Advertisement
ဒီနေ့ နောက်ဆုံးရအချက်အလက်တွေအရ ကမ္ဘာတစ်လွှားမှာ COVID-19 ပျံ့နှံ့ရောက်ရှိပြီးဖြစ်တဲ့နိုင်ငံအရေအတွက်က ကမ္ဘာ့နိုင်ငံပေါင်း 195 နိုင်ငံမှာ 193 နိုင်ငံ (worldometer အရ)ထိရှိလာပြီး ဘေးကင်းဆဲနိုင်ငံက ၂ နိုင်ငံ (မြန်မာနဲ့ လာအို)သာကျန်ရှိပါတော့တယ်။ virus ကူးစက်ခံရသူစုစုပေါင်း ၃၃၇၅၅၆ ဦးနဲ့ ေသဆုံးသူစုစုပေါင်း ၁၄၆၅၄ ဦးရှိလာပါပြီ။




ထူးထူးခြားခြား COVID-19 ဘေးကကင်းလွတ်နေဆဲနိုင်ငံ ၂ ခုထဲက မြန်မာနိုင်ငံကို Virus ရောက်ရှိပျံ့နှံ့မလာအောင် တာဝန်ရှိသူတွေက တတ်နိုင်သမျှကာကွယ်တားဆီးရေးတွေလုပ်ဆောင်နေတဲ့အတွက် ပြည်သူလူထုကလည်း ပူးပေါင်းပါဝင်ပေးဖို့ အရေးတကြီးလိုအပ်လှပါတယ်။
Source: BaseLab, ncov19.live, Ministry of Health and Sports
Thiha
Advertisement