
Coronavirus စတင်ပျံ့နှံ့ခဲ့ရာ တရုတ်နိုင်ငံ၊ Hubei စီရင်စုမှာ infection case zero လို့ စကြေညာနိုင်လာခဲ့ပြီဖြစ်ပြီး စိတ်ပျက်စရာသတင်းဆိုးတွေကိုချည်းကြားသိနေရတဲ့အခုကာလမှာ ဒါက ပျော်စရာသတင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ တရုတ်နိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာမှာတော့ ကူးစက်ခံရမှု ၃၄ ခုထပ်တွေ့ရှိထားပေမဲ့ အားလုံးက ပြည်ပကနေ ပြန်လာသူတွေသာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းလုံးမှာတော့ ကူးစက်ပျံ့နှံ့မှုတွေဆက်တိုးနေဆဲဖြစ်ပြီး new case တွေအဖြစ် Italy မှာ 3,526၊ Germany မှာ 4,070၊ Spain မှာ 4,719 နဲ့ US မှာလည်း 1,875 ခုထပ်မံတွေ့ရှိထားပါတယ်။ ကမ္ဘာတစ်ဝှမ်းလုံးအတိုင်းအတာ သေဆုံးသူ ၈၀၀၀ ရှိခဲ့ရာမှာ တရုတ်နိုင်ငံကအများစုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းကူးစက်ခံရသူဦးရေကလည်း ၂၀၀၀၀၀ ကျော်ထိရှိလာခဲ့ပါပြီ။

The World Health Organisation က ကပ်ရောဂါရဲ့ ဗဟိုချက်က ဥရောပတိုက်ကိုရွှေ့ပြောင်းသွားခဲ့ပြီ လို့ပြောဆိုထားပြီး ကူးစက်ရောဂါဗေဒပညာရှင် Zhong Nanshan က “ဥရောပဟာ first wave of outbreak နဲ့ လက်ရှိရင်ဆိုင်နေရတာဖြစ်ပြီး ကူးစက်ခံရမှုတွေကလည်း ဆက်တိုးလာနေတုန်းပါပဲ။ ဒီထက်ပိုကောင်းတဲ့နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်သင့်ပြီလို့ထင်ပါတယ်။ ရောဂါလက္ခဏာတွေမပြခင်မှာ ကြိုပြီးစစ်ဆေးတာမျိုးပေါ့။ နိုင်ငံတစ်ခုနဲ့တစ်ခုမတူတော့ ကျွန်တော်တို့လုပ်သလို လုပ်ဖို့ပြောတာတော့မဟုတ်ဘူးပေါ့လေ။ ဒါပေမဲ့ လူတွေရဲ့ကျန်းမာရေးကိုအဖတ်ဆယ်နိုင်ဖို့ စီးပွားရေးကဏ္ဍမှာ ကြီးကြီးမားမားပေးဆပ်လိုက်ရတာတော့ မျက်မြင်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
Ref: SCMP
Thiha