပါတယ်။

Sheldon Adelson

Las Vegas က casino ရုံပိုင်ရှင်သူဌေးကြီး Sheldon Adelson က ကြောင့် ယာယီပိတ်ထားရမယ့်ကာလအတွင်း ဝန်ထမ်းတွေကို လစာဆက်ပေးထားမယ်လို့ကြေညာထားပါတယ်။

Bernard Arnault

ဇိမ်ခံပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းရှင် Bernard Arnault ကတော့ သူ့ရဲ့LVMH ရေမွှေးစက်ရုံတွေကို hand sanitizer ထုတ်လုပ်ရေးစက်ရုံတွေအဖြစ်ပြောင်းလဲလိုက်ပြီး French အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဥရောပရဲ့ အကြီးမားဆုံးဆေးရုံများကွန်ရက်အတွက် အခမဲ့ထုတ်လုပ်ထောက်ပံ့ပေးမှာဖြစ်ပါတယ်။

Marc Benioff

TIME magazine နဲ့ Salesforce တို့ရဲ့ပိုင်ရှင် Marc Benioff ကလည်း အလုပ်တွေပိတ်ထားရတဲ့ကာလဖြစ်ပေမဲ့ နာရီပိုင်းနဲ့အလုပ်လုပ်တဲ့ဝန်ထမ်းတွေအတွက် လစာဆက်ပေးထားမယ်လို့ ကြေညာခဲ့ပါတယ်။

Michael Bloomberg

မီဒီယာလုပ်ငန်းရှင်သူဌေးကြီး Michael Bloomberg က ဆင်းရဲတဲ့နိုင်ငံတွေအတွက်ရောဂါတိုက်ဖျက်ရေးရန်ပုံငွေအဖြစ်သုံးစွဲဖို့ $ 40 million ကို WHO ထံ ပေးအပ်လှူဒါန်းထားပါတယ်။

Michael Dell

ကွန်ပျူတာနဲ့ နည်းပညာပစ္စည်းလုပ်ငန်းရှင်သူဌေး Michael Dell ကလည်း တရုတ်နိုင်ငံကဆေးရုံတွေအတွက် ဆေးပစ္စည်းတွေဝယ်ယူဖို့ $284,000 (2 million yuan) လှူဒါန်းခဲ့ပြီး Hubei စီရင်စုရဲ့ Center for Disease Control and Prevention အတွက် $853,000 (6 million yuan) တန်ကြေးရှိ IT service တွေကို ထောက်ပံ့ပေးထားပါတယ်။ ဒါ့အပြင် ကမ္ဘာတစ်လွှားက အကူအညီလိုနေတဲ့နေရာတိုင်းအတွက်လည်း ရန်ပုံငွေ $ 3,000,000 နဲ့ နည်းပညာအထောက်အပံ့တွေကို ဆက်လက်ပေးအပ်သွားဦးမှာပါ။

Bill Gates

Microsoft သူဌေးကြီး Bill Gates ကတော့ COVID-19 ရောဂါရှာဖွေရေး၊ ကာကွယ်ရေးနဲ့ ကုသရေးလုပ်ငန်းတွေအတွက် Bill and Melinda Gates Foundation ကနေ $100 million မတည်လှူဒါန်းမယ်လို့ကြေညာထားပါတယ်။

Jack Ma

နာမည်ကျော်အွန်လိုင်းဈေးကုမ္ပဏီ Alibaba ရဲ့ပိုင်ရှင် Jack Ma က COVID-19 ကာကွယ်ဆေးဖန်တီးတဲ့သုတေသနအလုပ်တွေအတွက် $ 14 million လှူဒါန်းသွားမှာပါ။ ပြီးခဲ့တဲ့ မတ် ၁၅ ရက်နေ့လည်း အမေရိကန်နိုင်ငံအတွက်Testing kit 50000 နဲ့ Face Mask ၁ သန်းကို ပေးပို့လှူဒါန်းခဲ့ပါသေးတယ်။

Mark Zuckerberg

Facebook CEO ဖြစ်သူ Mark Zuckerberg ရဲ့ Chan Zuckerberg Initiative ကလည်း UC San Francisco၊ Stanford University တို့နဲ့ပူးပေါင်းပြီး FDA အသိအမှတ်ပြုရောဂါရှာဖွေရေးစက် ၂ လုံးဝယ်ယူထားကာ Bay Area မှာ ရောဂါရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။March 17 ကလည်း COVID-19 ကြောင့်ထိခိုက်နစ်နာခဲ့ရတဲ့လုပ်ငန်းငယ်တွေအတွက် ရင်းနှီးမတည်ငွေ $100 million ထောက်ပံ့ပေးမယ်လို့ ကြေညာခဲ့ပြီး United Nations Foundation, WHO နဲ့ U.S ရဲ့ Centers for Disease Control (CDC) တို့အတွက် $20 million လှူဒါန်းဖို့လည်း စီစဉ်ထားကြောင်းသိရပါတယ်။

Ref: Forbes
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here