Chicago တက္ကသိုလ်က NORC သုတေသနအဖွဲ့ရဲ့စစ်တမ်းသစ်အရ အမေရိကန်လူမျိုး ၉၀% နီးပါးလောက်ဟာ coronavirus အန္တရာယ်ကိုကာကွယ်နိုင်ဖို့ သက်ဆိုင်ရာကထုတ်ပြန်တဲ့ကျန်းမာရေးလမ်းညွှန်ချက်တွေကိုလိုက်နာလာကြပြီး လက်ဆေးတဲ့အလေ့အကျင့်လည်း ရရှိလာတယ်လို့ သိရပါတယ်။
88% သောအမေရိကန်လူမျိုးတွေအနေနဲ့ COVID-19 ကူးစက်ခံရနိုင်ချေကို စိုးရိမ်ထိတ်လန့်မှုကြီးမားလာတာကြောင့် အခုလို လက်ဆေးတဲ့အလေ့အကျင့် ရှိလာကြတာပါ။ 68% သောအမေရိကန်တွေကတော့ လူစုလူဝေးတွေကို ရှောင်လွှဲနေထိုင်လာကြတာတွေ့ရပါတယ်။

2020 ခုနှစ် March 12 ရက်ကနေ 16 ရက်အတွင်း AmeriSpeak panel အသုံးပြုပြီး နိုင်ငံတဝှမ်း လေ့လာဆန်းစစ်မှုပြုလုပ်ခဲ့တဲ့ NORC ရဲ့ စစ်တမ်းရလဒ်က အပြုသဘောဆောင်တဲ့သတင်းကောင်းတစ်ခုဖြစ်တယ် လို့ကျွမ်းကျင်သူတွေက မှတ်ချက်ပြုထားကြပြီး မျက်နှာကို မကြာခဏတို့ထိတာမျိုးမလုပ်ဘဲနေတာနဲ့ တစ်ခုခုနဲ့ကွယ်ပြီးမှချောင်းဆိုးတာတာတွေလို ရောဂါပိုးပျံ့နှံ့မှုလျော့နည်းစေတဲ့အလေ့အကျင့်ကောင်းတွေကို လူအများစုဆီမှာတွေ့လာရတယ်လို့လည်း NORC ရဲ့ senior vice president ဖြစ်သူ Caroline Pearson က သူ့ရဲ့ အစီရင်ခံစာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန်အာဏာပိုင်တွေက ပြည်သူတွေအနေနဲ့ လူ 10 ဦးထက်ပိုတဲ့ စုဝေးမှုမှန်သမျှကိုရှောင်ရှားကြဖို့နဲ့ လက်ရှိကာလမှာ social distancing နဲ့ canceling travel လိုဆောင်ရွက်ချက်တွေကို ပိုဂရုပြုလုပ်ဆောင်ဖို့လိုအပ်ကြောင်း နှိုးဆော်တိုက်တွန်းနေပါတယ်။

နာမကျန်းဖြစ်မနေတာမဟုတ်လို့ သတိပေးလမ်းညွှန်ချက်တွေကိုလျစ်လျူရှုထားတတ်တဲ့လူငယ်တွေအနေနဲ့ ရောဂါပိုးကူးစက်ခံရနိင်ချေရှိနေတာကို မပေါ့ဆသင့်ကြောင်း ကျွမ်းကျင်သူတွေက သတိပေးထားကြပြီး း ကိုယ့်မိသားစုဝင်တစ်ယောက်ယောက်ကို COVID-19 ကူးစက်လာမှာကို ပိုစိုးရိမ်ပူပန်တတ်သူတွေက လူငယ်တွေဖြစ်နေတာကိုလည်းNORC ရဲ့ စစ်တမ်းရလဒ်မှာ တွေ့ရှိထားပါတယ်။
Ref: Forbes
Thiha