Advertisement

COVID-19 case ဖြစ်ပွားမှုများပြားလာနေတဲ့ စင်္ကာပူနိုင်ငံက အိမ်ထောင်စုတိုင်းအနေနဲ့ zero-alcohol hand sanitiser 500 ml စီ အခမဲ့ရရှိနိုင်မယ့်အကြောင်းကို Temasek Foundation က ကြေညာလိုက်ပါတယ်။ Mar 23 to Mar 29 အတွင်း (သို့) Mar 23 to Apr 5 အတွင်းဝေငှပေးသွားမှာဖြစ်ပြီး Bedok Mall, Bugis Junction, Bugis +, Bukit Panjang Plaza, Clarke Quay, Funan, IMM, JCube, Junction 8, Lot One Shoppers Mall, Plaza Singapura, Raffles City Singapore, SingPost Centre, Tampines Mall, Star Vista နဲ့ Westgate စတဲ့နေရာတွေမှာ ထုတ်ယူရမှာပါ။

လူစုလူဝေးဖြစ်မှာကိုရှောင်လွှဲနိုင်ဖို့ လာရောက်ထုတ်ယူချိန်ကို အိမ်ထောင်စုအသီးသီးအတွက် ခွဲခြားသတ်မှတ်ပေးထားပါတယ်။ weekday တွေမှာ 3pm to 9pm အတွင်းထုတ်ယူနိုင်ပြီး weekend မှာတော့ 10am to 9pm အတွင်းထုတ်ယူနိုင်မှာပါ။ ထုတ်ယူချိန်မှာလည်း လူတစ်ဦးနဲ့တစ်ဦး 1m ခွာတန်းစီရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုတွေကိုပါ တစ်ခါတည်းပြုလုပ်သွားမှာဖြစ်ပါတယ်။

Temasek အနေနဲ့ စီးပွားရေးကဏ္ဍအတွက် ကျန်းမာတဲ့လူ့အဖွဲ့အစည်းက အရေးပါတယ်လို့ ယုံကြည်တာကြောင့် အခုလိုလှူဒါန်းမှုပြုလုပ်တာ လို့ Temasek ရဲ့ ဥက္ကဌဖြစ်သူ Lim Boon Heng က ပြောပါတယ်။ အခုဝေငှပေးတဲ့ zero-alcohol sanitiser ဟာ အဆိပ်အတောက်မဖြစ်၊ မီးမလောင်နိုင်လို့ ကလေးတွေအတွက်အန္တရာယ်ကင်းပြီး ချက်တဲ့ပြုတ်တဲ့နေရာမျိုးမှာပါသုံးနိုင်တယ်လို့ foundation ကဆိုထားပါတယ်။

On Tuesday, the Ministry of Health reported 23 new ပြီးခဲ့တဲ့အင်္ဂါနေ့မှည COVID-19 case ၂၃ ခုထပ်မံတွေ့ရှိခဲ့ပြီးတဲ့နောက် COVID-19 case စုစုပေါင်း ၂၆၆ ခုထိရှိလာခဲ့ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး နိုင်ငံတွင်း တစ်ရက်ထဲမှာတင် case ၁၇ ခုထိ စံချိန်တင်ဖြစ်ပွားခဲ့တယ်လို့လည်းသိရပါတယ်။

Ref: CNA
Thiha

Advertisement

LEAVE A REPLY

Please enter your comment!
Please enter your name here