BreadTalk’s Say Cheese to Chocolate

BreadTalker Myanmar ရဲ့မုန့်စီးရီးသစ်ဖြစ်ပြီး “Say Cheese To Chocolate” လို့ခေါ်ပါတယ်။ Chocolate ကြိုက်တဲ့သူတွေနဲ့ Cheese ကြိုက်တဲ့သူတွေကတော့သဘောကျမှာပါ။ ဒီ series ထဲမှာ Cheese Me, Tempt-pura, Cheese Lava, Choco Aleck Choco Toast, Choco Walnut တွေအပါအဝင် Bun (၆) ခု၊ Toast (၁) ခုနဲ့ ကိတ်သေးလေး (၁) ခုပါတာမို့ ရွေးချယ်စရာတွေအများကြီးရှိပါတယ်။ BreadTalk ဆိုင်ခွဲတိုင်းမှာရနိုင်ပါပြီ။
Urban Oasis package

မြို့ပြရဲ့မွန်းကျပ်မှုတွေကပြေးထွက်ရင်း ရန်ကုန်ရဲ့အိုအေစစ်လေးမှာအနားယူလိုက်ပါ။ Sedona Hotel Yangon ရဲ့ Urban Oasis package ကိုအခုပဲဘွတ်ကင်တင်ရင်း အထူးအခွင့်အရေးနဲ့ဝန်ဆောင်မှုတွေရယူနိုင်ပါပြီ။ ဖုန်းနံပါတ် +95 1 9544051 (သို့) [email protected] မှာ ဘွတ်ကင်တင်လို့ရပါတယ်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Meetings@Sedona

သင့်စီးပွားရေးအတွက်အရေးပါတဲ့တွေ့ဆုံစည်းဝေးပွဲတွေကို ခမ်းနားလှပတဲ့ Sedona Hotel Yangon ရဲ့ခန်းမတွေမှာကျင်းပလိုက်ပါ။ ကိုယ်သိလိုတဲ့အချက်အလက်တွေကိုမေးမြန်းဖို့နဲ့ booking တင်ဖို့အတွက် +95 9977 532 958 (သို့) [email protected] ကိုဆက်သွယ်လိုက်နော်။
Sedona Hotel Yangon
အမှတ် ၁၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်။
Rose Garden Wedding Fair 2020
Rose Garden Hotel Wedding Fair 2020 ကို March 21 & 22 တွင် Rose Garden Hotel ၌ စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပမှာ ဖြစ်ပါတယ်။ Wedding Fair သို့ လာရောက်လေ့လာမည့် ဧည့်သည်တော်များ အားလုံး conoravirus (COVID-19) နှင့်ပတ်သက်၍လည်း ပူပန်စရာမလိုပဲ လုံခြုံ စိတ်ချစွာ လာရောက်လေ့လာနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့် ကုသရေး ဦးစီးဌာန မှ ချမှတ်ထားသော (COVID-19) နှင့် သက်ဆိုင်သော ဆောင်ရန်ရှောင်ရန်များ နှင့် Technical Support များအတိုင်း စီစဉ်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။ Wedding Fair တွင်ပါဝင်ပြသမည့် ဆိုင်ခန်းများ မှ လည်း package များ ပေါ်တွင် up to 50% discount ထိ ပေးသွားမှာ ဖြစ်သည့် အပြင် Rose Garden Hotel မှလည်း ထူးခြားသည့် Lucky Draw အစီစဉ်များ ကိုလည်း ထည့်သွင်းပေးထားပါတယ်။
Rose Garden Hotel
၁၇၁၊ အထက်ပန်းဆိုးတန်းလမ်း၊ ရန်ကုန်။
Sagawar Art Tour (Mandalay/Myitkyina/Putao) အမှတ်တရပန်းချီပြပွဲ

