Advertisement

Coronavirus ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်ပကြာင်း WHO က ကြေညာလိုက်ပါပြီ။ WHO အကြီးအကဲ Dr Tedros Adhanom Ghebreyesus က တရုတ်နိုင်ငံပြင်ပဒေသတွေမှာ သီတင်းပတ်နှစ်ပတ်တာအတွင်း ကူးစက်မှု ၁၃ ခုထိရှိလာခဲ့ပြီး ဒါဟာ အလေးအနက်သတိပြုရမယ့် တပ်လှန့်နှိုးဆော်ရမယ့် အနေအထားမျိုးဖြစ်လာခဲ့ပြီလို့ ပြောဆိုခဲ့ပါတယ်။

ဥရောပက အီတလီနိုင်ငံတောင် Coronavirus ကြောင့် လူ ၂၀၀ နီးပါး သေဆုံးခဲ့ရတဲ့အတွက် နိုင်ငံရဲ့လူအဝင်အထွက်ကို ပိတ်ပစ်လိုက်ရတဲ့အထိ COVID-19 အန္တရာယ်က ကြီးထွားလာနေတာပါ။ လူ‌နေထူထပ်တဲ့မြို့‌ကြီး‌တွေမှာကျင်းပနေတဲ့ အားကစားပွဲတွေအပါအဝင် ဘားတွေ၊ စားသောက်ဆိုင်တွေနဲ့ လုပ်ငန်းများစွာကို ပိတ်ထားရဖို့အခြေအနေမျိုးထိရှိလာခဲ့ပါပြီ။

အားလုံးအနေနဲ့ Virus ကူးစက်မခံရစေဖို့ ကျန်းမာရေးဌာနတွေရဲ့ အချိန်နဲ့အမျှထုတ်ပြန်‌ကြေညာမှုတွေကို အလေးထားလိုက်နာကြဖို့လိုအပ်‌ကြောင်းကိုလည်း WHO က နှိုးဆော်တိုက်တွန်းထားပါတယ်။

Ref: BBC
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here