ကူးစက်မှုမှာ COVID-19 က တုပ်ကွေးနဲ့ မတိမ်းမယိမ်းပါပဲ။ ရောဂါပြင်းထန်မှုမှာလည်း တုပ်ကွေးနဲ့ မတိမ်းမယိမ်းပါပဲ။ တချို့တုပ်ကွေးထက်တောင် သက်သာပါသေးတယ်။ သေဆုံးမှုမှာလည်း SARS လောက်၊ အီဘိုလာလောက် မဆိုးပါဘူး။ လက်ရှိဒေတာတွေအရ အီဘိုလာက ၁၀၀ ဖြစ်ရင် ၉၀ လောက်ထိ သေနိုင်ပါတယ်။ COVID-19 က ၁၀၀ ဖြစ်ရင် ၁ ယောက် ၂ ယောက်လောက်ပဲ သေနိုင်ပါတယ်။ တုပ်ကွေးလောက်ပါပဲ။ ကျန်တဲ့သူတွေက ပြန်ကောင်းသွားပါတယ်။ COVID-19 ကူးစက်ခံရသူရဲ့ ၈၀ ရာခိုင်နှုန်းက ဆိုးဆိုးရွားရွား ရောဂါလက္ခဏာတောင် မပြပါဘူး။ သူ့ဘာသာ ပြန်ကောင်းသွားတာပါ။ လမ်းပေါ်မှာ ခေါက်ကနဲ လဲကျပြီး သေဆုံးတာမျိုး ဖြစ်ဖို့လည်း အင်မတန့် အင်မတန်ခဲယဉ်းပါတယ်။

လက်ရှိ မတ်လ ၂၄ရက် မနက် ၁နာရီ ၁၀မိနစ်အထိ တစ်ကမ္ဘာလုံး Corona Virus ကူးစက်ခံရသူဦးရေ စုစုပေါင်း ၃၇၂,၅၉၂ ဦးရှိပါတယ်..အဲ့ထဲမှာမှ ၁၀၁,၃၇၃ ယောက်ဟာ ပြန်ပျောက်ကင်းခဲ့ပြီး ၁၆,၃၁၃ယောက်ကတော့ ဖိတ်စဉ်ခဲ့ပါတယ်။ Closed case စုစုပေါင်း (ပျောက်ကင်း + သေဆုံး = ၁၁၇,၆၈၆) ရဲ့ percentage ကိုကြည့်မယ်ဆိုရင် ၈၆% ပြန်ကောင်းလာခဲ့ပြီး ၁၄% သာသေဆုံးခဲ့တာဖြစ်ပါတယ်။
ကူးစက်ခံရသူအားလုံးနဲ့တွက်မယ်ဆိုရင်တော့ ခုချိန်ထိ သေဆုံးသူဟာ ကူးစက်ခံရသူအားလုံးရဲ့ ၄% သာရှိပါတယ်။ လက်ရှိ Active case စုစုပေါင်း ၂၅၄,၉၀၆ မှာလဲ မစိုးရိမ်ရတဲ့လူနာ ၉၅% ရှိပြီး ၁၂,၁၉၂ယောက်သာ စိုးရိမ်ရတဲ့ serious condition မှာရှိနေပါတယ်။ ဒီတော့ ကူးစက်တိုင်း မသေပါဘူး။ လူကြီးတွေနဲ့ ကလေးတွေကို ပိုဂရုစိုက်ကြပါ။
စတွေ့ပြီဆိုတော့ ဘာလုပ်ရမလဲ ဆိုရင် ပြည်သူတွေ အနေကတော့ အခုလုပ်နေတဲ့ personal hygiene နဲ့ social distancing ကိုပဲ ဆက်လုပ်ရမှာပါ။ Social distancing ရဲ့ တန်ဖိုးကို လုံး၀ လျှော့မတွက်ပါနဲ့။
စားစရာနဲ့ အိမ်သုံးပစ္စည်းတွေလည်း ကိုယ့်အိမ်အတွက်ပဲ အလွန်အမင်း မဝယ်ပါနဲ့။ တစ်ခြားသူတွေအတွက်လည်း ကိုယ်ချင်းစာ ချန်ထားပေးပါ။ ကျွန်တော်တို့ ငတ်မသေနိုင်ပါဘူး။ ကာကွယ်ဆေးမတွေ့သေးတာရယ်.. ကုလို့ရတဲ့ဆေးမတွေ့သေးတာရယ်ကလွဲရင် ခန္ဓာကိုယ် immune systemက သူ့ဘာသာသူ ပြန် fight back လုပ်နိုင်တဲ့ပိုးဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းအောင်နေပါ.. လက်ဆေးပါ.. အိမ်မှာနေပါ။ ကူးတိုင်း မသေပါဘူး။

ဒီပြဿနာကို ကိုင်တွယ်ရာမှာ လူတိုင်းလူတိုင်းက ငါ ဆိုတဲ့ အဆင့်မှာပဲ စဉ်းစားရင် အဆင်ပြေမှာ မဟုတ်ပါဘူး။ “ငါတို့” လို့ စဉ်းစားဆောင်ရွက်မှသာ ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ရင်း၊ မျက်စိကိုဖွင့် နားကိုစွင့်ရင်း တစ်ယောက်နဲ့ တစ်ယောက် အားပေးစကား ပြောကြရမယ့် အချိန်၊ ဝိုင်းဝန်းစောင့်ရှောက်ဖေးမကြရမယ့် အချိန်၊ မိသားစုစိတ်ဓာတ် ထားရမယ့်အချိန် ရောက်ပါပြီလို့ ပြောပါရစေ။
(Dr. Htin Min Htike နှင့် Htet Nay Lin Oo တို့၏ရေးသားမှုများကို ပြန်လည်မျှဝေဖော်ပြပါသည်)