Sagawar Art Tour (Mandalay/Myitkyina/Putao) ခရီးစဉ်တွင် ရေးဆွဲခဲ့သောပန်းချီကားများနှင့် ရိုက်ကူးခဲ့သောဓာတ်ပုံတချို့ကို ချိတ်ဆွဲပြသသွားမယ်လို့သိရပါတယ်။ ရန်ကုန်မြို့အခြေစိုက် Sagawar Art ကို မြန်မာနိုင်ငံမှ ပန်းချီဆရာ၊ ဆရာမများရဲ့ ပန်းချီကား (Original Artworks) များကို www.sagawarart.com မှတဆင့် ပြည်တွင်းပြည်ပသို့ ပြသရောင်းချသွားရန် ရည်ရွယ်ချက်ဖြင့်၂၀၁၇ခုနှစ် ဇန်နဝါရီလက စတင်ထောင်ခဲ့ပါတယ်။ www.sagawarart.com တွင် ပန်းချီဆရာပေါင်း (၇၀)ကျော်နှင့် ပန်းချီကားပေါင်း ၄၀၀ ကျော် ပြသရောင်းချလျက်ရှိပါတယ်။
Sagawar Art
၈၃၀၊ သမာဓိလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေ၊ ရန်ကုန်။
09 44445 1640
12 – 15 March
10 AM – 5 PM
Crafting Couture – Fashion Sunday

မတ်လ ၁၅ရက် တနင်္ဂနွေနေ့မှာကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံအနှံ့မှ ရိုးရာလက်ရက်ကန်းထည်များကို ဖက်ရှင်လျှောက်လမ်းပေါ် မှာမြင်ရမယ့်ပွဲလေးပါ။ ဒီဇိုင်နာ Won Yone – your Unique Design နှင့် ဒီဇိုင်နာ Htu Aung Gun Htang တို့ ဖန်တီးထားသော ဖက်ရှင်ဒီဇိုင်းများကိုတင်ဆက်မယ့်ပွဲဖြစ်ပါတယ်။
ရိုးရာမေ Yoyamay ၊ lilla ၊ MORI Burma ၊ Charlotte Barjou Design အစရှိတဲ့ စိတ်ဝင်စားဖွယ် ဖက်ရှင်လုပ်ငန်းများနှင့်အတူ သဘာဝဆိုးဆေးသင်တန်းများ၊ လက်ကိုင်အိတ်ချုပ်နည်းအလုပ်ရုံနှင့် ဖက်ရှင်ပညာရပ်ဆိုင်ရာစကားဝိုင်းများ ပါရှိမှာ ဖြစ်ပါတယ်။
Tourist Burma Building
မဟာဗန္ဓုလလမ်းနှင့်ဆူးလေဘုရားလမ်းထောင့်၊ ရန်ကုန်။
15 March
10 AM – 6 PM
Temporary Paper Flower Garden: Botanical City Yangon

မကြာသေးမီက ဖွင့်လှစ်ခဲ့တဲ့ ၃၁လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်း နောက်ဖေးလမ်းကြားဥယျာဉ်တွင် SpatialCo ဩစတြေးလျအနုပညာရှင်များနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပြီး ယာယီစက္ကူပန်းဥယျာဉ်တစ်ခုဖန်တီးနေကြောင်းသိရပါတယ်။ ယနေ့မှ မတ်လ ၁၃ရက်နေ့အထိ လာရောက်လည်ပတ်ပြီး ကိုယ်တိုင်ကိုယ်ကျ စက္ကူပန်းလေးတွေဖန်တီးနိုင်ပါတယ်။
ပိတ်ပွဲကို လာမယ့် စနေ (မတ်လ ၁၄ရက်)နေ့မှာ ပြုလုပ်သွားမည်ဖြစ်ပြီး အများပြည်သူလာရောက်လည်ပတ်နိုင်စေဖို့ မတ်လ၁၅ရက်နေ့ တနေကုန် ခင်းကျင်းပြသထားမှာပါ။ အိမ်အပြန်အမှတ်တရအနေနဲ့ပန်းများကို ယူဆောင်သွားမယ်လို့လည်းသိရပါတယ်။